Wednesday, July 20, 2016

ကလေး (၈) ယောက် ဖခင် တစ်ဦး အစိုးရတပ်၏ ပေါ်တာ ဆွဲ ခံရ

(ကချင်သတင်းဌာန)

အစိုးရစစ်တပ်က ပေါ်တာ အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သားသမီး ၈ ရောက် ဖခင် တစ်ဦး သည် ယနေ့ နှစ်ရက်ကျော်သည် အထိ သတင်းမရဘဲ ပျောက်ဆုံး နေကြောင်း သိရပါသည်။
ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာ အနီး ဂရွတ်ယန် (Garut Yang) ရွာသား တစ်ဦးဖြစ်သူ အသက် (၃၁) နှစ်အရွယ် ဦး ကောန်လ (Slg. Kawn La) ဆိုသူ ကို အစိုးရ စစ်ကြောင်းမှ ဇူလိုင် (၁၇) ရက်နေ့ ၁၁ နာရီခန့် တွင် ဖမ်းဆီးခေါ်ဆောင်သွားရာ ယခုထိ အိမ် မရောက်လာ သေးသည့်အပြင် အဆက်အသွယ် ပြတ်နေကြောင်း ဂရွတ်ယန် ရွာသား အမည်မဖော်လိုသူ တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ပေါ်တာ ဆွဲသွားသည့် အစိုးရစစ်ကြောင်းတွင် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) မုံရွာမြို့မှ ခလရ ၈၇၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ တပ်ရင်း)နှင့် ဦးဇခုန် တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့တို့ ပါဝင်ကြောင်း အဆိုပါ ရွာသား က ဆက်ပြောပါသည်။

ဦး ကောန်လ (Slg. Kawn La) အဖမ်း မခံရ ခင်ကလည်း ဂရွတ်ရွာ (Garut Yang)မှ ရွာသား တစ်ဦးပြီး တစ်ဦးကိုလည်း လမ်းပြ အဖြစ် အဓမ္မ ဖမ်းဆီး ခေါ်ဆောင်နေကြောင်း သူက ဆိုပါသည်။

ထို့ကြောင် လက်ရှိ အခြအနေတွင် ဂရွတ်ရွာ (Garut Yang) ရွာလူကြီးများနှင့် သက်ဆိုင်ရာ လူကြီးများမှ ဦး ကောန်လ (Slg. Kawn La) ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး ဆက်လက် စုံစမ်းနေကြောင်း သိရပါသည်။

အစိုးရတပ်၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသူ ဦး ကောန်လ (Slg. Kawn La) သည် သားသမီး (၈)ယောက်၏ ဖခင်ဖြစ်ပြီး လယ်ယာ လုပ်ငန်းဖြစ်သာ မိသားစုကို ကျွေးမွေးနေသူဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။