Monday, October 26, 2015

ပြည်တွင်းလေ့လာသူများ ကျောက်စိမ်းအစီရင်ခံစာကို ထောက်ခံကြိုဆို

(ဧရာဝတီ)



မြန်မာနိုင်ငံ၏ ကျောက်စိမ်း ထုတ်လုပ်မှုက ၂၀၁၄ခုနှစ် တနှစ်တည်းမှာ ပင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံရှိသည် ဟု ဖော်ပြခဲ့သော Global Witness အစီရင်ခံစာ ကို ယနေ့ထုတ် ပုဂ္ဂလိကပိုင် သတင်းစာနှင့် ဂျာနယ်အများစု တွင် ရေးသားဖော်ပြခဲ့ကြသည်။

လန်ဒန်အခြေစိုက် Global Witness ကျောက်စိမ်း- မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော် လျှို့ဝှက်ချက်အမည်ရှိ အစီရင်ခံစာကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာမှ ကိန်းဂဏန်း အချို့က သံသယ၀င်စရာ အနည်းငယ် ရှိနေသော်လည်း ပြည်တွင်းမှ လေ့လာစောင့်ကြည့်သူများက ကြိုဆိုခဲ့ကြပါသည်။

ကေအိုင်အေ တပ်ရင်း ၉ ကို အစိုးရတပ်က သိမ်းပိုက်

(DVB)

ရှမ်းပြည်နယ်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ် ထဲမှာရှိတဲ့ ကေအိုင်အေ တပ်မဟာ ၄ လက်အောက် ခံ ကေအိုင်အေ တပ်ရင်း ၉ ကို အစိုးတပ်က ၃ ရက်ကြာ တိုက်ခိုက် ပြီးနောက် သိမ်းပိုက် လိုက်ပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ကတည်းက အဲဒီတပ်ရင်း ၉ ဒေသတ၀ိုက်မှာ အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး မနေ့မနက်ပိုင်းက သိမ်းဆည်းသွားတာလို့ ကေအိုင်အေတပ်က ဗိုလ်မှူးကြီး နော်ဘိုက ပြောပါတယ်။

ကိုးကန့်ဒေသတွင် တိုက်ပွဲများပြန်စ

(DVB)

မြန်မာ-တရုတ်နယ် စပ် ကိုးကန့်ဒေသမှာ အခုရက်ပိုင်းတွေ အတွင်း အစိုးရ တပ်တွေ နဲ့ ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့် လက်နက်ကိုင် တပ်တွေ အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ် ပွားနေပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့ တရက်တည်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့  မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (အမ်အဲန်ဒီအေအေ) ကိုးကန့်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

သစ် အများဆုံး ခုတ်ခွင့်ရတဲ့ ကုမ္ပဏီ ၁၀ ခု (သစ်တောပြုန်းတီး ရေကြီးစေသူများ)



တစ်တိုင်းပြည်လုံး စုံးစုံးမြုပ်အောင် နှစ်နေကြသလား  Written by - မာန်သူရှိန်

မကြာသေးခင်ကမှ လယ်သူမကြီးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့တယ်။ အကြောင်းရင်းက မြောက်ဦး မြို့နယ်ထဲမှာ ရေကြီးပြီးတဲ့နောက် လယ်ပြန်စိုက်တာ ဘယ်လိုစိုက်စိုက် မအောင်မြင်လို့ စိတ်ဓာတ်ကျပြီး ကြံမိခဲ့တာ။

အဲဒီလယ်သူမကြီးလိုပဲ ရေကြီးပြီးတဲ့နောက် ငါးပေထုလောက်ရှိတဲ့ သဲဖုံးလွှမ်း ခံလိုက်ရလို့ လယ်တွေလုံးဝ ပြန်စိုက်မရ၊ ပျက်စီး၊ နွံထုကြီး ဖုံးလွှမ်းလို့ လယ်တွေပျက်စီးပြီး ဘယ်သူ့ကိုမှ တိုင်တည်လို့မရဘဲ ဆုံးရှုံးမှုကို အံကြိတ် လက်ခံလိုက်ရသူတွေ ဒုနဲ့ဒေးပါပဲ။