Monday, November 28, 2016

၂၀၁၆ ခုနှစ်၊နိုဝင်ဘာ (၂၇)ရက် တစ်ရက်တာပတ်လုံးတိုက်ပွဲဖြစ်ရာနေရာများ


(၁) ယနေ့ နံနက် (၄)နာရီ (၂၀) မိနစ်ခန့်တွင် မိမိတို့မြောက်ပိုင်းမဟာမိတ်တပ်မှ မန်စာတောင်ကုန်းရှိ ရန်သူများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ့အထိအခိုက် နှင့် အကျအဆုံးများရှိခဲ့သော်လည်း မိမိတို့မှ အသေးစားဒဏ်ရာမှလွဲ၍ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ပေ။

(၂) ယနေ့ နံနက် (၆) နာရီ တွင် မူဆယ်မြို့နယ် နမ့်ဟွယ်ရွာ အထက် လွယ်မွန်းရွာဟောင်း တွင် စခန်းချနေသောရန်သူ့တပ်ဖွဲ့များကိုသွားရောက်တိုက်ခိုက်ခဲ့သည်။ မိမိတို့ဖက်မှ ပစ်လိုက်သောRPG (၂) လုံးမှာ ရန်သူစခန်းချနေနေသောတဲအတွင်း တည့်တည့်ထိမှန်ခဲ့သည်။


(၃) အခြားတစ်နေရာဖြစ်သည့် မန်ညန်ဒေသတွင်မူ ဗျူဟာကုန်းမှရန်သူသည် မိမိတို့အားလာရောက်တိုက်ခိုက်ခဲ့သည်။

(၄) နေ့လည် (၁)နာရီခန့်တွင်ဖောင်းဆိုင်မှ မုံးကိုးဖက်သို့တက်လာသော ရန်သူအင်အား (၈၀) ခန့်နှင့်မိမိတို့မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့သည်"နောင်ဖိုင်ရွာ"နှင့် "နောင်ဂျန့်ရွာ"ကြားတွင်နာရီဝက်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ 

(၅) ထို့အတူ နေ့လည် (၁) နာရီ ၁၀ မိနစ်ခန့်တွင်လည်း"မန်ယိန်ချန်းတောင်" ပတ်ဝန်းကျင်အားရန်သူမှ ရဟတ်ယာဉ် (၃) စီးဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

(၆) နံနက်(၁၁) နာရီမှ နေ့လည် (၁၂) နာရီ (၃၀)အကြားတွင် ရန်သူ့ဂျက်တိုက်လေယာဉ်များ၊ ဟတ်စကီးများဖြင့် မိမိတို့စခန်းများဖြစ်ကြသည့် " ချိုင့်ကျုံးတောင်တန်း" ပန်လုံတောင်တန်း" အပြင်"ဖင်ကျီရွာတစ်ဝိုက်" အားလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ထိုအပြင်ယနေ့ နေ့လည် (၁) နာရီ (၂၀)မိနစ်တွင်လည်းရန်သူ့ တိုက်လေယာဉ်(၂) စီးမှ "ပန်လုံတောင်ကုန်း"အား (၅) မိနစ်ခန့်နောက်ထပ်တစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ 

(၇) ကိုးကန့်၊ ကုန်ကြမ်း-လန်ဖီလင်-ရှင်းဖင်ကျဲ တစ်လျှောက်တွင်နေ့လည် ၁၂ နာရီ ၂၀ မိနစ်မှ ၁၂ နာရီ ၄၅ မိနစ်အထိ ၂၅ မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း မိမိတို့ဖက်မှ စစ်ဖက်သုံးကားကြီးတစ်စင်းဖျက်စီးနိုင်ခဲ့သည်။ ထို့အတူ နိုဝင်ဘာလ ၂၆ ရက်နေ့တွင်လည်း "ကုန်ကြမ်းနှင့် ရှင်းဖင်ကျဲရွာ" ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးအလားတူရန်သူစစ်သုံးကားကြီးတစ်စီးကိုဖျက်စီးနိုင်ခဲ့သည်။ ရန်သူ့ တပ်မ (၅၅) လက်အောက်ခံ (၅၁၇) တပ်ရင်းမှူး (အမည်စစ်ဆေးဆဲ) အပါအဝင် ရဲဘော် (၄) ဦးကျဆုံးခဲ့သလို ဒဏ်ရာအများအပြားလည်းရရှိခဲ့သည်။

(၈) ၂၆ ရက်နောက်ဆက်တွဲတိုက်ပွဲအဖြစ် မုံကိုးမြို့  ပြည်သူ့စစ်ဗိုလ်ကြီး "ထန်ဆီ" အိမ်တွင် ထွက်ပြေးခိုအောင်းနေသော ရန်သူတပ်ဖွဲ့ဝင်အချို့ ကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။
ထို့ကြောင့်မိမိတို့၏ စစ်ဆင်ရေးဧရိယာနယ်မြေ (သို့မဟုတ်) တိုက်ပွဲများအတွင်းတွင် မြန်မာအစိုးရစစ်တပ်မဟုတ်သော မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ငယ်များအနေဖြင့်လည်း မိမိတို့၏ စစ်ဆင်ရေးအား အနှောင့်အယှက်၊ အတားအဆီးဖြစ်စေသော အပြုအမူများကို ရှောင်ရှားကြရန် အသိပေးအပ်ပါသည်။

နိုဝင်ဘာလ ၂၀ ရက်မှ စတင်ခဲ့သော တိုက်ပွဲများသည် ယနေ့ဆိုလျှင် ၈ ရက်မြောက်ခဲ့ပြီးဖြစ်သလို တိုက်ပွဲအရှိန်မှာလျော့မသွားဘဲ ဆက်လက်မြင့်နေဆဲဖြစ်သည်။ ရန်သူတပ်ဖွဲ့များသည်လည်း နောက်ထပ် လက်နက်အင်အား၊ လူအင်အား များကို ဆက်လက်ပို့ဆောင်နေသောကြောင့် တိုက်ပွဲများမှာ နိုဝင်ဘာတစ်လလုံးရှိနိုင်သေးသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု မှအသိပေးကြေညာချက်အား လိုက်နာကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု
Northern Alliance – Burma
AA + KIA + TNLA+ MNDAA

သတင်းနှင့်မီဒီယာများဆက်သွယ်ရန်ဖုန်းနံပါတ်
မိုင်းအိုက်ကျော်
၀၉၄၉၃၁၄၉၅၁ (0949314951)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။