Friday, October 2, 2015

မနောကွင်းကို သော့ခတ်ပိတ်ထား

(RFA)

ကချင်ပြည် နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ဒေါ်အောင် ဆန်းစုကြည် ကို မဲဆွယ်စည်းရုံး ဟောပြောခွင့် မပြုကြောင်း ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က မနေ့ည က အကြောင်းပြန် လိုက်ပြီး မနောကွင်း ဝင်ပေါက် သုံးခုကို သော့ခတ် ပိတ်လိုက်ပါတယ်။

မနောကွင်းမှာ ဟောပြော ပွဲစင်မြင့် ဆောက်ဖို့အတွက် အရင်ကပြင် ဆင်ထားတဲ့ ပစ္စည်းတွေကို ဒီနေ့မနက် သယ်ယူဖို့အတွက် အထဲကိုဝင်ခွင့် မပေးဘူး လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ် အောင်မြင်ရေး တာဝန်ခံ ဒေါ်ကြူကြူသန်း က ပြောပါတယ်။

တိုက်ပွဲဖြစ်နေသည့် မံစီဒေသအတွင်း ကျေးရွာအုပ်စု ၂၄ အုပ်စုတွင်သာ ရွေးကောက်ပွဲ ကျင်းပမည်

(သျှမ်းသံတော်ဆင့်)

အစိုးရ တပ်မတော်နှင့် ကေအိုင်အေက ချင်လွတ်မြောက်ရေး အဖွဲ့ တို့အကြား တိုက်ပွဲ များ ဖြစ်ပွားနေ သည့် မံစီမြို့နယ် အတွင်း ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စုတွင် သာ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ် ကြောင်း မံစီမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမြင့်မောင်က ပြောသည် ။

“ ကျနော်တို့က တချို့ ကျေးရွာအုပ်စုတွေကို နဂိုကတည်းက ကေအိုင်အေတို့ဘာတို့ ရှိနေတဲ့ အတွက် မဲစာရင်းသွားမကောက်ထားဘူး အဲဒီတော့ မဲစာရင်းကောက်ထားတဲ့ ၂၄ အုပ်စုမှာ ကိုပဲ ရွေးကောက်ပွဲ ကျင်းပမယ် ။ မြို့ပေါ်ကတော့ ရပ်ကွက်အားလုံး ကျင်းပဖြစ်မှာပါ ။” ဟု ဦးမြင့်မောင်က ပြောသည် ။

မြန်မာ့ ငြိမ်းချမ်းရေး လမ်းပျောက်သွားပြီ

(ဧရာဝတီ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ပြုလုပ် ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ထိပ်သီး အစည်းအဝေးဟာ ၇ ဖွဲ့ပဲ လက်မှတ် ထိုးမှာ ဖြစ်တဲ့ အတွက် All inclusive ဆို တဲ့ အားလုံးပါဝင်တဲ့ ceasefire လည်းဖြစ် လာမှာ မဟုတ်တော့ ပါ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဒီထိပ်သီးအစည်း အဝေးပွဲမှာ လက်မှတ်ထိုးဖို့ ညီညွတ်မှု မရနိုင်ပဲ နေပြည်တော်ကို ချီတက်မယ့် သူနဲ့ မယုံတဲ့ အဖွဲ့တွေ ထပ်ကွဲသွား ခဲ့တာကို တွေ့ရပါ တယ်။ အများစုက လက်မှတ် ထိုးမှာ မဟုတ်ပဲ အနည်းစု ကပဲ လက်မှတ် ထိုးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး က အလှမ်းဝေး သွားပြီ ဖြစ်ပါတယ်။

ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ – ဗိုလ်ထက်မင်း (အပိုင်း ၁ - ၄)

(မိုးမခ)

ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း(၁)

၁။ NCA လက်မှတ်ထိုးဖို့အစိုးရက ဆန္ဒ ပြင်းပြကာအရှိန်ယူနေပြီဖြစ်တယ်။ ဦးအောင်မင်းဦးဆောင်တဲ့ UPWC အဖွဲ့တွေ ကျိုင်းတုံကို သွားကာ UWSA/NDAA နဲ့တွေ့ဆုံသလို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K နာဂအဖွဲ့နဲ့လည်း တွေ့ဆုံကာ အပစ်ရပ်လက်မှတ်ထိုးမှာပါဖို့ တိုက်တွန်းခဲ့ပါတယ်။ အလားတူ စက်တင်ဘာလ (၁၄)ရက်နေ့အင်ယားလိပ်မှာ ဦးအောင်မင်းဦးဆောင်တဲံ့ MPC အဖွဲ့ဟာနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖိတ်ခေါ်ကာ နိုင်ငံရေးမူဘောင်ညှိနှိုင်းဆွေးနွေးပွဲ ရက်ပေါင်း(၆၀) အတွင်းသာ သတ်မှတ်ထားရာ ရွေးကောက်ပွဲ အချိန်ကာလနဲ့တိုက်ဆိုင်နေတာမို့လက်မှတ်ထိုးပြီးပါက အချိန်မှီစေရန် ကြိုတင်အရှိန်စ ယူနေတာဖြစ်မယ်လို့သုံးသပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒီလ(၂၀)ရက်နေ့NCA လက်မှတ်ထိုးမည့် ရက်ညှိနှိုင်းသတ်မှတ်ရေးအစည်းအဝေး MPC ကခေါ်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၅)ဖွဲ့အနက် (၈)ဖွဲ့တက်လာပြီး နှစ်ဖွဲ့ကထိုးမည်ဟု သဘောထားပေး လာပါတယ်။ ဒါအပြင်လူထုလူတန်းစားအဖွဲ့အစည်းများကို NCA စာချုပ်ရှင်းလင်းခဲ့ပါတယ်။ စက်တင်ဘာလ (၁၈)ရက်နေ့တုံးက တအောင်းပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ MPC တို့မှတာဝန်ရှိ သူများဟာ အပစ်အခတ်ရပ်စဲရေးအစည်းအဝေး ဆွေးနွေးညှိနှိုင်းရန် စက်တင်ဘာလမကုန်ခင် ကျင်းပဖို့ ချင်းမိုင်မှာ အကြိုညှိခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများ ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝး ထုတ်ပြန်ကြေညာချက်

(Jinghpawkasa)