Friday, August 14, 2015

ရေဘေး နဲ့ နိုင်ငံရေး

(VOA)

သဘာဝ သယံဇာတ ထုတ်ယူရောင်းချလို့ ချမ်းသာလာတဲ့ မြန်မာ အစိုးရ၊ မြန်မာစစ်အုပ်စုနဲ့ ခရိုနီကုမ္ပဏီကြီးတွေဟာ သဘာဝဘေး အန္တရာယ်ကြောင့် ဒုက္ခရောက်နေ တဲ့ ပြည်သူတွေ ကို ကူညီရာမှာ မစို့မပို့ ဖြစ်နေ တာကို တွေ့ရပါတယ်။ နိုင်ငံပိုင် သတင်းစာတွေမှာ အစိုးရနဲ့ စစ် အုပ်စုရဲ့  ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကို ဓါတ်ပုံနဲ့ ဝေဝေဆာ ဆာ ဖော်ပြပေမယ့် နိုင်ငံခြားအကူ အညီနဲ့ ယှဉ်လိုက် ရင် အစိုးရ၊ စစ်အုပ်စုနဲ့ ခရိုနီတို့ရဲ့  ထောက်ပံ့မှုက အလွန်နည်း ပါးနေပါတယ်။ ရေးဘေးကယ်ဆယ်ရေး အရေးပေါ်ရန်ပုံငွေ ဒေါ်လာ သန်း (၅၀) လောက် လိုလိမ့်မယ်လို့ ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေးဌာနက ခန့်မှန်းပါတယ်။

မြန်မာသမ္မတရဲ့ နန်းသိမ်းပွဲ

လယ်ရီဂျေဂင် (ဘန်ကောက်ပို့စ်)
သြဂုတ် ၁၃၊ ၂ဝ၁၅


မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အာဏာရပါတီတွင်းက သူ့ကိုထောက်ခံသူတွေနဲ့အတူ နန်းသိမ်းပွဲကို ဆင်နွှဲပြီး သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ သမ္မတဖြစ်ရေးမျှော်လင့်ချက်တွေကို အဆုံးသတ်စေခဲ့ပါတယ်။ အင်အား ၂ဝဝလောက်ရှိတဲ့ မြန်မာ့တပ်မတော်တွင်းက ထိပ်သီးအရာရှိတွေ ရာထူးအပြောင်းအလဲတွေလုပ်၊ အငြိမ်းစားပေးတဲ့ ကိစ္စတွေလုပ်ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးအပြောင်းအလဲတွေနဲ့အတူ ချက်ချင်းပဲဖြစ်ပွားသွားခဲ့တာပါ။