Friday, September 4, 2015

စစ်တပ်၏ ဖမ်းဆီးမှုတွင် ပျောက်ဆုံးနေသော ဦးတူးဂျာအမှု သမ္မတထံ စာပို့တိုင်ကြား

(ဧရာဝတီ)

ကချင်ပြည်နယ် ကာမိုင်းမြို့ ဇီးကုန်း ရပ်ကွက်တွင် နေထိုင်သည့် ဦးတူးဂျာ သည် နယ်မြေခံစစ်တပ်၏ ဖမ်းဆီးခံရ ပြီးနောက် ပျောက်ဆုံး လျက်ရှိရာ ယင်း အမှုနှင့်ပတ် သက်၍ အမှုမှန် ဖော်ထုတ်ပေး ပါရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ဦးတူးဂျာ ၏ မိသားစုဝင်များ က ယနေ့တွင် စာပေးပို့ထားကြောင်း သိရသည်။

Tuesday, September 1, 2015

ကျနော်တို့ ဒီတိုင်းပြည်ကို ပြိုကွဲအောင်မလုပ်ချင်ဘူး – ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ

(DVB)

MNDAA (မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် – ကိုးကန့် တပ်မတော်) ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့နဲ့ လောက် ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တို့ကို စတင်တိုက်ခိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်လို့ မရကြောင်းနဲ့ လက်နက်စွန့်ရမှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့က နေပြည်တော်မှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးရာမှာ ကိုးကန့်တပ်ဖွဲ့ ပါဝင်လက်မှတ်ထိုးမှာကို အစိုးရဘက်က ငြင်းဆန်မှုနဲ့ ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ဆက်ဆံရေးဌာန ဌာနမှူး ဦးဖုန်းဝင်းနိုင်ကို တွေ့ဆုံမေးမြန်းပါတယ်။


တိုက်ပွဲတွေအတွက် ဘာမှ အာမခံချက် မရှိဘူး

(ဧရာဝတီ)

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ညှိနှိုင်းဆောင်ရွက်ရာမှာ အစိုးရက တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တချို့ကို ကန့်သတ်ပြီး ချန်ထားခဲ့ချင်တဲ့ သဘောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လူထုအကြားမှာ စိုးရိမ်ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး (EAOS) ကတော့ အစိုးရက ကန့်သတ်ထားတဲ့ လက်နက်ကိုင် ၆ ဖွဲ့ကို အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ထိပါ တပါတည်း ပါဝင်နိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ထိပ်တိုက် တွေ့ဆုံဆွေးနွေးကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရချန်ထားလိုတဲ့၊ လက်ရှိလည်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လည်း အပါအ၀င် ဖြစ်ပါတယ်။ အဲဒါကြောင့် NCA လက်မှတ် ထိုးရာမှာ ပါဝင်နိုင်ရေး အခြေအနေနဲ့ အဖွဲ့ရဲ့ သဘောထားကို TNLA အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် တာအိုက်ဘုန်းနဲ့ ဧရာဝတီ အကြီးတန်း သတင်းထောက် ကျော်ခက တွေ့ဆုံ မေးမြန်းထားပါတယ်။