Friday, March 13, 2015

မြန်မာ စစ်တပ်မှ ဆွတ်လန်ယန် ကျေးရွာအား မီးရှုံ့ဖျက်ဆီး။ KIA, တပ်မဟာ(၂) ၏ တပ်ရင်း (၁၁) ဒေသတွင် တိုက်ပွဲ ဖြစ်

(Lachid Kachin)

KIA, တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း (၁၁) ၏ ရှေ့တန်းလုံခြုံ ရေး
စခန်းတခု ဖြစ်သည့် ဘန်ဂေါ့ပါ ပို့ စ် အားမြန်မာ စစ်တပ်မှ လာရောက် ကတိုက် ခိုက်ခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း သတင်း ရရှိပါသည်။

သေဆုံးသွားသည့် ကျောင်းဆရာမနှစ်ဦးနှင့်ပတ်သက်၍ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် အင်တာဗျူးး

(Kachin Waves)

“ကျွန်တော်တို့က အပြည်ပြည်ဆိုင်ရာနိုင်ငံတကာ အဆင့် ကိုရောက်ဖို့ခြေ လမ်းပြင်ထားတယ်။ လောလောဆယ်ဆယ်တော့ အမေရိကန် နှင့် British ကိုပို့ထားတယ်။”

ကံတရား က ရက်စက်စွာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ စေတနာ့ဝန်ထမ်း နှစ်ဦးဖြစ်ပြီး လူသူ အရောက်အပေါက်နည်းသော ဒေသတွင် ကလေးငယ်များ စာတတ်မြောက်စေရန် လုပ်အားပေးနေသော အသက် (၂၀) ကျော် အရွယ်စီသာရှိသေးသည့် မခေါန်နန်စင်နှင့် မရန်လုရာ တို့ နှစ်ယောက်မှာ ရှမ်းပြည်မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်၊ ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်းအတွင်းရှိ နေအိမ်တွင် ဇန်န၀ါရီ ၁၉ ရက် ညက အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံခဲ့ရပါသည်။

ကိုးကန့် လောက်ကိုင်ဒေသ မတည်ငြိမ်သေး

(VOA)

မြန်မာ့တပ်မတော်က ထိုးစစ်တွေ တိုးမြှင့်လာနေတာကြောင့် ကိုးကန့်ဒေသ တ၀ိုက်ရဲ့အခြေအနေ တည်ငြိမ်မှုမရှိတဲ့အကြောင်း ကိုးကန့် တပ်ဖွဲ့က ပြောပါတယ်။ လောက်ကိုင်မြို့ရဲ့ အခြေနေ လည်း အရင်အတိုင်း ပုံမှန်ပြန်ဖြစ်ဖို့ မလွယ်သေးသလို လူအများစုဟာ တရုတ်ပြည်ဘက်ခြမ်း ဒုက္ခသည် စခန်းတွေမှာ ဆက်လက် ခိုလှုံနေရဆဲပဲလို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်း ထားပါတယ်။
ရှမ်းပြည်နယ် လောက်ကိုင်မြို့ရဲ့ အရှေ့တောင်ဖက်ခြမ်း ဖုန်းရှမ်းဒေသက ကိုးကန့်တပ်ဖွဲ့တွေကို မြန်မာ့တပ်မတော်က ဒီကနေ့မှာ လေကြောင်းစစ်ဆင်ရေးတွေ လုပ်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ကေအိုင်အေ၊ သမ္မတနှင့် ကာချုပ်တို့ မတွေ့ဖြစ်တော့ဘူးလား

(Mizzima)

ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ၊ သမ္မတ ဦးသိန်းစိန် နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မတ် လ ၁၂ ရက်တွင် တွေ့ဆုံရန် လျာထားထားသော်လည်း မတွေ့ဆုံဖြစ်သေးဘဲ ဖြစ်နေသည်။
ယင်းအပြင် လာမည့် မတ်လ ၁၆ရက်တွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ဆွေးနွေးရန် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်တွင် ကျင်းပမည် ဖြစ်သည်။ ထိုကိစ္စများနှင့် ပတ်သက်၍ ကေအိုင်အိုမှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည် များကို ကောက်နုတ် ဖော်ပြလိုက်သည်။

Thursday, March 12, 2015

ကျောင်းသား ဆန္ဒပြမှုများကို အင်အားသုံး မဖြိုခွင်းသင့်ဟု NLD, KIO နှင့် MJN တို့ ကြေညာချက်ထုတ်

(Mizzima)

လက်ပံတန်းနှင့် ရန်ကုန်ရှိ ကျောင်းသားဆန္ဒပြမှုတွင်  အင်အားသုံးဖြိုခွင်း၍ ကျောင်းသားများနှင့် သတင်းထောက်များကို ရိုက်နှက်ဖမ်းဆီးခြင်းများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသို့ ဦးတည်နေချိန်တွင် မရှိသင့်တော့ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့်  မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) တို့က မတ်လ ၁၁ ရက်တွင် ကြေညာချက်များ ထုတ်ပြန်၍ တုံ့ပြန်လိုက်သည်။

NLD  ၏ကြေညာချက်တွင်  အကြမ်းမဖက်ရေးလမ်းစဉ်ကို လက်ခံယုံကြည်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရေးကို ယုံကြည်သဖြင့် မည့်သည့်အကြမ်းဖက်မှုမျိုးမဆို လက်မခံနိုင်ဟု ဖော်ပြထားသည်။