Friday, July 24, 2015

ရှမ်းမြောက်ပိုင်းတပ်ဖွဲ့နဲ့ အစိုးရတပ် တိုက်ပွဲတွေ ဆက်ဖြစ်

(VOA)

ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ် ထဲက ရှမ်းမြောက်ပိုင်းတပ်နဲ့ မြန်မာ့ တပ် မတော်ကြား တိုက် ပွဲတွေ ပိုပြင်းထန်လာပြီး မြန်မာ့ တပ်မတော် ဘက်က စစ်အင်အား ထပ်မံဖြည့်တင်းနေပါတယ်။ တပ်မတော်ရဲ့ ထိုးစစ်တွေ ကို ရပ်ပေးဖို့ အတွက် ရှမ်းတပ် မတော်ရဲ့ တောင်းဆိုချက် ကိုတော့ သမ္မတထံကို တင်ပြပေးမယ်လို့ ဒီကနေ့မှာဘဲ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်ခေါင်းဆောင်တို့က ကတိပေးခဲ့ပေမယ့် စစ်ပွဲတွေ ရပ် ဆိုင်းနိုင်ဖို့ ကတော့ မသေမချာ ဖြစ်နေဆဲပါ။ တိုက်ပွဲတွေကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အပါအ၀င် လက်ရှိ ဆွေးနွေးနေတဲ့ အပစ်ရပ်ရေး ဆွေးနွေးမှုအပေါ်မှာပါ ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေသလဲ ဆိုတာကို မသိင်္ဂီထိုက် ဆက်သွယ် တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန် ဗဟိုဌာန၏ သတင်းထုန်ပြန်ကြေညာချက်

(Jinghpawkasa)


မြစ်ဆုံစီမံကိန်းကို အကြောင်းပြပြီး မဲဆွယ်ရန် ကြံ့ဖွံ့ပါတီကြိုးပမ်း

(Jinghpawkasa)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးတွင် ဇွန် (၂၉) ရက်နေ့၌ ပြုလုပ်သော အစည်းအစေးတွင် အင်ဂျန်းယန်မြို့နယ် အပါအ၀င် မြစ်ဆုံရေကာတာ စီမံကိန်းအနီးတဝိုက်ရှိ ပြည်သူများအားလုံး ကြံ့ခိုင်ဖွံ့ဖြိုးရေးရေးပါတီကို မဲထည့်ရန်နှင့် ကြံ့ဖွံ့ပါတီ အနိုင်ရပါက မြစ်ဆုံရေကာတာကို လုံးဝရပ်ဆိုင်းသွားအောင် ပြည်လုပ်ပေးမည်ဟု လိမ်လည်မဲဆွယ်ရန် အစည်းအဝေးတွင် တိုင်ပင် ပြောဆိုခဲ့ကြောင်း သတင်းကြားသိရပါသည်။ အစည်းအဝေးအပြီး စားသောက်ပွဲတွင် သူတို့ဆွေးနွေးခဲ့ကြသော လိမ်လည်မဲဆွယ်ရန်ကိစ္စကို ကျေနပ်သဘောကျပြီး `ကောင်းလိုက်တဲ့အကြံ ဒီလိုတာစည်းရုံးသွားရင် ပြည်သူများဘယ်ခံနိုင်မှာလဲ ဟုပြောဆိုကာ အရက်ခွက်တိုက် အောင်ပွဲခံခဲ့ကြကြောင်း လည်း သိရှိရပါသည်။

Thursday, July 23, 2015

အပစ်ရပ်ဆွေးနွေးပွဲ ပထမနေ့ ၃ ပုံ၂ ပုံသဘောတူ

(DVB)

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ပြင်ဆင်ဖြည့်စွက် ချက် ၁၃ ချက် အနက် ၆ ချက်ကို ဇူလိုင် ၂၂ ရက်နေ့က စတင်ဆွေးနွေး တဲ့အခါ ၄ ချက်ကို ညှိနှိုင်းပြီးပြတ် သဘောတူကြ တယ်လို့ နှစ် ဘက်ပြောခွင့်ရသူတွေ ပူးတွဲသတင်းစာ ရှင်းလင်းပါတယ်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင် စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) တို့ဟာ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးကြတာဖြစ်ပါတယ်။

သစ်ခိုးထုတ်မှုနဲ့ လူ ၁၅၃ ဦး ထောင်ဒဏ်တသက် စီရင်ခံရမှု တရုတ်သံရုံးတုံ့ပြန်

(VOA)

မြန်မာနိုင်ငံမှာ သစ်ခိုး ထုတ်လုပ်မှုနဲ့ ဒီနှစ်စောစောပိုင်း က မြန်မာစစ် တပ်က ဖမ်းဆီးခဲ့ တဲ့ တရုတ်နိုင်ငံ သား ၁၅၃ ယောက်ကို မနေ့က ထောင် ဒဏ် တသက်တကျွန်း ချမှတ်လိုက်တာ ဟာ ပြင်းထန် လွန်းကြောင်း ရန်ကုန်မြို့မှာ ရှိ တဲ့ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 
ဥပဒေရေးရာ ကျွမ်းကျင်သူတွေ ကတော့ တည်ဆဲဥပဒေနှင့် ကိုက်ညီတယ်လို့ ထောက်ပြကြ သလို မြန်မာ့နိုင်ငံရေး အကဲခတ်တွေ ကတော့ လက်ရှိ တရုတ် -မြန်မာ ဆက်ဆံရေး တင်းမာ မှုတွေ ဖြစ်ပေါ်နေ တာကြောင့် အခုလို ပြင်းထန်တဲ့ စီရင်ချက် ချလိုက် တာ ဖြစ်နိုင်တယ်လို့ သုံးသပ် ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။

အစိုးရတပ်မှ ကေအိုင်အေတပ်စခန်းရှိရာသို့ လက်နက်ကြီးဖြင့်ပစ်

(Kachin Waves)

ပူတာအိုခရိုင် ဆွမ်ပီယန်ကျေးရွာအနီးရှိ ရှိန်ဂတ်တောင်တွင် ယမန်နေ့ ညနေပိုင်းတွင် အစိုးရစစ်တပ်မှ ကေအိုင်အေတပ်စခန်း ရှိရာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိ သည်။

ဆွမ်ပီယန်မရောက်ခင် ၇မိုင်အလို ဝဒတ်ကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

Wednesday, July 22, 2015

ဦးအောင်သောင်း ကို ပြန်လည် သယ်ဆောင်မည်

(The Voice Weekly)

ဦးနှောက် သွေးကြောပေါက်မှုကြောင့် စင်ကာပူတွင် ဆေးကုသမှု ခံယူနေရသော စက်မှု ( ၁ ) ၀န်ကြီးဟောင်း ဦးအောင်သောင်း ကို မြန်မာနိုင်ငံသို့ ပြန်သယ်လာမည် ဖြစ်ကြောင်း ဦးအောင်သောင်း၏ မိသားစုဝင်များနင့် နီးစပ်သူများက ယနေ့ည ၈ နာရီတွင် ပြောကြားသည်။

တောင်သာ မြို့နယ် ပြည်သူ လွတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း မှာ ဇူလိုင်လ ၈ ရက်နေ့ ည ၁၁ နာရီ ခန့်က သွေးပေါင်ချိန်ရုတ်တရက် မြင့်တက်ရာမှ သတိလစ်သွားခဲ့ပြီး ဇူလိုင်လ ၉ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံမှ စင်ကာပူသို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ကချင်တွင် သစ်ခိုးထုတ်သည့် တရုတ် ၁၅၀ကျော်ကို ထေင်ဒဏ် တစ်သက်တစ်ကျွန်းချလိုက်ပြီ

(Mizzima)



ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်း တရားမဝင် သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံ သား ၁၅၀ ကျော်ကို မြစ်ကြီးနား ခရိုင်တရားရုံးက ဇူလိုင်လ ၂၂ ရက်က ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက် သည်ဟု တရုတ်နိုင်ငံသား များဘက်က အမှုလိုက်ပါဆောင် ရွက်ပေးနေသူ အထက် တန်းရှေ့နေ ဦးခင်မောင်က ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားများကို သစ်ခိုးထုတ်မှုအတွက် ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သည့် ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ (အပက ၃) ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်း ဖြစ်သည်။

သစ်ခိုးခုတ်သည့် တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို တသက်တကျွန်း ချ

(ဧရာဝတီ)

သစ်ခိုးထုတ်မှုဖြင့် တရားစွဲ ဆိုခံရသည့် တရုတ်နိုင်ငံ သား ၁၅၃ ဦးကို ယနေ့ မြစ်ကြီးနား ခရိုင်တရားရုံ တွင် တသက် တကျွန်း ချ လိုက်ကြောင်း မြစ်ကြီး နားမြို့မှ အထက် တန်းရှေ့နေ ဦးခင်မောင် က ဧရာဝတီသို့ပြောသည်။ သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား တရားခံ စုစုပေါင်း ၁၅၅ ဦးကို ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သည့်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ၃ အရ ၁၅၃ ဦးကို ထောင်ဒဏ် တသက်တကျွန်း ချခဲ့ပြီး ကျန် ၂ ဦးမှာ အသက်မပြည့်သေးသည့်အတွက်

မိုးကောင်းမြို့တွင် ရေကြီးရေလျှံ ဆက်လက်ဖြစ်ပွားပြီး စာသင်ကျောင်းများနှင့် မိုးကောင်းစည်ပင်သာယာဈေး ပိတ်ထားရ

(Eleven Media Group)



ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဇူလိုင် ၁၇ ရက်မှစတင် ကာ ရေကြီးရေ လျှံခြင်း စတင်ဖြစ် ပွားခဲ့ပြီး ဇူလိုင် ၂၁ ရက် အထိ ရေလွှမ်း ဆဲဖြစ်ကြောင်း သိရသည်။

မိုးကောင်းမြို့ ပြည်သူ့ဆေးရုံကြီးသည် ရေနစ်မြုပ်ခြင်းကြောင့် မိုးကောင်းသာသနာ့ဗိမာန်နှစ်ထပ်ကျောင်းဆောင်သို့ လူနာများကိုပြောင်းရွှေ့ကာ ကုသမှုများပြုလုပ်နေသည်ဟု သိရသည်။

“ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာ ဘယ်လိုရှိသလဲ”

(Mizzima)



ဒီနေ့ ဇူလိုင် ၂၂ ရက်နေ့ ရန်ကုန်မှာ အစိုးရငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ လက်နက်ကိုင် တိုင်းရင်း သားအဖွဲ့တွေ နောက်ဆုံးဖွဲ့စည်းထားတဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တို့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်နေကြပါပြီ။ လပေါင်းများစွာ ညှိနှိုင်း၊ သဘောတူညီချက်တွေ ရမလို၊ ရမလို နီးစပ်ပြီးကာမှ ပြန်ပြန် ဝေးသွားတဲ့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးပွဲ ဒီတစ်ကြိမ်ရော ပြီးပြတ်နိုင် ဦးမလား၊ ပြီးပြတ်သွားခဲ့ရင်တော့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ထူးခြားတဲ့ အောင်မြင်မှုရမှာ ဖြစ်သလို မပြီးပြတ်ဘူးဆိုရင်လည်း ဘာတွေဆက်လုပ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

Tuesday, July 21, 2015

အစိုးရတပ်မှအင်အားတိုးချဲ့သည့်အတွက် တိုက်ပွဲဖြစ်မှာကို ဒေသခံများစိုးရိမ်

(Kachin Waves)

ပူတာအိုခရိုင် ဆွမ်ပရီ ယန်ကျေးရွာမှ အနည်းငယ်သာ သွားရသည့် မဇီယန်ကျေးရွာ အနီးရှိ ကေအိုင်အေ တပ်စခန်းဘက်သို့လည်း အစိုးရတပ်မှ ပြန်လည် အင်အားတိုးချဲ့လာသည့် အ တွက် တိုက်ပွဲပြန်လည်ဖြစ်ပွား မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သတင်း ရရှိသည်။

ထိုဆွမ်ပရီယန်ကျေးရွာအနီးရှိ မဇီယန်ကျေးရွာတွင် လွန်ခဲ့သည့် ၂၀၁၅ ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ အစိုးရနှင့် ကေအိုင်အေ တို့မှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားပြီး နောက်တွင် ခလရ (၄၆)မှ ဒေသခံများအား ရွာတွင်စုထားကာ ခြိမ်းခြောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းဆိုသည်။

မြစ်ကြီးနား မန္တလေးရထားလမ်း ပိတ်တာ (၅) ရက်ရှိပြီ

(Kachin Waves)

ရထားလမ်း ရေးမြုပ်သည့် အတွက် မန္တလေး မြစ်ကြီးနား ရထားလမ်း ပိတ်ထားရ သည့်မှာ ယခုဆိုရင် ငါးရက်ရှိပြီဖြစ်ပြီး ရထားဖြင့် သယ်ယူကာ အောက်ပိုင်းမှ မှာယူစား သုံးရသည့် ကုန်ပစ္စည်းများ လည်း ဈေးတက်နေပါသည်။

သို့သော် ကချင်ပြည်နယ်တွင်းခရီးသွားများအတွက် အဆင်ပြေအောင် မြစ်ကြီးနား မှ မိုးညှင်းဘူတာထိတော့ ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ပြေးဆွဲလျှက်ရှိသည်။

ဆွမ်ပရာဘွမ်သို့ အစိုးရတပ်အင်အားတိုးချဲ့

(Kachin Waves)

ပူတာအိုမှ ဆွပ်ပရာဘွမ်သို့ အစိုးရတပ်သားများ အယောက် တစ်ထောင်ခန့် နှင့် လက်နက်များအပြည့်အစုံတင်ထားသည့် ကားတန်းများ ယနေ့မနက်နံနက်ပိုင်း ၂ နာရီခန့်မှစပြီး ဆင်းသွားပြီဖြစ်ကြောင်း ပူတာအိုဒေသခံတစ်ဦးပြောကြားချက် အရသိရသည်။

မိုးကောင်းမိုးကြီးမှု ရေဘေးဒုက္ခသည် ဒေသခံများ စားဝတ်နေရေး အခက်ကြုံနေ

(Mizzima)



ရက်သတ္တပတ်ကြာ မိုးရွာ သွန်းသဖြင့် ကချင်ပြည်နယ် မိုးကောင်းမြို့ တစ်မြို့လုံး ရေကြီး ကာ ရေဘေးဒုက္ခသည် ဖြစ်ရ သည့် မြို့ခံများ စားဝတ်နေရေး အခက်အခဲ ကြုံနေရ သည်ဟု မြို့ခံများက ပြောသည်။

ဇူလိုင်လ ၁၇ ရက်မှစတင်၍ မိုးကောင်းမြို့ တစ်မြို့လုံး ရေလွမ်းခဲ့ရာမှ ၅ ပေကျော်ထိ မြင့်တက် ခဲ့သဖြင့် မြို့ခံများ နေအိမ်မြင့်များတွင် စုပေါင်း၍ ခိုလှုံနေရပြီး စားဝတ်နေရေးခက်ခဲနေသည်ဟု ကက်သလစ် အသင်းတော်မှ သင်းအုပ်ဆရာ ဇော်တောင်က ပြောသည်။

ကျောက်စိမ်း ကျိန်စာ

(VOA)

ကချင်ပြည်နယ် ကျောက် စိမ်းမြေမှာ အစိုးရတပ်မ ၆၆ ရဲ့  လက်အောက်ခံ တပ်တွေနဲ့ KIA တပ်ရင်း ၆ တို့အကြား မကြာမီက တိုက်ပွဲဖြစ်ပွား တဲ့အတွက် အရပ်သားတချို့  ထိခိုက်ဒဏ် ရာရကြကြောင်း သိရှိရပါတယ်။ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ကျောက်စိမ်း ကုမ္ပဏီလည်း ရှိပါတယ်။ ကုမ္ပဏီလုံခြုံရေး အပါအဝင် ကျောက် စိမ်းမြေမှာ လက်နက်ကိုင် အဖွဲ့အစည်း အတော်များများ ရှိပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် အတွင်း ကျောက်စိမ်း တူးတုန်း မြေပြိုလို့ သေဆုံးသူ ၁၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒေါ်လာ ၅၀၀ ကျော်ရင်းရင် ၁၀၀,၀၀၀ ကျော် အမြတ်ရနိုင်တာမို့ ကျောက်စိမ်းလုပ်နေတဲ့ ကုမ္ပဏီ ၇၀၀ ကျော်ရှိကြောင်း သိရပါတယ်။

စစ်ရှောင် ဒုက္ခသည် ၁၄၀၀ ကျော် KIA စောင့်ရှောက်ထား

(ဧရာဝတီ)

အစိုးရ တပ်မတော်နှင့် ကချင် လွတ် လပ်ရေး တပ်မတော်(KIA)တို့၏ ကချင်ဒေသ တိုက်ပွဲ များကြောင့် ထွက်ပြေး တိမ်းရှောင်နေရ သည့် ဒေသခံ ဒုက္ခသည် ၁၄၀၀ ကျော် ကို ခေါ်ယူ စောင့်ရှောက် ထားကြောင်း KIA ၏ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီက ပြောသည်။

ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် KIA တို့ကြား ဇွန်လ ၉ ရက်မှ စတင်ပြီး ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် စစ်ရှောင် ဒုက္ခသည် ၁၄၀၀ ကျော်၏ စားဝတ်နေရေးကို KIA က တာဝန်ယူလိုက်ကြောင်း KIA ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောပြသည်။