Saturday, February 21, 2015

ပူတာအိုတပ်ရင်းမှ ဆွမ်ပရီယန်ကျေးရွာဒေသခံများအား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

(Kachin Waves)

ပူတာအိုခရိုင်အတွင်းရှိ ဆွမ်ပရီယန်ဒေသခံများ၏ အိမ်များအား ခလရ (၄၆) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း သေနတ်များဖြင့် ပစ်ခတ်ပေးခြင်းသာမကဒေသခံများကိုလည်း ခြိမ်းခြောက်စစ်ဆေးမှုများလည်း ရှိသည့်အတွက် ဒေသခံများ ကြောက်ရွှံ့နေကြပြီး စိတ်မလုံခြုံ သလိုခံစားနေရကြောင်း ဒေသခံများမှဆိုသည်။

“ဒီတစ်ခေါက်က ဘာမှမလုပ်ဘူး။ နောက်တစ်ခေါက်ထပ်လာရင်တော့ ရွာမီးရှုမယ်။ ရွာသားတွေအကုန်လည်းကို သတ်လိုက်မယ်။ ” ဟု ပူတာအိုဒေသခံတပ်ရင်း ခလရ (၄၆) မှတပ်သားများမှ ဆိုကြောင်း ဆွမ်ပရီယန်ဒေသခံများမှဆိုသည်။

အစိုးရတပ်ရင်းများမှ ပိတ်ဆို့မှုကြောင့် အောင်ဘာ ပရင်းမှော်လုပ်သားများနေရပ်ပြန်

(Kachin Waves)

အစိုးရတပ်ရင်းများမှ တနိုင်းဒေသအောင်ဘာပရင်းမှော်သို့ သွားရာလမ်းများတွင် ပိတ်ပင်မှုကြောင့် ပရင်းလုပ်ကိုင်နေသူများ အခက်အခဲများစွာရှိလာသည့်အတွက် အချို့အလုပ်လာလုပ်ကိုင်သူများ ပစ္စည်းသိမ်းပြီး နေရပ်ပြန်နေကြကြောင်းသတင်းရရှိသည်။

“ မှော်တော့မပိတ်ဘူး။ လမ်းမှာပိတ်လိုက်တော့ လူလည်း မှောကိုသွားလို့မရဘူး။ အစားအသောက်တွေလည်း သယ်လို့မရတော့ ။ ဟိုမှာအစားအသောက်ခက်ခဲလာပြီး အချို့က ပြန်လာကြတယ်။”ဟု ဒေသခံ ကိုနော်ဆိုင်းမှဆိုသည်။

ကိုးကန့်တိုက်ပွဲ ပြဿနာ ဘယ်လိုအဖြေရှာမလဲ

(ဧရာဝတီ)

လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို သမ္မတ ဦးသိန်းစိန် အစိုးရက စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီအမိန့်ဟာ သမ္မတ ဦးသိန်းစိန် အတည်ပြုပြီး ထုတ်ပြန်လိုက်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကစပြီး အတည်ဖြစ်ပါတယ်။
ထုတ်ပြန်ကြေညာချက်ထဲမှာ “ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်လိုက်သည်” လို့ ပါရှိပါတယ်။

ကိုးကန့်စစ်ပြေး ဒုက္ခသည် ၉သောင်းကျော်ခန့်မှန်း

(VOA)

ကိုးကန့်ဒေသ လောက်ကိုင်မြို့တ၀ိုက် တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒေသခံတွေ စစ်ပြေးဒုက္ခသည်အဖြစ် မြန်မာပြည်တွင်းနဲ့ တရုတ်နယ်စပ် ဖက်ကို ထွက်ပြေးနေကြရာမှာ အခုဆိုရင် ဒုက္ခသည် စုစုပေါင်း ၉သောင်းလောက် ရှိသွားပြီးလို့ ဒေသခံတွေက ပြောပါတယ်။ ဆက်သွယ်စုံစမ်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါတယ်။
ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ကစပြီး လောက်ကိုင်မြို့မှာဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကြား တိုက်ပွဲတွေကြောင့် လားရှိုး ကွမ်လုံ ချင်းရွှေဟော် မန္တလေး စတဲ့ မြန်မာပြည်တွင်း ဒေသတချို့နဲ့ နယ်စပ်တလျှောက် တရုတ်ပြည်ဖက်ခြမ်း အထိ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် စုစုပေါင်း ၉ သောင်းလောက် ရှိသွားပြီလို့ ပြည်ခိုင်ဖြိုးပါတီ ရဲ့ လောက်ကိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က VOA ကို ပြောပါတယ်။

လောက်ကိုင်တိုက်ပွဲတွင် တရုတ်ဘက်ခြမ်းမှ ကိုးကန့်များ ဝင်ကူတိုက်သည်ဟု ယူဆကြောင်း သမ္မတရုံး ဝန်ကြီးပြော

(Mizzima)

ဆယ်ရက်ကြာသည်အထိ ဆက်လက်တိုက်ခိုက်နေဆဲ လောက်ကိုင်တိုက်ပွဲတွင် ဖုန်ကြားရှင်တပ်ဘက်မှ တရုတ်တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်မှု ရှိနေသည်ဟူသော သတင်းများအပေါ် တရုတ်နိုင်ငံဘက်မှ မျိုးနွယ်တူ ကိုးကန့်များ ကူညီတိုက်ခိုက်သည်ဟု တွက်ဆနိုင်ကြောင်း သမ္မတ ရုံးဝန်ကြီးဌာန အမှတ်(၄) ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီ ၂ဝ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး မီဒီယာများကို ဖြေကြားသည်။

''ဖုန်ကြားရှင်တို့ ကိုးကန့်လူမျိုးတွေကတော့ တကယ်တော့လည်း တရုတ်နယ်မြေမှာ ကိုးကန့်လူမျိုးတွေ ရှိပါတယ်။ သူတို့အမျိုးအချင်းချင်း ဝင်ပြီးတော့တိုက်တာ ခိုက်တာတော့ ရှိချင်ရှိမှာပေါ့ဗျာ။ အဲဒီတော့ တရုတ်က ပါတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ တရုတ်က နိုင်ငံကြီး ဖြစ်ပါတယ်။ နိုင်ငံကြီးဖြစ်တော့ အင်တာနယ်ရှင် နယ် လောအနေနဲ့တော့ လုပ်ချင်လုပ်မှာပဲ။ သူ ကိုယ်တိုင်ပါစရာ မလိုပါဘူး။ သို့သော်လည်း ဟိုဘက် ရွာ နီးချုပ်စပ်ပေါ့ဗျာ၊ သူတို့က ပါပြီးတော့ ကူညီပြီးတိုက်တာတွေ ရှိနိုင်တယ်လို့ ဒီလိုပဲ တွက်လို့ရတယ်'' ဟု ဝန်ကြီးက ပြောသည်။

ကိုးကန့်ဒေသ တိုက်ပွဲများ တပ်မတော်မှ ထိန်းချုပ် နိုင်သည့် အခြေအနေရှိဟု ကာကွယ်ရေးဝန်ကြီး ပြော

(Mizzima)

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ရက်သတ္တတစ်ပတ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့နောက်ဆုံး အခြေအနေအရ တပ်မတော်မှ ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။


ဝန်ကြီးက ''ဖေဖော်ဝါရီ ၉ ရက် က စဖြစ်တယ်၊ အဲ့ဒီရက်ပိုင်းတွေကတော့ အပြင်းထန်ဆုံးပေါ့၊ အခု လက်ရှိမှာတော့ ထိန်းသွားနိုင်တဲ့ အနေအထားရှိတယ်'' ဟု မီဒီယာများကို ပြောသည်။

ကိုးကန့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်မှ ပြန်လည် ရုပ်သိမ်းမည် မဟုတ်ဟု ဦးအောင်မင်းပြော

(Mizzima)

လတ်တလော တိုက်ပွဲများဖြစ်ပွားနေသည့် ကိုးကန့်ဒေသများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်မှ
ပြန်လည်ရုပ်သိမ်းမည် မဟုတ်ဟု သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။


၎င်းက ''ဒီနယ်မြေ အေးချမ်းသာယာသွားပြီဆိုရင် ဒါပုံစံတကျပြန်လုပ်ရမှာပဲ။ ဒါကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပြန် ဖွဲ့ရမှာပဲ'' ဟု ပြောသည်။

ဖေဖော်ဝါရီ ၂ဝ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်ကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

Thursday, February 19, 2015

လောက်ကိုင်ဒေသ၌ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းပြီး စစ်ခုံရုံးဖြင့် တရားစီရင်မည့် ပြစ်မှုများတွင် သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ ထည့်သွင်းထားခြင်းကြောင့် ဂျာနယ်လစ်များအနေဖြင့် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ သေဒဏ်အထိ ကျခံရနိုင်

(Eleven Media Group)

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်က စစ်အုပ်ချုပ်ရေး အမိန့်အမှတ် (၁/၂ဝ၁၅) ဖြင့် ထုတ်ပြန်ခဲ့သော အမိန့်တွင် စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများ၌ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများကို ထည့်သွင်းထားခြင်းကြောင့် ဂျာနယ်လစ်များအနေဖြင့် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ သေဒဏ်အထိ ကျခံရနိုင်ကြောင်း ထုတ်ပြန်ခဲ့သော အမိန့်ပါဖော်ပြချက်များအရ သိရသည်။

အဆိုပါ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂ဝ၁၅ ၏ အပိုဒ်၎(ခ) (၃) တွင် ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားရာ တည်ဆဲဥပဒေများတွင် မည့်သို့ပင်ပါရှိစေကာမှု နောက်ဆက်တွဲဇယား (က) ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သူတစ်ဦးအား စစ်ခုံရုံးက ပြစ်မှုထင်ရှား စီရင်ပါက သေဒဏ်၊ နှစ်အကန့်အသတ် မရှိသော အလုပ်နှင့်ထောင်ဒဏ်၊ သုံးနှစ်အောက် မလျော့သော အလုပ်နှင့်ထောင်ဒဏ် (သို့တည်းမဟုတ်) သုံးနှစ်အောက် မလျော့သော အလုပ် နှင့်ထောင်ဒဏ်အပြင် ငွေဒဏ် စသည့် ပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်ဟု ပြဠာန်းထားသည်။

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးကြောင့် ပြည်တွင်းစိုးရိမ်မှုတိုး

(VOA)

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ့် ဒီနှစ်ထဲမှာ လောက်ကိုင် တိုက်ပွဲတွေကြောင့် ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားလိုက်တဲ့ အတွက် ပြည်တွင်းမှာ တစ်ကျော့ပြန် စစ်အုပ်ချုပ်ရေး အခြေအနေတွေ ပြန်လာနိုင်မလား ဆိုပြီး မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း သုံးသပ်မှု အချို့ရှိနေ ပါတယ်။ ဒေသဆိုင်ရာ အခြေအနေ တည်ငြိမ်မှ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ကျင်းပခါနီး တည်ငြိမ်မှုတွေ မရှိရင် ရွေးကောက်ပွဲတွေ ရွေ့ဆိုင်းနိုင်ခြေရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦး ကလည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

ဒီတစ်ခါလည်း ပြည်သူတွေ အလိမ်ခံလိုက်ရပြန်ပြီ

၁။၂၀၁၅ ရွေးကောက်ပွဲအတွက် တရုတ်ကြောက်အစိုးရက တရုတ်ကို မုန်းတီးကြောင်း ပြချင်ကြတယ်။ (တရုတ်စီမံကိန်းတွေကြောင့် ပြည်သူတို့က သူတို့ကို မုန်းနေမှန်း သိကြတယ်)

၂။ သစ္စာဖောက်ခဲ့တာကို ဖုံးဖိလိုတယ်။ (ဖုန်းကြားရှင်က သူတို့နဲ့ ပထမဆုံး အပစ်ရပ်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ နောက် သန်းရွှေခင်းကျင်းတဲ့ နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံလို့ သူ့လက်ထောက်နဲ့ ပေါင်းပြီး တပ်မတော်က သစ္စာဖောက်ခဲ့တယ်။ အခု သူ ပြန်လာတော့ အဲဒီအကြောင်းပေါ်ကုန်မှာစိုးလို့ ဖုန်းကြားရှင်ကို နာမည်ဖျက်ထားနှင့်တယ်။)

လောက်ကိုင်တိုက်ပွဲ ဒေသခံထောင် နဲ့ချီ ပိတ်မိနေဆဲ

(RFA)

တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း လောက် ကိုင်မြို့တ၀ိုက်မှာ အရပ်သား တစ်ထောင်ကျော်လောက် ပိတ်မိနေသေးတယ်လို့ ကွမ်လုံမြို့အခြေစိုက် ကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ပြောပါတယ်။ 

မြန် မာနိုင်ငံကြက်ခြေနီအဖွဲ့နဲ့အတူ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အကူအညီပေးနေတဲ့ ကွမ်လုံမြို့ အခြေစိုက် ဓမ္မစကူးကျောင်းက ဆရာမ မချစ်မီးက ကျန်နေသေးတဲ့အရပ်သားတွေဟာ လောက်ကိုင်မြို့နဲ့ အနီးတ၀ိုက်က ကယ်ဆယ်ရေးစခန်းတစ်ခုမှာ ခိုလှုံနေကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။

ကိုးကန့်တိုက်ပွဲတွေမှာ ပါဝင်ကြောင်း စွပ်စွဲချက် SSPP/SSA အဖွဲ့ ငြင်းဆို

(RFA)

ကိုးကန့်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကိုးကန့် အဖွဲ့တွေနဲ့အတူ တပ်မတော်ကို တိုက်ခိုက်တာမှာ SPPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် ပါဝင်တယ်လို့ စွပ်စွဲပြောဆိုမှုနဲ့ပတ်သက်ပြီး ကန့်ကွက်ကြောင်း  SSPP/SSA က RFA ကို ပြော ပါတယ်။

ပြီးခဲ့တဲ့ ဖေဖ၀ါရီလ ၉ ရက်နေ့ကစပြီး  ကိုးကန့်နယ် အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း အစိုးရတပ်တွေ ကို ကိုးကန့်တပ်ဖွဲ့တွေအပြင် KIA ကချင် လွတ်မြောက်ရေးတပ်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၊ ရှမ်းပြည် တပ်မတော် (၀မ်ဟိုင်း) အဖွဲ့တွေ ပူးပေါင်းပါဝင် တိုက်ခိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လူမှုရေးစာမျက်နှာမှာ ရေးသားထားပါတယ်။

ငြိမ်းချမ်းရေး စစ်တမ်း (၁၂)။ ကိုးကန့် မြွေခြောက် ကိုက်ခံလိုက်ရခြင်း၊ မုံးကိုး စစ်ရာဇ၀တ် မှု နှင့် ဥပဒေစိုးမိုးရေး။

(Aung Htoo)

  မြန်မာဆိုရိုးစကား နှင့် ကိုးကားသုံးသပ်မည်ဆိုပါကကာချုပ်မင်းအောင်လှိုင် နှင့် စစ်အစိုးရ တဖွဲ့ လုံး မြွေခြောက်ကိုက်ခံလိုက်ရပြီ ဟု ဆိုနိုင်သည်။ မြွေသည် သေနေရုံသာမက ခြောက်ပင် ခြောက်သွေ့နေပြီဖြစ်သဖြင့် မည်သည့်အဆိပ်မျှ မရှိနိုင်တော့။ အန္တရာယ်ပြုနိင်ရန် ဝေလာဝေးဟု အ၇ာတခုအားအထင်သေးစွာ ပစ်ပယ်ထား  ခဲ့ရာမှ ယင်းက ပြန်လည်ပြီးအကြီးအကျယ်ပြသနာရှာလာသော အခါ မြွေခြောက်ကိုက်ခံရသည် ဟု တင်စား ပြောဆိုကြလေ့ရှိခြင်းပင်။ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်ေ မြွေခြောက်က ပြန်ကိုက်လိုက်သောအခါကာချုပ် မင်းအောင်လှိုင်နှင့် စစ်အစိုးရ တဖွဲ့ လုံးတုန်လှုပ်ခြောက်ခြားသွားကြရသည်။ အဘယ်ကြောင့်နည်း။

ကိုးကန့်အရေးအခင်း

(VOA)

ကိုးကန့်ဒေသ ကို ပြန်လည်ချုပ် ကိုင်နိုင်အောင် ဖုန်ကြား ရှင်ခေါင်းဆောင် တဲ့ ကိုးကန့်တပ်ဖွဲ့က စစ်ဆင်နေပါတယ်။ ပလောင် (ခေါ်) တာအာန်းနဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့တွေလည်း ဖုန်ကြားရှင်အဖွဲ့ကို ကူညိနေကြောင်း သိရပါတယ်။ ကိုးကန့်က ထွက်ပြေးတိမ်ရှောင်သူဦးရေ တိုးပွားနေပါတယ်။ ဖုန်ကြားရှင်နဲ့ လက်ထောက်ဖြစ်သူ ပိုင်ဆုံချိန်တို့ ပဋိပက္ခဖြစ်ရာက ကိုးကန့်ပြဿနာ စခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ မှာ အစိုးရတပ်ရဲ့  ထိုးစစ်ကြောင့် ဖုန်ကြားရှင်အဖွဲ့ အရေးနှိမ့်ခဲ့ပြီး ယူနန်မှာ ခိုလှုံနေတုန်း ပိုင်ဆုံချိန်ဟာ အစိုးရတပ်ရဲ့  လက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ကိုးကန့်ဒေသရဲ့  အကြီးအကဲ ဖြစ်လာပါတယ်။

ပြည်ထောင်စုညီလာခံကျင်းပရန် အစိုးရကို ၀ိုင်းဝန်းတိုက်တွန်း

(DVB)

ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး အဖြေရှာနိုင်အောင် အစိုးရက ပြည်ထောင်စုအဆင့်ညီလာခံတရပ်ကျင်းပဖို့  တိုင်းရင်းသားအင် အားစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက  တိုက်တွန်းတောင်းဆိုပါတယ်။

ယူအန်အေ (စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့) နဲ့ အဖွဲ့ဝင်နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေနဲ့ လူထုအခြေပြုအဖွဲ့ စတဲ့ အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့က ကိုယ်စားလှယ်တွေ ဟာ  ဖေဖော်ဝါရီလ ၁၇ – ၁၉ ရက်နေ့ထိ ရန်ကုန်မှာ ဆွေးနွေးခဲ့ပြီး သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။

ကိုးကန့်အဖွဲ့၏ ငြိမ်းချမ်းရေးတောင်းဆိုချက် ညှိနှိုင်းရန်မရှိဟု သမ္မတရုံးပြော

(DVB)

အမ်အန်ဒီအေအေ ကိုးကန့်လက်နက်ကိုင်အဖွဲ့က သူတို့ဟာ မြန်မာနိုင်ငံရဲ့ မိသားစု အဖွဲ့ဝင်ဖြစ်ပြီး သမ္မတကြီးအနေနဲ့ ငြိမ်းချမ်းရေးတံခါးဖွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့အပေါ်မှာ သမ္မတရုံးက ပယ်ချလိုက်ပါတယ်။

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့က (အမ်အန်ဒီအေ အေ) ဟာ  နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာမို့ သူတို့နဲ့ ဆွေးနွေးညှိနှိုင်း စရာအကြောင်းမရှိဘူးလို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

ကိုးကန့်တိုက်ပွဲများအတွင်း KIA ပါဝင်ခြင်း မရှိကြောင်း ငြင်းဆို

(ဧရာဝတီ)

ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင် ဒေသတွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ၌ ကချင်လွတ်လပ်ရေး တပ်မတော် (KIA ) အနေဖြင့် လုံးဝ ပါဝင်ပတ်သက်မှု မရှိကြောင်း KIA ၏ တာဝန်ရှိသူများက ပြောဆိုသည်။

“ကိုးကန့်တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေ မှာ ကျနော်တို့ KIA အနေနဲ့ လုံးဝ ပါဝင်ပတ်သက်မှု မရှိပါဘူး၊ လောက်ကိုင်ဒေသနဲ့ ကျနော်တို့က အဝေးကြီးပါ” ဟု KIA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်က ဧရာဝတီကို ပြောသည်။

၁ လပြည့် ကချင်ဆရာမ ၂ ဦးအတွက် အစာရှောင်ဆုတောင်းပွဲ ပြုလုပ်

(DVB)

ကချင်ဆရာမ ၂ ဦး အသတ်ခံရတဲ့ ၁ လပြည့် ၂၄ နာရီ အစာရှောင်ဆုတောင်းခြင်းအစီအစဉ်ကို မြန်မာနဲ့ကမ္ဘာတ၀န်း ပြုလုပ်နေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် အတွင်းရေးမှူး ဒေါက်တာဆမ်ဆန်က ပြောပါတယ်။
၁ လပြည့်တဲ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၆နာရီကနေ နောက်တနေ့ မနက် ၆ နာရီထိ ၂၄ နာရီ ၀တ်ပြုဆုတောင်းကြမယ်လို့ ပြောပါတယ်။

ကြက်ခြေနီယာဉ်တိုက်ခိုက်မှု ကိုးကန့်တပ်ဖွဲ့ငြင်းဆန်

(DVB)

လွန်ခဲ့တဲ့ရက်ပိုင်းက ကြက်ခြေနီ ၂ ဦး ဒဏ်ရာရခဲ့တဲ့ ကယ်ဆယ်ရေးယာဉ်တန်းကို ပစ်ခတ်ခဲ့ခြင်းမရှိဘူးလို့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့က ငြင်းဆန်လိုက်ပြီး အခင်းဖြစ်တဲ့နေရာ ဟာ တပ်မတော်ထိန်းချုပ် နယ်မြေအတွင်းမှာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်အထူးဒေသ (လောက်ကိုင်) မှာ တိုက်ပွဲဖြစ်ပြီး လောက်ကိုင်ကနေစစ်ရှောင်ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ ကြက်ခြေနီယာဉ်တန်းဟာ ဖေဖော်ဝါရီ ၁၇ ရက်က ချင်းရွှေဟော်အနီး ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

တကျော့ပြန် လောက်ကိုင်တိုက်ပွဲနှင့် တရုတ်ပြည်

(ဧရာဝတီ)

တရုတ်နှစ်ကူး တပတ်အလို ကိုးကန့်ရဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင် ကိုးကန့်ဒေသတွင်းမှာ အစိုးရတပ်တွေကို အပြင်းအထန် တိုက်ပွဲဆင်ပါတယ်။ ဖုန်ကြားရှင်ဟာ ၂၀၀၉ ခုနှစ် ကိုးကန့်အရေးအခင်းအတွင်း အာဏာလက်ကိုင်ရှိခဲ့ရာက မောင်းထုတ်ခံခဲ့ရချိန်ကစပြီး လူမြင်ကွင်းက ပျောက်နေခဲ့တယ်။ ကိုးကန့်ဒေသကို ဖုန်ကြားရှင် ပြန်ထိန်းချုပ်နိုင် မနိုင် လတ်တလော မသေချာပေမယ့် ဖုန်ကြားရှင် ပြန်ပေါ်ထွက်လာမှုနဲ့ ပြန်ဖြစ်လာတဲ့ ပဋိပက္ခတွေဟာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကြီးအကျယ် မရေရာမှုတွေ ထပ်ဖြစ်စေပြီး ကျင်းပတော့မယ့် ရွေးကောက်ပွဲကိုလည်း ထိခိုက်နိုင်တဲ့ အလားအလာ ရှိနေပါတယ်။

တပ်မတော် လူ့အခွင့်အရေး လေးစားလိုက်နာပေးပါ

(Mizzima)

အားလုံး သိကြပြီဖြစ်တဲ့အတိုင်း ခုဆိုရင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟာ စစ်အုပ်ချုပ်ရေးအောက် ကျရောက်သွားပါပြီ။ ဒီကြားထဲ ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာလည်း စိုးရိမ်စရာ ထိတ်လန့်စရာ သတင်းတွေ တွေ့လာရပါတယ်။ ဘာသတင်းတွေလဲ၊ ဘယ်လို စိုးရိမ်စရာကောင်း သလဲဆိုတာ လေ့လာကြည့်ရအောင်။

တိုက်ပွဲကာလ ဖေဖော်ဝါရီ ၁၄ ရက် က တပ်မတော် (မြဝတီ) ရဲ့ သတင်းထုတ် ပြန်ချက်မှာခုလို ဖော်ပြထားပါတယ်။

လောက်ကိုင်မှာ ဒေါက်တိုင်တွေ မခိုင်တော့...

(Mizzima)

ယခုနှစ် ၂ဝ၁၅မျက်မှောက်မြန်မာ့နိုင်ငံရေးတွင် အကျပ်အတည်းပေါင်းများစွာ ရှိနေသောကြောင့် တိုင်းပြည် နှင့်လူထုကို မျက်နှာမူ၍ ထိန်းထိန်းသိမ်းသိမ်း စဉ်းစား၊ ဆင်ခြင်၊ ဆုံးဖြတ်ပြီး အပြော၊ အပြ၊ အလုပ် ညီညွတ်စွာဖြင့် ကျော်ဖြတ်ကြရန် နိုင်ငံ၏ ဒေါက်တိုင်
သုံးရပ်အား စတုတ္ထဒေါက်တိုင်ဖြစ်သည့် သတင်းမီဒီ ယာသမားများက ဝေဖန်သုံးသပ်ရေးသားနေစဉ်မှာပင် လောက်ကိုင်အပါအဝင် ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ် ခွင့်ရဒေသ၌ အစိုးရတပ်နှင့် ဖုန်ကြားရှင်ခေါင်းဆောင်သော လက်နက်ကိုင်တို့၏ တိုက်ခိုက်မှုများရှိခဲ့သဖြင့် နှစ်ဘက်အကျအဆုံးများ ရှိသကဲ့သို့ အပြစ်မဲ့ပြည်သူများလည်း သေကြေပျက်စီးခဲ့သည်။

ကိုးကန့် ဒေသ တိုက်ပွဲ

(ခွန် ဂါမဏိ)

( ၁) ၉ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဗမာစစ်တပ်အကျအရှုံးက အရာရှိ (၁၅)ဦး၊ အခြား အဆင့် (၁၀၇) ယောက်သေပြီး (၂၀၀) ကျော်ဒဏ်ရာရထားပြီ။ အဲဒီထဲမှာ လောက်ကိုင်း မြို့တွင်းတိုက်ပွဲတွေမှာ (၃၄) ယောက်သေပြီး (၄၈) ယောက်ဒဏ်ရာရ သွားတယ်။ ဗမာပြည် စစ်သမိုင်းမှာ မရှိဖူးသေးတဲ့ မြို့တွင်းတိုက်ပွဲတွေ လောက်ကိုင်မှာ ဖြစ်နေတယ်။
လူနာတွေကို လုံခြုံရေးမပေးနိုင်လို့ ဒဏ်ရာသမားအားလုံး လားရှိုးနဲ့ မေမြို့ ပို့နေရတယ်။

( ၂) MNDAA ကိုးကန့်တပ်နဲ့ TNLA ပလောင်တပ်ထဲကို ကိုးကန့်ဒေသထဲက ဒေသခံ ကိုးကန့်လူမျိုးနဲ့ ပလောင်လူမျိုး တပ်သားသစ်တွေ အများကြီးဝင်လာနေတယ်။

စစ်အုပ်ချုပ်ရေး ပထမနေ့တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွား၊ ဗိုလ်ကြီးတစ်ဦး ကျဆုံး

(7Day)

တိုက်ပွဲကာလအတွင်း တပ်မတော်သား ၅၀ ဦး ကျဆုံး၊ ၁၀၀ ဦး ဒဏ်ရာရရှိကာ အရပ်သားများလည်း သေဆုံးဒဏ်ရာရမှုရှိ

ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်တစ်နေ့၌ ချင်းရွှေဟော် မြို့အနီးတွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရကာ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးကျဆုံးပြီး အခြားအဆင့်သုံးဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်း တပ်မတော်သားသုံးဦး ထပ်မံကျဆုံးသွားခြင်း ဖြစ်ပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲစတင် ဖြစ်ပွားသည့် ဖေဖော်ဝါရီ ၉ ရက် မှ ၁၈ ရက် အထိ တပ်မတော်မှ ကျဆုံးသူ စုစုပေါင်း ၅၀ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၀ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။

လုံထန်းကျေးရွာ တိုက်ပွဲ တွင် ဗိုလ်ကြီးစည်သူအောင်ကျဆုံး

(The Voice Weekly)

လုံထန်းကျေးရွာအနီးမှာ လုံခြုံရေး ယူထားတဲ့ တပ်မ (၁၁) တပ်မတော်သားတွေကို ဖေဖော်ဝါရီလ ၁၈ရက် မွန်းလွဲ ၁နာရီ ၄၀ မိနစ်ခန့်က တခြား လက်နက်ကိုင်အဖွဲ့တွေက လာရောက်ပစ်ခတ်လို့ တပ်မတော်က ဗိုလ်ကြီးအဆင့်ရှိသူ ရဲစည်သူအောင် ကျဆုံးသွားတယ်လို့ ပစ်ခတ်မှု ဖြစ်ပွားရာနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်က ဒေသခံတွေ ဆီကနေ သိရှိရပါတယ်။

ဗိုလ်ကြီးအဆင့်ရှိသူ ရဲစည်သူအောင်ရဲ့ ဦးခေါင်း ကျည်ဆံထိမှန်ပြီး ဒုတိယ တပ်ကြပ်တစ်ဦး မေးရိုးမှာ ကျည်ဆန် ထိမှန်ခဲ့တာကြောင့် ကွမ်းလုံမြို့ အရပ်ဘက်ဆေးရုံသို့ ပို့ဆောင်ကုသရာ ညနေ ၅ နာရီကျော်မှာ ဗိုလ်ကြီး ရဲစည်သူအောင် ကျဆုံးတယ်လို့ သူတို့ဆီကနေ သိရှိရပါတယ်။

အစိုးရက BGFများ၏ သေနတ်ဟောင်းများအား ဖုန်ကျားရှင် တို့ထံမှ သိမ်းဆီးရသည်ဟု ပြည်သူများအား လိမ်ညာ

(Lachid Kachin)

ဗမာ့တပ်မတော်ရဲ့ လက်အောက်ခံ (BGF)အဖြစ် ယူနီဖောင်းဆင်၊ 
ဘက်တံဆိပ်တပ်၊ လခနဲ့ ရာရှင်ပေးထားတဲ့ BGF နယ်ခြား စောင့်
တပ် တပ်ရင်း အမှတ် ( ၁၀၀၆ )မှ စစ်သည်အများအပြားတို့သည်၎င်း
တို့ အား မြန်မာ စစ်တပ်က တပ်ဆင်ပေးထားသော သေနတ် အစုတ်
များ နှင့် ယူနီဖေါင်းများအား ချန်ခဲ့ ပြီး ဦးဖုန်ကျားရှင်းဦးဆောင်သော ကိုး
ကန့် အဖွဲ့ထဲသို့ ထွက်ပြေးသွား ကြကြောင်းသိရှိရပါသည်။ 


ထို့ အပြင် မြန်မာ စစ်တပ်၏ နယ်ခြားစောင့်တပ် တပ်ရင်း (၁၀၀၆)တပ်မှ 
တပ်ရင်းမှူး ဗိုလ်မှူးအဆင့် ရှိသူ ယန်ရှောက်ကျင်းက မိမိ၏ကျန်တဲ့တပ်ရင်း
တရင်းလုံးခေါ်ပြီးဦးဖုန်ကျားရှင်း ဦးဆောင်သော MNDAA အဖွဲ့သို့ ကူး
ပြောင်းသွားပြီ ဖြစ်ကြောင်း ထပ်မံ သတင်းရရှိပါသည်။

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ် ယာဉ်တန်း တိုက်ခိုက်ခံရ

(RFA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇွပ်ကျေးရွာအနီးမှာ အစိုးရ စစ်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့အတွက် အနီးဝန်းကျင်က ခရီးသွား တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိတယ်လို့ ကချင်ပြည် နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖားကန့်ကနေ မိုးကောင်းကိုလာတဲ့ စစ်ယာဉ်တန်းဟာ မနေ့က တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးချစ်ဦးက ပြောပါတယ်။

လောက်ကိုင်တိုက်ပွဲတွင် တရုတ်ကြေးစားတပ်များ ပါ/မပါ သိအောင်လုပ်ဖို့လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

(Mizzima)

လောက်ကိုင်ဒေ သ ပြန်လည် ထူထောင်ရေး ကိုးကန့် အမတ်တို့ ဖောင်ဒေး ရှင်းထောင်မည်
နေပြည်တော် (မဇ္ဈိမ)။ ။ ရက်သတ္တပတ်ကျော် ကြာမြင့်လာပြီး နှစ်ဘက်အကျအဆုံး များစွာရှိနေသဖြင့် ရက်ပေါင်းကိုးဆယ် စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်က သတ်မှတ်လိုက်ရသော လောက်ကိုင်တိုက်ပွဲတွင် ကိုးကန့် အဖွဲ့ဘက်မှ တရုတ် ကြေးစားတပ်များ ပါဝင်မှု ရှိ/မရှိ သိအောင်လုပ်ဖို့ လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လောက်ကိုင်တိုက်ပွဲတွင် ကိုးကန့်တပ်များဘက်က တရုတ်ကြေးစားတပ်များပါ ဝင်တိုက်ခိုက်နေသည်ဟု သတင်းများ ပေါ်ထွက်နေမှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်ပါသလားဟု မဇ္ဈိမက ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး မေးခဲ့သည်ကို ''ဒီလို ပြောနေတာ တွေ (တရုတ်ကြေးစားတပ်တွေ ပါနေတယ်လို့ ပြောနေတာတွေ)ဟာ ဘယ်လောက် တိကျမှန်ကန်သလဲ၊ ဘယ်လောက် အခြေအမြစ်ရှိသလဲဆိုတာ သိအောင်လုပ်ဖို့က အရေးကြီးတယ်။ အဲဒီလိုမှ မဟုတ်ရင် မလိုလား အပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်'' ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လောက်ကိုင်ဒေသသို့ စစ်ကူသွားသည့် တပ်မတော်စစ်ကြောင်းများအား KIA၊ TNLA၊ SSA(၀မ်ဟိုင်း) အဖွဲ့တို့က ချုံခိုတိုက်ခိုက်ကြောင်း အစိုးရသတင်းကြေညာ

(Eleven Media Group)

လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်သောင်းကျန်းသူများ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လောက်ကိုင်ဒေသသို့ စစ်ကူသွားသည့် တပ်မတော်စစ်ကြောင်းများအား ကိုးကန့်သောင်းကျန်းသူ အဖွဲ့အပြင် KIA TNLA နှင့် SSA (ဝမ်ဟိုင်း)အဖွဲ့တို့က ချုံခိုတိုက်ခိုက်မှုများ ပြုလုပ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက် နိုင်ငံပိုင်ရုပ်မြင်သံကြား ညပိုင်းသတင်းတွင် ကြေညာချက်အရ သိရသည်။

လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းမှ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းထိ လောက်ကိုင်တပ်နယ်ရှိ တပ်ရင်း တပ်ဖွဲ့များအား အဝေးမှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်သည့်အတွက်ကြောင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကိုးကန့်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားကြောင်း သတင်းကြေညာချက်တွင် ဖော်ပြသည်။

TNLA ကိုးကန့်ဘက်က ၀င်တိုက်

(VOA)

မြန်မာ အစိုးရတပ်တွေနဲ့ ကိုးကန့်လူမျိုးစု တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးက ပါဝင် တိုက်နေကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
တရုတ် - မြန်မာနယ်စပ်မှာ ကိုးကန့်နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ KIA ကချင်လွတ်မြောက်ရေးတပ်၊ SSA - ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်ဦး တို့ပါ ပူးပေါင်း တိုက်ခိုက်နေတယ်လို့ မြန်မာအစိုးရက ဗုဒ္ဓဟူးနေ့မှာ တရားဝင် ပြောကြား လိုက်တဲ့အပေါ် ပလောင်လွတ်မြောက်ရေးတပ်ဦးက တုံ့ပြန်ပြော ဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို အင်အားကြီးနိုင်ငံတို့၏ ပါဝါဂိမ်း ကစားရာ စစ်တလင်း အဖြစ်မခံသင့် - Tomorrow သတင်းအဖွဲ့

http://www.tomorrow.com.mm/?q=articles/1455


မြန်မာနိုင်ငံတွင် နိုင်ငံရေး စီးပွားရေးများ အရွေ့ပြောင်းများစွာ ဖြစ်နေချိန်တွင် ၂၀၁၅ခုနှစ် နှစ်စပိုင်းမှာပင် တရုတ်-မြန်မာ နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော တိုက်ပွဲကြီးများ ထူးဆန်းစွာ ပြန်လည်ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများမှာ ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ကာ အစိုးရတပ်များနှင့် ကိုးကန့် တိမ်းရှောင် အဖွဲ့များ  ဖြစ်ပွားခဲ့သည့် တိုက်ပွဲများဖြစ်ကာ လက်ရှိအချိန်တွင် လောက်ကိုင်မြို့အား အစိုးရမှ ပုဒ်မ ၁၄၄ကို ထုတ်ပြန်ကာ ဒေသခံ ပြည်သူများအား လားရှိုး၊ မန္တလေးနှင့် တိုက်ပွဲများနှင့် ကင်းလွတ်ရာ နေရာဒေသ အသီးသီးသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိသိန်းစိန်နဲ့ မင်းအောင်လှိုင်တို့ရဲ့ ရွှေ့ကွက်ဟာ တဖြည်းဖြည်းနဲ့ ထောင့်နားကပ်သွားနေတာကို တွေ့ရမှာ ဖြစ်တယ်။

U Ravika

ဘယ်သူက စိတ်ကူးယဉ်နေကြသလဲ
သိန်းစိန်နဲ့ မင်းအောင်လှိုင်တို့က ဖွဲ့စည်းပုံကို မပြင်ဘဲ ပေကပ်ကပ် လုပ်နေလို့ နိုင်ငံရေးနဲ့ စစ်ရေးအရ အဝိုင်းခံနေရတယ်။ သူတို့ကို ဝိုင်းထားတာက UNFC နဲ့ NLD ပါပဲ။ ဒီ(၂)ဖွဲ့က ဖွဲ့စည်းပုံကို ဒီမိုကရေစီရေးနဲ့ အမျိုးသားတန်းတူရေးရအောင် ပြင်ချင်တယ်။ သိန်းစိန်နဲ့ မင်းအောင်လှိုင်တို့က တစ်မတ်သားဒီမိုကရေစီနဲ့ တစ်မတ်သားဖက်ဒရယ်လောက်ပဲ ပေးချင်ပုံရတယ်။

အခု ကိုးကန့်ကို ဖက်ဒရယ်တပ် ဝင်တိုက်တဲ့အထိ သူတို့က စောင့်နေခဲ့ကြတယ်။ တပ်ရင်းတစ်ခု ပြုတ်အောင် အသေခံခိုင်းလိုက်တယ်။ ဒီစစ်သားအလောင်းကနေ သူတို့ရဲ့ image ကို ပေါလစ်ပြန်သုတ်တယ်။ ပြောင်ပြောင်လေး ဖြစ်လာတယ်။ အခု သိန်းစိန်က လောက်ကိုင်ဒေသအုပ်ချုပ်ရေးကို မင်းအောင်လှိုင်လက် ထည့်ပေးတယ်။ မင်းအောင်လှိုင်က ဗိုလ်မှူးကြီး စောမြင့်ဦးကို စစ်အုပ်ချုပ်ရေးအာဏာ လွှဲပေးတယ်။ လွှတ်တော်ကတော့ ထုံးစံအတိုင်း ဦးအောင်သောင်းကို ထောက်ခံခဲ့သလို အခုလည်းပဲ သိန်းစိန်နဲ့ မင်းအောင်လှိုင်တို့ကို ထောက်ခံလိုက်တယ်။

“တအာင်း၊ ကိုးကန့် နှင့် တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်မီး ပိုမိုကြီးမားလာသည့် အခြေအနေ" သဘောထားထုတ်ပြန်ချက်

၁။ တအာင်း၊ ကချင်၊ ရှမ်း၊ ကိုးကန့် အပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏စရှိသည့် တိုင်းရင်းသားဒေသများတွင် မြန်မာအစိုးရ၏ စစ်အင်အားများ ပိုမိုတိုးချဲ့ ထိုးစစ်ဆင်နေခြင်းသည် ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောင်စေပြီး၊ စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်ပါသည်။

၂။ မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်၏ လက်ရှိ စစ်ရေးလုပ်ဆောင်ချက်သည် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန် ကြိုးပမ်းမှုကို ထိခိုင်စေသည့်အပြင် နိုင်ငံရေဿနာကို နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေးနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာရန် အတွက်လည်း ကြီးမားသည့် စိန်ခေါ်မှု ဖြစ်စေပါသည်။ ပြည်တွင်းစစ်မီး ပိုမိုကြီးမားစေရန်အတွက် လိုအပ်သည့်ထက် စစ်အင်အားသုံးကာ လက်ရှိရင်ဆိုင်နေရသည့် နိုင်ငံရေး အကျပ်အတည်းများကို လမ်းကြောင်းလွဲ ဖြေရှင်းရန် ကြိုးပမ်းသည့် မြန်မာစစ်ခေါင်းဆောင်များ၏ လမ်းဟောင်းဗျူဟာ တစ်ရပ်သာ ဖြစ်သည်။

Wednesday, February 18, 2015

KIA Dung (6) Ni Hpakant-Mho Gaung Lam Dingyang Myen Hpyen Ni Hpe Bawm Hte Hkap Gasat

(Myutsawkasa)

Febb 17, 2015 ya shani 10:00 am. ten daram hta Hpakant kaw na Modo (64) hte Mho Gaung de lai yu wa ai Tat.M-(66) kata na myen tai hpyen ni Nam Sheng hte Labang kahtawng lapwan na Gala Kawng kaw hkam bawm (2) wa kapaw la nna marai (10) lahta de si hkala hkrum mat ai lam shiga na chye lu ai.
Dai hpang, 12:10 pm ten daram hta Tat. M-(66) ni Modo Convoy hpung ni hpe lagaw lam hte shim lam la ya na matu shawng yu wa wa ni Hka San Lup Wa Kawng makau kaw tinang KIA ni hkam tawn ai bawm (1) bai wa kapaw la nna marai (3) si nna marai (7) ram bai hkala hkrum mat ai lam na chye lu ai.

Hpakant KIA Dung (6) Ginra, Jan Mai Bum Kaw Gasat

(Myutsawkasa)

Feb 17, 2015 ya shani 1:00 am.-7:40 am. laman hta Hpakant KIA Masat (2) Dap Ba npu Masat (6) Dap Dung ginra, Jan Mai Bum kaw nga ai myen asuya dap Hk.M.Y-(337) dap ni hpe tinang KIA Dung (6) Kung (1) na hpyen hpung ni KRA (1) sa gap bun ai kaw na Myen tai hpyen ni sinat kaji kaba hte gap shru ai lam shiga na chye lu ai. Tinang maga nah pa nra ai lam na chye lu ai.

KIA Masat (36) Dap Dung, Bang Sai, Kong Si Kaw Laja Lana Gasat Nga

(Myutsawkasa)

Feb 18, 2015 ya jahpawt daw (9:45 am-10:15 am) lapran lahta Sam Mung KIA Masat (4) Dap Ba npu, Masat (36) Dap Dung ginra Bang Sai Ninghtawn, Kong Si kaw mying nchye shi ai Myen tai hpyen hpung ni hpe tinang KIA Dap Dung (36)na MHH Kung (5) myu tsaw share Ninghkring ni hkap tau gasat ai majaw gasat poi laja lana byin ai lam shiga na chye lu ai.
Si hkala shiga naw sagawn nga ai...

KIA Masat (36) Dap Dung, (105) Mile Makau Kaw Gsat, Myen (16) Si, (10) Jan Hkala

(Myutsawkasa)
Mana Feb 17, 2015 ya shana 10:30 pm. ten ram hta lahta Sam Mung KIA Masat (4) Dap Ba npu, Masat (36) Dap Dung ginra Mung Yu Ninghtawn (105) Miles tai dap makau kaw tinang KIA Dung (36) na MKM ni Nga Rung Bawm (2) lang sa kapaw bun ai hta Myen dap maga na marai (16) ram si nna marai (10) jan hkala hkrum mat ai lam shiga na chye lu ai.
KIA Masat (36) Dap Dung hte Dap Ba (4) kata na Myu Tsaw share Ninghkring ni hpe shagrau sha-a ga law....kyu ja ja hpyi ya ga....shani shagu ngu na majan ni grau grai laja wa nga ai.

ကိုးကန့်ရှိ သတင်းသမားကို တပ်မတော်က ကာကွယ်ပေးရန် MJN တိုက်တွန်း

(Mizzima)

ကိုးကန့်ဒေသတွင် သွားရောက်သတင်းယူနေသည့် သတင်းသမားများ၏ လုံခြုံရေးအတွက် ယင်းဒေသတွင် တာဝန်ယူထားသည့် တပ်မတော်မှ အတတ်နိုင်ဆုံး ကာကွယ်ပေးပါရန် မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) မှ တိုက်တွန်းသည်ဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် MJN က ထုတ်ပြန်ချက်ထုတ် တိုက်တွန်းလိုက်သည်။

ဖေဖော်ဝါရီ  ၁၇ရက်တွင် လောက်ကိုင်ဒေသမှ ဒုက္ခသည်များအား ကယ်ဆယ်၍ ပြန်လည်ဆင်းလာသည့် ကြက်ခြေနီယာဉ်တန်းအား လက်နက်ကိုင်တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရ ခရီးသည် အချို့ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ယာဉ်တန်းတွင် သတင်းထောက်အချို့နှင့် ဓါတ်ပုံ သတင်းထောက်အချို့ ပါဝင်ခဲ့သည်။ သို့ဖြစ်၍ လက်နက်မဲ့အရပ်သားများ သတင်းမီဒီယာ သမားများအား အသက်အန္တရာယ် ထိခိုက်အောင် တိုက်ခိုက်မှုအား မြန်မာဂျာနယ်လစ် ကွန်ရက်က ရှုတ်ချသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။

ကိုးကန့်ဒေသအတွင်း ဥပဒေချိုးဖောက်ပါက သေဒဏ်အထိချမှတ်မည့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်

(Mizzima)

စစ်အုပ်ချုပ်ရေးကြေငြာထားသည့် ကိုးကန့်ဒေသအတွင်း ပြစ်မှုကျူးလွန်ပါက စစ်ခုံရုံးဖြင့်စစ်ဆေးပြီး သေဒဏ်အ ထိအမိန့်ချမှတ်မည့် စစ်အုပ်ချုပ်ရေးအမိန့်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်မှတ်ရေးထိုးကာ ဗိုလ် မှူးကြီး စောမြင့်ဦးကို ဖေဖော်ဝါရီ ၁၈ရက်တွင် တာဝန်ပေးအပ်လိုက်သည်။

ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ရန် ဖေဖော်ဝါရီ ၁၇ရက်တွင် သမ္မတအမိန့်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းပေးလိုက်ပြီး တစ်ရက်အကြာတွင် ကာကွယ်ရေးဦးစီးချု ပ်၏ အထက်ပါအမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကယ်ဆယ်ရေးယာဉ်တန်း အပစ်အခတ် ခံရမှု အတွေ့အကြုံ

(ဧရာဝတီ)

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ အစိုးရ တပ်မတော်နဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နှစ်ဘက်စလုံးမှာ အထိအခိုက် အကျအဆုံး များပြားစွာ ရှိနေသလို၊ အရပ်သားတွေပါ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေ ရှိနေပါတယ်။

အဲဒီလို တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ အရပ်သားတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကယ်ဆယ်ပြီး ပြန်လာတဲ့ ကြက်ခြေနီ ယာဉ်တန်း တခုဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က လောက်ကိုင်-ချင်းရွှေဟော် ကားလမ်းတနေရာ လုံထန် ကျေးရွာ အနီးမှာ တိုက်ခိုက်ခံရပြီး ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ ယာဉ်တန်းမှာ ဧရာဝတီ ဓာတ်ပုံ သတင်းထောက် တဦးဖြစ်တဲ့ ကိုဂျေပိုင်လည်း လိုက်ပါလာပြီး အဲဒီဖြစ်စဉ်နဲ့ သူ့ရဲ့ အတွေ့အကြုံကို အခုလို ပြန်လည် ပြောပြခဲ့ပါတယ်။

လောက်ကိုင် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း

(ဧရာဝတီ)

အစိုးရ တပ်မတော်နှင့် MNDAA ကိုးကန့်တပ်ဖွဲ့ကြား တိုက်ပွဲများ အရှိန်အဟုန်မြှင့်လာသဖြင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီးနောက် လောက်ကိုင်မြို့၌ ပိတ်မိနေသူများကို ကူညီ ကယ်ထုတ်ပေးနေသည့် ကယ်ဆယ်ရေး လုပ်ငန်းများကို ယနေ့တွင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

လောက်ကိုင်-ချင်းရွှေဟော် ကားလမ်းတွင် ယမန်နေ့ကစပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသဖြင့် လောက်ကိုင်မြို့၌ ပိတ်မိနေသူများကို ကားများဖြင့် လားရှိုးမြိုသို့ ကူညီပို့ဆောင်ပေးနေသည့် ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ဧရာဝတီကို ပြောကြားသည်။

ဒုက္ခသည်ကယ်ဆယ်ရေးယာဉ် ထပ်မံပစ်ခတ်ခံရ၍ တဦးသေ တဦးဒဏ်ရာရ

(ဧရာဝတီ)

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ရွှေ့ပြောင်း လုပ်သားများကို တင်ဆောင်လာသော ကယ်ဆယ်ရေးကားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ထပ်မံပစ်ခတ်ခံခဲ့ရပြီး တဦးသေဆုံး၍ တဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ ရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် အပြာရောင်ကျောက်သယ်ကားသည် ချင်းရွှေဟော်မြို့နှင့် ၄ မိုင်ခန့်အကွာရှိ လုံထန်ကျေးရွာအနီးတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်ထောင်ချီ ယူနန်ခရိုင်ထဲ ထွက်ပြေးလာဟု တရုတ်ပြော

(DVB)

မြန်မာနိုင်ငံ ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ ချီတဲ့ ဒုက္ခသည်တွေ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ခရိုင်ထဲကို ၀င်ရောက်လာတယ်လို့ တရုတ် အစိုးရက ပြောပါတယ်။
ဖေဖော်ဝါရီ ၉ ရက်က စတင်ပြီး အစိုးရ စစ်တပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA)တို့ တိုက်ပွဲပြင်းထန်နေတာကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့လည်း ထပ်မံ တောင်းဆိုလိုက်တယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။

ကိုးကန့်တိုက်ပွဲနဲ့ မြစ်ဆုံစီမံကိန်း ဆက်စပ်မှုရှိနိုင်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ပြောကြား

(RFA)

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ကိုးကန့်ဒေသ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပြည်တွင်းက တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ဝေဖန်ပြောကြား လိုက်ပါတယ်။

ဒီပြသနာရဲ့ နောက်ကွယ်မှာ လက်ပံတောင်းတောင် ၊ မြစ်ဆုံစတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေတွေအပေါ် မကြေနပ်မှုပယောဂတွေ ပါဝင်နိုင်တယ်

လို့ RFA က ဗုဒ္ဓဟူးနေ့ မနက် ဆက်သွယ်မေးမြန်း ခဲ့ရာမှာ ဦးတင်ဦးက ပြောကြားလိုက်တာဖြစ်ပါတယ်။

သန်းရွှေ၏အတွေး သိန်းစိန်၏နိုင်ငံရေးနဲ့ မင်းအောင်လှိုင်၏စစ်ရေး (သို့မဟုတ်) ကိုးကန့်အရေးတော်ပုံ

(မိုးမခ)


၂၀၀၉ ခုနှစ်မှာ BGF နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြိမ်းချမ်းရေးအထူးဒေသ (၁) လို့ ၁၉၈၉ ခုကတည်းက နာမယ်ပေးထားတဲ့ ကိုးကန့်အပစ်ရပ်အဖွဲ့ MNDAA (မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်) က လက်မခံ လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖုံကျားရှင်းခေါင်းဆောင်တဲ့ ကိုးကန့်အပစ်ရပ်အဖွဲ့ကို အပြုတ်ချေမှုန်းခိုင်းခဲ့ပါ တယ်။

ဖုံကျားရှင်း ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ဟာ ၈ လေးလုံးအရေးအခင်းအပြီး နဝတ အာဏာသိမ်းပြီးစ ၁၉၈၉ ခုမှာ စစ်အစိုးရ နဲ့ အပစ်အခတ်ရပ်စဲရေး ပထမဆုံးလုပ်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး အဲဒီအချိန်ကစလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ တဖွဲ့ပြီးတဖွဲ့ အပစ်အခတ်ရပ်စဲခဲ့ကြတဲ့အတွက် မကြာခင်မှာ စစ်အစိုးရက တရားဝင်ငြိမ်းအဖွဲ့ ၁၇ ဖွဲ့ကို စာရင်းပြ ထုတ်ကြွားနိုင်ခဲ့ပါတယ်။ MNDAA ဟာ အပစ်အခတ်ရပ်စဲကာစမှာ အဲ့ဒီတုံးက အပစ်မရပ်သေးတဲ့ KIA ကို နဝတ စစ်အစိုးရကခိုင်းလို့ လိုက်တိုက် ပေးခဲ့ရသေးတယ်။ ဒါပေမဲ့ သိတ်မကြာခင်မှာဘဲ မတိုက်သင့်ဘူးလို့မြင်ပြီး ကိုယ့်ဒေသ ကိုယ်ပြန်နေခဲ့တယ်။

ကိုးကန့်အရေး တင်းမာမှုတိုးမှာ ကုလစိုးရိမ်

(VOA)



ကိုးကန့်ဒေသ ပဋိပက္ခ ပိုမိုဆိုးရွားလာတာကြောင့် ဖွဲ့စည်းပုံအရ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို သမ္မတ ဦးသိန်းစိန်အစိုးရက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကြေညာလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနယ်စပ်ဒေသ ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေတွေ ပြင်းထန်လာတဲ့အပေါ် အထူးစိုးရိမ်နေကြောင်း ကုလသမဂ္ဂကလည်း အင်္ဂါနေ့က ပြောလိုက်ပါတယ်။

ကိုးကန့်ဒေသ အပေးအယူ နဲ့ အရှုပ်အထွေး

(VOA)



ဒီတပတ် မြန်မာ့မျ က်မှောက်ရေးရာ အစီအစဉ်မှာတော့ ရှစ်လေးလုံးကာလ စစ်အစိုးရအနေနဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်တို့နဲ့ အပေးအယူ လုပ်ခဲ့တာဟာ နောင် ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကို ထည့်မစဉ်းစားဘဲ ဆူလွယ်နပ်လွယ် သဘောမျိုး လုပ်ခဲ့တာလား၊ နိုင်ငံရေး ပြေလည်မှုမရှာဘဲ ဘာကြောင့် စစ်ရေး စီးပွားရေး အခွင့်အရေးတွေ ပုံအောပေးခဲ့ရသလဲဆိုတာကို ထိုစဉ်က စစ်ထောက်လှမ်းရေးအရာရှိ ဦးအောင်လင်းထွဋ် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ထိုစဉ်က ဗကပတပ်မှူး ဦးဖုန်ကျားရှင်နဲ့ စတင် ဆက်သွယ်ဖြစ်ခဲ့ပုံကို ဦးအောင်လင်းထွဋ် ကအခုလိုစပြောပါတယ်။

ကိုးကန့်တိုက်ပွဲ အရပ်သား ထိခိုက်သေဆုံးမှုရှိ

(VOA)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ကြိုကြား ဆက်လက်ဖြစ်ပွားနေပြီး လောက်ကိုင်မြို့တွင်း ၀င်ရောက်လာတဲ့ အစိုးရတပ်က အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ ရှိနေတယ်လို့ ကိုးကန့်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကွမ်းလုံမြို့နယ်က ကိုးကန့်လွှတ်တော်ကိုယ်စားလှယ် တဦးကတော့ လောက်ကိုင်မှာ အရပ်သားသေဆုံးသူ ၄၀ ကျော် လောက်ရှိတယ်လို့ သိရကြောင်း ပြောဆိုသလို အစိုးရစစ်တပ်ဘက်ကတော့ အရပ်သားတွေကို သတ်ဖြတ်တာမရှိကြောင်း ငြင်းဆိုထားပါတယ်။ ကိုးကန့်ဒေသဘက်က အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

Tuesday, February 17, 2015

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးကြေညာ

(VOA)

ကိုးကန့်ဒေသတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ဒေသကို ဖွဲ့စည်းပုံအရ အရေးပေါ် အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးကို လွှဲပြောင်းပေးလိုက်တဲ့အကြောင်း သမ္မတရုံးကနေ ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာဆိုရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို နယ်မြေဒေသတခုအတွက် ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်အရပ်ရပ် လွှဲပြောင်းပေးလိုက်တာ လက်ရှိ ဖွဲ့စည်းပုံ အသက်ဝင်ကတည်းကဆိုရင် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

လောက်ကိုင်တွင် ကယ်ဆယ်ရေးယာဉ်တန်း ပစ်ခတ်ခံရ

(DVB)

အစိုးရနဲ့ ကိုးကန့်တိမ်းရှောင်အဖွဲ့အကြား တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကနေ စစ်ဘေးဒုက္ခသည်တွေ သယ်ဆောင်တဲ့ ကြက်ခြေနီကယ်ဆယ်ရေး ယာဉ်တန်း သေနတ်ပစ်ခံရပြီး ၂ ဦးဒဏ်ရာရတယ်လို့ ယာဉ်ပေါ်လိုက်ပါတဲ့ ဒီဗွီဘီသတင်းထောက် ကိုခွန်ဇော်ဦးက ပြောပါတယ်။
ချင်းရွှေဟော်ကနေ လောက်ကိုင်ကို ဒုက္ခသည်တွေ သွားခေါ်တဲ့ ကားကြီး ၃ စီးနဲ့ ကားလေး ၃ စီး စုစုပေါင်း ယာဉ် ၆ စီးအနက် ရှေ့ဆုံးကားကို ဒီကနေ့ နေ့ခင်း ၃ နာရီခွဲခန့်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းနဲ့ ရှေ့ခန်းမှာ ထိုင်တဲ့အမျိုးသား ဒဏ်ရာရခဲ့တယ်လို့ ကိုခွန်ဇော်ဦးက ပြောပါတယ်။

ပစ်ခတ်မှုတွေရပ်တန့်ရန် ကိုးကန့်တိမ်းရှောင်အဖွဲ့ ကမ်းလှမ်း

(DVB)

ကိုးကန့်ဒေသမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်တန့်ဖို့ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တိမ်းရှောင်အဖွဲ့က သမ္မတထံ ကမ်းလှမ်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံ အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပြီး ကိုးကန့်ဟာ ပြည်ထောင်စုထဲက တိုင်းရင်းသားတမျိုးဖြစ်ကြောင်း၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ကိုယ့်အိမ်ကိုယ်ပြန်ကာ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်ဝတ္တရားကို ပူးပေါင်း ဆောင်ရွက်လိုကြောင်း စာထဲမှာ ဖော်ပြပါတယ်။

သမီးသေဆုံးမှု တိုင်ကြားသူ ဦးဘရန်ရှောင်အမှု ရှုံး စီရင်ချက် ချခံရ

(ကချင်သတင်းဌာန)

လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုကို တိုင်ကြားသော ဖခင် ဦးဘရန်ရှောင် အမှုရှုံးနိမ့်ကာ ဖေဖော်ဝါရီလ ၁၃ ရက်က ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ၅ သောင်း ချမှတ်လိုက်သည်ဟု ဦးဘရန်ရှောင်က ပြောသည်။

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်အုပ်စု (၁) ဆွမ်ငိုင်ယန်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မဂျာဆိုင်းအိန် သေဆုံးမှုကို ဖခင်ဖြစ်သူ တိုင်ကြားခဲ့သည်ဟု အစိုးရ စစ်တပ်က တရားစွဲဆိုခဲ့ရာ ရုံးချိန်းပေါင်း ၅၅ ကြိမ်တွင် ဖားကန့်မြို့နယ် တရားရုံးမှ တရားသူကြီး ဦးထွန်းဦးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကိုးကန့်နယ်ခြားစောင့်တပ် ဦးဖုန်ကြားရှင်အဖွဲ့နှင့် ပူးပေါင်း

(DVB)

အစိုးရလက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်ရင်းတစ်ရင်းဟာ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေနဲ့ ပူးပေါင်း လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တပ်ရင်းမှူး ရန်ရှောင်ကျင့် ဦးဆောင်တဲ့ ကိုးကန့်နယ်ခြားစောင့်တပ် အမှတ် ၁၀၀၆ က တပ်ရင်းတစ်ခုလုံး သူတို့အဖွဲ့နဲ့ လာရောက်ပူးပေါင်း ခဲ့တယ်လို့ ကိုးကန့်တိမ်းရှောင်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ဒီဗွီဘီကို ပြောပါတယ်။

တကျော့ပြန် တိုက်ပွဲများနှင့် လောက်ကိုင်မြို့ မြင်ကွင်း

(Irrawaddy)

ကွန်ကရစ်လမ်းများပေါ်တွင် စွန့်ပစ်ထားသည့် မော်တော်ယာဉ်တချို့၏ မှန်နှင့် ကိုယ်ထည်များ၌ ကျည်ဆန် ထိမှန်ထားသည့် အပေါက်ရာများကို အထင်းသားတွေ့နေရသည်။ လမ်းဘေးဝဲယာတွင် အခိုင်အမာ ဆောက်လုပ်ထားသည့် လူနေ ဆိုင်ခန်းများဖြင့် ပြည့်နှက်နေသော်လည်း အခန်းအားလုံးနီးပါး သော့ခတ် ပိတ်ထားကြသည်။ လူတဦးစ၊ နှစ်ဦးစ လှုပ်ရှား သွားလာနေသည်မှအပ ပတ်ဝန်းကျင်ရှိ အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်လျက်ရှိသည်။

တပ်မ ၃၃ မှ တပ်မတော်သားများ အပြည့်တင်ဆောင်ထားသည့် ကားနှစ်စီးဖြင့် မြို့တွင်းတွင် ကင်းလှည့်နေကြသည်။ မြို့လယ်ရှိ ငြိမ်းချမ်းရေး ကျောက်တိုင်အနီးတွင် အသင့်အနေထားဖြင့် လုံခြုံရေုးုယူထားသည့် တပ်မတော်သား တချို့တွေ့ရပြီး မြို့တွင်းသွားလာနေသည့် ကားများကို ရပ်တန့် စစ်ဆေးလျက်ရှိသည်။

ကိုးကန့်တိုက်ပွဲတွင် အရပ်သားများကို သတ်ဖြတ်ခြင်းမရှိကြောင်း တပ်မတော်ငြင်းဆို

(7 Day)

ကိုးကန့်တိုက်ပွဲတွင် နေအိမ်များ အတွင်းမှ ချောင်းမြောင်း ပစ်ခတ်မှုများကြောင့် တပ်မတော် က တစ်အိမ်ချင်းစီတက်ရောက် ရှာဖွေ၍ နယ်မြေရှင်း လင်းရေး ဆောင်ရွက်ခြင်းဖြစ်ပြီး အရပ်သားများကို သတ်ဖြတ်မှုလုံးဝမရှိကြောင်း တပ်မတော်က ငြင်းဆို လိုက်သည်။
ယူနန်သတင်းစာ က ကိုးကန့်တိုက်ပွဲများတွင် တပ်မတော်က အရပ်သားကိုးကန့်ဒေသခံများကို ပစ်ခတ်သတ်ဖြတ်မှုအချို့ရှိ နေကြောင်း ဖေဖော်ဝါရီ ၁၆ ရက် က ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ သည်။

တရုတ်နိုင်ငံသားများ ဓာတုပစ္စည်းသုံးပြီး ကျောက်ရွှေထုတ်လုပ်မှု ယခုထိရှိနေဆဲ

(Kachin Waves)

ဝိုင်းမော်မြို့နယ် နောင်း ချိန်းကျေးရွာအနီး ဂျိန်းဖောမြေ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီလီမီတက် လုပ်ကွက်တွင်ရောက်ရှိနေသည့် တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား အယောက် (၃၆)ဦးအား ဖမ်းဆီးအရေး ယူခဲ့ပြီဖြစ်သော် လည်း နောင်မွန်းကျေးရွာနားရှိ ကျောက်ရွှေမှော်သည် ယခုအထိ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများ ထိုလုပ်ကွက်အား ရပ်ဆိုင်းပေးရန် သွားရောက်မောင်းထုတ် နေကြောင်း သတင်းရရှိသည်။

ထိုလုပ်ကွက်သည် တရုတ်နိုင်ငံသားများဖြင့် ထိုနေရာတွင် တောင်ဖောက်ကာ ဓာတုလက်နက်များအသုံးပြုပြီး လုပ်ကိုင်စားသောက်နေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်းလည်း ဒေသခံများဆိုသည်။

ကိုးကန့်တပ်ဖွဲ့အား ထောက်ပံ့ကူညီသူများကို ပြည်ထောင်စု လွှတ်တော် ရှုတ်ချ

(ဧရာဝတီ)

လောက်ကိုင် တိုက်ပွဲ ကာလ အတွင်း ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ များအား ထောက်ပံ့ အားပေး ကူညီခဲ့သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ အား ပြည်ထောင်စု လွှတ်တော်က ရှုတ်ချလိုက်ပြီး ပါဝင်တိုက် ခိုက်သော တပ်မတော်သား များကို ချီးကျူးဂုဏ်ပြုလိုက် သည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်က လောက်ကိုင်ဒေသတွင် လုံခြုံရေး ယူနေသည့် တပ်မတော် စခန်းများအား တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းများနှင့် ထောက်ပံ့အားပေး ကူညီခဲ့သော အဖွဲ့အစည်း ရှုတ်ချကန့်ကွက်ရန်နှင့် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်နေကြသော တပ်မတော်သားများအား ချီးကျူးဂုဏ်ပြုရန် တိုက်တွန်းကြောင်းကို အရေးကြီးအဆိုအဖြစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လောက်ကိုင်စစ်

(မိုးမခ)



• ဝမ်းပျက်သံများကြောင့် အန်ချခြင်း

လူမှုကွန်ရက်စာမျက်နှာများမှာ ကိုးကန့်ဒေသ လောင်ကိုင် စစ်သတင်း ဆက်စပ်ဓာတ်ပုံတွေတက်လာတော့ လူတွေက ပြောကြတယ်။  မြို့ထဲက ဆိုင်းဘုတ်တွေကလည်း တရုတ်စာချည်းပဲတဲ့။

လောက်ကိုင်မှာ တရုတ်စာ ဆိုင်းဘုတ်တွေပဲ တွေ့ရမှာပေါ့။  အဲဒါ ကိုးကန့်တရုတ်နယ်ပဲကိုး။  မြန်မာစာဆိုင်းဘုတ် ဘာလို့  ရှိရမှာတုံး။

အွန်လိုင်းမှာ “ဒါလားဟဲ့ မြန်မာပြည်” မေးတဲ့ လုံးလျော့ ကျပ်မပြည့် ဒီမိုကရေစီ အမည်ခံများကို ပြန်ဖြေရရင် “မဟုတ်ဘူး” လို့ ဖြေရမှာပေါ့။  အဲဒါ ကိုးကန့် တရုတ်တွေရဲ့ ပြည်။  ကိုးကန့် တရုတ်တွေ ပိုင်တယ်။  မြန်မာပိုင် မဟုတ်ဘူး။  မြန်မာစကား၊ ယဉ်ကျေးမှု၊ မြန်မာစာပေ ထွန်းကားစရာမလိုဘူး။  သူတို့စာ၊ သူတို့စကား၊ သူတို့ယဉ်ကျေးမှု ဓလေ့ ထုံးစံ သီးသန့်တည်ရှိ ထွန်းကားတာ ဘာဆန်းသလဲ။

ငြိမ်းချမ်းရေး စစ်တမ်း (၁၁)။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ နှင့် အမာစား ဥပဒေ ပေါ်နိုင်သည့် အလားအလာ။

(အောင်ထူး)

 ငြိမ်းချမ်းရေးနှင့် ဆက်စပ်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဦးတည်သည့် ဆွေးနွေးပွဲများအား နှစ်တချို့ ကြာမျှ ကျင်းပလာခဲ့ပြီးနောက်မည်သည့်အဖြေမျှထွက်မလာ သောအခါ လူထုအများစုကြီးအနေဖြင့် အားမလို အားမရဖြစ်လာကြသည်။ ငြိမ်းချမ်းရေး၊တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဟူသည့် ဝေါဟာရ သုံးခုအားထပ်ခါ ထပ်ခါ ကြားလာရပြီးနောက် ရောယှက်လုံးထွေးသွားသောအခါ မည်သည်ကို မည်သို့ နားလည်ရမည်မှန်းမသိတော့။ မည်သည်က အရင်လာ၊ မည်သည်က နောက်လာ သင့်သည်ကို ခွဲခြားရန် ခက်ခဲသွားတော့သည်။အမှားကြာ အမှန်ထင်သလို ဖြစ်လာပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆို နိုင်ရုံမျှနှင့်ငြိမ်းချမ်းရေးကို မုချဦးတည် တော့မည်ကဲ့သို့  ထင်မှတ်လာကြသည်။

           အထက်ပါ ဝေါဟာရ သုံးလုံးအနက် နိုင်ငံရေးဆွေးနွေးပွဲဟူသည်မှ စတင်ရှင်းပါမည်။