Wednesday, June 1, 2016

ဖြေရှင်းရမယ့် ငြိမ်းချမ်းရေး နဲ့ မြေယာပြသနာ

(VOA)

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေအတွင်း ငြိမ်းချမ်းရေးအောင်မြင်အောင် တည်ဆောက်ဖို့ဆိုရင်၊ အရင်အစိုးရတွေလက်ထက် တိုင်းရင်းသားမြေယာတွေကို အတင်းကြပ်သိမ်းယူခဲ့တဲ့ မြေယာပဋိပက္ခတွေကို အရင် ဖြေရှင်းဖို့ လိုမယ်လို့ ကချင်ပြည်နယ်အတွင်း မြေယာအရေး လူ့အခွင့်အရေး လှုပ်ရှားနေသူ ဒေါ်ဘောက်ဂျာက ဗွီအိုအေကို ပြောပါတယ်။ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ တရုတ်ဘက်က ရည်ညွန်းပြောဆိုနေပေမယ့် ဘယ်အစိုးရ လက်ထက်မှာဖြစ်ဖြစ် ဒေသခံ ကချင်ပြည်သူတွေက လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒေါ်ဘောက်ဂျာ ပြီးခဲ့တဲ့လက ၀ါရှင်တန်မြို့တော်ကို ရောက်လာတဲ့အချိန် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က ကိုသားညွန့်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။

ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေ ဘယ်အချိန် နေရပ်ပြန်နိုင်မလဲ

(VOA)

ခုဆိုရင် ကချင်ပြည်နယ်မှာ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့တာ ၅ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ လက်ရှိ အခြေအနေ ကချင်ပြည်နယ် ဖားကန့်နဲ့ အခြားဒေသတွေမှာ တပ်မတော်နဲ့ KIA ကချင်တပ်ဖွဲ့ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေသေးသလို၊ တိုက်ပွဲ စဖြစ်ကတည်းက နေအိမ်ရပ်ရွာကို စွန့်ခွာထွက်ပြေးသွားခဲ့ကြရတဲ့ တိုင်းရင်းသား ပြည်သူတွေလည်း ဒုက္ခသည် စခန်းတွေကနေ နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။ ပိုပြီးဆိုးတာက ရှေ့အနာဂတ် ဘယ်အချိန် ဘယ်ကာလ လောက်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းသွားမယ်၊ တိုင်းရင်းသား ပြည်သူတွေ ကိုယ့်နေရပ် ကိုယ်ပြန်ပြီး အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ကြမယ် ဆိုတာကိုလည်း မမျှော်မှန်းနိုင်ကြသေးပါဘူး။ ဒီအခြေအနေ ဘယ်လိုကြောင့် ဖြစ်ရတာလဲ၊ ကချင်ပြည်နယ် ငြိမ်းချမ်းသွားအောင် ဘယ်လိုဖြေရှင်းရင် ရနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ရွှေလီ တွင် တရားမဝင် မြန်မာ နိုင်ငံသားများကို စီစစ် ဖမ်းဆီးနေ

(ကချင်သတင်းဌာန)

တရုတ်အာဏာ ပိုင်များက မြန်မာ နယ်စပ်ကုန် သွယ်ရေးမြို့ ရွှေလီ တွင် မြန်မာနိုင်ငံ သား အလုပ်သမားများကို ယခု ရက်ပိုင်း မှ တင်း တင်းကြပ်ကြပ် စစ်ဆေး ဖမ်းဆီး မှုများ ပြုလုပ်နေကြောင်း သိရပါသည်။

ယခင်က တစ်ပတ်ကတ်ခေါ် (၇) ရက်အစိမ်းရောင်ကတ်နှင့် အလုပ်လုပ်ခွင့်အနီကတ်တို့ဖြင့် တရုတ်ပြည်ဘက် ည အိပ် နေထိုင် အလုပ်လုပ် သူများ ရှိသော်လည်း ယခုချိန်တွင်မူ တရားဝင် နေထိုင်ခွင့် အစိမ်းရောင်ကတ် ဖြင့်သာ ခွင့်ပြုတော့ကြောင့် ရွှေလီမြို့တွင် အလုပ်လုပ်နေသည့် ကချင်အမျိုးသမီး တစ်ဦး မှ ပြောပါသည်။

သဘာဝ ဘေးဒဏ်ခံ ခေါင်လန်ဖူး ဒေသ စားနပ်ရိက္ခာ အကူအညီ လိုအပ် နေ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ပူတာအိုခရိုင် တောင် တန်းပေါ်ရှိ ခေါင်လန်ဖူးမြို့နယ် တွင် ဧပြီလဆန်းမှ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ် လာသော သဘာဝ ဘေး ဒဏ်ကြောင့် ဒေသ ခံပြည် သူများ စားနပ် ရိက္ခာ အကူအညီ အရေးပေါ် လို အပ်နေကြောင်း သိရပါသည်။

ပူတာအိုမြို့ အရှေ့ဘက် မိုင် ၁၃၀ ကျော် ရှိ ခေါင်လန်ဖူး မြို့နယ်တွင် ဧပြီ ၁၀ ခန့်မှ စပြီး မေလ ကုန်ပိုင်း အထိ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးပြီး နှင်းပြိုကျမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။