Saturday, December 12, 2015

ဗန်းမော်ခရိုင် KIA တပ်ရင်း(၁) နယ်မြေတွင် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွား

(ကချင်သတင်းဌာန)

ကချင်ပြည်နယ်တောင် ပိုင်း ဗန်းမော်ခရိုင် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း(၁) နယ်မြေတွင် မြန်မာ အစိုးရတပ်နှင့် တိုက်ပွဲများဖြစ် ပွားနေကြောင်း KIA ကဆိုသည်။

တိုက်ပွဲသည် ကြာသပတေးနေ့ ညနေပိုင်းမှ စတင်ဖြစ်ပွားပြီး ယမန်နေ့ နေ့လည်ထိ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲသံကြားရသူများ KNG ကချင်သတင်းဌာန ကို ပြောပါသည်။