Friday, April 1, 2016

အစိုးရ ကျောက်မျက်ရတနာ ဥပဒေ ကို ဖားကန့် ပြည်သူများ ဆန္ဒပြမည်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် အစိုးရ၏ ကျောက်မျက်ရတနာ  ဥပဒေ ကို ကန့်ကွက်သည့် လူထု ဆန္ဒပြပွဲ ကြီးကို မနက်ဖြန် ဧပြီ ၂ ရက်နေ့ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။


သမ္မတ ဦးသိန်းစိန်၏  ၂၀၁၆ ဇန်နဝါရီ ၂၉ ပြည်ထောင်စု လွတ်တော်တွင် ဒုတိယအကြိမ် ပြဌာန်းခဲ့သည့် ကျောက်မျက်ရတနာ ဥပဒေ သည် အများပြည်သူကို အကျိုးမပြု လေလံစနစ် ဖြစ်သောကြောင့် သာမန်ပြည်သူများ လုပ်ကိုင်နိုင်ရန် ခက်ခဲသွားစေကြောင်း လူထု လှုပ်ရှားမှု ဆန္ဒပြပွဲ ဦးဆောင်မည့် ဖားကန့် မြို့ခံ တစ်ဦး ပြောသည်။

Thursday, March 31, 2016

SSA မြောက်ပိုင်းနှင့် အစိုးရတပ် တိုက်ပွဲ ဆက်လက် ဖြစ်ပွား

(ကချင်သတင်းဌာန)

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA-N တပ်ဖွဲ့နှင့် အစိုးရတပ် ယမန်နေ့ KIA တပ်မဟာ ၆ နယ်မြေတွင်း ၅ နာရီခန့်ကြာ ထပ်မံဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အစိုးရတပ် အချင်းချင်း လက်နက်ကြီး ဖြင့် ပစ်ခတ် မိကြောင်း သိရပါသည်။


မုန်းဘော်၊ အင်ဂါ မြစ်ဆုံ (N Ga Hka Mazup)နှင့် ဖ ရာ (Hpa Ra) ဒေသ ကြားတွင် ဖြစ်ပြီး SSA-N တပ်မဟာ ၁ တပ် ကို အစိုးရ တပ်မ ၉၉ မှ စစ်မျက်နှာ နှစ်ခုဖြင့် ယမန်နေ့ မနက်ပိုင်း ၁၁ မှ ညနေ ၄ နာရီ ကျော်ခန့် အထိ တိုက်ခိုက်ခဲ့ကြောင်း KIA တပ်မဟာ ၆ အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကိုပြော ခဲ့ပါသည်။
 

အစိုးရနှင့် KIA တပ်ရင်း ၁၂ မန်စီမြို့နယ်တွင် တိုက်ပွဲ ဖြစ်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် တောင်ပိုင်း မန်စီမြို့နယ် နမ်ဖူ (Nam Hpu) တွင် အစိုးရတပ်ဖွဲနှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၂ တပ်ဖွဲ့များ ယမန်နေ့က ထိပ်တွေ့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။


တိုက်ပွဲ ဖြစ်ရခြင်းမှာ စစ်ဆင်ရေးကြောင့် မဟုတ်ဘဲ မိုးမိတ် စစ်ဗျူဟာနှင့် စကခ ၂၁ (ဗန်းမော်) အစိုးရစစ်ကြောင်းများ တပ် အပြောင်းအလဲ သွားလာချိန် ထိပ်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းသာ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO လိုင်ဇာ ဗဟိုဌာချုပ် ဒုဗိုလ်မှုးကြီး နော်ဘူ က အတည်ပြုပြောခဲ့သည်။
 

Wednesday, March 30, 2016

မြစ်ဆုံစီမံကိန်း ပြန်စနိုင်သလား

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ တရုတ်နိုင်ငံဟာ မြန်မာအစိုးရသစ် နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားပေမယ့် မြန်မာနိုင်ငံရဲ့မိတ်ဆွေမဆန်တဲ့ လုပ်ရပ်တွေကြေင့် နယ်စပ်အင်အားစုတချို့ ကို ကြိုးကိုင်ကစားဖို့ လိုအပ်တယ်လို့ ယူဆချက်တချို့တရုတ်ဘက်မှာ ရှိနေပါတယ်။ အခက်ကြုံနေရချိန်မှာ အကူအညီပေးတာကို မထောက်ထားတဲ့အပြင် မြန်မာတို့ဘက်က တရုတ်စီမံကိန်းတွေကို ရပ်ဆိုင်းပြီး အနောက်နိုင်ငံတွေဆီ မျက်နှာမူသွားခဲ့တယ်ဆိုပြီး ပြောဆိုသူတချို့  ရှိတယ်လို့ တရုတ်ရေးရာ ကျွမ်းကျင်သူတဦးက ဆိုပါတယ်။ အမေရိကန်အခြေစိုက် Stimson သုတေသနဌာန တရုတ်နိုင်ငံခြားရေးရာ ဆက်ဆံရေးသုတေသီ Yun Sun နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။