Friday, December 2, 2016

မုံးကိုမြို့ လေကြောင်း တိုက်ခိုက်မှု ဆက်လက် ပြင်းထန်

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မုံးကိုမြို့တွင် ယနေ့ မနက် ၈ နာရီ မှ တိုက်ပွဲ ပြင်းထန်စွာ စတင် ဖြစ်ပွားခဲ့ပြီး မြန်မာ စစ်တပ် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်နေပါသည်။


မုံးကိုမြို့အတွင်း မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) တပ်ဖွဲ့များ ရှိသည့် နေရာများကို တပ်မတော် ဂျက်တိုက်လေယာဉ် ၂ စီး နှင့် ၅ ကြိမ်ခန့် လာရောက် ပစ်ခဲ့သည်ဟု အနီးနား တရုတ်ပြည် မန်ဟိုင်းဘက် က ပြည်သူများ ပြောသည်။
 

မြို့တွင်း တိုက်လေယာဉ် ဗုံးများကြောင့် နေအိမ်အချို့ မီးလောင်ခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

လက်နက်ကြီး ကျည်ဆံ နှင့် သေနတ်ကျည် တချို့ တရုတ်ပြည် မန်ဟိုင်း ဘက်ခြမ်းမှာ ကျရောက်ခဲ့ပြီး အစိုးရတပ်မတော်သား အချို့လည်း တရုတ်ပြည်ဘက်ခြမ်းကို ထွက်ပြေးလာကြောင်း ပြောပါသည်။

နယ်စပ်တွင်မူ တရုတ်တပ်ဖွဲ့များ လုံခြုံရေး တင်းကြပ်စွာ ယူထားကြောင်း သိရသည်။

ရှမ်းပြည် မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ ၄ ဖွဲ့ (KIA၊ MNDAA၊ TNLA နှင့် AA) တို့ ပါဝင်သော ‘မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) ကြား နိုဝင်ဘာ ၂၀ မှ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။