Thursday, August 20, 2015

ကိုးကန့်ပြန် အစိုးရစစ်ယာဉ်တန်း ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရ

(DVB)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်ကနေ ပြန်လာတဲ့ အစိုးရ စစ်ယာဉ်တန်းဟာ လားရှိုးမြို့နယ်အတွင်း ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရလို့ ရဲဘော် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။

သြဂုတ် ၁၈ ရက် မနက် ၈ နာရီအချိန်က သံချပ်ကာကားတွေပါတဲ့ အစိုးရတပ် စစ်ယာဉ်တန်း ၈ စီးလောက်ဟာ ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်ကြား နမ့်ဟူးရွာ မရောက်ခင် ၁ မိုင်လောက်အလိုမှာ ဆွဲမိုင်းမိသွားတာလို့ စစ်ယာဉ်တန်းနောက်ကနေ မောင်းနှင်လာတဲ့ ခရီးသည်တင်ကားသမား ဦးကိုလေးက ဒီဗွီဘီကို ပြောပါတယ်။