Friday, October 23, 2015

ကချင်နှင့်ကိုးကန့်တိုက်ပွဲပါဝင်သူများ ရွှေလင်းယုန်နှင့် လောက်ကိုင် တိုက်ပွဲတံဆိပ် ချီးမြှင့်မည်

(ဧရာဝတီ)


အသက်၊ သွေး၊ ချွေးနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ပေးဆပ်ပြီး တိုက်ပွဲဝင် ခဲ့ကြသော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်မှုထမ်းများ အား ဂုဏ်ပြုရန် တိုက်ပွဲ တံဆိပ် (ရွှေလင်းယုန်)နှင့် တိုက်ပွဲတံဆိပ် (လောက်ကိုင်) တို့ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် ကာကွယ်ရေး ဌာနကောင်စီ အထူးအမိန့် အမှတ်၊ ၁၇/အထူး/ ၂၀၁၅ ဖြင့် ပြဋ္ဌာန်းလိုက်သည်။

ကျောက်စိမ်းမှရသည့် သန်းပေါင်းထောင်ချီသော ဒေါ်လာများ ဘယ်သူတွေရဲ့အိတ်ကပ်ထဲ သွားသလဲ

 မြန်မာနိုင်ငံမြောက် ပိုင်း၊ ကချင်ပြည်နယ် အတွင်း ကျောက်စိမ်း ထုတ်လုပ်ငန်းသည် တနှစ် အမေရိ ကန်ဒေါ်လာ ခြောက်ဘီလီယံမှ ကိုးဘီလီယံ အထိရှိသည်။ သို့သော် အစိုးရရရှိသော အခွန်ငွေမှာမူ မဖြစ်စလောက် သာဖြစ် သည်။ ဒေသခံ ကချင်ပြည်သူလူထုအကျိုး ခံစားရမှုမှာလည်း အနည်း အကျဉ်းမျှ သာရှိသည်။ သို့ဖြစ်ပါက ကျောက်စိမ်းမှရသော သန်းပေါင်းထောင် နှင့်ချီသော ဒေါ်လာ များ ဘယ်ရောက် သွားသနည်း မေးစရာဖြစ်လာ သည်။ အစိုး ရက အဂတိလိုက်စား အကျင့်ပျက်ပြားမှုတိုက်ဖျက်ရန် ကြိုးစားနေသည်။ ကချင်ဒေသ အေးချမ်း တည်ငြိမ်ရေးကို ကြိုးပမ်းနေသည်။ ဤသို့ဆိုပါက ကျောက်စိမ်းမှရသောငွေများ မည်သူ့ဆီရောက်သွားသနည်း မေးခွန်းမှာ အရေးကြီးသောမေးခွန်း ဖြစ်လာသည်။

ကေအိုင်အေတပ်စခန်းရှိရာသို့ အစိုးရတပ်မှ လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်

(Kachin Waves)

ရှမ်းပြည်နယ် မြောက်ပိုင်း ဟူဖျစ်ကျေးရွာအရှေ့ပိုင်း လွယ်ခမ်တောင်တွင် တိုက်ပွဲဖြစ်ပွားရာ ယမန်နေ့ ညနေပိုင်း ၃နာရီအချိန်တွင် အစိုးရတပ် မှ ကေအိုင်အေတပ်မဟာ ၄ တပ် စခန်းရှိရာသို့ လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်းသ တင်းရရှိသည်။

အဆိုပါ နေရာတွင် ယမန့် နံနက် ၉နာရီမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ညနေ တွင် လေယာဉ်ဖြင့် အစိုးရတပ်မှ တိုက်ခိုက်ခဲ့ပြီး ၄နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ပဲ ယနေ့ အောက်တိုဘာ ၂၂ရက်နေ့ နံနက်ပိုင်း ၉နာရီတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ အစိုးရတပ် နှင့် ကေအိုင်အေတပ်ကြားတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ သည်။

ဖက်ဒရယ် ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးကို ပြည်ခိုင်ဖြိုးပါတီက စတင် ဖော်ဆောင်ခဲ့ဖြင်းဖြစ်ဟု ပြောဆိုစည်းရုံး

(BNI)

စိုင်းအောင်မျိုးလွင် — မြစ်ကြီးနားမြို့ ၌ ပြုလုပ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ လူ ထုဟောပြောပွဲ တွင်  ဖက်ဒရယ် ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး ကို ၎င်းတို့ပါတီကသာ စတင်ဖော်ဆောင် ခဲ့ကြောင်းပြောကြားပြီး မဲဆွယ်စည်း ရုံး ခဲ့ကြောင်း သတင်းရရှိသည်။

“ ဖက်ဒရယ်ပြည်ထောင်စုအစဟာ ပြည်ခိုင်ဖြိုးပါတီကဖြစ်ပါတယ်။ ဒီမိုကရေစီအစဟာလည်း ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပဲ ဖြစ်ပါတယ်။ ဒီကနေ့လည်း အားလုံးလိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကြီးကိုဖော်ဆောင် နေတာ ဟောဒီပြည်ခိုင်ဖြိုးပါတီကပဲဖြစ်ပါတယ်။” 
ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအကြံပေး ကချင်ပြည်နယ်တာဝန်ခံ ဦးသိန်းဇော်က ဟောပြောခဲ့သည်။

အစိုးရတပ်မှ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်

(ကချင်သတင်းဌာန)

တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ် ပွားနေသော ရှမ်းပြည်နယ် မြောက်ပိုင်း တွင် အောက်တိုဘာ ၂၁ ရက်နေ့၊ နံနက် ပိုင်း ကွတ်ခိုင်နှင့် နမ့်ဖတ် ကာကြား ဟူးဖြတ်ဒေ သ ကျေးရွာများသို့ အစိုးရ တပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အစိုးရ တပ်မ(၉၉) စစ်ကြောင်းများမှ မံပုန်(Man Pung)နှင့် ဝယော့(Wa Yaw)ကြား ဟူးဖြတ် (Huhpyet) နှင့် မံကောင်းရွာ(Man Kawng) ရွာများသို့ နံနက်ပိုင်း ၉ နာရီခန့်မှာ နက်လက်ကြီး စတင်ပစ်ခတ်ပြီး နေ့လည်ပိုင်းမရောက်မီ ရပ်နေကြောင်း ဒေသခံရွာသားများ က ကချင်သတင်းဌာန KNG သို့ ပြောသည်။

တစိတ်တဒေသ ငြိမ်းချမ်းရေး

(VOA)

တနိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲဖို့ ရည်ရွယ်တဲ့ စေ့စပ်ဆွေးနွေး ပွဲဟာ တစိတ် တဒေသ မှာသာ အပစ်အခတ် ရပ်စဲနိုင်တာ ကို တွေ့ရပါတယ်။ လက်နက်ကိုင် အဖွဲ့ (၂၀) ကျော်မှာ (၈) ဖွဲ့နဲ့သာ သဘောတူညီချက် ရယူနိုင် တာမို့ တိုင်းပြည်တစိတ်တဒေသ မှာသာ ခေတ္တခဏ ငြိမ်းချမ်းသွားနိုင် ပါတယ်။ 
ဒါပေမဲ့ အခမ်း အနားကြောင့် တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲနိုင်တဲ့ ပုံစံမျိုး ဖြစ်နေ ပါတယ်။ ကရင်အဖွဲ့ (၃) ဖွဲ့၊ ချင်းအမျိုးသားတပ်ဦး၊ ပအို့ဝ်လွတ်မြောက်ရေး အဖွဲ့၊ ရခိုင်လွတ်မြောက်ရေးပါတီ၊ RCSS ရှမ်းပြည် ပြန်လည် ထူထောင်ရေးပါတီ နဲ့ ABSDF ကျောင်းသား ဒီမိုကရက်တစ်တပ်ဦးက လက်မှတ်ရေး ထိုးကြပါတယ်။

ဝမ်ဟိုင်းဌာနချုပ်ကို ခြိမ်းခြောက်နေတဲ့ တိုက်ပွဲများ

(ဧရာဝတီ)

အစိုးရက တနိုင်ငံ လုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဆိုတဲ့ ခေါင်း စဉ်အောက်မှာ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ အခုလ ၁၅ ရက်နေ့ က နေပြည်တော် မှာ လက်မှတ်ရေး ထိုးပြီး သမိုင်းဝင် လက် မှတ် ရေးထိုးပွဲဆိုပြီး ကင်ပွန်းတပ် လိုက်ပါတယ်။

နောက်တနေ့ဖြစ်တဲ့ ၁၆ ရက်နေ့မှာ NCA ကို လက်မှတ် မထိုးသေး ဘူးလို့ ဆုံးဖြတ် ထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ် မတော် မြောက်ပိုင်း (SSPP/SSA) ဝမ်ဟိုင်း ဌာနချုပ်ရဲ့ အရေးပါတဲ့ ခံကတုတ် တခုဖြစ်တဲ့ တာဆမ်ပူး ကူးတို့ဆိပ်ကို အစိုးရ အရှေ့ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေက အပြင်း အထန် ထိုးစစ်ဆင် တိုက်ခိုက်နေ တဲ့အတွက် ဖယ်ပေး လိုက်ရတယ်လို့ SSPP/SSA ရဲ့ စစ်ဘက် ဆိုင်ရာ အရာရှိတချို့ က ပြောပါတယ်။

ကျောက်စိမ်းတွင်းများမှ ဦးသန်းရွှေမိသားစု အကြီးအကျယ် အမြတ်ထွက်နေဟု ဆို

(ဧရာဝတီ)

လန်ဒန်အခြေစိုက် Global Witness အဖွဲ့က စုံစမ်းစစ်ဆေး ထားတဲ့ မြန်မာပြည်မြောက် ဖျားက ကျောက်စိမ်း စီးပွားရေးလုပ်ငန်း အစီရင်ခံစာ ထွက် ရှိတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအစီရင်ခံစာရဲ့ နာမည်က Jade: Myanmar’s “Big State Secret” (ကျောက်စိမ်း သို့မဟုတ် မြန်မာပြည် က နိုင်ငံတော် လျှို့ဝှက်ချက်ကြီး) ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ သမိုင်းဝင် ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ဒီအစီရင်ခံစာကို Global Witness အဖွဲ့က ဖြန့်ချိမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ဖားကန့် ကျောက်စိမ်းတွင်းတွေနဲ့ အဲ့ဒီကထွက်ရှိတဲ့ ကျောက်စိမ်းတွင်းလုပ်ငန်း၊ အကျိုးအမြတ်တွေကို ရရှိနေတာတွေက ဘယ်သူတွေလဲ။ ဘယ်သူတွေက ခေါင်းပုံဖြတ်နေတာလဲ အသေးစိတ် အစီရင်ခံထားပါတယ်။

Wednesday, October 21, 2015

SSA မြောက်ပိုင်းတပ်နှင့်တိုက်ပွဲ တပ်မတော်အရာရှိနှင့် စစ်သည်များ ကျဆုံး

(DVB)
ရှမ်းပြည် တပ်မတော်မြောက်ပိုင်း အဖွဲ့နဲ့ အစိုးရတပ်တွေ အကြား ပြီးခဲ့တဲ့ သီတင်း ၂ ပတ် အတွင်း တိုက်ပွဲပေါင်း ၃၇ ကြိမ်ဖြစ်ပွားပြီး တပ်မတော် အရာရှိနဲ့ စစ်သည် တချို့ အပါအ၀င် နှစ်ဘက် စလုံးမှာ ကျဆုံး ဒဏ်ရာရမှု ရှိခဲ့ တယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက  သတင်း ထုတ်ပြန် ပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဌာနချုပ် ၀မ်ဟိုင်းဒေသအနီး တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် နှစ်ဘက် အပြန်အလှန် ထိတွေ့ပစ်ခတ်ခဲ့ရာမှာ အောက်တိုဘာ ၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပစ်ခတ်မှု ၃၇ ကြိမ် ဖြစ်ပွားပြီး ရှမ်းပြည်တပ်မတော်ဘက်မှ အလောင်း ၇ လောင်းကို လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းဆည်းရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တိုက်ပွဲတွေအတွင်း တပ်မတော်က အရာရှိစစ်သည်တချို့ ကျဆုံး ထိခိုက်ဒဏ်ရာရတာ ရှိခဲ့ပေမယ့် အရေအတွက် အတိအကျ ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ သတင်းထုတ်ပြန်ချက်မှာ ရေးသားထားခြင်း မရှိပါဘူး။