Friday, September 18, 2015

KIA, ရင်း (၃၆) ၏ လွယ်ဂျွန်ဘွမ်အား လက်နက်ကြီးဖြင့် စတင်ပစ်ခတ်နေ

(Lachid Kachin)

ရှမ်းမြောက် ကေအိုင်အေ တပ်ရင်း (၃၆)
၏ လုံခြုံရေး ကင်းစခန်း တခု ဖြစ် သော
လွယ်ဂျွန်ဘွမ် အား မြန်မာ စစ်တပ် မှ စစ်
အင်အား အလုံးအရင်း ဖြင့် ထိုးစစ် ဆင် တိုက်ခိုက် နေ သည်မှာ(၅)ရက်ခန့် ရှိလာ
ပြီ ဖြစ် သော်လည်း မြန်မာစစ်တပ် မှ ၎င်း
တောင်ကုန်း စခန်း အနီး သို့ချဉ်းကပ်နိုင်
ခြင်း မရှိသေးကြောင်း သိရှိရ ပါသည်။

Wednesday, September 16, 2015

အန်စီအေစာချုပ်မှာ ချိုးဖောက်သူကို ဘယ်လိုအရေးယူမယ်ဆိုတဲ့ အာမခံချက်မပါဘူး – ဦးအောင်ထူး

(DVB)

နှစ်ပေါင်း ၇၀ နီးပါး ပြည်တွင်းစစ်ကာလတလျှောက်မှာ အမြင့်မားဆုံး ဖြစ်ထွန်းမှုအဖြစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပူးတွဲရေးဆွဲနိုင်ခဲ့ပါတယ်။ ဒီစာချုပ်ကို မကြာခင်ကာလမှာ (ရက်အတိအကျ မသတ်မှတ်နိုင်သေး) လက်မှတ်ရေးထိုးကြဖွယ်ရှိပါတယ်။ ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်ကြရင် ဘာအကျိုးကျေးဇူးတွေ ထွက်ပေါ်လာမလဲ၊ ဒီအကျိုးကျေးဇူးတွေကို ပြည်သူတွေက အဓိက ခံစားရမှာလား။ ဒီစာချုပ်ဟာ ဘယ်သူတွေကို အဓိက အကျိုးဖြစ်ထွန်းစေမလဲ။ စာချုပ်ကြီးမှာ ဘာအားသာချက်တွေပါရှိပြီး ဘာအားနည်းချက်တွေ တွေ့ရပါသလဲ။ ဥပဒေ အထောက်အကူပြုကွန်ရက် (Legal Aid Network) တည်ထောင်သူ၊ Federal Law Academy ကျောင်းအုပ်ဆရာကြီး ရှေ့နေ ဦးအောင်ထူးကတော့ စာချုပ်ပါအချက် ချိုးဖောက်သူကို ဘယ်လိုအရေးယူမယ်ဆိုတဲ့ အဓိက အရေးကြီးတဲ့ အာမခံချက် မပါရှိခြင်းဘဲလို့ ထောက်ပြပါတယ်။ ဦးအောင်ထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

KIA မုန်းကို ဒေသသို့ အစိုးရတပ် စစ်ကူများပို့၊ (၄)နေရာ တိုက်ပွဲ ဖြစ်နေ

(KNG)

ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် တိုက်ပွဲဖြစ် ပွားနေသော ရှမ်းပြည် နယ်မြောက် ပိုင်း KIA မုန်းကို ဒေသသို့ ယမန်နေ့ ည အစိုးရတပ် စစ်ကူ များ ပို့ ထားပြီးနောက် ယနေ့ မနက်ပိုင်း (၄)နေရာ တွင် တိုက်ပွဲဖြစ် ပွားနေပါသည်။

ကွတ်ခိုင် ဘက်မှ စစ်ကား(၁၆)စီးခန့်ဖြင့် အစိုးရတပ် စစ်ကူများသည် ယမန်နေ့ ညအချိန် မုန်းကို သွားလမ်း ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ပန်ဆိုင်း (ကြူကုတ်) ကြား နမ်တောင်း (Nam Tau) ကျေးရွာသို့ ၀င်ရောက် လာပြီး ယင်းနောက် ယနေ့ မိုးမလင်းမီ စစ်ကြောင်း (၂)ကြောင်း ခွဲ၍ KIA အမာခံ စခန်းရှိရာ လွယ်ဂျုံ ဘွမ်တောင် (Loi Jung Bum) သို့ ပြန်လည် ထွက်ခွာသွားကြောင်း နမ်တောင်း ဒေသခံများ ဆိုပါသည်။