Saturday, November 26, 2016

စစ်သီဝရီအရ မှန်တယ်

(By U Ravika)

မြောက်ပိုင်းမဟာမိတ်ရဲ့ လက်ရှိစစ်ပွဲဟာ သီဝရီအရ မှန်တယ်လို့ ပြောရမယ်။ တရုတ်အစိုးရက တိုင်းရင်းသားတွေရဲ့ လုပ်ရပ်ဟာ လူထုထောက်ခံမှု ကျဆင်းစေနိုင်တယ်လို့ သုံးသပ်တယ်။ ဒါ မမှန်ပါ။ ဒေသခံတိုင်းရင်းသားတွေဟာ သူတို့ဆိုင်ရာတော်လှန်ရေးသမားတွေကိုပဲ ထောက်ခံပါတယ်။ ပြည်မသားတွေကလည်း ဗမာလက်နက်ကိုင်တွေကိုပဲ ထောက်ခံကြကြောင်း ထင်ရှားသွားခဲ့ပြီ။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ အမျိုးသားရေးပြဿနာ ဖြစ်လို့ ဒါဟာ သဘာဝကျပါတယ်။ 

တရုတ်အစိုးရ၊ ဝအဖွဲ့၊ NLD အစိုးရနဲ့ တိုက်ခိုက်နေတဲ့ မြောက်ပိုင်းမဟာမိတ်တွေက " စစ်ပွဲကို ရပ်တန့်ဖို့ အာသီသရှိကြပါတယ်။ ဒါပေမဲ့ မအလရဲ့ လက်နက်ကိုင်တပ်များဟာ အရင်လိုပဲ ဆက်တိုက်နေမှာ သေချာပါတယ်။ ဗမာလူထု မထောက်ခံတဲ့ အချိန်မှာတောင် စစ်ကို တိုက်ခဲ့သေးတာပဲ။ အခု ဒေါ်စုကို အမှီသဟဲပြုပြီး လူထုထောက်ခံမှုကို ရတဲ့အခါမှာ မအလအတွက် စစ်ပွဲတွေကို ရပ်ဖို့ အကြောင်းမရှိပါ။ မအလတပ်ဟာ ဗမာလူမျိုးတွေကိုပဲ အကာအကွယ်ပေးနေတဲ့ ဗမာ့လက်နက်ကိုင်စစ်စစ်သာ ဖြစ်ပါတယ်။

မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက မုံးကိုးကို သိမ်းပိုက်ထားဟု ဆို

(DVB)

မြန်မာပြည် မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက ရှမ်းပြည်နယ် မြောက် ပိုင်းရှိ မုံးကိုးမြို့ကို သိမ်းပိုက်ထားလိုက်ပြီလို့ တပ်ပေါင်းစုအဖွဲ့ ပြောခွင့်ရ မိုင်အိုက်ကျော်က ပြောပါတယ်။
“မုံကိုးမှာ သေနတ်သံကတော့ မစဲဘူး။ တောက်လျှောက်ဖြစ်နေတာ ၂၀ ရက်ကတည်းကပဲ၊ လေကြောင်းပစ်ကူလည်း မကြာမကြာ လာပစ်တယ်။ ဂျက်လေယာဉ်တွေရော ရဟတ်ယာဉ် တွေရော။ မုံးကိုးမြို့ပေါ်ကတော့ မဟာမိတ်တပ်တွေက ၀င်ထားတယ်။ အပေါ်က ဗျုဟာကုန်း တခုပဲ ကျန်တယ်။ ဗျုဟာကုန်းလည်း ဟိုနေ့က တ၀က် ၀င်သိမ်းထားလိုက်ပြီးပြီ။”


ဒီနေ့ မနက်ပိုင်းမှာ မုံးကိုးအနီးတ၀ိုက်နဲ့ ကွတ်ခိုင်တိုးလ်ဂိတ်နားမှာ တိုက်ပွဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

မုံးကိုးမြို့ နေရာအများစုအား မဟာမိတ် တပ်ပေါင်းစု သိမ်းထား

(သျှမ်းသံတော်ဆင့်)

တရုတ်မြန်မာ နယ်စပ်ရှိ မုံးကိုးမြို့ နယ်ခွဲ၏ မြို့ဧရိယာတော်တော် များများကို မြောက်ပိုင်း တိုင်းရင်း သား မဟာမိတ် တပ်ပေါင်းစုက သိမ်း ထားကြောင်း သျှမ်းမြောက်ရှိ သတင်းအရင်းအမြစ်များက သျှမ်းသံတော် ဆင့်သို့ အတည်ပြုပြောဆိုသည် ။

နိုဝင်ဘာလ ၂၄ ရက်နေ့ တိုက်ပွဲတွင် မြို့နေရာတော်တော်များများအား မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ သိမ်းနိုင်ခဲ့သော်လည်း မုံးကိုးအခြေစိုက် စစ်ဗျူဟာကုန်းမှာ ကျန်ရှိနေဆဲဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်နီးစပ်သူ တရုတ်မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေးအကဲခတ်တစ်ဦးက နိုဝင်ဘလ ၂၅ ရက်နေ့ ညနေပိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

Wednesday, November 23, 2016

23/11/2016 တိုက်ပွဲ ဖြစ်နေသောနေရာ

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် မြန်မာ စစ်တပ် နှင့် FUA,
မြောက်ပိုင် ညီနှောင် မဟာမိတ်တပ် များ ယနေ့ (၂၃၊၁၁၊၂၀၁၆) ရက်နေ့
ယခု လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော နေရာ အချို့။

(၁)-မှုဆယ် ၁၀၅ မိုင်အနီး တိုက်ပွဲဖြစ်ပွားနေ
(၂)-နမ့်တောင်း နှင့် ပန်ဆိုင်း ကြား တိုက်ပွဲဖြစ်နေ
(၃)-ဖောင်းဆိုင် ဒေသ၊ ပ၀မ်ကျေးရွာ အနီး
(၄)-မုံးကိုး နှင့် ဖောင်းဆိုင် နယ်စပ် ရှိ မာန်ပိန်းကျေးရွာ အနီး
(၅)-မုံးကိုးဒေသ .တို့ တွင် ခု လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေ ကြောင်း
ကေအိုင်အေ တပ်မဟာ (၆) အရာရှိများထံ မှ သတင်း ရရှိပါသည်။

လက်ရှိ သျှမ်းမြောက်တိုက်ပွဲများသည် မြောက်ပိုင်းမဟာမိတ်များ တပ်မတော်၏ စစ်ရေးဖိအားကို တုန့်ပြန်သည့်အနေဖြင့် ကန့်သတ်စစ်ဆင်နွဲခြင်းသာဖြစ်ကြောင်း KIO ယနေ့ သတင်းထုတ်ပြန်


အကျိုးအမြတ်များတဲ့ မဟာမိတ်တိုက်ပွဲ

(By U Ravika)

၁။ အချို့က ဒီတိုက်ပွဲကြောင့် ဗမာတွေက တိုင်းရင်းသားတော်လှန်ရေးသမားတွေကို မုန်းတီးသွားကြတယ်ဆိုပဲ။ ဒါ မမှန်ဘူး။ သူတို့က နဂိုကတည်းက မုန်းတီးနေကြတာ ဖြစ်တယ်။ ပြောကွက်မရှိလို့သာ ငြိမ်နေကြတာ ဖြစ်တယ်။ အခု ဗမာတွေဟာ ဗမာ့တပ်မတော်ကိုပဲ ချစ်မြတ်နိုးကြောင်း ပေါ်လွင်သွားခဲ့ပါပြီ။

၂။ ဒီအချိန်မှာ ဗမာကြားရှိတိုင်းရင်းသားတွေအတွက် စဉ်းစားစရာ ရှိလာတယ်။ NLD ကို အရင်က အလယ်အလတ်ပါတီတစ်ခု ဖြစ်တယ်၊ တိုင်းရင်းသားတွေကို ထိခိုက်အောင် လုပ်မဲ့ ပါတီတစ်ခုမဟုတ်ဘူးလို့ ယူဆခဲ့ကြတယ်။ ဒါပေမဲ့ အခုအခါမှာ NLD လည်းပဲ ဗမာ့ပါတီတစ်ရပ်သာ ဖြစ်ပါကြောင်း ပေါ်လွင်စေခဲ့တယ်။

သျှမ်းမြောက်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်မလား ?

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း မူဆယ် မြို့နယ် ၁၀၅ မိုင် (ကုန်သွယ်ရေးဇုန်) မှာ နိုဝင်ဘာ ၂၀ ရက်နေ့မနက် ပိုင်းက မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု အဖွဲ့ ကနေပြီး အစိုးရတပ်ရဲ့ ၁၀၅ မိုင် လုံခြုံရေး တပ်စခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်ရေးလက် မှတ်ထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့  တွေလုပ်ဆောင်နေဆဲ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကြီး အပေါ်ယုံကြည်မှု ပိုမိုနည်းပါးလာနိုင်ကြောင်း  သျှမ်းပြည်နိုင်ငံရေး စောင့်ကြည် သူများက သုံးသပ်ပြောဆိုပါတယ် ။

တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့အကြား စစ်ရေးတင်းမာ လူထုစိုးရိမ်ထိတ်လန့် တရုတ်သို့တိမ်းရှောင်သည့် စစ်ဘေးဒုက္ခသည်ဦးရေတိုးများ

(သျှမ်းသံတော်ဆင့်)

အစိုးရတပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ( ၄) ဖွဲ့တို့အကြား နိုဝင်ဘာလ ၂၂ ရက်နေ့ ယနေ့တွင် တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA/PSLF တအာင်းပလောင်အဖွဲ့မှသတင်းထုတ်ပြန်သည် ။

ကွတ်ခိုင် မူစယ် လမ်းပေါ်ရှိ မန်လွယ် ၊ နမ့်ဖတ်းလွန်း၊ မူစယ်အနီးရှိ နမ့်ပေါ်တံတား ၊  မန်ဟောင်း စသည့် ပြည်ထောင်စုလမ်းမတစ်လျှောက် နှင့် မုံးကိုးဒေသတို့တွင် တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု တအာင်း ပလောင်အဖွဲ့မှ သတင်းထုတ်ပြန်သည် ။

မိုးညှင်းတွင် ရဲမှူးကိုရိုက်နှက်ပြီး သေနတ်လုယူခဲ့သူ အပါအ၀င် လူ ၂ ဦးကို ဖမ်းဆီး

(DVB)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာမှာ နိုဝင်ဘာ ၂၁ ရက် ည ၁၀ နာရီကျော်လောက်က တရားခံပြေးတဦး အပါအ၀င် လူ ၂ ဦးကို သေနတ်တလက်နဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

မိုးညှင်းခရိုင်သတင်းတပ်ဖွဲ့ ဒု-တပ်ဖွဲ့ခွဲမှူးရုံးမှ ဒု-ရဲမှူးတင်အောင်ဇော်နဲ့အဖွဲ့၊ လုံးတုံအခြေပြု ခလရ ၄၂၃ မှ ဗိုလ်မှူးနေလင်းအောင် ဦးစီးတပ်စိတ်၊ လုံးတုံရဲစခန်းမှ ဒု-ရဲအုပ် ခင်မောင်ကြည်နဲ့ ပူးပေါင်းအဖွဲ့ဟာ နန့်မွန်းကျေးရွာနေ တရားခံပြေး သားငယ် (ခေါ်) လင်းနိုင် (၂၁ နှစ်)ကို နန့်မွန်းနဲ့ မိုင်းနောင်ရွာကြား ကားလမ်းအနီး လယ်တဲမှာ ပုန်းအောင်းနေကြောင်း သတင်းအရ သွားရောက်စီးနင်း ဖမ်းဆီးရမိခဲ့တာပါ။

သိန်းနီမြို့နယ်၌ စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ အရာရှိစစ်သည်အချို့ ဒဏ်ရာရ

(DVB)

ရှမ်းပြည်နယ် သိန်းနီမြို့နယ်ထဲမှာ တပ်မတော်စစ်ယာဉ်တန်း ဆွဲမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရလို့ အရာရှိစစ်သည်တချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိရေး ဆောင်ရွက်ဖို့ သွားတဲ့ တပ်မတော်ယာဉ်တန်းကို မနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ သိန်းနီမြို့နယ်၊ မန်ပိန်းကျေးရွာအနီး ကေအိုင်အေ/တီအန်အယ်လ်အေ ပူးပေါင်းအဖွဲ့ အင်အား ၃၀ ခန့်က ဆွဲမိုင်းနဲ့ဖောက်ခွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Tuesday, November 22, 2016

ကွတ်ခိုင်-မှုဆယ် လမ်း နမ့်ဖတ်ကာ နှင့် မှုဆယ် ကြားတိုက်ပွဲ ဖြစ်

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ တရုတ်-မြန်မာ အဓိက ကုန်သွယ်ရေး လမ်းမ
လားရှိုး- မှုဆယ် ပြည်ထောင်စု လမ်းမကြီး ကွတ်ခိုင် နှင့် မှုဆယ် ကြား
တွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။

20.11.2016 တိုက်ပွဲအသေးစိတ်သတင်း

၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု (Northern Alliance (Burma) နှင့် မြန်မာအစိုးရတပ်မတော်တို့တိုက်ပွဲဖြစ်ပွားခဲ့သောနေရာများနှင့် တိုက်ပွဲဖြစ်စဉ်အကျဉ်း

(၁) နိုဝင်ဘာလ ၂၀ ရက်၊ နံနက် (၂) နာရီ (၃၀) မိနစ်တွင် မြန်မာအစိုးရတပ်မတော်၏ “မန်ညန်”စခန်း၊ “ဖောင်းဆိုင်”စခန်း၊ “ဘန်စတိုင်”စခန်းတို့အား တပြိုင်နက်တည်းတိုက်ခိုက်ခဲ့သည်။ နံနက် (၈) နာရီ (၃၀) ခန့်တွင် မြန်မာအစိုးရစစ်သားများအားလုံးတပ်စခန်းအသီးသီးမှထွက်ပြေးဆုတ်ခွာသွားခဲ့သည်။ ၎င်းတိုက်ပွဲတွင် မြန်မာ့အစိုးရစစ်သား (၅) ဦးကျဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး ကျည်ဆန်ထိမှန် ထားသည့်ယူနီဖောင်းအချို့ နှင့်အသုံးအဆောင်ပစ္စည်းအချို့တို့အားမိမိတို့ဖက်မှသိမ်းဆည်းရမိခဲ့သည်။


မူဆယ်နှင့် နမ့်ဖက်ကာတွင် ထိတ်လန့်မှုဖြစ်နေ

(Irrawaddy)


တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ရှိသည့် မူဆယ်မြို့နှင့် နမ့်ဖက်ကာ တို့တွင် ဗုံးသံ သေနတ်သံ များကြောင့် ဒေသခံများ စိုးရိမ် ထိတ်လန့်မှုများဖြစ် ပွားနေရကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။ 

မူဆယ်မြို့ပေါ်နှင့် မြို့အထွက်ပိုင်းတွင် ယနေ့ညပိုင်း ၉ နာရီနှင့် ၁၁ နာရီအကြားတွင် ဗုံးသံ သေနက်သံများ ကြားသိရလို့ မြို့ခံအချို့ ထိတ်လန့်တုန်လှုပ်နေရပြီး အချို့မှာ တရုတ်နိုင်ငံ ရွှေလီမြို့ဘက်သို့ပင် ကူးပြောင်းသွားကြကြောင်း သတင်းရရှိသည်။

မူဆယ်မြို့မ ရဲစခန်း တိုက်ခိုက်ခံရပြီး နိုဝင်ဘာ ၂၁ ရက် ညပိုင်းအထိ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

(Eleven Media Group)



မူဆယ်မြို့ ရဲစခန်းတိုက်ခိုက်ခံရပြီး နိုဝင်ဘာ ၂၁ ရက် ညပိုင်းအထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောကြားသည်။
နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က မူဆယ်မြို့မ ရဲစခန်းအား လက်နက်ကိုင်အဖွဲ့များက ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  လတ်တလောတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး မသိရှိရသေးကြောင်း မူဆယ်မြို့တွင် တာဝန်ကျနေသည့် အစိုးရ၀န်ထမ်း တစ်ဦးက ပြောကြားသည်။
၈ နာရီ ၄၅ မိနစ်လောက်က ဖြစ်သွားတယ်။ ရဲစခန်းကို ပစ်ပြေးတဲ့ပုံစံမျိုး လုပ်သွားတာ။ ငါးမိနစ်၊ ၁၀ မိနစ်လောက်တော့ကြာတယ်။ အပြင်တော့ ကျွန်တော်တို့မပြောနဲ့။ ဘယ်သူမှ ထွက်မကြည့်ရဲဘူး။ အသေအပျောက်ကတော့ မသိရသေးဘူးဟု ၎င်းက ပြောကြားသည်။

မူဆယ်ကယ်ဆယ်ရေးသွားသည့် လူနာတင်ကား ပစ်ခတ်ခံရ၊ ၁ ဦးဒဏ်ရာရ

(DVB)

မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန် အတွင်း ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည် သူတွေကို ကူညီကယ်ဆယ်ဖို့ သွားရောက်တဲ့ လူနာတင်ယာဉ် ၂ စီး မနေ့ ညနေ ၄ နာရီလောက်က  သေနတ်နဲ့အပစ်ခံရပြီး ကားပေါ်ပါ လူငယ်တဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

Monday, November 21, 2016

တရုတ် - မြန်မာနယ်စပ်အနီးရှိတိုက်ပွဲများကြောင့် တရုတ်ပြည်၏ လုံခြုံရေးကို ထိခိုက်မှု မရှိစေရန် မျှော်လင့်ကြောင်းထုတ်ပြန်

(Mizzima)

မြန်မာပြည်မြောက်ပိုင်း ၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ထိခိုက်မှုမရှိစေ ရန် မျှော်လင့် သည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိ သူက ပြောကြား ထားသည့် ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးတာဝန်ရှိသူတစ်ဦးဖြစ်သည့် မသဉ္ဇာလှိုင်က အတည်ပြုပေးသည်။

ဒါမှ တော်လှန်ရေး

(By U Ravika)

တိုက်ပွဲဖြစ်တိုင်း ဗမာ့တပ်မတော်က ဘာကြောင့် ရွာတွေကို ဖျက်ကြသလဲ။ တိုင်းရင်းသားတပ်မတော်တွေက ပြည်သူလူထုကို အခြေပြုတဲ့ တိုက်ပွဲကို တိုက်နေလို့ပဲ ဖြစ်တယ်။ 
ရွာတွေကို အခြေခံပြီး စစ်သတင်းတွေကို ရတယ်၊ ပြောက်ကြားစစ်ကို ဆင်နွှဲလို့ ရတယ်။ 
ဒါကြောင့် တော်လှန်ရေးရဲ့ အခြေခံ ဖြစ်တဲ့ ရွာတွေကို ဖျက်ဆီးပစ်တာ ဖြစ်တယ်။ နေဝင်းလက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ ဖြတ်လေးဖြတ် အစီအစဉ်ပါပဲ။ မြန်မာ့တပ်မတော်ရဲ့ တိုက်နည်းတိုက်ဟန်တွေက အရင်ကတည်းက ဒီအတိုင်းပဲ ရှိခဲ့တယ်။ အခုထိ ဘာအပြောင်းအလဲမှ မရှိသေးဘူး။

ခင်ဗျားတို့အတွင်းစိတ်မရိုးသားကြောင်း ကျုပ်တို့ဖော်ထုတ်နိုင်ခဲ့

(By U Ravika)

မြန်မာ့တပ်မတော်က လွတ်လပ်ရေးရကတည်းက တိုင်းရင်းသားဒေသရှိ အရပ်သားတွေကို နှိပ်စက်ခဲ့ကြတယ်။ ဗမာ့တပ်မတော်ကို အကြမ်းဖက်သမားလို့ ခင်ဗျားတို့ စွတ်စွဲဖူးသလား။ သောင်းကျန်းသူများလို့ ခင်ဗျားတို့ထုတ်တဲ့ စာနယ်ဇင်းတွေမှာ ဖော်ပြဖူးသလား။
တအာင်းက ဝင်တိုက်တယ်ဆိုပြီး ၁၀၅ မိုင်ကနေ ခင်ဗျားတို့ ကြောက်ပြေးပြေးရတာနဲ့တင် တအာင်းတွေကို "အဖျက်သမားတွေ"လို့ ခင်ဗျားတို့ ရဲရဲဝံ့ဝံ့ ပြောကြတယ်။ " သောင်းကျန်းသူ" တွေလို့ ခင်ဗျားတို့ ပြောကြတယ်။

အစိုးရနဲ့ အစိုးရတပ်မတော်မှာသာ တာဝန်ရှိ

(By U Ravika)

KIA က ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်ကတည်းက ကျေညာချက်ထုတ်ခဲ့ပြီသား ဖြစ်တယ်။
NCA ကို လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်တွေအနေနဲ့ စစ်ရေးအရှိန်ကို လျှော့ချပေးဖို့ပါ။

FUA Northern Command

(By U Ravika)

၁။ KIA-ကချင်လွတ်မြောက်ရေးတပ်မတော်
၂။ TNLA-တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
၃။ MNDAA-မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု
၎။ AA-ရခိုင်တပ်မတော်တို့ဟာ

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ မြောက်ပိုင်းစစ်ဒေသအဖွဲ့ဝင်များ ဖြစ်တယ်။ ဒီထဲမှာ AA-ရခိုင်တပ်မတော်ဟာ တချိန်ချိန်မှာ အနောက်ပိုင်းစစ်ဒေသကို ဦးစီးဖို့ ရှိပါတယ်။
အခု ရှမ်းမြောက်ပိုင်းဒေသမှာ လုပ်ခဲ့တဲ့ ထိုးစစ်ဟာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA) မြောက်ပိုင်းစစ်ဒေသ (Nothern Command) အနေနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုရမှာ ဖြစ်တယ်။
UNFC အဖွဲ့ကို စတင်ထူထောင်ကတည်းက FUA ကို တစ်ခါထဲ ဖွဲ့စည်းဖို့ မူဝါဒချမှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အခုထိ ရုပ်လုံးကောင်းကောင်း မပေါ်သေးပါ။ မိမိတို့သိရှိရသလောက် အရှေ့ပိုင်း၊ အရှေ့တောင်ပိုင်း၊ အနောက်ပိုင်းစစ်ဒေသတွေအတွက်လည်း ရည်မှန်းထားခဲ့ပြီသား ဖြစ်တယ်။

မြောက်ပိုင်း မဟာမိတ် ညီနောင် လေးဖွဲ့ ထုတ်ပြန်ကြေညာချက်


မြန်မာတပ်မတော်က ထိုးစစ်ဆင်မှုပြင်းထန်လာလို့ လက်နက်ကိုင် (၄) ဖွဲ့ ပူးပေါင်းလှုပ်ရှားတာပါ – တာ့ဘုန်းကျော်

(DVB)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး၊ ပန်ဆိုင်း၊ ၁၀၅ မိုင် စတဲ့ဒေသတွေမှာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တွေ အကြား ဒီနေ့မနက်ပိုင်းက တိုက်ပွဲအပြင်း အထန် ဖြစ်ပွားနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)၊ ကချင်လွတ်လပ်ရေး တပ် (ကေအိုင်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေအေ) အစရှိတဲ့ အဖွဲ့ ၄ ဖွဲ့ ပူးပေါင်းပြီး ရှမ်းပြည်မြေက်ပိုင်း မူဆယ်ခရိုင်ထဲမှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာပါ။


ဒီကိစ္စနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။


တပ်မတော်က တိုက်ခိုက်သွားမည် လို့ ပြော

(RFA)

ကချင်လွတ်မြောက်ရေး အဖွဲ့ KIA၊ တအာင်းပလောင်အဖွဲ့TNLA၊နဲ့ ကိုးကန့် အဖွဲ့ MNDAA တို့ကို အစိုးရ တပ်မတော်က တိုက်ခိုက်သွား မယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဒီကနေ့ မူဆယ် ၊ ကွတ်ခိုင် ၊ ကြူကုတ် (ပန်ဆိုင်း) နယ်မြေတွေကို KIO ၊ TNLA နဲ့ MNDAA အဖွဲ့တွေက တိုက်ခိုက်တဲ့အပေါ် အစိုးရရဲ့ သဘောထားကို မေးမြန်း ရာမှာ ဦးဇော်ဌေးက အခုလို ပြောပါတယ်။

မူဆယ်မြို့ပေါ်တွင် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်လာ

(Mizzima)

တရုတ်-မြန်မာနယ်စပ် ရှိ မူဆယ် ၁၀၅ မိုင်တွင် တပ်မတော်နှင့် လက်နက်ကိုင်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် တိုက်ပွဲဖြစည့်ရွာ များမှ မူဆယ်မြို့ပေါ်သို့ စစ်ရှောင်လာသူ နာရီပိုင်းအတွင်း ၁၀၀၀ ကျော်ခန့်ရှိ လာပြီဖြစ်ကြောင်း ကာယကံ ပရဟိတဖောင်ဒေးရှင်း မူဆယ်မှ ခေါင်းဆောင်ဖြစ်သူ ဦးမောင်မျိုးက မဇ္ဈိမကို ပြောသည်။

မူဆယ်တိုက်ပွဲကြောင့် တရုတ်နိုင်ငံအတွင်း ဒုက္ခသည်တချို့ ထွက်ပြေး

(VOA)

တရုတ်-မြန်မာ နယ်စပ်မှာ ဖြစ်ပွါး တဲ့ ဒီတိုက်ပွဲတွေကြောင့် နယ်စပ် မှာ နေထိုင်သူတချို့ တရုတ်နိုင်ငံထဲ ထွက်ပြေး ခိုလှုံလာကြောင်း ရန်ကုန်က တရုတ် သံရုံးက ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။

ဒီဒုက္ခသည်တွေ အတွက် ဒေသအစိုးရက လူသားချင်းစာနာမှု အကူညီတွေ ပေးနေပြီး ဒဏ်ရာရသူတွေ ကို ဆေးရုံပို့ကုသပေးနေ တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အခြေနေကို တရုတ်အစိုးရက အနီးကပ် စောင့်ကြည့်နေပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ ပြန်လည်တည်ငြိမ်စေဖို့အတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး အပစ်အခတ်ချက်ချင်း ရပ်စဲနိုင်အောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ယူနန်နယ်ထဲကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်က ၈၀ လောက် ရှိကြောင်းလည်း တရုတ်အစိုးရအာဘော် Golbal Times သတင်းမှာ ရေးသားထားပါတယ်။

Sunday, November 20, 2016

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ မူဆယ်တွင် ၁ ရက်အတွင်းတိုက်ပွဲ ၁၁ကြိမ်ဖြစ်ပွားဟု အစိုးရထုတ်ပြန်

(Mizzima)

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA (တအာင်းအဖွဲ့)၊ KIA (ကချင်အဖွဲ့) နှင့် MNDAA (ကိုးကန့်အဖွဲ့) တို့ နိုဝင်ဘာ ၂၀ရက် နေ့လယ် ၃နာရီကျော်အထိ တစ်ရက်အတွင်း တိုက်ပွဲ ၁၁ကြိမ်ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၂ နာရီ အချိန်ခန့်မှစ၍ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

မူဆယ်တိုက်ပွဲတွင် ၂ ဦးသေဆုံးထားပြီး ဒဏ်ရာရသူ၂၃ ဦး အထိရှိလာ

(Mizzima)

ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး မိုင်းပေါ်မြို့ပေါ်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် လက်ရှိ အချိန်ထိ ၂ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိထားတယ်လို့ မူဆယ်ခရိုင် ဆေးရုံမှ လူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းက မဇ္ဈိမကိုပြောပါတယ်။

“သေတာတော့ ၂ဦးရှိပြီ စိုးရိမ်ရတာက ၂ယောက် စုစုပေါင်းတော့ ဆေးရုံမှာ ၂၅ ဦးရောက်လာတယ်" လို့ ဒေါ်မြမြစန်းကဆိုပါတယ်။

မူဆယ် ၁၀၅ မိုင်ဂိတ်အနီးတွင် တိုက်ပွဲပြင်းထန်၊ သေဆုံး ဒဏ်ရာရမှုများရှိ

(DVB)

အစိုးရတပ်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန် အယ်လ်အေ) တို့ ဒီနေ့ မနက် ၅ နာရီပတ်ဝန်းကျင်လောက်က တရုတ်-မြန်မာ နယ်စပ် ၁၀၅ မိုင်အနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ တယ်လို့ မူဆယ်မြို့မ ရဲစခန်းက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဒီနေ့မနက်ထိ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ အရပ်သား ၇ ဦးဒဏ်ရာရခဲ့ပြီး ၁ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။