Saturday, February 14, 2015

နှစ်ရက်အတွင်းချုပ်ဆိုတဲ့စာချုပ်က နိုင်ငံတကာကို အပြသက်သက်ပဲ ဖြစ်ပါလိမ့်မယ် "ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်နှင့် မေးမြန်းခြင်း"

(Mizzima)

အစိုးရက ဖိတ်ကြား သည့် ပြည်ထောင် စုနေ့ အခမ်းအနား ညစာစားပွဲ သို့ တက်ရောက်ခြင်း မရှိသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIO)က တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး အောင်မြင် သည်အထိ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ပြည်ထောင် စုနေ့တွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်သည့် နေ့တွင်ပင် အစိုးရ တပ်မတော်ဘက် က ကေအိုင်အို ဌာနချုပ်ဘက်သို့ လက်နက်ကြီးဖြင့် အကြိမ် ၃၀ခန့် ပစ်ခတ်မှုများ ရှိနေသည်ဟု လည်း ကေအိုင်အို က ပြောဆိုထားသည်။

ပြည်ထောင်စုနေ့ အခမ်းအနား မတက်ရောက်သော အကြောင်းအရာများနှင့် လက်ရှိ ကေအိုင်အိုနှင့် အစိုးရအကြား တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် လက်ရှိ ကျောင်းသားများ ဆန္ဒဖော်ထုတ်နေမှုအပေါ် KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်အား မဇ္ဈိသတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်းထားသည်။

ဖက်ဒရယ် ပြည်ထောင်စု နီးပြီလား

(VOA)

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့နဲ့ “ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကတိပြုချက်”လို့ ခေါင်းစဉ်တပ်ထားတဲ့ သဘောတူညီချက် တစ်ရပ် နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အစိုးရက ဦးဆောင်ပြီး နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ တွေ့ဆုံပွဲကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြားခဲ့ရာမှာ အဖွဲ့ (၁၃) ဖွဲ့ တက်ရောက်လာပြီး အဲဒီအထဲကမှ (၄) ဖွဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ကျန်အဖွဲ့တွေ ဆက်ပြီး လက်မှတ်ရေးထိုးဖို့အတွက်လည်း လက်မှတ်ထိုး စာအုပ်ကို ဖွင့်ထားပေးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီလို ကတိပြုချက် တစ်ခု လက်မှတ်ရေးထိုးလိုက်ရုံနဲ့ ငြိမ်းချမ်းရေးရဖို့ နီးစပ်သွားပြီလား၊ ရှေ့ ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အစိုးရနှင့်နှင့်အန်စီစီတီ ဆွေးနွေးပွဲ သတ်မှတ်ရက် မလုပ်နိုင်တော့

(DVB)

ပြည်ထောင်စုနေ့အပြီး တပတ်အတွင်းတွေ့ဆုံဖို့ရှိတဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ ဆွေးနွေးပွဲ သတ်မှတ်ရက်အတွင်း လုပ်ဖို့မဖြစ်နိုင်တော့ဘူးလို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က ချင်းမိုင်မှာ နှစ်ဘက်တွေ့ဆုံခဲ့တုန်းက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ရပ်ထားရတဲ့ နှစ်ဘက် ဆွေးနွေးပွဲတွေကို ပြည်ထောင်စုနေ့အပြီး တပတ်အတွင်း ရန်ကုန်မှာ ပြန်စတင်ကျင်းပကြမယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံသား(၂)ဦး ဗမာတပ်မှ ပစ်သတ်မှုကြောင့် တရုတ်အစိုးရနှင့် မြန်မာစစ်ရေးတင်းမာ

(Lachid Kachin)

ရှမ်းပြည် နယ်မြောက်ပိုင်း ၊ ကိုးကန့်ဒေသ၊ လောက်ကိုင် တွင် မြန်မာ စစ်တပ်
နှင့် ဦးဖုန်ကျားရှင်  ဦးဆောင်သော ကိုးကန့် အဖွဲ့၊ တိုင်းရင်းသား တပ်ပေါင်းစု 
တို့ သည် ယခု လ (၉)ရကနေ့ (၉.၂.၂၀၂၅) ရက်နေ့ မှ စတင်ကာ တိုက်ပွဲ များ အပြင်းအထန် ပြန်လည် ဖြစ်ပွား နေသည်မှာ ယနေ့ဆိုရင်(၆)ရက်မြောက်ရှိ
သွားပြီ ဖြစ် ကြောင်းသိရှိရပါသည်။

မီဒီယာနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု

(Mizzima)

ရှမ်းပြည်နယ်၊ ကိုးကန့် ဘက်မှာ တိုက်ပွဲ ကြီးတွေဖြစ်နေတယ်။ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၅ဝကျော်လောက် ကျဆုံးတယ် ဆိုတော့အတော့် ကိုကြီးကျယ် တဲ့တိုက်ပွဲ ကြီးတွေလို့ သတ်မှတ်နိုင် ပါတယ်။

ဒါ့အပြင်ကျောင်းသား ဆန္ဒပြ ပွဲတွေဖြစ်နေတယ်၊ White Card ကိုင်ထား သူတွေကို လာမယ့်ဖွဲ့ စည်းပုံပြင်ရေးပြည် လုံးကျွတ်ဆန္ဒ ခံယူပွဲမှာ မဲပေးခွင့်ပြုတယ် ဆိုပြီး ဆုံးဖြတ်လိုက်လို့ ဆန္ဒပြသူတွေ ပြကြတယ်၊ ရခိုင်ပြည်နယ် မှာလည်း ဆန္ဒပြကြဦးမယ်၊ မျိုးစောင့် ဥပဒေတွေကိစ္စ လွှတ်တော် အမတ်တွေ လည်းခေါင်း ပူအောင် စဉ်းစားနေ ကြရတယ်၊ စသဖြင့် စသဖြင့် တိုင်းပြည် အတွက် အရေးကြီးတဲ့ သတင်းတွေဖြစ်ပေါ်နေ ချိန်လို့ ဆိုနိုင် တာပေါ့နော။

ကတိသစ္စာမဲ့ခြင်းကြောင့် လောက်ကိုင်တိုက်ပွဲဖြစ်ပွားရဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြော

(Mizzima)

အစိုးရတပ်သည် မည်သည့်လက်နက် ကိုင်ဌာနချုပ်ကိုမျှ သွားရောက် တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ လောက်ကိုင် ဒေသတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများမှာလည်း ကတိသစ္စာမဲ့ခြင်းကြောင့် ဖြစ်ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင်ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်(၁၃)ဖွဲ့နှင့် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံစဉ် ပြောလိုက်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့အပါအဝင် တပ်ပေါင်းစုအဖွဲ့နှင့် အစိုးရစစ်တပ်တို့အကြား လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကို ရည် ညွှန်းပြီး ''ငြိမ်းချမ်းရေးလို့ ပါးစပ်ကပြောပြီးတော့ စစ်မြေပြင်မှာ ဒီလိုဆောင်ရွက်တာတော့ မသင့် တော် ဘူးပေါ့။ သစ္စာမဲ့ရာ ကျတယ်လို့ပြောပါတယ်'' ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီးခွန် ဥက္ကာက မဇ္ဈိမကို ပြောသည်။

လောက်ကိုင်တိုက်ပွဲ ကေအိုင်အေ မပါဝင်ဟု ဦးလနန်ပြော

(DVB)

လက်ရှိဖြစ်ပွားနေတဲ့ အစိုးရနဲ့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေမှာ ကေအိုင်အေတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခြင်းမရှိဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့တို့ တွေ့ဆုံရာမှာ ကာကွယ်ရေးဦးစီးချုပ်က လောက်ကိုင်တိုက်ပွဲတွေအတွင်း ကိုးကန့်တပ်ဖွဲ့နဲ့အတူ တပ်ဖွဲ့တချို့ ပါဝင်ပတ်သက်နေပြီး ပါဝင်ပတ်သက်နေတဲ့ တပ်ဖွဲ့တွေ တာဝန်ယူရမယ်လို့ပြောဆိုချက်အပေါ်မှာလည်း ဘယ်အဖွဲ့ဖြစ်တယ်ဆိုတာ တိတိကျကျထုတ်ဖော်ပြောဆိုဖို့ ဦးလနန်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ရွှေနှင့်ပယင်းတူးဖော်သူများ ကေအိုင်အေ ထိန်းချုပ်နယ်မြေမှ ထွက်ရန် အစိုးရညွှန်ကြား

(DVB)

ကချင်ပြည်နယ် တနိုင်းမြို့ တောင်ဘက် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်မဟာ ၁၄ ထိန်းချုပ်နယ်မြေကို အစိုးရတပ်က နယ်မြေ ၀င်ရောက်ရှင်းလင်းဖို့ ရှိတဲ့အတွက် အလုပ်လုပ်နေ တဲ့သူတွေ ထွက်ခွာသွားဖို့ အစိုးရတပ်က ညွှန်ကြားထား ပါတယ်။

ပြည်သူတွေကို အကျိုးမရှိအောင် ကေအိုင်အေက လုပ်နေတယ်လို့ စွပ်စွဲပြီး နယ်မြေ ရှင်းလင်း မယ်လို့ ဖေဖော်ဝါရီလ ၁၂ ရက်က တရားဝင် ညွှန်ကြားခဲ့တာလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုကော်မတီဝင် ဦးဒွဲဗီဇာက ဒီဗွီဘီကို ပြောပါတယ်။

ကိုးကန့်ဒေသမှာတပ်မတော်အရာရှိစစ်သည်များကျဆုံးခဲ့ရခြင်း၏တရားခံဘယ်သူလဲ

စာရေးသူ။ ဗိုလ်မှူးအောင်လင်းထွဋ်



ပထမဦးစွာ မကြာသေးမှီက ကိုးကန့်ဒေသတွင် တပ်မတော်မှကျဆုံးသွားသော အရာရှိ စစ်သည်များ ၏ မိသားစုများကိုများစွာကြေကွဲဝမ်းနည်းရပါကြောင်း တင်ပြလိုပါသည်။
စာရေးသူသည် ၁၉၉၅ ခုနှစ် နှောင်းပိုင်း တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး၏ စစ်ဦးစီးမှူး(ဒုတိယတန်း) တာဝန်ထမ်းဆောင်နေစဉ်တွင် ကိုးကန့်ဒေသတွင် ကိုးကန့်တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့တွင်း ခေါင်းဆောင်များဖြစ်ကြသော ဖုန်ကြားရှင် ၊ ရန်မိုးလျံ ၊ မုန်ဆာလ တို့ အဖွဲ့တွင်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ခဲ့ပါသည်။ စစ်ထောက်လှမ်းရေးအနေဖြင့်ညှိနှိုင်းပေးရန် စစ်ဦးစီးမှူး (ပထမတန်း) ဒုဗိုလ်မှူးကြီး သန်းအေး (ကွယ်လွန်) ခေါင်းဆောင်ပြီး စာရေးသူ အဖွဲ့ဝင် အနေဖြင့်ကိုးကန့်ဒေသသို့သွားရောက်ခဲ့ရပါသည်။

လောက်ကိုင်တွင် အစိုးရတပ်က လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ဟုဆို

(Mizzima)

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ အနောက်မြောက်ဘက် ရန်လုံကြိုက်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တပ်ဖွဲ့များရှိရာသို့  ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းက အစိုးရ စစ်တပ်က ထပ်မံ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။

“တိုက်လေယာဉ်နဲ့ ဗုံးကျဲတယ်။ စက်သေနတ်နဲ့ ပစ်တယ်။ လေး စီးလာတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် အပါအ၀င် တပ်မတော်၏ အမျိုးသားရေးမူများကို ရှင်းပြ

(Eleven Media Group)



တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာ ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် အပါအ၀င် တပ်မတော်၏ အမျိုးသားရေး မူဝါဒများကို ရှင်းပြခဲ့ကြောင်း ဆွေးနွေးမှုတွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံက သိရသည်။

လောက်ကိုင် တိုက်ပွဲ ပြင်းထန်

(VOA)

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေ သ လောက်ကိုင်မြို့ အနောက် ဖက်ပိုင်း ကို သောကြာနေ့ မနက်ပိုင်းမှာ တပ်မတော် ဖက်က ပြန်လည် ထိုးစစ် ဆင်လာတဲ့ အတွက် တိုက်ပွဲအရှိန် တိုးလာဖို့ရှိနေတယ်လို့မြန် မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA)က ပြောပါတယ်။ လောက်ကိုင် နောက်ဆုံး အခြေနေတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ ထားပါတယ်။

အစိုးရ တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွား

(ဧရာဝတီ)

အစိုးရ တပ်မတော်နှင့် ဖုန်းကြားရှင် ဦးဆောင်သည့် ကိုးကန့် တပ်ဖွဲ့(MNDAA)တို့ ယနေ့ ညနေပိုင်းတွင် တိုက်ပွဲများ ပြန် လည်၍ ပြင်း ထန်စွာ ဖြစ်ပွားလျက် ရှိကြောင်း သတင်း ရရှိသည်။

ယနေ့ တိုက်ပွဲများတွင် အစိုးရတပ် ဂျက်လေယာဉ်များက လောက်ကိုင်မြို့နယ်၊ ဖုန်းချွေးရှန်း ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့များ ဆီသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း MNDAA က ဧရာဝတီသို့ ပြောသည်။

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် တပ်ဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ် လင်း က“ဒီနေ့ နေ့လယ် ၂နာရီ လောက်ကတော့ ဖုန်းချွေးရှန်းဘက်ကို စစ်တပ်ဘက်က ဂျက်လေယာဉ်တွေ သုံးပြီး တိုက်တယ်။ ကျနော် တို့လည်း စက်သေနတ်တွေနဲ့ ပြန်ပစ်တာရှိတယ်။ တိုက်ပွဲတွေကတော့ ဖြစ်နေသေးတယ်”ဟု ပြောပြသည်။

တပ်မတော်က ဘယ်အဖွဲ့ဌာနချုပ်ကိုမှ စတင်တိုက်ခိုက်ခြင်းမရှိဟု ကာချုပ်ပြော

(DVB)
တပ်မတော်က ဘယ်တပ်ဖွဲ့ရဲ့ ဌာနချုပ်ကိုမှ စတင်တိုက်ခိုက်ခြင်းမရှိဘဲ ကိုးကန့်တပ်ဖွဲ့က လောက်ကိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဌာနချုပ်ကို စတင်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံခိုက် သူက ခုလို ပြောဆိုလိုက်တာဖြစ်ပြီး ကိုးကန့်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်မှာ စိုးရိမ်မကင်း ဖြစ်မိတယ်လို့လည်း ပြောသွားပါတယ်။

Friday, February 13, 2015

လိုင်ဇာသို့ အစိုးရတပ် လက်နက်ကြီးဖြင့် အကြိမ် ၃၀ ခန့် ပစ်ဟုဆို

(Mizzima)

ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်ရှိရာ လိုင်ဇာသို့ အစိုးရတပ်မတော်မှ ဖေဖော်ဝါရီ ၁၂ ရက် ညနေအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စစ်ရေးတင်းမာနေသည်ဟု ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၆ နာရီမှ ၆ နာရီခွဲထိ လိုင်ဇာ၏ အနောက်တောင်ဘက်ရှိ ခရာတောင်၊ ဘွမ်ရယ်ဘွမ်နှင့် ဖုန်းပျဉ်ဘွမ်ရှိ အစိုးရ၏ စစ်တပ်ဘက်မှ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၃၀ ခန့် ပစ်ခတ်ခဲ့သလို၊ အစိုးရ စစ်အင်အားများလည်း တိုးမြင့်မှုများ ရှိသဖြင့် စစ်ရေးတင်းမာနေခြင်း ဖြစ်သည်ဟု သူက မဇ္ဈိမကို ပြောသည်။

အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရသော ဆရာမနှစ်ဦး အမှု တရားခံဖော်ထုတ်နိုင်ရေး အစာရှောင် ဆုတောင်းမည်

(ကချင်သတင်းဌာန)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် နမ်တောင်း (Namtau) ကျေးရွာအုပ် စု ကောင်းခါး (Kawng Hka) ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ ဝန်ထမ်း ကချင်ကျောင်းဆရာမ Maran Lu Ra နှင့် Tangbau Hkawn Nan Tsin တို့ အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရသော တစ်လပြည့်သည့် လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ၂၄ နာရီ ကမ္ဘာနှင့်တလွှား အစာရှောင်ဆုတောင်းရန် KBC က ပန်ကြားလိုက်သည်။

ရှမ်း/မြောက် သိန္နီ မြို့ အနီးတွင် တိုက်ပွဲ ဖြစ်

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုး-မှုဆယ် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ 
သိန္နီမြို့ အနီးတွင် ယနေ့ ည (၁၂.၂.၂၀၁၅) ရက်နေ့ ည (၁၀း၀၀) အချိန်ခန့် မှ 
စတင် ကာ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားနေ ကြောင်း ဒေသခံများထံ 
မှ သတင်းရရှိပါသည်။

" မြန်မာ စစ်တပ် နဲ့ ဘယ်အဖွဲ့ တွေ ဖြစ်တာ လားမသိဘူး တိုက်ပွဲက မြို့ နဲ့ တအားနီးတယ် လက်နက်ကြီး လက်နက် ငယ် အသံတွေ မျိုးစုံ ဘဲ ကြားနေ
ရတယ် အခု ဖြစ်နေတာ နာရီဝက်လောက်ရှိပြီ အရင်ည ကတော့ ရေပူ မှာ 
ဖြစ်တယ် ဒီညတော့ ဘယ်မှာ ဖြစ် ပြန်ပြီ လဲ မသိဘူး ဒီဘက်မှာ နေ့ တိုင်း 
လိုဘဲ တိုက်ပွဲ တွေ ဖြစ်နေ တယ် အခုရက်ပိုင်း၊ ဗမာ စစ်တပ်က လည်း အခြေ
အနေ မကောင်း လို့ ထင်တယ် ကျွန်တော် တို့ ဒေသခံ တွေ ကို ညအပြင် လုံးဝ မထွက်ခိုင်းဘူး " ဟုသိန္နီ ဒေသခံ တဦး ကပြောပြ သွားပါသည်။

ကိုးကန့်ဒေသ နောက်ဆုံးရတိုက်ပွဲ သတင်း(13-2-2015)

(Lachid Kachin)

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ တ၇ုတ်- မြန်မာ နယ်စပ် ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ၊ လောက်ကိုင်ဒေသတွင် မြန်မာ စစ်တပ် နှင့် ဦးဖုန်ကျားရှင်းဦးဆောင်သော ကိုးကန့်တပ် ဖွဲ့ တို့ (၉.၂.၂၀၁၅) ရက်နေ့မှ စတင် ကာ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား လျှက်ရှိရာ ယနေ့ ဆိုရင် (၄)ရက်မြောက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရပါသည်။

တိုက်ပွဲ ဖြစ်ပွားသော (၄)ရက်အတွင်း ယနေ့ အထိ မြန်မာ စစ်တပ်မှ ထိခိုက်ကျရှုံး မှု 
များပြီး မြန်မာ စစ်တပ်၏ ရှေ့တန်းစခန်း အတော်များများ အား လက်လွှတ်ဆုံးရှုံး ၊ ဆုတ်ခွာပေး လိုက်ရပြီ ဖြစ်ကြောင်း ကို လည်းသိရှိရပါသည်။

လောက်ကိုင်ဒေသတွင်း တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ကျဆုံးမှုများခဲ့ပြီး ကိုးကန့်ဟုဆိုသော အဖွဲ့များမှာ တရုတ်နယ်စပ်မှ ကြိုတင် စိမ့်ဝင်ရောက်ရှိကာ စနစ်တကျ ပြင်ဆင်လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမားများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူးအား အသိပေးထားကြောင်း အစိုးရ သတင်းထုတ်ပြန်

(Eleven Media Group)


လောက်ကိုင်ဒေသတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ကျဆုံးမှု များပြားခဲ့ပြီး ကိုးကန့်အဖွဲ့ဟု ဆိုသူများမှာ တရုတ်နယ်စပ်မှ ကြိုတင်စိမ့်ဝင် ရောက်ရှိကာ ဒုံးပစ်လောင်ချာ၊ လေယာဉ်ပစ် စက်သေနတ်များ အပါအဝင် စနစ်တကျ ပြင်ဆင်လေ့ကျင့်ထားသူများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူးအား အသိပေးထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် အစိုးရသတင်းဌာနများမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

ကိုးကန့်တိုက်ပွဲတွင် တပ်မတော်သား ၅၀ ခန့် ကျဆုံး

(DVB)

ပြီးခဲ့တဲ့ရက်က ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲများတွင်း တပ်မတော်ဘက်က အရာရှိ ၅ ဦး အပါအ၀င် တပ်မတော်သား ၄၇ ဦးကျဆုံးပြီး ၆၂ ဦးဒဏ်ရာရရှိခဲ့တယ် လို့ နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ် လောက်ကိုင်နဲ့ မော်ထိုက်မြို့တွေအနီးမှာ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက်အထိ ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့် တိမ်းရှောင် တပ်တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွား ခဲ့ရာမှာ အစိုးရဘက်က စစ်သည်တွေ ကျဆုံးဒဏ်ရာ ရရှိခဲ့တာလို့ ဆိုပါတယ်။

လောက်ကိုင်ဒေသတိုက်ပွဲ ထိခိုက်ကျဆုံးများပြား၊ ပုဒ်မ ၁၄၄ ထုတ်ပြန်

(RFA)

ရှမ်းပြည်နယ်မြောက်ပိုင်း လောက် ကိုင်မြို့တ၀ိုက်မှာ ဖုန်ကြားရှင် ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်စဉ်ပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ကူ များနှင့် လေကြောင်း ပစ်ကူ ၅ ကြိမ် ဆောင်ရွက်ခဲ့ ရကြောင်း၊ ဖြစ်စဉ်တလျှောက် တပ်မတော်မှ အရာရှိ ၅ဦး၊ စစ်သည် ၄၂ ဦး အသက်ပေးလှူခဲ့ပြီး၊ အရာရှိ ၁၁ ဦး စစ်သည် ၆၂ ဦး ဒဏ်ရာရရှိကာ မော်တော်ယာဉ် ၅ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ကိုးကန့်တိမ်းရှောင်အဖွဲ့ထံမှ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပြီး ကျဆုံး/ထိခိုက် ဒဏ်ရာရမှုအချို့ရှိခဲ့ကြောင်း အစိုးရက ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

ငြိမ်းချမ်းရေးအတွက် KIO ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်

(ကချင်သတင်းဌာန)

ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ယနေ့ ကျရောက်သော (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

KIO အနေဖြင့် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ကြသော နိုင်ငံရေး ပဋိပက္ခများ အဆုံးသတ်ကာ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က တွေ့ဆုံ ညှိနှိုင်းလျက်ရှိသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

Thursday, February 12, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်မည်ဟု KIO ထုတ်ပြန်ကြေညာ

(Mizzima)

နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရကြသော နိုင်ငံရေးပဋိပက္ခများ အဆုံးသတ်ကာ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် NCCT က တွေ့ဆုံညှိနှိုင်းလျက်ရှိသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး ဆက်လုပ်မည်ဟု ကတိပြုချက် ယနေ့ လက်မှတ်ရေးထိုးမည်

(Mizzima)

ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုချက်ပါသည့် ကြေညာချက် တစ်ခုကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေသည်ဟု သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က''မနေ့ကတော့ သမ္မတကြီးက ကေအင်န်ယူနဲ့ ဆွေးနွေးတယ်။ လက်မှတ်ထိုးတာ ဆိုတာကလည်း သဘောတူစာချုပ် မဟုတ်ဘူးပေါ့၊ ကျွန်တော်တို့ ပြောရ ရင်ကတိပြုချက် သဘောမျိုးလုပ်ဖို့တော့ ညှိနေတာရှိပါတယ်'' ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားသည်။

အပစ်ရပ်လက်မှတ် အမြန်ဆုံးရေးထိုးရန် တစညပါတီ တိုက်တွန်း

(Mizzima)

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) က တစ်နိုင်ငံလုံး အပစ်ရပ်စဲ ရေးသဘောတူညီချက် (NCA) တွင် အမြန်ဆုံး လက်မှတ်ရေး ထိုးကာ နိုင်ငံရေးဆွေးနွေး ပွဲ မူဘောင်နှင့် နိုင် ငံရေးဆွေးနွေး ပွဲများ အမြန် ဆုံး ပြုလုပ်ရန်လိုနေ သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အဖွဲ့ဝင် ဦးသိန်းထွန်းက တိုက်တွန်းပြောကြားသည်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ပါတီရုံးချုပ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကေအိုင်အိုအစိုးရ၏ ပြည်ထောင်စုနေ့ သဘောထားထုတ်ပြန်ချက်

(Jinghpawkasa)


UNFC ငြိမ်းချမ်းရေး ကြိုးပမ်းမှုနဲ့ မျှော်လင့်ချက်

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေး ရာဆွေးနွေးပွဲ အစီအစဉ် မှာတော့ မြန်မာနိုင်ငံ ကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အပြည့်အဝရှိတဲ့ အမျိုးသားပြည်နယ်များကို အခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းဖို့ (၆၈)ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်တွေအပေါ် ဘယ့်လောက်အထိ မျှော်လင့်ချက် ထားနိုင်ပါသလဲ။ အကောင်အထည် ဖော်နိုင်မယ့် အလားအလာ ဘယ်လောက် ရှိနိုင်သလဲဆိုတာ UNFC ရဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ကချင်ဆရာမ ၂ ဦးအတွက် ၁ လပြည့် ၀တ်ပြုဆုတောင်းပွဲများ တနိုင်ငံလုံး လုပ်မည်

(DVB)

ကချင်ဆရာမ ၂ ဦး အသတ် ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ၀တ်ပြုဆုတောင်းပွဲ ကို လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ မြန်မာတနိုင်ငံ လုံးမှာရှိတဲ့ ဂိုဏ်းပေါင်းစုံ ခရစ်ယာန် အသင်းချုပ်များစုပေါင်းပြီး ကျင်းပပြုလုပ် သွားဖို့ ရှိပါတယ်။

ဆရာမ ၂ ဦး အသတ်ခံရတဲ့ တလပြည့်နေ့မှာ ၀တ်ပြုဆုတောင်းကြမှာဖြစ်ပြီး တနိုင်ငံလုံးရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ၀တ်ပြုဆုတောင်းကြမယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် အတွင်းရေးမှူး ဒေါက်တာဆမ်ဆန်က ပြောပါတယ်။

UNFC, ၏ သဘောထားထုတ်ပြန် ကြေငြာချက် (11,2,2015)

(Lachid Kachin)

တာရွှေထန်တိုက်ပွဲ တွင် (ခ.မရ-၅၂၂) တပ်ရင်းတခုလုံးကျဆုံး

(Lachid Kachin)

(၁၁.၂.၂၀၁၅) ရက်နေ့ ရှမ်းပြည် နယ်မြောက် ပိုင်း ကိုးကန့်ဒေသ၊ တာရွှေထန် 
(လာက်ကိုင် ဒေသ) သို့ တိုင်းရင်းသား တပ်ပေါင်းစုအား တိုက်ခိုက်ရန် အတွက် စစ်ကားကြီး (၈)စီးဖြင့် ထိုးစစ်ဆင် လာသည့် ခမရ(၅၂၂) တပ်ရင်း တရင်း လုံး 
ဖွဲ့စည်း ပုံ ပျက် ခဲ့ရကြောင်း သိရှိရ ပါသည်။

တိုက်ပွဲတွေအရေး ကိုးကန့် အမတ်တွေနဲ့ လွှတ်တော်အကြီး အကဲဆွေးနွေး

(RFA)

ရှမ်းပြည်မြောက် ပိုင်း လောက်ကိုင်မြို့ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ် သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသက လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင် က အစိုးရတပ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကတပ်တွေ ပူးပေါင်းပြီး နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့အတွက် မကြာခင်မှာ တည်ငြိမ်သွားနိုင်တယ်လို့ ပြောပါတယ်။

Wednesday, February 11, 2015

ပြည်ထောင်စုနေ့ အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ တက်ရောက်မည် မဟုတ်

(Mizzima)

နေပြည်တော်တွင် အစိုးရက ဦးစီးပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖိတ်ကြားထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် အဖွဲ့သုံးဖွဲ့မှာ အခမ်းအနားကို တက်ရောက်မည် မဟုတ်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဌာန အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက မဇ္ဈိမကိုပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြားထားရာ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO), ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ( KNPP) , တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ က အခမ်းအနားကို မတက်ရောက်ဖြစ်ကြောင်း ပြန်လည် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ကိုးကန့် တိုက်ပွဲကြီးများ ရပ်စဲ

(ဧရာဝတီ)

မြန်မာ့ တပ် မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် တပ်ဖွဲ့(MNDAA) အကြား တိုက်ပွဲ များ နှစ်ရက်ကြာ ပြင်း ထန်စွာ ဖြစ်ပွား ခဲ့ပြီးနောက် ယနေ့ တွင် တိုက်ပွဲများ ရပ်စဲသွားကြောင်း သတင်းရရှိသည်။

မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် တပ်ဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်း က “ဒီနေ့ တိုက်ပွဲတွေ မဖြစ်ပါဘူး။ သူတို့တပ်တွေက ထိုးစစ်ဆင်ပြီး လာမတိုက်တော့ ကျနော်တို့ဘက်ကလည်း ဇွတ်သွားတိုက်တာ မရှိ ပါဘူး”ဟု ဧရာဝတီကို ပြောကြားသည်။

တပ်မတော်နှင့် ကိုးကန့်အဖွဲ့ ဦးဆောင်သည့် ပူးပေါင်းတပ်တို့ လောက်ကိုင်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး ပိုမိုပြင်းထန်လာနေ

(Eleven Media Group)



တပ်မတော်နှင့် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ တပ်ပေါင်းစု (MNDAA) ကိုးကန့်အဖွဲ့၊ တအာင်း အမျိုးသား လွတ်မြောက် ရေး တပ်ဖွဲ့ (TNLA)၊ ရက္ခိုင့် တပ်ဖွဲ့ (AA) တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီ ၁၁ ရက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး လောက်ကိုင်မြို့ပေါ်တွင်ပါ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ပေါ်၌ ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းအထိ ဖြစ်ပွားခဲ့သည်။

အစိုးရက ဖက်ဒရယ်ကို အပေါ်ယံလောက်သာ လက်ခံတယ်ဆိုတာ ပေါ်သွားပြီ – နိုင်ဟံသာ

(DVB)

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့အကြား ပြည်ထောင်စုနေ့မှာ ‘ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးကတိက၀တ်တရပ်’ လက်မှတ်ရေးထိုးကြဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ကမ်းလှမ်းချက်ကို အစိုးရက သဘောမတူဘူးလို့ ယူအန်အက်ဖ်စီ ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။
နိုင်ငံတော်သမ္မတကိုယ်တိုင် တိုင်းပြည်ကို ပြောကြားခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ သဘောထားကို ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးကြဖို့ ယူအန်အက်ဖ်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လက သမ္မတဦးသိန်းစိန်ထံ ဇန်န၀ါရီလ ၁၈ ရက်နေ့က စာရေးသားကမ်းလှမ်းခဲ့ပါတယ်။

ကိုးကန့် ဒေသ နောက်ဆုံးရ တိုက်ပွဲ သတင်း (11.2.2015)

(Lachid Kachin)

ကိုးကန့်ဒေသ တွင် (၉) ရက်နေ့ မှ စတင် ကာ မြန်မာ စစ်တပ် နှင့် ဦးဖုန်ကျားရှင်း ဦးဆောင် သော ကိုးကန့် အဖွဲ့ တို့ အပြင်းအထန် တိုက်ပွဲ ပြန်လည် ဖြစ်ပွား လျှက်
ရှိကြောင်း သိရှိရပါသည်။


တိုက်ပွဲ များ တွင် ကိုးကန့် တပ်ဖွဲ့ များ ဘက်မှ TNLA, ရခိုင်တပ်မတော် နှင့် တိုင်းရင်း
သားတပ်ပေါင်းစုတို့ ပါဝင် တိုက်ခိုက်နေကြောင်းလည်း သိရှိရပါသည်။တိုက်ပွဲ အတွင်း 
(၉.၁၀) ရက် တို့ တွင် မြန်မာ စစ်တပ် ဘက် မှ (အရာရှိ-၄)ဦး ကျဆုံးပြီး တပ်စခန်း အတော် များများ ဆုတ်ခွာ ပေးလိုက်ရခြင်း ကြောင့် လေကြောင်း မှ စစ်ရဟတ်ယာဉ်များ ၊ ဂျက်တိုက်လေယာဉ် များ ဖြင့် အကြိမ် ပေါင်း များစွာ ပစ်ကူပေးခဲကြောင်း သိရှိရ 
ပါသည်။ 


ရှမ်း/မြောက် KIA, တပ်ရင်း (၉) ဒေသတွင် တိုက်ပွဲ ပြင်းထန်

(Lachid Kachin)

ရှမ်း ပြည်နယ်မြောက် ပိုင်း ကေအိုင်အေ တပ် မဟာ (၄) လက်အောက်ခံ ၊
ကေအိုင်အေ တပ်ရင်း (၉) ဒေသ တွင် ယနေ့ နံနက် အစောပိုင်း (၂)နာရီ 
အချိန် တွင် အပြင်း အထန် တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။

ယနေ့ (၁၁.၂.၂၀၁၅) ရက်နေ့ နံနက် (2-am)နာရီ အချိန် ရှမ်းပြည်နယ်
မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၉) ဒေသ ဖြစ်သော ကွတ်ခိုင် နှင့် 
မော်ဟန်ကျေးရွာ အကြားရှိ နောင်ခရူ အနီးရှိ ခိုင်ကျင်းဘွမ် တွင် မြန်မာ
စစ်တပ် နှင့် ကေအိုင်အေ တပ်ရင်း(၉) တို့ တပ်တို့ အပြင်းအထန် တိုက်ပွဲ
ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မြစ်ကြီးနား ပင်မတက္ကသိုလ်ရှေ့ မှာ ကျောင်းသားတွေ ဆန္ဒပြ

(RFA)

ကချင်ပြည်နယ် မြစ်ကြီး နားမြို့ မြစ်ကြီးနား ပင်မ တက္ကသိုလ်ရှေ့မှာ တက္ကသိုလ်ကျောင်း သား ကျောင်းသူ ၅၀ လောက်က အမျိုးသားပညာရေး ဥပဒေကို ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

နိုင်ငံရေးအဖွဲ့ အစည်းတွေရဲ့ လွှမ်းမိုးမှုမပါဘဲ ကျောင်း သား ကျောင်းသူတွေ ရဲ့ ဆန္ဒသဘောထားကို ဖော်ထုတ် တာဖြစ်တယ်လို့ ဗန်းမော် ခရိုင် ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဥက္ကဌ ကိုဇော်ထက်အောင်က ပြောပါတယ်။

လောက်ကိုင်တွင် အစိုးရတပ်က လေကြောင်းမှ တိုက်ခိုက်ဟု TNLA ထုတ်ပြန်

(Mizzima)

ရှမ်းပြည်အရှေ့မြောက်ဘက် လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ စစ်တပ်တို့ ဖေဖော်ဝါရီ ၁၀ ရက်က တိုက်ပွဲ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပြီး ညနေ ၄ နာရီ ၁၇ မိနစ်ခန့်တွင် အစိုးရတပ်က ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်နေဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က ထုတ်ပြန်လိုက်သည်။

ကိုးကန့်တိုက်ပွဲ လေတပ်သုံးတိုက်ခိုက်

(VOA)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ဒီကနေ့လည်း အနည်းဆုံး ၂ နေရာလောက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရဘက်က လေတပ်သုံး တိုက်ခိုက်တာတွေ ရှိတယ်လို့ ကိုးကန့်ဘက်က ပြောပါတယ်။

ဒေသတွင်းတိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာ ဈေးတွေ၊ ကျောင်းတွေ ပိတ်ထားခဲ့သလို အရပ်သားတွေ ထောင်နဲ့ချီပြီး တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်တာတွေလည်း ရှိနေပါတယ်။ ကိုးကန့်ဒေသက နောက်ဆုံးအခြေအနေကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ကိုးကန့်အရေး ငြိမ်းချမ်းစွာအဖြေရှာဖို့ မြန်မာကို တရုတ်တိုက်တွန်း

(VOA)

တရုတ်-မြန်မာ နယ်စပ် အနီး ကိုးကန့်ဒေသတ၀ိုက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေဟာ နယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေပြီး ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တရုတ်အစိုးရ က ဖေဖော်ဝါရီ လ ၁၀ ရက်နေ့ က တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ငြိမ်းချမ်းရေး မလိုချင်သ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေး တိုက်ခိုက်နေမှာ ဖြစ်တယ်လို့လည်း တရုတ်-မြန်မာဆက်ဆံရေး လေ့လာနေသူ ဒေါက်တာ လှကျော်ဇော က ဝေဖန်ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင် က တင်ပြထားပါတယ်။

ကိုးကန့် MNDAA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းနှင့် အင်တာဗျူး

(ဧရာဝတီ)

ရှမ်းပြည် အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသမှာ ယခုရက်များ အတွင်း မြန်မာ့တပ် မတော်နဲ့  မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) လို့ အမည်ပေးထားတဲ့ ကိုးကန့်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။

MNDAA အဖွဲ့ဟာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီမှ စတင် ခွဲထွက်ပြီး န၀တ စစ်အစိုးရနဲ့ အစောဆုံး ငြိမ်းချမ်းရေး ယူခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရခဲ့တဲ့အတွက် မူးယစ်ဆေးဝါး၊ လက်နက်စက်ရုံ စသည့်ကိစ္စရပ်များကို အကြောင်းပြပြီး ကိုးကန့်အဖွဲ့ (MNDAA) ကို မြန်မာ့တပ်မတော်က တိုက်ခိုက်ခဲ့ပြီး ကိုးကန့်ဒေသကို ထိန်းချုပ်ခဲ့ပါတယ်။

အစိုးရ တပ်နှင့် ဖုန်ကြားရှင်တပ်များ တိုက်ပွဲ ဆက်လက်ပြင်းထန်

(ဧရာဝတီ)

ရှမ်းပြည်နယ် မြောက် ပိုင်း ကိုးကန့်ဒေ သ၌ မြန်မာ့ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင် သည့် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များ ကြား ယခုရက်ပိုင်း အတွင်း တိုက်ပွဲများ ပြန်းထန်စွာ ဖြစ်ပွားလျက် ရှိကြောင်း သတင်းရရှိသည်။

လောက်ကိုင်မြို့နယ် ညံခွမ်းကျေးရွာ အရှေ့မြောက်ဘက်တွင် ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းက နှစ်ကြိမ်၊ တောက်ရွှေ ကျေးရွာ အနီး၌ တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မော်ထိုက်မြို့အနီးရှိ တပ်မတော်စခန်းကို ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစိုးရ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

Tuesday, February 10, 2015

KBC ဆရာမ နှစ်ဦး အမှုမှန်ဖော်ထုတ်ပေးရန် အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ်မှ ဝန်ကြီးချုပ်သို့ တောင်းဆို

(ကချင်သတင်းဌာန)

အဓ္ဓမပြုကျင့်၍ သတ်ဖြတ်ခံခဲ့ ရသော ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ ဝန်ထမ်းကျောင်း ဆရာမ နှစ်ဦး၏အမှုကို တရားမျှတစွာ ဖော် ထုတ်ပေးရန် မြန်မာနိုင်ငံ တွင် ရောက်ရှိနေသော အမေရိကန်နှစ်ခြင်း အဖွဲ့ချုပ် (American Baptist Churches USA) မှ အထွေထွေ အတွင်းရေး မှူး Rev. Dr. Roy Medley က ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဖေဖော်ဝါရီလ ၉ ရက် တွေ့ဆုံ၍ ပြောဆိုခဲ့သည်ဟု KBC ၏ အတွင်းရေးမှူး Rev. Dr. Hkalam Samson က ပြောသည်။

မြစ်ကြီးနား ကျောင်းသားသပိတ်



အမျိုးသားပညာရေး ဥပဒေ ဆန့်ကျင်ဆန္ဒပြ ပွဲများ မြစ်ကြီးနားတွင် ယနေ့စတင်ခဲ့ သည်။ မြစ်ကြီးနား တက္ကသိုလ်၊ မြစ်ကြီးနား ကွန်ပျူတာ တက္ကသိုလ်၊ မြစ်ကြီးနား GTC တို့မှ ကျောင်းသား များနှင့် ဗန်းမော်ခရိုင် ဗကသတို့ ပူးပေါင်းပြီး အဆိုပါတက္ကသိုလ်များသို့ ယနေ့ လှည့်လည် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနား တက္ကသိုလ် ဝင်းအတွင်းသို့ ဝင်ရောက်ခွင့် မရသဖြင့် ကျောင်းပြင်ပမှာပင် ဆန္ဒပြခဲ့ရကြောင်းသိရသည်။


----------------------------------...----------------------------------

ဒေသခံတွေကိုယ်တိုင် ဦးဆောင်တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး

(ဧရာဝတီ)

တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ် နယ်စပ် အနီးမှ တောင်ပေါ် ရွာလေးများ ဝန်းရံထား သည့် နမ့်ခမ်းမြို့သို့ အပြန်လမ်းက ယခင် ကာလများက ထက်စာလျှင် ပိုမိုအေးချမ်းနေသည်။ ဤလမ်းသည် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် အစိုးရတပ်မတော် တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလေ့ ရှိသည့် နေရာလည်း ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် စစ်ဆေးရေး စခန်းများ မရှိ တော့ဘဲ ၆ နာရီကြာ ခရီးသွားရသည့် လားရှိုးမြို့သို့ လှပသည့်တောင်တန်းများနှင့် စားကျက်မြေများကြားမှ ဖြတ်သန်း၍ အဆီးအတားမရှိ သွားလာ နိုင်သည်။

ကိုးကန့်နဲ့မြန်မာစစ်တပ် တိုက်ပွဲကြောင့် နှစ်ဘက်ကျဆုံးမှုရှိ

(VOA)

ရှမ်းပြည်အရှေ့မြောက် တရုတ်-မြန်မာ နယ်စပ်နား က လောက်ကိုင်ဒေသ မှာ ဖေဖေါ်ဝါရီလ (၉) ရက် တနင်္လာနေ့ ကမြန်မာ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ် ခဲ့ပြီး နှစ်ဖက် တပ်သားတချို့ ဒဏ်ရာ ရခဲ့ပါတယ်။ ဒါ့အပြင် တိုက် ပွဲကြောင့် ဒေသခံတွေ ဟာ တရုတ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးနေကြပါ တယ်။ မြန်မာစစ်တပ်ဘက်က စစ်သုံးရဟတ်ယာဉ် (၃) စီးနဲ့ ဝေဟင်ကနေ ပစ်ခတ်ခဲ့တယ်လို့ ကိုးကကန့်တပ် က ပြောပါတယ်။ စုံစမ်းမေးမြန်းထား တဲ့မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြပေး ထားပါတယ်။

လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်၊ ကချင်၊ တအာင်း ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိ

(Eleven Media Group)



ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်တွင် တပ်မတော်နှင့် ကိုးကန့်၊  ကချင်၊ တအာင်း ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။ 


အဆိုပါ လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်အရာရှိတစ်ဦးက “လောလောဆယ် လေးနေရာလောက်မှာ ဖြစ်နေတယ်လို့ ကြားတယ်။ ကုန်းကြမ်းဘက်မှာ ကွမ်းလုံဘက် တစ်ကြောမှာပါ။ ၁၂ နာရီခွဲလောက်မှာ တပ်တွေကို ဟိုဘက်က စတိုက်တာ”ဟု ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။

ကြပ်တည်းနေသော ဒုက္ခသည်များကို ၈၈ မျိုးဆက်များ ကူညီပေး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် Ginsi ကျေးရွာရှိ ကချင်စစ်ပြေး ဒုက္ခသည်များကို ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း က စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းနိုင်ခဲ့ သည်ဟု ၈၈ ကျောင်း သားခေါင်းဆောင် ကိုမြအေးက ပြောသည်။

ဖေဖော်ဝါရီလ ၆ ရက်က Ginsi (ကံစီး) ကျေးရွာနှင့် အောင်ဘာလေ (သန်းဂေါင်) ကျေးရွာရှိ စစ်ပြေးဒုက္ခသည်များကို ကိုမြအေး ဦးဆောင်သော ကျောင်းသားခေါင်းဆောင်များက အလှူရှင်များ၏ ကူညီထောက်ပံ့သော ဆန်အိတ် ၁၀၀၀ နှင့် အခြားစားနပ်ရိက္ခာများကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

Monday, February 9, 2015

ကချင်ဆရာမ နှစ်ဦးသတ်ခံရမှု ကေဘီစီက သိက္ခာတော်ရပါဝင်သည့် စုံစမ်းရေး ကော်မတီဖွဲ့စည်း

(Mizzima)

သံသယရှိသူများအနက် နှစ်ဦးမှာ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွင် တိမ်းရှောင်နေဟု ပြည်ထဲရေးဝန်ကြီးပြော
ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် အဓမ္မကျင့်ကာ သတ်ဖြတ်ခံရသော ဆရာမနှစ်ဦး၏ အမှုကိစ္စအတွက် ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဒေသခံ ရှေ့နေများ၊ သိက္ခာတော်ရ ဆရာတော်များ ပါဝင်သည့် စုံစမ်းရေးကော်မတီ ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
 
 

ဆရာမနှစ်ဦး သတ်ဖြတ်ခံရမှု ခရစ်ယာန် အဖွဲ့ချုပ်က စုံစမ်းမည်

(RFA)

ရှမ်းပြည်နယ် မူဆယ်မြို့ နယ်၊ ကောင်းခါးကျေးရွာ မှာ ကျောင်း ဆရာမနှစ်ဦး သတ်ဖြတ် ခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ကော်မတီကို ဖွဲ့စည်း လိုက်ပါတယ်။

အဲ့ဒီအမှုမှန်ပေါ်ပေါက်ရေးကော်မတီဟာ အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းရေးအဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်သွား မှာဖြစ်တယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဦးလမာယော်က ပြောပါတယ်။

ကချင်ကျောင်းသား ၆၀ ကျော် တိုက်ပွဲများကြောင့် စာမေးပွဲ မဖြေရ

(RFA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက် ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ တဲ့အတွက် ကျောင်းသား ကျောင်းသူ ၆၀ ကျော် စာမေးပွဲဖြေဆိုနိုင်ခြင်း မရှိကြောင်း အောင်ဘာလေကျေး ရွာ အလယ်တန်းကျောင်းအုပ်ဆရာမကြီးက ပြော ပါတယ်။

အောင်ဘာလေကျေးရွာ အလယ်တန်းကျောင်းမှာ သူငယ် တန်းကနေ သတ္တမတန်းအထိ တက်ရောက်နေ တဲ့ ကျောင်းသား ကျောင်းသူတွေထဲက ၆၀ ကျော်ဟာ အတန်းတင် စာမေးပွဲမဖြေလိုက်ရဘူးလို့ ကျောင်းအုပ် ဆရာမ ဒေါ်ဂျာအောင်က ပြောပါတယ်။

ပလန ဒုက္ခသည်စခန်း မီးလောင်

(Jinghpawkasa)

မြစ်ကြီးနားမြို့ ပလနကျေးရွာ ကျောင်းကုန်း ရပ်ကွက်ရှိ ဒုက္ခသည်စခန်းဆောင် ၆ဆောင် ဖေေ ဖ်ာဝါရီ ၇ ရက်နေ့မနက် ၄း၀၀နာရီ အချိန်ခန့်တွင် မီးလောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်သွားသည့်အဆောင် ၆ဆောင်မှာ လူနေဆောင် ၃ဆောင်နှင့် မီးဖိုချောင်အဆောင် ၃ဆောင်တို့ဖြစ် သည်။သို့သော် မည်သည့်နေရာမှစလောင်ခြင်းအား မသိရှိရကြောင်း နှင့် မီးဖိုချောင်အဆောင်မှ စလောင် နိုင်ခြင်း ဖြစ်ကြောင်း ဒုက္ခသည်စခန်းတာဝန်ခံမှ သုံးသပ်ပြောကြားသည်။


“ ဘယ်နေရာကနေစလောင်တာကိုတော့ အတိအကျ မပြောနိုင်ဘူး ဒါပေမယ့် မီးဖိုချောင်ကနေတော့ဖြစ်နိုင် တယ်” ဟုစခန်းတာဝန်ခံမှဆိုသည်။