Wednesday, November 30, 2016

၂၀၁၆ ခုနှစ်၊နိုဝင်ဘာ (၂၉) ရက်၊ အင်္ဂါနေ့တစ်ရက်တာပတ်လုံးတိုက်ပွဲသတင်းများ

(၁)နိုဝင်ဘာလ ၂၉ ရက်၊ နံနက် (၁၀) နာရီခန့်အချိန်မှစ၍"နမ့်တောင်း"နှင့် "ပန်ဆိုင်း" အကြားတွင်ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သောနေရာအနီး၌ဒုတိယနေ့အဖြစ် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှအကျအဆုံးနှင့် အထိအခိုက်များခဲ့သလို နေ့လည် (၁) နာရီ (၃၀) မိနစ်အချိန်တွင်လေယာဉ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

(၂) နေ့လည်(၁) နာရီခန့်တွင် နမ့်အွန်မှ တက်လာသည့် ရန်သူ့ အင်အား ၂၀ ခန့်လိုက်ပါလာသောစစ်ကားဖြင့် နမ့်အွန် နှင့် နမ့်ပေါ်ချောင်းတံတားအကြားတွင် တိုက်ပွဲငယ်ဖြစ်ပွားခဲ့သည်။

 
(၃)မုံးကိုး၊ ကောင်းကွေတောင်ဖက်တွင် နေ့လည်(၂) နာရီ၌တစ်ကြိမ်၊ နေ့လည် (၂) နာရီ (၃၀) ခန့်တွင် တွင် တစ်ကြိမ် ရန်သူ့ဂျက်တိုက်လေယာဉ်များသည် မိမိတို့အားဗုံးကြဲတိုက်ခိုက်ခဲ့သည်။ သို့သော် ဗုံးဆံအများအပြားမှာ ရွာအနီးအနားပတ်ဝန်းကျင်နှင့် တရုတ်နယ်စပ်အနီးတွင်သာကျရောက်ပေါက်ကွဲခဲ့သည်။ ထို့အပြင် ၎င်းဂျက်တိုက်လေယာဉ် (၄) စီးထဲမှ (၂) စီးသည် တရုတ်နိုင်ငံနယ်နိမိတ်ထဲသို့ ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

(၄) ထို့အတူ ညနေ (၃) နာရီ (၅၀) မိနစ်အချိန်တွင် နမ့်တောင်းရွာအနီးသို့ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ရှေ့ ဆင့်နောက်ဆင့် လာရောက်ဗုံး ကြဲတိုက်ခိုက်ခဲ့သည်။ 

(၅) ညနေ (၈) နာရီ (၀၅) မိနစ်တွင် ကွတ်ခိုင် "မန်နောင်" နှင့်"နမ့်ပါချီး"ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး (၉) နာရီ (၁၅) တွင်ပြီးဆုံးခဲ့သည်။(နှစ်ဖက်အထိအခိုက်အကျအဆုံးများကိုမသိရသေးပေ။တိုက်ပွဲ နောက်ဆက်တွဲသတင်းများကို ထပ်မံတင်ပြပေးပါမည်) 

(၆) တိုက်ပွဲဖြစ်ရာဒေသများ၌ ရန်သူသည် သူတို့၏ ကျဆုံးသူများ၊ ဒဏ်ရာရရဲဘော်များအား သယ်ဆောင်ရန် အရပ်သားများအား အတင်းခိုင်းစေမှုများ၊ အရပ်သားများအား ကြားညှပ်ခေါ်ယူကာ ပေါ်တာဆွဲခြင်းများကို ဆက်တိုက်ပြုလုပ်လာနေသည်။ ရန်သူ၏မုံးကိုး ဗျူ ဟာကုန်းတွင်လည်း လူသားဒိုင်းကာအဖြစ်အသုံးပြုရန် အရပ်သားများကိုလည်းဖမ်းဆီးထားသည်။

(၇) ##မနေ့က၊နိုဝင်ဘာလ ၂၈ ရက် ၊ ညနေ (၇)နာရီ (၀၄)မိနစ်တွင် မူဆယ်၊ရဲစခန်းရှေ့ တွင်ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ရဲစခန်းအတွင်းမှပစ်လိုက်သောကျည်ဆံကြောင့် ၎င်းအချိန်၌ရဲစခန်းရှေ့ တွင် ဆိုင်ကယ်ဖြင့်ဖြတ်သန်းသွားလာနေသော အရပ်သားလူငယ်နှစ်ယောက် အား ထိမှန်ခဲ့ပြီး သေနတ်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ##(၂၈ ရက်နောက်ဆက်တွဲ)##

(၈)ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု မှအသိပေးကြေညာချက်အား လိုက်နာကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။ ထို့အပြင် ရဲစခန်း၊ စစ်တပ်စခန်းအနီး ပတ်ဝန်းကျင်များ၌ ညအချိန်များ၌အချိန်မတော်သွားလာခြင်းများကိုလည်း အတတ်နိုင်ဆုံးရှောင်ရှားကြရန်ကိုလည်း ထပ်မံအသိပေးအပ်ပါသည်။

(၉)လက်ရှိအချိန်တွင်တိုက်ပွဲစဖြစ်ပြီး ဆယ်ရက်တာကာလအတွင်း၌မုန်းကိုး-ဖောင်းဆိုင်၊ ဝန်တိန်အပါအဝင် တရုတ်နယ်စပ်တောက်လျောက်ရှိ ရွာပေါင်း သုံးဆယ်နီးပါးမှ စစ်ပြေးဒုက္ခသည် နှစ်သောင်းကျော် တို့သည်တရုတ်ပြည်ထဲတိမ်းရှောင်ထွက်ပြေးလျှက်ရှိသည်။ တရုတ်နိုင်ငံမှလည်း စစ်ပြေးဒုက္ခသည်များအား စားဝတ်နေထိုင်ရေး၊ကျန်းမာရေးစောင့်ရှောက်မှုများကိုကူညီပေးလျှက်ရှိသည်။

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု
Northern Alliance – Burma
AA + KIA + TNLA+ MNDAA
We Fight , We Win

သတင်းနှင့်မီဒီယာများဆက်သွယ်ရန်ဖုန်းနံပါတ်
မိုင်းအိုက်ကျော်
၀၉၄၉၃၁၄၉၅၁ (0949314951)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။