Tuesday, May 12, 2015

ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်က စစ်ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်

(DVB)

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ၊ ကျောက်မဲနဲ့ အရှေ့မြောက်ပိုင်း လောက်ကိုင်၊ ကုန်းကြမ်းစတဲ့ ဒေသတွေမှာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန် ဆက်လက်ဖြစ်ပွားနေပါတယ်။
လောက်ကိုင်မြို့နယ် နန်ထိန်မိန်တောင်ကုန်းတလျှောက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားရာမှာ ဒီကနေ့ မေလ ၁၂ ရက်နေ့မှာလည်း အစိုးရတပ်ဘက်က မိုးမလင်းခင်ကတည်းက လက်နက်ကြီးနဲ့ ပစ်သလို ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကြဲခဲ့တယ်လို့ အမ်အန်ဒီအေအေ ကိုးကန့်တပ်ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဒီဗွီဘီကို ပြောပါတယ်။

သစ်မှောင်ခိုမှု KIA ပါသည့် သံသယကြောင့် စစ်တပ် ထိုးစစ်ဆင်ခြင်းဖြစ်နိုင်

(VOA)

ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံbက် ခိုးထုတ်တဲ့ သစ်မှောင်ခိုမှုတွေမှာ ဒေသခံ KIA တပ်တွေ ပါဝင်ပတ်သက်နေတယ်လို့ မြန်မာအစိုးရဘက်က သံသယ၀င်နေတာကြောင့် KIA တပ်တွေကို အစိုးရတပ်တွေက လာရောက် တိုက်ခိုက်တဲ့ သဘောဖြစ်တယ်လို့ ယူဆကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။ KIA တပ်bက်ကတော့ သစ်မှောင်ခိုမှုမှာ သူတို့ ပါဝင်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါ တယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

တိုက်ပွဲဖြစ်နေသည့် ၃ ဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမည့် အခြေအနေ မရှိဟုဆို

(ဧရာဝတီ)

အစိုးရနှင့် တိုက်ပွဲများ ဖြစ်နေသည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က ငြိမ်းချမ်းရေး ဆွေးနွေးရန် မြန်မာအစိုးရသို့ ထပ်မံကမ်းလှမ်းမည့် အခြေအနေ မရှိကြောင်း ပြောဆိုကြသည်။
ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်တွင် မေလ ၉ ရက်က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲ၌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက MNDAA ၊ TNLA နှင့် AA တပ်ဖွဲ့များက အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုလျှင် ကမ်းလှမ်းနိုင်ကြောင်း သတင်းမီဒီယာများကို ပြောဆိုခဲ့သည့်အပေါ် ထိုအဖွဲ့များက ပြန်လည် ပြောဆိုခြင်း ဖြစ်သည်။