Friday, March 27, 2015

KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံခြင်း အပိုင်း (၂)

(ဧရာဝတီ)


သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာအပါအ၀င် KIO ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်တွင် မတ်လ ၁၆ ရက် နေ့ က လက်ခံတွေ့ဆုံခဲ့ရာ ယင်းတွေ့ဆုံမှုသည် ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အခွင့် အလမ်းများစွာ ပွင့်လန်းလာသည်ဟု ဝေဖန်သုံးသပ်မှုများပေါ်ထွက် လျက် ရှိရာ ဧရာဝတီအယ်ဒီတာချုပ် ဦးအောင်ဇော် က ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် KIO ကိုယ်စားလှယ်တဦးဖြစ်သူ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို သွားရောက်တွေ့ဆုံမေးမြန်းထားပါသည်။

KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံခြင်း အပိုင်း (၁)

(ဧရာဝတီ)

သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာအပါအ၀င် KIO ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်တွင် မတ်လ ၁၆ ရက် နေ့ က လက်ခံတွေ့ဆုံခဲ့ရာ ယင်းတွေ့ဆုံမှုသည် ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အခွင့် အလမ်းများစွာ ပွင့်လန်းလာ သည် ဟု ဝေဖန်သုံးသပ်မှုများပေါ်ထွက် လျက် ရှိရာ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော် က ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် KIO ကိုယ်စားလှယ်တဦးဖြစ်သူ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို တွေ့ဆုံမေးမြန်းထားပါသည်။
မေး။     ။ KIA ကိုယ်စားလှယ်တွေနဲ့ သမ္မတကြီး ဦးသိန်းစိန် နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တယ်။ သမ္မတ ကိုယ်တိုင်က လက်ခံတွေ့ဆုံတယ်ဆိုတော့ ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းနေပြီဆိုတဲ့ သုံးသပ်ချက်တွေ ထွက်နေတာ တွေ့ရပါတယ်။ အဲ့ဒီ ဆွေးနွေး ပွဲ ရဲ့ရလဒ်၊ ဆွေးနွေးပွဲပုံစံ ဘယ်လို ဖြစ်သွားတယ်ဆိုတာ ကျနော်တို့ သိလို့ ရမလား ခင်ဗျ။

Wednesday, March 25, 2015

ကေအိုင်အေ နှင့် တပ်မတော်တိုက်ပွဲများကြောင့် အပစ်ရပ်စာချုပ်ရေးထိုးရေး မပျက်ပြားနိုင်ဟုဆို

(Mizzima)

တစ်နိုင်ငံလုံးအပစ်ရပ်ရေး ဆွေးနွေးနေချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိသော်လည်း ယင်းတိုက်ပွဲများကြောင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရေးထိုးရေးကို ပျက်ပြားစေနိုင်မည် မဟုတ်ဟု တစ်နိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ခွန်ဥက္ကာက မတ် ၂၄ရက်က ပြောသည်။
"တိုင်းပြည်နဲ့နိုင်ငံတကာအခြေအနေ ပြည်တွင်းလူထုအခြေအနေ မလွဲမသွေ အပစ်အခတ်ရပ်စဲရေးကို ချုပ်ဆိုရတော့မယ်။ တောင်းဆိုချက်တွေအရ ချုပ်ဆိုတော့မယ် ဆိုတော့ လိုက်နာရတော့မယ်။ လိုက်နာရတော့မယ်ဆိုတော့ ပစ်နေတာ လျှော့သွားနိုင်တယ်။ ရပ်သွားနိုင်တယ်" ဟု ခွန်ဥက္ကာက ပြောသည်။

ကျောင်းသားသပိတ် ဖြိုခွင်းမှု၊ ကချင်ဆရာမများ အဓမ္ဓကျင့်ခံရမှု အစီရင်ခံစာများ UPR သို့တင်ပြ

(Mizzima)

 ပညာရေး ဥပဒေ ပြင်ဆင်ရေး တောင်းဆိုသည့် ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းမှုနှင့် ကချင်ဆရာမနှစ်ဦးအပေါ် အဓမ္မကျင့်မှုများနှင့် ပတ်သက်ပြီး ရေးသားထားသည့် အစီရင်ခံစာကို UPR (Universal Period Review) အစီအစဉ်သို့ တင်ပြထားသည်ဟု အမျိုးသမီး အဖွဲ့ချုပ် (မြန်မာ) (WLB) ၏ အထွေထွေအတွင်းရေးမှုး ဒေါ်ဂျူလီယာက မဇ္ဈိမကို ပြောသည်။
UPR (Universal Period Review) သို့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကို လေးနှစ်တစ်ကြိမ် မတ်လအတွင်း အပြီးသတ်တင်ပြရခြင်း ဖြစ်သည်။
၎င်းက " စစ်ပွဲနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဆေးသုံးစွဲမှု၊ ငြိမ်းချမ်းရေး၊ ဒါတွေအပါအဝင် ခေါင်းစဉ်ငါးခု ရွေးပြီးရေးထားတယ်။ အဲဒီမှာ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတာလည်း ထည့်ရေးထားပါတယ် သူက နောက်ဆုံးဖြစ်တဲ့ အရာဆိုတော့ ခေါင်းစဉ်တစ်ခုအနေနဲ့ မဖော်ပြနိုင်ဘူးဖြစ်သွားတယ်" ဟု ဆိုသည်။

Tuesday, March 24, 2015

KIA နဲ့ မြန်မာတပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်

(VOA)

ကချင်ပြည်နယ် မန်စီဒေသဘက်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး KIA တပ်တွေ တနင်္လာနေ့အထိ တိုက်ပွဲဆက်ပြီးဖြစ်နေပါတယ်။ တိုက်ပွဲကြောင့် တပ်ဖွဲ့ဝင်ကျဆုံးတဲ့ဦးရေကို နှစ်ဘက်စလုံးက တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ အခုလို ထိုးစစ်တိုက်ပွဲတွေရပ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ဆက်လက် ကြိုးပမ်းဖို့လိုကြောင်း ကချင်ခေါင်းဆောင်တွေကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ် တင်ပြပေးထားပါတယ်။
ကချင်ပြည်နယ်မှာ တနင်္လာနေ့ထိ တိုက်ပွဲတွေဆက်ပြီးဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်လို့ KIA ဒုဗိုလ်မှူးကြီးနော်ဘိုက ဗွီအိုအေကို အခုလိုပြောပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်

(VOA)

မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး မြန်မာ့ တပ်မတော်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။ ကွတ်ခိုင်နဲ့ကျောက်မဲမြို့တို့မှာလည်း တအာန်း ပလောင်တပ်တွေနဲ့ မြန်မာ့ တပ် မတော်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ကချင်ဒေသဘက်မှာလည်း စစ်ရေးတင်းမာမှုရှိနေပါတယ်။ ကိုးကန့်ဒေသဘက်မှာတော့ မနေ့က တိုက်ပွဲ အခြေအနေ ငြိမ်နေပေမယ့် ကုန်းကြမ်းမြို့အနီးမှာ မြန်မာ့တပ်မတော်က နောက်တန်းပြန် တပ်ကားကို ကိုးကန့်လက်နက်ကိုင်တို့ဘက်က တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့မှာလည်း ကိုးကန့်ဒေသဘက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ကြောင်း မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းချိန်မှာ ကိုးကန့်လက်နက်ကိုင်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလို စပြောပါတယ်။

ကေအိုင်အေ နှင့် တပ်မတော်တို့ သုံးရက်မြောက်တိုက်ပွဲဖြစ်ပွားနေ

(Mizzima)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ် (KIA) ၏တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေ အတွင်းမြန်မာ အစိုး ရ တပ်မတော်နှင့် မတ်လ ၂၃ ရက် နံနက် ၆ နာရီက သုံးရက်မြောက် တိုက်ပွဲ ဆက်လက်ဖြစ် ပွားနေသည်ဟု KIA ကပြောသည်။
မတ်လ ၂၁ ရက်မှ စတင်၍ အစိုးရ  စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ပြီး ၂၂ ရက်တွင် KIA ၏ တပ်စခန်း ရှိရာ မန်စီမြို့နယ်  မဒန်ယန်နှင့် ကိုင်ထိပ်ကျေးရွာ အကြားရှိ မထပ်ဒူးခိုကျေးရွာတွင် အစိုးရ စစ်တပ်၏ တိုက်လေယာဉ်ဖြင့် အကြိမ်ပေါင်း ၂၀ကျော် ဗုံးကျဲ တိုက်ခိုက် ခဲ့သလို၊ ၂၃ ရက်တွင် လည်းနှစ် ဖက်မြေပြင် တိုက်ပွဲ ဆက်လက်ဖြစ် ပွားနေဆဲဖြစ် သည်ဟု KIA တပ်ရင်း ၂၇ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျွန်းအောင်က မဇ္ဈိမ ကိုပြောသည်။

ရန်ကုန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် KIA ကို အစိုးရတပ် ထိုးစစ်ဆင်

(ဧရာဝတီ)

ရန်ကုန်မြို့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကချင်လွတ်လပ် ရေး တပ်မတော် (KIA)ကို အစိုးရ တပ်မတော်က မတ်လ ၂၁ ရက်က စပြီး တိုက်လေယာဉ်တွေနဲ့ အသုံးပြုတိုက်ခိုက်နေကြောင်း သတင်း ရရှိပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းမှာရှိတဲ့ KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းတွေကို အစိုးရ တပ်က မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်မှာ စတင်ပြီး တိုက်လေယာဉ်တွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာ အကြံပေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒေါင်ခါးက ဧရာဝတီကို ပြောပါတယ်။

Monday, March 23, 2015

KIA ကချင်တပ်အပေါ် အစိုးရတပ် လေကြောင်းနဲ့ ထိုးစစ်ဆင်

(VOA)

ဗန်းမော်ခရိုင်ထဲက ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် KIA စခန်း တခုကို မြန်မာ အစိုးရတပ်တွေက စနေနေ့ကတည်းက စတင် ထိုးစစ်ဆင်နေပါတယ်။ ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲက KIA တပ်တွေရှိတဲ့ နေရာတွေအပေါ်လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KIAဘ က်က VOA မြန်မာပိုင်းကို ပြောပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ မြန်မာ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့
သမိုင်းဝင်တွေ့ဆုံပွဲ အပြီး ရက်ပိုင်းအကြာနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တို့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ကြား တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ ကာလအတွင်းမှာ အခုလို တိုက်ပွဲတွေကြောင့် အပစ်ရပ်ရေး ဆွေးနွေးပွဲအပေါ်သက်ရောက်မှု ရှိနိုင်သလား ဆိုတာတွေကိုတော့ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာတပ်သားတဦး ကိုးကန့်တပ် ဖမ်းမိ

(VOA)

ကိုးကန့် လက်နက်ကိုင်တပ်နဲ့ မြန်မာအစိုးရ တပ်တို့ကြား လတ်တလော ကာလမှာ လော်ကွာချိုင်းဒေသ တဝိုက်နဲ့ ရှင်ကုတ် ထန်ဒေသတဝိုက် မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒီကနေ့မှာတော့ တိုက်ပွဲတွေ မရှိပေမယ့် နှစ်ဘက် အသင့် အနေအထားမှာရှိနေပါတယ်။ နောက်ပြီး ဒီလ (၉) ရက်နေ့က လုံထန်တဝိုက်နဲ့ ဆီကော်ရန်ကျေးရွာ အနီး နှစ်ဘက် တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က တပ်သားတဦးကို အရှင်ဖမ်းမိထားပြီး စစ်သုံ့ပန်းအဖြစ် ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတယ်လို့လည်း ကိုးကန့်လက်နက်ကိုင်တို့ရဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဒီကနေ့မှာ ပြောပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းချိန်မှာ သူက အခုလို စပြောပြပါတယ်။

မတရားအသင်းနှင့် ဆက်သွယ်မှု၊ ဖောက်ခွဲမှုများဖြင့် စွပ်စွဲကာ ထောင် နှစ် ၂၀ ကျော် ကျနေသည့် ကချင်ဒုက္ခသည် သုံးဦးအတွက် အယူခံဝင်မည်

(Mizzima)

 မတရားအသင်းနှင့် ဆက်သွယ်မှု၊ ဖောက်ခွဲမှုတို့ဖြင့် ထောင်ဒဏ် ၂၀ နှစ်ကျော် အကျဉ်းကျနေသော ကချင် စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ်၊ ဦးဘရန်ရုန်းနှင့် ဦးလရိန်တို့အမှု နောက်ဆုံး အယူခံကို လာမည့် မတ်လ ၂၃ ရက်တွင် လျှောက်လဲချက် တင်သွင်းမည်ဟု တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ပြည်ထောင်စု တရားလွှတ်တော်ချုပ် အထူးခံရုံးသို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ၎င်းတို့အား ပြစ်ဒဏ်ချမှတ်မှုအပေါ် ဥပဒေနှင့် မညီညွတ်သဖြင့် အယူခံ တင်သွင်းခဲ့ခြင်း ဖြစ်သည်။