(Mizzima)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာအနီး အစိုးရ စစ်တပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က မဇ္ဈိမကို ပြောသည်။
“ဒီနေ့ နေ့လယ် ၁ နာရီ ၂ နာရီကြားမှာ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးတွေ လာကြဲသွားတယ်။ နာရီဝက်လောက် လာကြဲသွားတယ်။ ဗုံး ဘယ်နှစ်လုံးလဲ ဆိုတာ မရေတွက်နိုင်တော့ဘူး။ အခုလည်း ကျနော်တို့ဘက်က ပစ်ဖို့ ပြင်ဆင်နေပြီ”ဟု ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။