Wednesday, August 24, 2016

KIA ၏ ခုခံမှုကြောင့် အစိုးရ စစ်ကြောင်းများ နောက်ဆုတ်

(ကချင်သတင်းဌာန)

ကချင် လွတ် လပ်ရေး တပ်မတော် KIA ၏ Nhkram Bum တောင် Gidon စခန်း ကို ယနေ့ နံနက်ပိုင်း ထိုးစစ်ဆင် တက်လာသည့် အစိုးရ စစ်ကြောင်း များသည် KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း ၂၅၂ ၏ ခုခံ တိုက်ခိုက်မှု ခံရပြီး ပြန်ဆုတ်သွားခဲ့ကြောင်း KIA ရှေ့တန်း သတင်းများ ဆိုပါသည်။


နေ့လည် ၁ နာရီခန့်တွင် တပ်မတော် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 ၂ စီးဖြင့် လာရောက် ပစ်ကူ ပေးပြီး မကြာမီ အစိုးရ စစ်ကြောင်းများ နောက်ဆုတ်သွားသည်ဟု KIA သတင်းများ ပြောပါသည်။

ရဟတ်ယာဉ် ၂ စီး အကူညီဖြင့် အစိုးရတပ်များ KIA ကို တိုက်ခိုက်

(ကချင်သတင်းဌာန)

မြစ်ကြီးနား- ဗန်းမော် လမ်း Nhkram Bum မှာ အစိုးရတပ်နှင့် ကချင် လွတ် လပ်ရေး တပ်မတော် KIA ကြား ယနေ့ နံနက်ပိုင်း မှ ပြင်းပြင်း ထန်ထန် တိုက်ပွဲဖြစ်ပွားလာစဉ် အစိုးရဘက်မှ တိုက်ခိုက်ရေး ရဟတ် ယာဉ် ၂ စီး ကူညီ တိုက်ခိုက် ပေးနေ ပါသည်။


Nhkram Bum တောင်ရှိ KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း ၂၅၂ စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တပ်မတော် စစ်ကြောင်းများကို KIA ဘက်မှ ခုခံတိုက်ခိုက်စဉ် အစိုးရဘက် အကျအဆုံး များလာခြင်းကြောင့် နေ့လည်ပိုင်းတွင် ရုရှား Mi-35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး လာရောက် ပစ်ကူပေးကြောင်း KIA ရှေ့တန်း သတင်းများ ဆိုပါသည်။

ကန်ပိုင်တီ လမ်းကြောင်းမှာ အစိုးရတပ်နှင့် KIA နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေ

(ကချင်သတင်းဌာန)

မြစ်ကြီးနား-ကန်ပိုင်တီ ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွင် မြန်မာ အစိုးရ တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပါသည်။


ကန်ပိုင်တီလမ်းမ အနီးနှင့် ဆဒုံ (Sadung) ဒေသ KIA တပ်မဟာ (၅)၊ တပ်ရင်း (၃) စခန်းများကို တပ်မတော် ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် ပြီးခဲ့သည့် အပတ်မှ နှစ်ဖက် တိုက်ပွဲများ ဖြစ်လာသည်။

Monday, August 22, 2016

တိုင်းရင်းသားတို့၏ နိုင်ငံရေး

(ဧရာဝတီ)

Ethnic Politics in Burma: States of Conflict ဟာ အက်ရှလေ ဆောက်သ် (Ashely South) ရဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ပထမဆုံး စာအုပ်ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ကိုကိုလေးက နိုင်ငံတော်ပဋိပက္ခ (တိုင်းရင်းသားတို့၏ နိုင်ငံရေး) အမည်နဲ့ ဘာသာပြန်ပြီး ၂၀၁၆ မှာ ယဉ်မျိုးစာပေက ထုတ်ဝေဖြန့်ချိပါတယ်။

မူရင်း စာအုပ်ရေးသားသူဟာ မြန်မာနိုင်ငံမှာ ၁၉၉၁ ခုနှစ် လုပ်သားများကို သင်တန်းပေးရတဲ့ သင်တန်းဆရာအဖြစ် တာဝန် ထမ်းဆောင်နေစဉ် သုတေသနပြု မှတ်တမ်းတင် ရေးသားခဲ့ပါတယ်လို့ သူ့ရဲ့ကိုယ်တိုင်ရေး အမှာစာမှာ ပါရှိပါတယ်။

လီဒို လမ်းမပေါ် ဒွမ်ဘုန်း တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၁ တိုက်ပွဲ ဖြစ်

(ကချင်သတင်းဌာန)

လီဒို လမ်းမပေါ် နမ္မတီး (Namti) အထက် ဒွမ်းဘုန်း (Dum Bung) ကျေးရွာအနီး တွင် အစိုးရတပ် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၁ တို့ကြား ယနေ့ အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
နံနက်မိုင်း မိနစ် ၂၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု ဒေသ ခံများ ပြောပါသည်။

ယနေ့ မနက်မှာပဲ လီဒိုလမ်းမ အတိုင်း တနိုင်းကို ဆင်းလာတဲ့ အစိုးရ စစ်ကြောင်း ကို လွယ်လီမြစ် (Loili Hka) နှင့် တိန်ရတ်မြစ် (Ting Rat Hka) ကြားတွင် KIA တပ်ရင်း ၂၀ တပ်ဖွဲ့များက မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရှိရပါသည်။