Monday, March 2, 2015

ကွမ်းလုံမြို့ကို တိုက်ခိုက်မည့် သတင်းများ ထွက်ပေါ်နေဟုဆို

(Mizzima)

လောက်ကိုင်မြို့နှင့် ၂၅ မိုင်ခန့်ဝေးသော လူဦးရေအားဖြင့် ငါးသောင်း ခန့်နေထိုင်သည့် ကွမ်းလုံမြို့ကို ပစ်ခတ်တိုက်ခိုက်မည့် သတင်းများ ထွက်ပေါ်နေ သည်ဟု ကွမ်းလုံမြို့ဆေးရုံ အုပ်ကြီးဒေါက် တာသိန်းမြို့ ကဖေဖော်ဝါရီ ၂၇ ရက်တွင်ပြောသည်။

''ဟိုနေရာကို ဘယ်လိုလုပ်မယ်၊ ဒီနေရာကို ဘယ်လိုလုပ်မယ်။ ညဘက်မှာပြောက်ကျားပုံစံ ဝင်တိုက်မယ်ဆိုပြီး သတင်းတွေ ထွက်နေတော့ ဂရုစိုက်ရတာပေါ့။ ထိတ်လန့် မှုတွေတော့ ရှိတာပေါ့ဗျာ''ဟုဆေးရုံအုပ် ကြီးကပြောသည်။

လောက်ကိုင်မြို့က ဒေသ ခံတွေ ပြန်လာကြဖို့ အာဏာပိုင် က ခေါ်ယူ

(RFA)

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကိုးကန့်နယ်၊ လောက်ကိုင်မြို့က ဒေသခံတွေကို လောက်ကိုင် အုပ်ချုပ်ရေးမှူးရဲ့သားက မြို့တွင်းကိုပြန်လာဖို့ ဒုက္ခသည်စခန်းတွေကို လူလွှတ်ပြီး ခေါ်ယူလျက်ရှိတယ်လို့ MNDAA အဖွဲ့ကပြောပါတယ်။
အုပ်ချုပ်ရေးမှူး ပယ်ရှောက်ချိန်ရဲ့ သား ပယ်ရင့်နိုင်က ခုလိုစီစဉ်တာဖြစ်ပါတယ်။ အဓိကက လောက်ကိုင်မြို့တည် ငြိမ်အေးချမ်းတာကိုပြချင်လို့ဖြစ်တယ်လို့ MNDAA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ကိုးကန့်တိုက်ပွဲကြောင့် နယ်စပ်လုံခြုံရေး တရုတ်စိုးရိမ်

(VOA)

တရုတ် မြန်မာနယ်စပ်နားမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် တရုတ်ရဲ့နယ်စပ်လုံခြုံရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေကြား လုံခြုံရေးအပေါ်
သက်ရောက်မှုတွေရှိနေပြီး ဒီပြဿနာတွေအတွက် ၂ နိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူတွေကြား အနီးကပ်ဆက်ဆံ ဖြေရှင်းနေတယ်လို့
တရုတ်ထိပ်တန်း သံတမန်တယောက်က ပြောကြားလိုက်ပါတယ်။

တိုက်ပွဲများ လုံးဝပပျောက်ရေး သီးသန့်ခေါင်းစဉ်ဖြင့် မတ် ၁၆ ဆွေးနွေးမည်

(DVB)

မတ်လ ၁၆ ရန်ကုန်မြို့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လုံးဝပပျောက်ရေးကို သီးသန့်ခေါင်းစဉ်တရပ်အနေနဲ့ ဆွေးနွေးသွားမယ်လို့ အန်စီစီတီ အဖွဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။
ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာတို့ ဆွေးနွေးပွဲအပြီး မီဒီယာကမေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဂွန်မော်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

အစိုးရ တပ်နှင့် ကိုးကန့် တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်ပြီးနောက် လောက်ကိုင်-ကုန်ကြမ်း လမ်းအပါအ၀င် တောင်ကုန်း ၆ ခုကို အစိုးရ တပ်က ပြန်သိမ်း

(Mizzima)

အစိုးရတပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် အကြား မတ်လ ၁ရက် ညနေပိုင်းက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက်၂၃ မိုင်အနီး စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများနှင့် နယ်နိမိတ်မှတ်တိုင် ၁၂၉ အနီး ပွိုင့် ၁၃၁၉ တောင်ကုန်းအပါအဝင် တောင်ကုန်း ၆ ခုကို အစိုးရတပ်မတော်မှ  ပြန်လည်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေးဦး စီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၁ ရက် နံနက်ပိုင်းမှာပင် ကိုးကန့်လက်နက်ကိုင်များ စိုးမိုးထားသည့် လောက်ကိုင်-ကုန်ကြမ်းဆက်သွယ်ရေးလမ်းကြောင်းကိုလည်း အစိုးရ တပ်က ပြန်လည်သိမ်းပိုက်နိုင်သဖြင့် လုံခြုံ စိတ်ချစွာ ဖြတ်သန်းသွားလာနိုင်ပြီဟု ထုတ်ပြန်ထားသည်။

Sunday, March 1, 2015

တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စီစဉ်နေဟု သမ္မတ ပြောကြား

(Mizzima)

ကိုးကန့်ဒေသတွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို လက်ရှိအချိန်တွင် ထိန်းချုပ်ထားနိုင်ပြီး
ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အစီအမံများ စီစဉ်ထားရှိပြီးဖြစ်သည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ် မတ်လ ၁ ရက်က ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။



သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “ပြည်သူတွေကို ပြန်လည်နေရာချထားဖို့နဲ့ တည်ငြိမ်းအေးချမ်းမှုကို ထိန်းသိမ်းဖို့ ပြည်ထောင်စု ဝန်ကြီးတစ်ဦး ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ရှိတယ်။