Friday, May 22, 2015

ခမရ ၄၃၈မှ တပ်သားဇော်မျိုးအေးအား စစ်ဘက်ဆိုင်ရာခုံရုံးတွင်သာစစ်ဆေးသွားမည်

(Kachin Waves)

လဖြတ်နေသော အသက်၇၃နှစ်အရွယ်ရှိ အဘွားအား အဓမ္မကျင့်ရန်ကြီးစားအားထုတ်သော တပ်သား ဇော်မျိုးအေးသည် အဓမ္မကျင့်ရန်ကြိုးစားအားထုတ်မှုဖြင့် ၄င်းအားစစ်တပ်ခုံရုံးတွင်သာ စစ်ဆေး အရေးယူသွား မည်ဖြစ်ကြောင်းနှင့်အကယ်၍ထောင်ဒဏ်စီရင်ချက်ချမှတ်ပါက ဗန်းမော်ထောင်တွင်သာ ထားရှိမည်ဟု မေ(၁၈)ရက်တွင် ဗန်းမော်ခရိုင်ဗိုလ်မှူးချူပ်မှဗန်းမော်ခရိုင်အမျိုးသမီးအဖွဲ့ထံ ပြောကြားသည်။ 

ကိုးကန့်စစ်ပွဲ ဘာကြောင့် အဓွန့်ရှည်သလဲ

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ ဆာလောင်ငတ်ပြတ်နေချိန်မှာ မြန်မာအာဏာပိုင်တွေဟာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီး ကိုးကန့် MNDAA အမှူးပြုတဲ့ တိုင်းရင်းအင်အားစုတချို့ နဲ့ ရေရှည်စစ်ပွဲ ဆင်နွှဲနေပါတယ်။ တဘက်က ငြိမ်းချမ်းရေးစေ့စပ်ဖို့ တောင်းဆိုနေပါလျက်နဲ့ အစိုးရဘက်က ဘာကြောင့် လက်မခံတာလဲ ဆိုတာကို စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်၊ မြန်မာ့အရေးစောင့်ကြည့်သူ ဒေါက်တာဒေါ်လှကျော်ဇောတို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ကချင်တွင် တိုက်ပွဲ ပြင်းထန်၍ အစိုးရနှင့် ကေအိုင်အို တစ်နာရီကြာ အရေးပေါ် ဆွေးနွေး

(Mizzima)

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နမ်လင်းပါကျေးရွာတွင် တိုက်ပွဲပြင်းထန်လာသဖြင့် အစိုးရနှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ဝင်များ တစ်နာရီကြာ အရေးပေါ်တွေ့ဆုံဆွေးနွေး၍ တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရေးအတွက် နှစ်ဘက် ထိန်းသိမ်းရန် ဆွေးနွေးပြောဆိုခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။   
မေလ ၂၁ ရက် မွန်းလွဲ ၁၁ နာရီမှ ၁၂ နာရီကျော်ကြာ မြစ်ကြီးနားမြို့ရှိ KIO နည်းပညာ အထောက်အကူပြု အဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်ပြီး အစိုးရ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် ကချင်ပြည်နယ်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)မှ  ဗိုလ်မှူးကြီး သန်းအောင်ဘက်က နှစ်ဘက်တွေ့ဆုံ ဆွေးနွေးကြရန် အကြောင်းကြားလာသဖြင့် အရေးပေါ် တွေ့ဆုံခြင်း ဖြစ်သည်။