Friday, December 2, 2016

မြောက်ပိုင်းတပ်ဖွဲ့ ၄ ခုကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သင့်ဟု ကာကွယ်ရေးဝန်ကြီး ပြော

(DVB)

ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေနဲ့ အေအေ တပ်ဖွဲ့တို့ကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် လွှတ်တော်က သတ်မှတ်သင့်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်အတွင်း လတ်တလော ရှမ်းမြောက်တိုက်ပွဲများနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးက ရှင်းလင်းပြောကြားရင်း ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်ဒေသ ငြိမ်းချမ်းရေးကိစ္စ မြန်မာအစိုးရနဲ့ တရုတ် တိုက်ရိုက်ဆွေးနွေးမယ်

(Mizzima)

တရုတ်နိုင်ငံဘက်မှ ဖိတ်ခေါ်မှုကြောင့် မြန်မာနိုင်ငံရဲ့မီဒီယာကိုယ်စားလှယ်အဖွဲ့ဝင်တွေက နိုဝင်ဘာလ ၂၉ ရက်မှာ ကူမင်းမြို့၊ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို သွားရောက်ခဲ့ကြပြီး   မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ ပတ်သက်တဲ့ အဓိကအကြောင်းအရာတွေ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသမှ ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ပက်သက်ပြီး ဘယ်လိုကြိုတင်စီမံခြင်းများရှိလဲဆိုတာကို မေးမြန်းခဲ့ကြပါတယ်။
 ယူနန်ပြည်နယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လက်ထောက်ဒါရိုက်တာ မစ္စတာဝမ်ဝေ(Wang Wei) က ကူမင်းမြို့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ မြန်မာမီဒီယာကိုယ်စားလှယ်အဖွဲ့နဲ့   နိုဝင်ဘာ၂၉ရက်နေ့မှာ  တွေ့ဆုံခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ မြန်မာမီဒီယာကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့  Myanmar Golden Phoenix(ရွှေဇာမဏီဂျာနယ်) နဲ့ မြန်မာပြည်မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး အမေးအဖြေပြုလုပ်ခဲ့ပါတယ်

မြန်မာစစ်တပ် မုံးကို ဗျူဟာကုန်း မဟာမိတ်တပ် လက်ထဲ ကျ

(ကချင်သတင်းဌာန)

ယမန်နေ့ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားပြီး လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်ပေးသည့်ကြား ရှမ်းပြည်မြောက်ပိုင်း မုံးကိုမြို့ မြန်မာစစ်တပ် ဗျူဟာကုန်းသည် ယနေ့ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းမှာ မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု လက်ထဲ လုံးဝ ကျ သွားခဲ့သည်။


နံနက်ပိုင်း ၁၀ နာရီခွဲခန့်မှာ Northern Alliance (Burma) ခေါ် မဟာမိတ် တပ်ပေါင်းစု ကိုးကန့် MNDAA တပ်ဖွဲ့များမှ ဗျူဟာကုန်းကို အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းစခန်း ပတ်ဝန်းကျင်ကို ရှင်းလင်းနေကြောင်း မုံးကိုမြို့ ရှေ့တန်းမှ မဟာမိတ် တပ်မှ အရာရှိ တဦး ကချင် သတင်း ဌာန KNG ကို အတည်ပြု ပြောပါသည်။

ဖားကန့်လမ်းမှာ မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်လမ်း နန်းယား (Nam Ya) ကျေးရွာ အနီး Hkum Tsai Zup မှာ မြန်မာစစ်တပ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၆ တပ်ဖွဲ့ ကြား ယနေ့ နေ့လည်ပိုင်း ၃ နာရီခန့်မှာ အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်။


နှစ်ဖက် ထိခိုက်သေဆုံးမှု သတင်း မသိရသေးပါ။

မုံးကိုမြို့ လေကြောင်း တိုက်ခိုက်မှု ဆက်လက် ပြင်းထန်

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မုံးကိုမြို့တွင် ယနေ့ မနက် ၈ နာရီ မှ တိုက်ပွဲ ပြင်းထန်စွာ စတင် ဖြစ်ပွားခဲ့ပြီး မြန်မာ စစ်တပ် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်နေပါသည်။


မုံးကိုမြို့အတွင်း မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) တပ်ဖွဲ့များ ရှိသည့် နေရာများကို တပ်မတော် ဂျက်တိုက်လေယာဉ် ၂ စီး နှင့် ၅ ကြိမ်ခန့် လာရောက် ပစ်ခဲ့သည်ဟု အနီးနား တရုတ်ပြည် မန်ဟိုင်းဘက် က ပြည်သူများ ပြောသည်။
 

Wednesday, November 30, 2016

၂၀၁၆ ခုနှစ်၊နိုဝင်ဘာ (၂၉) ရက်၊ အင်္ဂါနေ့တစ်ရက်တာပတ်လုံးတိုက်ပွဲသတင်းများ

(၁)နိုဝင်ဘာလ ၂၉ ရက်၊ နံနက် (၁၀) နာရီခန့်အချိန်မှစ၍"နမ့်တောင်း"နှင့် "ပန်ဆိုင်း" အကြားတွင်ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သောနေရာအနီး၌ဒုတိယနေ့အဖြစ် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှအကျအဆုံးနှင့် အထိအခိုက်များခဲ့သလို နေ့လည် (၁) နာရီ (၃၀) မိနစ်အချိန်တွင်လေယာဉ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

(၂) နေ့လည်(၁) နာရီခန့်တွင် နမ့်အွန်မှ တက်လာသည့် ရန်သူ့ အင်အား ၂၀ ခန့်လိုက်ပါလာသောစစ်ကားဖြင့် နမ့်အွန် နှင့် နမ့်ပေါ်ချောင်းတံတားအကြားတွင် တိုက်ပွဲငယ်ဖြစ်ပွားခဲ့သည်။

နိုင်ငံရေးသမားတွေ ဣနြေ္ဒရကြပါ

(by U Ravika)

၁။ NLD အစိုးရတက်လာပြီးတဲ့နောက် ကချင်ကို တိုက်စစ်ဆင်ခဲ့တာ တိုက်ပွဲပေါင်း(၅၀၀)ကျော်၊ (၆၀၀)နီးပါး ရှိတယ်။ ပြောချင်တာက ရာခိုင်နှုန်းနဲ့တွက်ရင် တစ်နေ့ကို (၂)ပွဲလောက် တိုက်နေတဲ့ သဘောပါ။

၂။ ဒီမှာ ပြဿနာ (၂)ရပ် ပေါ်ပေါက်လာတယ်။ ပထမပြဿနာက ရခိုင်ပြည်မှာ ဘင်္ဂါလီတွေက စစ်တပ်နဲ့ ရဲစခန်းတွေကို ဝင်တိုက်တယ်။ ဒုတိယပြဿနာက မြောက်ပိုင်းမဟာမိတ်တွေက မြန်မာလက်နက်ကိုင်ထိုးစစ်ကို တုံ့ပြန်ဖို့ ရှမ်းမြောက်ဒေသမှာ ကန့်သတ်နဲ့ပြောက်ကြားပူးပေါင်းစစ်ဆင်နွှဲတယ်။

ပုဂ္ဂိုလ်(၁၃)ဦးနဲ့ ပါတီ(၁၃)ခုတို့ကို ဆန့်ကျင်ကြ

(By U Ravika)

၁။ ဦးသန်းဌေး (ဖွတ်ဥက္ကဋ္ဌ)
၂။ ဦးဟန်ရွှေ (တစညဒုဥက္ကဋ္ဌ)
၃။ ဦးသိန်းညွန့် (အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ)
၎။ ဒေါက်တာနေဇင်လတ် (အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ)
၅။ ဦးနေမင်းကျော် (အမျိုးသားဒီမိုကရေစီအင်အားစုပါတီအတွင်းရေးမှူး)
၆။ ဦးသုဝေ (ဒီမိုကရက်တစ်ပါတီမြန်မာ-ဥက္ကဋ္ဌ)

ကာလုံအစည်းအဝေး ခေါ်ယူပေး ဖို့ နိုင်ငံရေးပါတီ ၁၃ ပါတီ တောင်း ဆို

(RFA)

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ၊ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ရန်ကုန်မြို့အတွင်း ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အထွေထွေအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမျိုးသားကာ ကွယ်ရေးနဲ့ လုံခြုံရေးကောင် စီ အစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၃ ပါတီက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ရခိုင်နဲ့ ရှမ်းမြောက်ဒေသမှာ စစ်ပွဲတွေဖြစ်နေတာ နှစ်ခုတည်းနဲ့တင် နိုင်ငံတော်ရဲ့လုံခြုံရေးကို ထိပါးလာတဲ့အတွက် အခုလိုတောင်းဆိုရတာလို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ပြောပါတယ်။

အခြေအနေတင်းမာနေဆဲ မူစယ်မြို့တွင် ဗုံးများပေါက်ကွဲ လူငယ်တဦးပစ်ခတ်ခံရ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် နိုဝင်ဘာလ ၂၈ ရက်ညက ဗုံးများပေါက်ကွဲပြီး လူငယ်တဦး ပစ်ခတ်ခံရကြောင်း သိရသည် ။

“ ည ရ နာရီခွဲလောက် ဗုံးတွေပေါက်ကွဲတဲ့အချိန်မှာ လူငယ်တယောက် ပစ်ခတ်ခံရတယ်။ ဟိုနား နယ်မြေ ကောင်းမူးတုံရပ်ကွက်သား။ နာမည်က အေးချမ်းကိုကိုတဲ့။ မီးသတ်ရုံးဘက်ကနေ မြောက်ရပ်ကွက် ရဲစခန်းဘက် ဆိုင်ကယ်စီးသွားတာ။ ရဲစခန်းရှေ့လမ်းမှာ ပိတ်ကာထားတဲ့ သံဆူးကာစည်းရိုးကို သူက ဆိုင်ကယ်နဲ့တိုက်မိတယ်။ ရဲက ရပ်ခိုင်းတာကို သူက မရပ်လို့ဆိုပြီး ပစ်လိုက်တာလို့ ပြောတယ်” - ဟု  မူစယ်ဒေသခံ စိုင်းအင်း က ပြောသည် ။

မြစ်ကြီးနား ကချင် လူထု အလုပ်ရုံ ဆွေးနွေးပွဲ ကို NLD အစိုးရ ခွင့် မပြု

(ကချင်သတင်းဌာန)

‘နိုင်ငံရေး အပြောင်းအလဲတွင် တရားမျှတမှုကို ရှာဖွေမှုခြင်း’ ဆိုသည့် ကချင် လူထု အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် နိုဝင်ဘာ ၂၈ ရက်တွင် စတင်ပြုလုပ်ရာ နေပြည်တော် ဗဟိုအစိုးရ က ခွင့် မပြု တားဆီး ခဲ့သည်။

လူထု ရွေးကောက်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ်လက်ထက် ‘နိုင်ငံရေး အပြောင်းအလဲတွင် တရားမျှတမှုကို ရှာဖွေခြင်း- စိန်ခေါ်မှုများနှင့် မဟာဗျူဟာများ (Pursuing Justice in Times of Political Change: Challenges and Strategies)’ ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်ပြီး ကချင်ပြည်နယ်မှာ ပထမဆုံး အကြိမ် ပြုလုပ်ခြင်းလည်း ဖြစ်သည်။

အစိုးရ ဂျက်၊ ရဟတ်ယာဉ်များ မဟာမိတ်တပ် ၃ နေရာကို တိုက်ခိုက်

(ကချင်သတင်းဌာန)

မြန်မာစစ်တပ် ဂျက် တိုက်လေ ယာဉ်နှင့် ရဟတ်ယာဉ် များသည် ရှမ်းပြည်မြောက် ပိုင်း မဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့များ ရှိသည့် အဓိက ၃ နေရာ ကို ယနေ့ နိုဝင်ဘာ ၂၉ ရက်မှာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

ယခု လေကြောင်း တိုက်ခိုက် မှုသည် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုံ နှင့် ဖေါင်းဆိုင် (Hpawng Seng) ကြားမှာ ဖြစ်ပါသည်။

Tuesday, November 29, 2016

၂၀၁၆ ခုနှစ်၊နိုဝင်ဘာ (၂၈) ရက်၊ တနလာင်္နေ့ တစ်ရက်တာပတ်လုံးတိုက်ပွဲသတင်းများ

(၁) နိုဝင်ဘာလ ၂၈ ရက်နေ့၏ ပထမဆုံးတိုက်ပွဲသည် နံနက် (၂) နာရီတွင်စတင်ခဲ့သည်။ မဟာမိတ်တပ်မှ "ချိုင့်ကျုံးတောင်ကုန်း"ရှိ ရန်သူစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မိနစ် (၃၀) ခန့် ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတောင်ကုန်းရှိရန်သူများအားလုံးကိုအောင်မြင်စွာမောင်းထုတ်နိုင်ခဲ့သည်။ ဤပွဲမှာမဟာမိတ်တပ်ပေါင်းစု၏နောက်ထပ်အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။
(၂) နံနက် (၄) နာရီ (၃၀) မိနစ်တွင် ရန်သူတို့ သည်မိမိတို့သိမ်းပိုက်ထားသည့် "ချိုင့်ကျုံးတောင်ကုန်း"ကို ပြန်လာတိုက်ခိုက်ခဲ့သည်။ မိနစ် (၂၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူတို့နောက်ထပ်တစ်ကြိမ်ထပ်မံဆုတ်ခွာသွားသည်။ထို့နောက်နံနက် (၈) နာရီတွင် တစ်ကြိမ်၊ (၁၀) နာရီတွင် တစ်ကြိမ်၊ (၁၂) နာရီ (၁၅) တွင်တစ်ကြိမ် "ချိုင့်ကျုံးတောင်ကုန်း"အားနောက်ထပ်သုံးကြိမ်တိုင်လာရောက်တိုက်ခိုက်ခဲ့သော်လည်း မဟာမိတ်တပ်ဖွဲ့၏ ခုခံမှုကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ရပြန်သည်။ မိမိတို့သည် ရန်သူ၏၎င်းစခန်းတောင်ကုန်းအားဆက်လက်သိမ်းထားဆဲဖြစ်သည်။

မြန်မာလက်နက်ကိုင် အင်အား

(by U Ravika)

မြန်မာလက်နက်ကိုင်များ ကြည်းတပ်အင်အား
၁။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မြစ်ကြီးနား၊ ကချင်) တပ်ရင်းပေါင်း (၃၃)
၂။ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (လားရှိုး၊ ရှမ်း) တပ်ရင်းပေါင်း (၃၀)
၃။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ကြီး၊ ရှမ်း) တပ်ရင်းပေါင်း (၄၂)
၎။ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (မော်လမြိုင်၊ မွန်) တပ်ရင်းပေါင်း (၃၆)
၅။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ငူ၊ ဗဂိုး) တပ်ရင်းပေါင်း (၂၇)
၆။ အနောက်တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်၊ ဧရာဝတီ) တပ်ရင်းပေါင်း (၁၁)
၇။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း၊ ရခိုင်) တပ်ရင်းပေါင်း (၃၃)

ကချင်နဲ့ ရှမ်းမှာ အစိုးရလေကြောင်း တိုက်ခိုက်မှု ပြုလုပ်

(VOA)

ကချင်ပြည်နယ် နယ်စပ်နဲ့ ရှမ်းပြည်မြောက် ပိုင်း ထိစပ်နေတဲ့ဒေသမှာ အစိုးရတပ်နဲ့ မြောက် ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက် ကိုင်တပ် တွေကြား ဒီရက်ပိုင်း ထဲ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ကချင်ပြည် နယ် မန်ဝိန်းကြီးဒေသနဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် တ၀ိုက် က သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ပိတ်မိနေ တယ် လို့ ဒေသခံ ကပြောပါတယ်။ အစိုးရတပ်က လက်နက်ကြီးတွေ နဲ့ရော၊ လေကြောင်းကူ ထိုးစစ်ပါ ဆင်နွှဲနေ တာကြောင့် အဲဒီဒေသ က ကျောင်းတွေ၊ ဈေးနဲ့ ဘဏ်လုပ်ငန်းတွေ ယာယီ ပိတ်ထားရပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသ စစ်ပူဆဲ၊ ဒုက္ခသည်တွေ ပြေးနေရဆဲ

(VOA)

ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးနှင့် ဖောင်းဆိုင်ဒေ သတွေမှာ မြန်မာ့ တပ်မတော်နဲ့ မြောက် ပိုင်းမဟာမိတ် တိုင်းရင်းသား တပ်ပေါင်းစု တို့ကြား ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေ ပါတယ်။ တိုက်ပွဲတွေကြောင့် ထောင် နဲ့ချီတဲ့ ဖောင်းဆိုင်ဒေ သခံတွေဟာ တရုတ်ပြည်ဖက်ခြမ်းမှာ စစ်ဘေး တိမ်းရှောင်နေကြရသလို နေရပ်ရင်းပြန်နိုင်ဖို့ အခြေအနေကလည်း မရေရာသေးပါဘူး။ အခြေအနေအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

စစ်ရေးပဋိပက္ခတင်းမာနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးနဲ့ ဖေါင်းဆိုင်ဒေသအတွင်း ဖြစ်ပွါးနေတဲ့တိုက်ပွဲအခြေ အနေနဲ့ပက်သက်လို့ ဖေါင်းဆိုင်သိက္ခာတော်ရဆရာတော် ဦးဇင်ဟန်လက အခုလိုပြောပါတယ်။

Monday, November 28, 2016

၂၀၁၆ ခုနှစ်၊နိုဝင်ဘာ (၂၇)ရက် တစ်ရက်တာပတ်လုံးတိုက်ပွဲဖြစ်ရာနေရာများ


(၁) ယနေ့ နံနက် (၄)နာရီ (၂၀) မိနစ်ခန့်တွင် မိမိတို့မြောက်ပိုင်းမဟာမိတ်တပ်မှ မန်စာတောင်ကုန်းရှိ ရန်သူများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ့အထိအခိုက် နှင့် အကျအဆုံးများရှိခဲ့သော်လည်း မိမိတို့မှ အသေးစားဒဏ်ရာမှလွဲ၍ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ပေ။

(၂) ယနေ့ နံနက် (၆) နာရီ တွင် မူဆယ်မြို့နယ် နမ့်ဟွယ်ရွာ အထက် လွယ်မွန်းရွာဟောင်း တွင် စခန်းချနေသောရန်သူ့တပ်ဖွဲ့များကိုသွားရောက်တိုက်ခိုက်ခဲ့သည်။ မိမိတို့ဖက်မှ ပစ်လိုက်သောRPG (၂) လုံးမှာ ရန်သူစခန်းချနေနေသောတဲအတွင်း တည့်တည့်ထိမှန်ခဲ့သည်။

ကန့်သတ်စစ်ပွဲ နိုင်ငံရေး အရှုံးအမြတ် ဘယ်လို ရှိမလဲ

(VOA)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကစ KIA ကချင်လွတ်လပ်ရေး တပ်မတော် ဦးဆောင် တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ချို့ဟာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်နဲ့ ကွတ်ခိုင် ဧရိယာကို တပြိုင်နက်တည်း ၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့လို့လည်းခေါ်ကြတဲ့ အဲဒီ လက်နက် ကိုင်အဖွဲ့တွေဟာ တပ်မတော် တပ်စခန်းတွေ၊ ရဲကင်းစခန်းတွေကို တိုက်ခိုက်ကြ ရုံမက မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုံကိုပါ ပစ်မှတ်ထားတိုက်ခိုက်ပြီး လမ်းတံ တားတွေကိုလည်း ချိုးဖျက်တာ တွေ့ကြရပါတယ်။ ဒီ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းအဖွဲ့ လေးဖွဲ့က သူတို့နယ်မြေတွေထဲမှာ တပ်မတော်က ထိုးစစ်တွေ ဆင်နွှဲနေတယ်၊ ဒါကို သတိပြုမိစေဖို့ အခုလို မြို့တွေ ပြတွေကို ၀င်ရောက် တိုက် ခိုက်ပြရတာ ဖြစ်တယ်လို့ ကြေငြာချက် ထုတ်သလို၊ ကေအိုင်အေ တပ်ဖွဲ့က လည်း ကန့်သတ်စစ်ပွဲဆင်နွှဲရတာပါလို့ ကြေငြာပါတယ်။ KIA ဦးဆောင်တဲ့ ဒီ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေ ဘာကိုလိုချင်လို့ အခုလို တိုက်ပွဲဆင်နွှဲရတာပါလဲ၊ ဒီ တိုက်ပွဲတွေကြောင့် သူတို့ ရည်မှန်းချက်တွေ အထမြောက် အောင်မြင်စေမှာလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ရှမ်းပြည်မြောက်ပိုင်း စစ်ရေးတင်းမာဆဲ

(VOA)

ရှမ်းပြည်နယ်မြောက် ပိုင်းမှာ တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင် အဖွဲ့လေးဖွဲ့နဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။ မူဆယ်မြို့ဘက်မှာ အခြေအနေတည်ငြိမ်လာလို့ စစ်ပြေး ဒုက္ခသည်တွေ နေရပ်ရင်း စပြန်နေကြပါပြီ။ ဒါပေမဲ့ မုန်းကိုး ဒေသ ဘက်မှာတော့ တရုတ်နယ်စပ်ရောက် ဒုက္ခသည်တွေ နေရပ်ရင်း မပြန်နိုင်သေးဘဲ စစ်ရေးအခြေ အနေလည်း ပြင်းထန်ဆဲပါ။ ဒီအခြေအနေတွေ ကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

ဖေါင်းဆိုင် တိုက်ပွဲ အစိုးရတပ်မှ လက်နက်များ မဟာမိတ်တပ် သိမ်းယူ

(ကချင်သတင်းဌာန)

ယနေ့ ရှမ်းပြည်မြောက် ပိုင်း ဖေါင်းဆိုင်ကျေးရွာ (Hpawng Seng) အနီး မြန်မာ စစ်တပ်နှင့် ဖြစ်ပွားသော တိုက်ပွဲမှ လက်နက် အချို့ ကို မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) မှ သိမ်းဆီး ရရှိခဲ့သည်။


မုံးကိုနှင့် ဖေါင်းဆိုင် (Hpawng Seng) ကြား တပ်ပေါင်းစု ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) တပ်ဖွဲ့ နှင့် ထိတွေ့တိုက်ပွဲမှာ အစိုးရတပ် ဂျက်တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် ပစ်ကူပေးသည့်ကြား လက်နက်ကြီး ကျည် ၈ လုံးနှင့် အခြား စစ် ပစ္စည်းများကို သိမ်းဆီး ရရှိကြောင်း KIA တပ်မဟာ (၆) အရာရှိ တဦး ကချင် သတင်း ဌာန KNG ကို အတည်ပြု ပြောပါသည်။