Thursday, April 30, 2015

“ကိုးကန့်တိုက်ပွဲ၊ တပ်မတော် ရဲ့ အရှုံးအမြတ်ကို တွက်ချက်ကြည့်ခြင်း”

(Mizzima)

အခုဆိုရင် ကိုးကန့် တိုက်ပွဲပြဿနာ သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ပြောဆိုဆွေးနွေးတဲ့ အဆင့် ရောက်လာပါပြီ။
အခုရက်ပိုင်း တရုတ်နိုင်ငံ ရောက်နေတဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံဆွေးနွေးတော့လည်း အဲဒီအကြောင်း ပါပါတယ်။ မေလ(၁) ရက်နေ့ ဝ နယ် ပန်ဆန်းမှာ ကျင်းပမယ့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကြီးမှာလည်း ဒီကိစ္စ ထည့်သွင်း ဆွေးနွေးကြပါဦးမယ်။ သိပ်မကြာသေးခင်တုန်းကလည်း ကိုးကန့် တိုက်ပွဲ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းအမှန် ထုတ်ပြန်ရေးအဖွဲ့နဲ့ စာနယ်ဇင်း မီဒီယာတချို့ အချေအတင် ဖြစ်ခဲ့ပါသေးတယ်။ ကိုးကန့် တိုက်ပွဲ ပြဿနာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က နိုင်နေသလား၊ ရှုံးနေသလား၊ ဘယ်နေရာတွေမှာ နိုင်နေ၊ ရှုံးနေသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ပန်ဆန်း ဆွေးနွေးပွဲရလဒ် ဘယ်လောက် သက်ရောက်မည်လဲ

(Mizzima)

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ ဆွေးနွေးပွဲကို မေ ၁ ရက်မှ ၃ ရက်အထိ ကျင်းပတော့မည်ဖြစ်သည်။ "ဝ" ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP က ကမကထပြုကာ ဆွေးနွေးကြမည့် ဆွေးနွေးပွဲလည်း ဖြစ်သည်။
          UWSP က ဖိတ်ကြားထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ရှိပြီး ထိုအဖွဲ့များကို လေ့လာကြည့်ပါက လတ်တလောတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် အဖွဲ့များ ပါဝင်သည်ကို တွေ့ရှိရသည်။ အခြားအဖွဲ့များမှာ သြဇာကြီးပြီး အင်အားတောင့်တင်းသည့် လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည်။

သတ်ဖြတ်ခံရသူ လေးဦး အတွက် ဆုတောင်းပွဲကျင်းပ

(RFA)

အသတ်ဖြတ်ခံလိုက်ရတဲ့ ကချင်တိုင်းရင်းသူ စေတနာ့ ၀န်ထမ်းဆရာမနှစ်ဦး၊ လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း နဲ့ အလွတ်သတင်းထောက် ကိုပါကြီးတို့ အတွက် အောက်မေ့ဖွယ်အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် တီးတိန်ချင်း နှစ်ခြင်း အသင်းတော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
အသတ်ခံရတဲ့ ကချင်ဆရာမနှစ်ဦး သေဆုံးတဲ့ရက် ၁၀၀ ပြည့်မှာ ဆုတောင်းပွဲ ကျင်းပတာဖြစ်တယ်လို့ ဂရုဏာရှင်အမျိုးသမီးကွန်ရက်က ဒါရိုက်တာ အမ်ဂျာဆိုင်း က ပြောပါတယ်။

ကိုးကန့်ဘက်က လက်နက်ကျည် မကျဖို့ တရုတ် ထပ်မံသတိပေး

(VOA)

မြန်မာ တရုတ်နယ် စပ်မှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်လက်နှက်ကိုင်တပ်တွေ တိုက် ပွဲတွေဖြစ်နေကြ တာမှာ တရုတ်နိုင်ငံ ထဲ လက်နက်ကြီးကျည်တွေ တရုတ်နိုင်ငံ ဘက် ကျ မလာစေ ဖို့တရုတ် အစိုးရက မြန်မာအစိုးရကို ဒီကနေ့ ထပ်ပြီး သတိပေး သွားပါတယ်။ ကိုးကန့်နဲ့ဖြစ်နေတဲ့ နယ်စပ်တိုကိပွဲကနေ တရုတ်နိုင်ငံဖက်ကို လက်နှက်ကြီး ကျည်ဆံတွေ ထပ်ပြီးကျလာခဲ့ပြီးနောက် အခုလို တရုတ်တို့ ထပ်ပြီးသတိပေးသွားတာပါ။
သိပ်မကြာခင်တုန်းကပဲ မြန်မာဘက်က လက်နှက်ကြီး ကျည်တွေ ကျလာခဲ့တယ်၊ နေအိမ် အဆောက်အဦးတွေ ထိခိုက်မှုရှိခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ လူအသေအပျောက်မရှိခဲ့ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ရက်အတိအကျမဖော်ပြပဲ ဒီကနေ့ပဲ ပြောသွားခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် များဆွေးနွေးပွဲသို့ ကိုးကန့်အဖွဲ့မှ စစ်ဦးစီးချုပ် အပါအဝင် သုံးဦးတက်မည်

(Mizzima)

'ဝ' ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းမြို့တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ ၏တွေ့ဆုံဆွေးနွေးပွဲ သို့မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) မှ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်နှင့်ပြောရေးဆို ခွင့်ရှိသူတို့ ကိုယ်စားလှယ် သုံးဦး တက်ရောက်ရန် ဧပြီ ၂၉ ရက်က ဆုံးဖြတ် လိုက်သည်။

တရုတ်-မြန်မာ နယ်စပ် တစ်နေရာတွင် ဧပြီ ၂၉ ရက်က ဗဟိုကော်မတီဝင် ၁၅ ဦး တစ်နေကုန် အစည်း အဝေး လုပ်ပြီး ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။  စစ်ဦးစီးချုပ် ဖုန်တာရွှင်၊ ဒုတိယ စစ်ဦးစီးချုပ် ရန်ဝင် ကျိုးနှင့်ပြောရေးဆို ခွင့်ရှိသူ ဦးထွန်းမြတ်လင်းတို့ သုံးဦး တက်ရောက် မည်ဖြစ်သည်။

သျှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကို TNLA ယာယီထိန်းချုပ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း မန္တလေး လားရှိုး မူစယ် တရုတ်နယ်စပ် ကို ဆက် သွယ်ထားသည့် ပြည်ထောင်စုလမ်းမ မူစယ်-ကွတ်ခိုင်လမ်းပိုင်းအား TNLA ခေါ် တအာင်း(ပလောင်)တပ်မတော်က ယနေ့မနက်ပိုင်းက ယာယီထိန်းချုပ်လိုက်သည်။

TNLA လက်နက်ကိုင်တပ်ဖွဲ့မှ ပြည်ထောင်စုလမ်း၏ ကွတ်ခိုင် - မူစယ် လမ်း ပိုင်း အား ယနေ့ ဧပြီ ၂၉ ရက် နံနက်ခင်းပိုင်းတပိုင်းလုံး ထိန်းချုပ် ကာ ဖြတ် သန်း သွားလာသည့် ခရီးသွားကားများ ကုန်တင် ယာဉ် များအား အခွန် အခ စောင့်ဆိုင်းကောက်ခံ ခဲ့သည်ဟု ကားသမား ကိုအောင်အောင် က ပြောပါ သည်။

Wednesday, April 29, 2015

လက်ပူတိုက် ငြိမ်းချမ်းရေး မဖြစ်စေဖို့

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မကြာခင်က ရရှိလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ထွန်းလာနိုင်ပါ့မလားဆိုတာ လူအတော်များများ သံသယ ရှိကြတာကို တွေ့ရပါတယ်။ တကယ့်အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ လက်ပူတိုက် ငြိမ်းချမ်းရေး မဖြစ်ရလေအောင် ဘယ်လိုလုပ်သင့်ပါသလဲ။ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိုင်းညွန့်လွင်နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) အဖွဲ့ဝင် ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် ("Andrew" Ngun Cung Lian) တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ကိုးကန့် တိုက်ပွဲ စစ်ရေး သုံးသပ်ချက်

စစ် တခုလုံး Theater of War ကို ခြုံ ပြီး ပြောရ ရင် တော့ ကိုးကန့်  က အသာစီး ရနေ တယ်။
မြန်မာ စစ် တပ်ရှုံး ပြီး ကိုးကန့် နိင်တယ်လို့  ကောက်ချက်ချနိင်ပါတယ်။ 

ဒီလိုရရတဲ့ အကြောင်းကတော့ ပရပ်ရှား စစ်ပါရဂူ ကလေ့စ်ဝစ် က '' Defense in stronger than attack '' ခံစစ်က ထိုးစစ် ထက် ပြင်းထန်တယ် ဆိုတဲ့ သီအိုရ ကို ကိုယ်တိုင်စစ် ကိုဦးစီး တိုက်ခဲ့ဘူး သူတိုင်း သိနိင်ကြပါ တယ်။