Friday, November 27, 2015

မံစီမြို့နယ်မှ ရှမ်းရွာသား၂ ဦး ကေအိုင်အေဟု စွပ်စွဲပြီး နှိပ်စက်ညှဉ်းပန်းခံရ

(DVB)

ကချင်ပြည်နယ် ဗန်းမော် ခရိုင် မံစီမြို့နယ်က ရှမ်းရွာသား ၂ ဦးကို အစိုးရတပ်က ကေအိုင်အေ လို့ စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ အရပ် သား ကာ ကွယ်စောင့်ရှောက်မှု စောင့်ကြည့်ရေး အဖွဲ့က ပြော ပါတယ်။

မံစီမြို့နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စု နောင်လုတ်ကျေးရွာနေ ဦးစိုင်းမောင်ဆမ် (အသက် ၄၅ နှစ်) နဲ့ စိုင်းရီလင်း (အသက် ၂၃ နှစ်) တူဝရီး ၂ ဦးဟာ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက  သူတို့ရွာကနေ မံစီမြို့ကို တရားရုံးကိစ္စတခုနဲ့အလာ လမ်းမှာ အစိုးရတပ်က ဖမ်းဆီးနှိပ်စက်ခဲ့တာလို့ ဗန်းမော်ခရိုင် အရပ်သားကာကွယ်စောင့်ရှောက်မှု စောင့်ကြည့်ရေးအဖွဲ့ စီမံကိန်းတာဝန်ခံ ဦးအောင်မျိုးဆန်းက ဒီဗွီဘီကို ပြောပါတယ်။

Thursday, November 26, 2015

ကချင်ဝန်ကြီးချုပ်လုံခြုံရေး ဗုံးပေါက်ကွဲမှု တစ်ဦးသေ၊ သုံးဦးဒဏ်ရာပြင်းထန်

(RFA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာ အထွက်မှာ ဒီကနေ့ မနက်က  ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းရဲ့ ခရီးစဉ် အတွက် လုံခြုံရေးဆောင် ရွက်ပေးနေ တဲ့ တပ်မတော်သား တစ်ဦးထံ က လက်ပစ် ဗုံးပေါက် ကွဲတာကြောင့် တပ်သား တစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဖားကန့်မြို့ စုပေါင်းရုံးခန်းမမှာ လူထုနဲ့တွေ့ဆုံနေချိန်ဖြစ်ပြီး နန့်ယားကျေးရွာကို နေ့လယ်ပိုင်းမှာ ရောက်ရှိတာဖြစ်ပါတယ်။

Wednesday, November 25, 2015

ဖာကန့် မြေစာပုံပြို၍ သေဆုံးသူများထဲတွင် ရခိုင်လူမျိုး ၂၀ ကျော်ကိုတွေ့ရှိဟုဆို

 နိရဉ္စရာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံခင်း ကျေးရွာ အုပ်စုနှင့် ဆန်ခတ်ကူးကျေးရွာ အုပ်စုအကြားတွင် တည်ရှိသော စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူအများအပြား သေဆုံးခဲ့ရာ ထိုအထဲတွင် ရခိုင်လူမျိုး အနည်းဆုံး ၂၀ ကျော် အလောင်းကို ရှာဖွေတွေ့ရှိထားသည်ဟု ယင်းနေရာသို့ ကိုယ်တိုင် သွားရောက် ကြည့်ခဲ့သူ ရခိုင်စာပေယဉ်ကျေးမှုအဖွဲ့(ဖားကန့်) ဒုဥက္ကဋ္ဌက ပြောသည်။

ဖားကန့်မြေပြိုဒဏ်ခံ ရေမဆေးလုပ်သားတွေဘဝ

(VOA)

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စနေနေ့က မြေစာ ပုံပြိုကျမှုကြောင့် သေဆုံး သူ ၂၁၃ ဦးရှိသွားပြီး ၁၀၀ ကျော် လည်း ပျောက် ဆုံးနေဆဲပါ။ သေ ဆုံးပျောက်ဆုံးသူတွေ အများစုဟာ ရေ မဆေးကျောက် ရှာတဲ့ သူတွေ ဖြစ်ကြပါတယ်။ ဒီဒေသက ရေမဆေးကျောက် ရှာတဲ့ သူတွေဟာ မြန်မာနိုင်ငံ အနှံ့က လာရောက်ကြသူတွေ ဖြစ်ပါတယ်။ ဒီရေမဆေးကျောက် ရှာတဲ့သူတွေရဲ့ ဘ၀အကြောင်းနဲ့ ပတ်သက်ပြီးတော့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ရဲ့အထွေထွေ အတွင်းရေးမှူး ကိုဆာဂျီးကို ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

အန်အယ်လ်ဒီက ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန်ရှိ

(VOA)


၂၀၁၅ ရွေးကောက်ပွဲ အပြီး မကြာခင် က ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ အစည်းအဝေးမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ တယ်လို့ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဒီဗွီဘီ ကို ပြောပါတယ်။
အဲဒီလို ဆုံးဖြတ် ခဲ့ပြီးနောက် သွားရောက်တွေ့ ဆုံမယ့် လူတွေကို ရွေးချယ် ထားပြီးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

Tuesday, November 24, 2015

ပြည်တွင်းစစ်ကို အမြစ်ဖြတ်ဖို့လိုတဲ့ အစိုးရသစ်

(ဧရာဝတီ)

လပိုင်းသာကျန်တော့တဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း ကုန်ဆုံးသွားပြီးနောက် မဲအပြန်အသတ်နဲ့ အသစ်တက်လာမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ အစိုးရအနေနဲ့ နိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ကိစ္စရပ်များအပါအဝင် ယိုယွင်းပျက်စီးနေတဲ့ ကဏ္ဍအရပ်ရပ်ကို မဖြစ်မနေ လုပ်ဆောင် ကြရမှာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ရမယ့် ကဏ္ဍတွေအနက် အထူးအလေးထားလုပ်ဆောင်ရမယ့် ကိစ္စရပ်တခုဟာ နိုင်ငံအတွင်း အစိုးရ အဆက်ဆက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား နှစ်ပေါင်း ၆၀ ကျော်ကြာ အမြစ်တွယ် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း စစ်ရပ်တန့်နိုင်ရေးအတွက် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အရေးထား ဖော်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

ဖါးကန့်မြေပြိုမှု အကြောင်းရင်းခံ ကချင်လူ့အခွင့်အရေးအဖွဲ့သုံးသပ်

(VOA)

ကချင်ပြည်နယ် ဖားကန့်ဒေသ စင်ဂတ် ကူးရွာမှာ စနေနေ့က မြေစာ ပုံပြိုကျပြီး လူပေါင်း ၁၁၃ ဦး သေဆုံးတာအပါအ၀င် သဘာဝပတ် ၀န်းကျင် ထိခိုက် မှုတွေ ဖြစ်ပေါ်နေတာဟာ ကျောက်စိမ်း စတဲ့ တွင်းထွက်ပစ္စည်းတွေ တူးဖော်တဲ့ ကုမ္ပဏီတွေကို အာဏာပိုင်တွေက အထိန်းအကွပ်မရှိ စီးပွားလုပ်ပိုင်ခွင့် ပေးထား တဲ့အတွက် ဖြစ်တယ်လို့ KDNG - ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့က အထွေထွေ အတွင်းရေးမှူး ကိုစာဂျီးက ပြောပါတယ်။ ကိုစာဂျီးကို ဗွီအိုအေ ရုံးမှာ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တွေ့ဆုံ မေးမြန်းတာမှာ ဖားကန့်ဒေသမှာ နောက်ဆုံး ဖြစ်ပေါ် သွားတဲ့ မြေစာပုံ ပြိုကျမှုအခြေအကြောင်း အခုလို စပြောပါတယ်။

ဖားကန့်မြေပြိုမှုမှ အလောင်းအများစု အမည်နှင့်နေရပ်မသိသူများ ဖြစ်နေ

(ဧရာဝတီ)

ကချင်ပြည်နယ်၊ ဖားကန့်ခရိုင်၊ ဖားကန့်မြို့နယ် အတွင်း ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများမှ စွန့်ပစ်သည့် မြေစာပုံ ပြိုကျ မှု တွင် လူသေ အလောင်း ၁၀၆ လောင်း ရှာတွေ့ထားပြီဖြစ်သော်လည်း အလောင်းအများစုသည် အမည်နှင့် နေရပ် မသိ သူ များဖြစ်နေပြီး သဂြိုဟ်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်အစောပိုင်း  ၃ နာရီအချိန်တွင် မြေပြိုကျချိန်မှစ၍ အလောင်းတူးဖော်ရေး ဆောင် ရွက် ခဲ့ပြီး ယနေ့အချိန်အထိ အလောင်း ၁၀၆ လောင်းရှာဖွေရရှိထားကြောင်း၊ အလောင်းများတွင် ၆၆ လောင်း သာ အမည်နှင့် နေရပ်လိပ်စာများ အတည်ပြုနိုင်ပြီး ကျန်အလောင်းအများစုမှာ အမည်နှင့်နေရပ် လိပ်စာ မဖော် ထုတ် နိုင်ဘဲဖြစ် နေ ကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့  ညနေပိုင်းမှစ၍ အလောင်းများကို စတင် သဂြိုဟ် နေပြီဖြစ်ကြောင်း သိရှိရသည်။

မိုးညှင်းမြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် ဒုက္ခသည် ၅၀၀ ကျော် နေရပ်ပြန်ပြီ

(ဧရာဝတီ)

ကချင်ပြည်နယ်၊ မိုးညှင်း ခရိုင်၊ မိုးညှင်းမြို့နယ် အတွင်း မြို့နယ် အုပ်ချုပ်ရေးမှူးက လုံခြုံရေး အတွက် စိတ်ချ ရပြီဟု ပြော ဆိုပြီး ထောက် ခံစာ ထုတ်ပေး သဖြင့် စစ်ဘေးရှောင် ၅၀၀ ကျော်မှာ နေရပ် သို့ ပြန် သွားကြပြီဟု သတင်း ရရှိသည်။

မိုးညှင်းမြို့နယ်၊ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူးက “နိုဝင်ဘာလ ၂၂ ရက်က မြို့နယ် အုပ်ချုပ်ရေးမှူးက စိတ်ချရပြီ၊ ပြန်လို့ရပြီ ရှင်းပြတယ်၊ လုံခြုံရေးအတွက် လိုချင်တဲ့သူကို ထောက်ခံစာ လုပ်ပေး လိုက်တယ်၊ အသက်ကြီးတဲ့ သူတချို့နဲ့ ကလေးတွေ ၃၀ ဦး ဝန်းကျင်လောက်ပဲ ကျန်နေခဲ့တယ်၊ အားလုံး နီးပါးပြန်ပြီ” ဟု ဧရာဝတီကို ပြောသည်။

စစ်ပွဲများရပ်တန့်ရေး ကူညီရန်မေးခွန်း လွှတ်တော် အကြောင်းပြန်ကြားမှုမရှိ

(ဧရာဝတီ)

အစိုးရ တပ်မတော်နှင့် ရှမ်းပြည် တောင်ပိုင်းတပ်မတော် (SSPP/SSA) တို့ အကြား တိုက်ပွဲဖြစ် ပွားနေမှုကို အမြန်ဆုံး ရပ်တန့်နိုင်ရေး အကူအညီပေးရန် ကြယ်ပွင့်မပြ မေးခွန်းမေးမြန်းထားမှုကို ယနေ့အထိ  အကြောင်းပြန်ကြားမှုမရှိကြောင်း ကွန်းဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက နိုဝင်ဘာ ၂၃ ရက်တွင်ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

Monday, November 23, 2015

ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု သေဆုံးသူ ၁၅၀ ထိတိုးနိုင်

(VOA)

ဖားကန့်မြို့မှာ ကျောက်စိမ်း တူးဖေါ်ရေး လုပ်ငန်းက ထွက် တဲ့ မြေစာပုံကြီးပြို ကျလို့ သေဆုံးသူ (၁၀၀)ကျော်ရှိနေပြီး ၊ သေဆုံးသူ အရေအတွက် ဒီထက် ပိုများ လာနိုင် တယ်လို့ ဒေသ ခံ စောင့်ကြည့်လေ့ လာသူတွေက ခန့်မှန့်နေ ပါတယ်။ ကျောက်စိမ်း နဲ့သတ္တုတူးဖေါ်ရေး လုပ်ငန်းက ထွက်လာတဲ့ မြေစာတွေကို စနစ်တကျ မစွန့်ပစ်တာ၊ အာဏာပိုင်တွေဖက်ကလဲ လူတွေ အသက် အန္တရာယ် နဲ့ ဝေးအောင်လို့ အကာအကွယ် ပေးရေး အစီအစဉ်တွေ လုပ်ဆောင်ထားခြင်း မရှိလို့ဖားကန့်မှာ မကြာခနဆိုသလို မြေစာပုံပြိုကျတဲ့ အန္တရယ်နဲ့ ရင်ဆိုင်နေရ တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရှမ်းမြောက် မုံးကို KIA တပ်ရင်း(၃၈)ကို အစိုးရတပ် တိုက်ခိုက်

(ကချင်သတင်းဌာန)

ရှမ်းပြည်နယ်မြောက် ပိုင်း မုံးကို မြို့ (Mong Ko) အနီး ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း(၈) တပ်ဖွဲ့ ယနေ့ နံနက် အစောပိုင်း (၅)နာရီ ကျော်မှ မြန်မာအစိုးရ တပ်များ စတင် တိုက်ခိုက် ရာမှ တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများပြောသည်။

ဖားကန့် ကျောက်စိမ်းတွင်းမြေပြိုမှု လူ ၁၀၀ ထက်မနည်း သေဆုံး

(VOA)

ကချင်ပြည်နယ် ဖားကန့်ဒေသက ပုဂ္ဂလိက ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းခွင် စွန့်ပစ်မြေစာပုံမှာ မြေပြိုကျ တာကြောင့် သေဆုံးသူ ၁၀၀ ထက် မနည်းရှိသွားပြီလို့ အခင်းဖြစ်တဲ့နေရာ ကို ရောက်ခဲ့တဲ့ ဒေသခံတဦးက ဗွီအိုအေကိုပြောပါ တယ်။ အိမ်ခြေ ၈၀ နီးပါး မြေမြုပ်သွားပြီး နောက်ထပ် လူ ရာနဲ့ချီပြီးတော့ ပျောက် ဆုံးနေတုန်းပဲလို့လည်း ပြောပါတယ်။ အဲဒီနေရာကို အန္တရာယ်ရှိနေတဲ့ နေရာအဖြစ် သတ်မှတ်ပြီး စစ်တပ်၊ ရဲလုံခြုံရေးတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အပူတပြင်း ကူညီကယ်ဆယ်ရေး ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

KIA တပ်မဟာ (၄) သို့ မြန်မာစစ်တပ် အင်အား တိုးချဲ့

(Lachid Kachin)

မြန်မာ စစ်တပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကေအိုင်အေ
တပ်မဟာ(၄)ဒေသ နှင့် ကွန်းလုံ (ကိုးကန့် )ဒေသဘက်
သို့ စစ်အင်အား အလုံးအရင်း တိုးချဲ့ကာ ထပ်မံ ပို့ ဆောင်
အင်အား ဖြည့်တင်းနေ ကြောင်း သတင်းရရှိပါသည်။
၂၂.၁၁.၂၀၁၅ ရက်နေ့ ည (၁၀း၃၀)အချိန်တွင် ရှမ်းပြည်နယ်
မြောက်ပိုင်း လားရှိုးမြို့ မှ စစ်သားအပြည့် တင်ဆောင်ထား
စစ်ကားအစီး (၂၀) ပါ စစ်ယာဉ်တန်းသည် ကေအိုင်အေ တပ်
မဟာ(၄)ဒေသဘက်သို့ ဦးတည် ကာ လားရှိုး-သိန္နီ မှတဆင့်
ကွတ်ခိုင် သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းသိရှိရပါသည်။