Wednesday, December 2, 2015

ဖားကန့် Ja Ra Yang တိုက်ပွဲမှာ KIA ဗိုလ် ၂ ဦး ကျ

(ကချင်သတင်းဌာန)

ယမန်နေ့ ဖားကန့် ကျောက်စိမ်းမှော် Ja Ra Yang ကျေးရွာ အနီး မြန်မာ အစိုးရ တပ်နှင့်ဖြစ် ပွားသော တိုက်ပွဲမှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗိုလ် ၂ ဦး ကျ ဆုံးကြောင်း KIA လိုင်ဇာ ဗဟိုဌာနချုပ် က အတည်ပြုပါ သည်။

အစိုးရတပ်များ KIA တပ်ရင်း(၆) ရှေ့တန်းစခန်းတခုသို့ စစ်ဆင်ဝင်ရောက် လာစဉ် မိနစ် ၁၀ ကျော် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA စစ်ဗိုလ် ၂ဦး ကျဆုံးပြီး ၎င်းတို့သည် MHH ပြည်သူ့စစ်တပ် ဖွဲ့မှ ဖြစ်သည်ဟု လိုင်ဇာမှ တာဝန်ရှိသူ ဒု-ဗိုလ်မှူးကြီး နော်ဘူ ပြော သည်။

Tuesday, December 1, 2015

ဖားကန့်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်ကျောက် စိမ်းမှော် ဂွေခါလမ်း ဘက် မြန်မာအစိုးရ တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ကြား ယနေ့ နံနက်ပိုင်းမှာ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Ja Ra Yang ကျေးရွာအနီး KIA တပ်ရင်း(၆) ရှေ့တန်းစခန်းရှိရာသို့ အစိုးရတပ်များ ၀င်ရောက် လာခြင်းကြောင့်  နံနက် ၆နာရီခန့်မှ တိုက်ပွဲစတင်ဖြစ်ပွားကာ (၁၀)မိနစ်ကျော် ကြာကြောင်း KIA ဗဟိုဌာနချုပ် လိုင်ဇာမှ ဒု-ဗိုလ်မှူးကြီး နော်ဘူ ကချင်သတင်းဌာန KNG ကို အတည်ပြုပြောသည်။