Tuesday, September 6, 2016

နမ်စီပွန် ကျောက်စိမ်းမှော်

(ဧရာဝတီ)

နမ်စီပွန်
ဝါကျင်ကျင်အဆင်းရှိ ချင်းတွင်းမြစ်ကြောင်းမှတဆင့် နမ့်တုံထွန်းချောင်းသို့ စက်လှေဖြင့် ၃ နာရီကြာ ဆန်တက်လာခဲ့လျှင် ခန္တီးဒေသ၏ နာမည်ကြီး ကျောက်စိမ်းမှော် တစ်ခုဖြစ်သော နမ်စီပွန် ရွာကို ရောက်ရှိသည်။

ရွာအမည်ကို အစွဲပြုကာ “နမ်စီပွန်မှော်”ဟု ခေါ်ဝေါ်ကြသည်။

ဖားကန့်ဒေသခံများ အစည်းအဝေးပြုလုပ်နေချိန် အမည်မသိလက်နက်ကိုင်အဖွဲ့က ၀င်ရောက်နှောင့်ယှက်

(ဧရာဝတီ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ မရှီကထောင် ရပ်ကွက် ရှိ နှစ်ခြင်း ခရစ္စယာန် ဘုရားကျောင်း၌ ၂၁ ရာစု ပင်လုံ ညီလာခံနှင့် ပတ်သက်ပြီး ဒေသခံများ အစည်းအဝေးပြုလုပ်နေချိန်တွင် အမည်မသိလက်နက်ကိုင် ၂၃ ဦး က ဝင်ရောက်လာပြီး ဘုရားကျောင်းကို ဝိုင်းခဲ့ကြောင်း သိရသည်။

“အစည်းအဝေးကို လာဝိုင်းတာ ယူနီဖောင်းတွေနဲ့ မဟုတ်ဘူး။ ၂၃ ဦးလုံးက ဘောင်းဘီတို၊ စွတ်ကျယ်တွေ ဝတ်ထားတယ်။ အကုန် သေနတ်တွေပါတယ်။ ဝင်လာပြီး မင်းတို့က ဘာလုပ်နေတာလဲ။ ဘာလဲဆိုပြီး ဝိုင်းလိုက်တယ်” ထိုအစည်းအဝေးတွင် ပါဝင်ခဲ့သည့် ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့ (Myu Sha Zinlum) ဥက္ကဌ ဦးလမောင်လတောင်က ဧရာဝတီကို ပြောသည်။

ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း မြန်မာ စစ်သားများ တပ်ချနေ

(ကချင်သတင်းဌာန)

ကချင် ပြည်နယ် မိုးကောင်း-ဖားကန့် လမ်း Gauri ကျေးရွာ ကချင် ခရစ်ယာန် ဘုရားကျောင်းဝင်း အထဲမှာ မြန်မာ အစိုးရ တပ်များ တပ်ချ နေပါသည်။

အင်အား ၃၀ ခန့်ရှိ အစိုးရ စစ်သားများသည် Gauri (ဂေါ်ရီ) ကျေးရွာ Manden (မန်ဒင်း) ICM ဘုရားကျောင်းဝင်း အထဲမှာ ယနေ့၊ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းမှ စတင် ၀င်ရောက်လာပြီး ညနေပိုင်း အထိ ဆက်ရှိ နေသည်ဟု ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

Gauri ကျေးရွာ သည် မိုးကောင်းနှင့် ကားမိုင်း ကြား တည်ရှိပြီး ယင်း ကျေးရွာ တ၀ိုက်တွင် ပြီးခဲ့သည့် သြဂုတ်လ နောက်ပိုင်း အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၆) ကြား မကြာခဏ တိုက်ပွဲဖြစ်သည့် နေရာလည်း ဖြစ်သည်။

ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် KIA တပ်ရင်း (၃)၊ Sadung (ဆဒုံ) ဒေသမှာလည်း အစိုးရတပ်များ အင်အားတိုး လှုပ်ရှားနေဆဲဖြစ်ကြောင်း ဒေသခံများ ဆိုပါသည်။

ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမပေါ် Shahtu Zup (ရှထူးဇွပ်) ရွှေမှော်မှာ စစ်ရေး လှုပ်ရှားနေသည့် အစိုးရ တပ်က ယမန်နေ့၊ စက်တင်ဘာ ၅ ရက်နေ့မှာ KIA ထောင်ထားသော မိုင်း မိပြီး ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ ဆိုပါသည်။

မည်သည့် တပ်ရင်း ဖြစ်ကြောင်း မသိရသေးသော တပ်မတော် စစ်ကြောင်းက Shahtu Zup ကျေးရွာ အနောက်ဘက် KIA တပ်ရင်း (၁၄) နယ်မြေ Hka Dap Zup (ခ ဒ ဇွပ်) ရွှေမှော်ဘက်ကို ၀င်ရောက် လှုပ်ရှား လာစဉ် KIA မိုင်းဖြင့် တိုက်ခိုက် ခံရခြင်းဖြစ်သည်။

သြဂုတ် လဆန်းပိုင်းမှ Shahtu Zup ရွှေမှော်သို့ တပ်မတော် က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် လာခြင်းကြောင့် KIA တပ်ရင်း (၁၄) နှင့် ယခုအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

သြဂုတ် ၃၁ မှ စက်တင်ဘာ ၄ ရက်ထိ နေပြည်တော် မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနေစဉ် အစိုးရ စစ်အင်အားများကို ဟူးကောင်းချိုင့်ဝှမ်း KIA တပ်မဟာ (၂) နယ်မြေ တနိုင်းဘက် သို့ ပို့ခဲ့သည်။

တိုင်းလိုင် (ရှမ်းနီ) နှင့် လီဆူ ကိုယ်စားလှယ် ၂ ဦးမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်း

(ကချင်သတင်းဌာန)

အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် ပြုလုပ်သည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (T.N.D.P) နှင့် လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (L.N.D.P) တို့ ကချင်ပြည်နယ်မှ မြို့နယ် အချို့ကို ၄င်းတို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ အဖြစ် တောင်းဆိုခဲ့ ကြသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသား တိုးတက်ရေး ပါတီမှ စိုင်းဌေးအောင် က ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် အပါအဝင် ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ခရိုင်များကို စုပေါင်းပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။

လက်နက်ကိုင် ၂၃ ဦးမှ ဖားကန့် လူထု အစည်းအဝေး ကို နှောက်ယှက်

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် ကျောက် စိမ်းမှော် ဖားကန့်မြို့၊ Mashi Kahtawng ရပ်ကွက် တွင် ၂၁ ရာစု ပင်လုံ ညီ လာခံ နှင့် ပတ်သက်သည့် အစည်းအဝေး ကို ယနေ့ မနက် ပြည်သူများ ဦးဆောင် ပြုလုပ်နေ စဉ် အစိုး ရ စစ်သား ဟု ယူဆ ရသည့် အရပ် ဝတ် လက်နက်ကိုင် ၂၃ ယောက် ဝင်ရောက်ကာ နှောက်ယှက် ခဲ့ကြောင်း သိရသည်။


ဖားကန့်မြို့နယ် ခရစ်ယာန် ဘာသာ ဂိုဏ်းပေါင်းစုံ ခေါင်းဆောင်များ၊ ရိုးရာ ယဉ်ကျေးမှု အဖွဲ့များနှင့် ရပ်မိ ရပ်ဖများ စုစုပေါင်း ၉၀ ခန့် Mashi Kahtawng (မရှီကထောင်) ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရား ရှိခိုးကျောင်းဝင်း တွင် ၂၁ ရာစု ပင်လုံ ညီလာခံ အတွက် ဖားကန့် သယံဇာတ နှင့် အခြား အကြောင်းအရာများ ဆွေးနွေးနေစဉ် ယခုလို ဝင်ရောက် ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်ဟု ပွဲ စီစဉ်သူများ ပြောသည်။