Tuesday, November 22, 2016

ကွတ်ခိုင်-မှုဆယ် လမ်း နမ့်ဖတ်ကာ နှင့် မှုဆယ် ကြားတိုက်ပွဲ ဖြစ်

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ တရုတ်-မြန်မာ အဓိက ကုန်သွယ်ရေး လမ်းမ
လားရှိုး- မှုဆယ် ပြည်ထောင်စု လမ်းမကြီး ကွတ်ခိုင် နှင့် မှုဆယ် ကြား
တွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။



လားရှိုး-မှုဆယ် ကားလမ်း ၊ ကွတ်ခိုင်- မှုဆယ် လမ်းအပိုင်း နမ့်အွမ် နှင့်
မုန်ပေါ တံတား အကြားတွင် (၂၂၊၁၁၊၂၀၁၆) ရက်နေ့ နံနက်(၆း၀၀)နာရီ
အချိန်မှ စတင်ပြီး တိုက်ပွဲ များ စတင်ဖြစ်ပွားနေ ကြောင်း သိရှိရပါသည်။

ယနေ့ (၂၂၊၁၁၊၂၀၁၆)နံနက် စောစော ကွတ်ခိုင်ဘက်မှ မြန်မာ စစ်တပ်များ
မှုဆယ် ဘက်သို့ တက်လာစဉ် နမ့်အွန် အနီး သို့ အရောက်တွင် တိုက်ပွဲ
စတင်ဖြစ်ပွားသည်။ 


နံနက် (၈း၀၀) နာရီ အချိန် နမ့်ဖတ်ကာ နှင့် မှုဆယ်ကြား တလျှောက်လုံး
စစ်ပွဲ ဖြစ်ပွဲ များ ဖြစ်ပွား နေကြောင်း သတင်းထပ်မံ ရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။