Friday, February 6, 2015

ကုလတာဝန်ရှိသူ ကချင်အရေး အထူးစိုးရိမ်

(VOA)

ကချင်ပြည်နယ်တွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေသူတွေ ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခွင့်ပေးဖို့နဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးခွင့်ရဖို့ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေကို ကုလသမဂ္ဂက ပန်ကြားလိုက်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒီနှစ်ဆန်း ဇန်နဝါရီ ၁၄ ရက် စတင်ပြီး ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြား ရောက်နေတဲ့ ဒေသခံတွေအတွက် အထူး စိုးရိမ်စိတ်ပူကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ်  Ms. Renata Dessallien က ဖေဖေါ်ဝါရီလ ၅ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
 

ပြည်ထောင်စုနေ့ အပစ်ရပ်ရေးလက်မှတ် မထိုးဖြစ်တော့ကြောင်း အစိုးရ အတည်ပြု

(ဧရာဝတီ)

ပြည်ထောင် စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ သမ္မတ ဦးသိန်းစိန် ရဲ့ ကမ်း လှမ်းချက်ဟာ မဖြစ်တော့ဘူးလို့ သမ္မတ ရုံးဝန်ကြီး လည်းဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UPWC) ဒု ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဝန်ကြီး ဦးအောင်မင်း က ပြောလိုက်ပါတယ်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ (UPWC) အဖွဲ့တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ အပြီးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။

အစိုးရ တပ် နှင့် TNLA တိုက်ပွဲများကြောင့် ဒုက္ခသည် ရာချီ၍ တိမ်းရှောင်နေရ

(ဧရာဝတီ)

ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ် မတော် တို့ အကြား ဖြစ်ပွားခဲ့သော ၃ ရက်ကြာ တိုက်ပွဲ များကြောင့် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်မှ ဒေသခံ ရာချီ၍ စစ်ဘေး လွတ်ရာ သို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်း ရရှိ သည်။

ရွှေညောင်ပင်၊ လွယ်ဆာ၊ ကုန်ဆာ၊ လွယ်ဝိန်၊ ပင်ပစ်၊ ဝင်္ကဘာ၊ ဆိုင်လိန် စသည့်ကျေးရွာများ အပါအဝင် ကျေးရွာ ၁၀ ရွာမှ ထွက်ပြေး တိမ်းရှောင်လာသည့် ပလောင်၊ လီရှောနှင့် တရုတ်လူမျိုး ဒုက္ခသည် ၆၀၀ ခန့်သည် မိုးကုတ်မြို့ပေါ်ရှိ အရှေ့ရွာကျောင်းတိုက်၊ ရှမ်း ကျောင်းတိုက်နှင့် ရတနာသီရိ ကျောင်းတိုက်တို့တွင် ခိုလှုံလျက်ရှိကြောင်း၊ ကျန်ဒုက္ခသည်များမှာ တိုက်ပွဲနှင့်ဝေးရာ တောထဲ၌ ပုန်းရှောင်နေကြရကြောင်း ယင်းစစ်ဘေးရှောင်ဒုက္ခသည် များထံမှ စုံစမ်း သိရသည်။

အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဆက်လက်တိုက်ခိုက်

(RFA)

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည် နယ် ဒေသတွေမှာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေနဲ့ အစိုးရ တပ်တွေကြား ဒီသီတင်းပတ် အတွင်း တိုက် ပွဲတွေပြင်းထန် လာခဲ့ရာမှာ နှစ်ဖက် အကျအဆုံး အနည်းဆုံး ၂ဝ ၀န်းကျင်ရှိ မယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အင်တာနက် Facebook စာမျက်နှာမှာတော့ တနင်္လာနေ့ ကစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အစိုးရတပ်ဘက်က ၉ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အအဖွဲ့တွေဘက်က ၁၁ ဦး ကျဆုံးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ကချင်လူ့အခွင့်အရေး ချိုးဖောက်မှု ဖော်ထုတ်နေသူများ အား အစိုးရစစ်တပ် ခြိမ်းခြောက်မှုရှိနေ

(ကချင်သတင်းဌာန)

မြန်မာ သတင်းထောက် များနှင့် လူ့အခွင့်အရေး အတွက် ခုခံ ကာကွယ်ပြော ဆိုနေသူများ ကို တရားစွဲဆိုခြင်းနှင့် ခြိမ်းခြောက်မှုများ ရပ်တန့်ရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၃ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်က ရှမ်းပြည်နယ် မူဆယ်ခရိုင် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ စေတနာ့ဝန်ထမ်းကျောင်းဆရာမ Maran Lu Ra (မရန်လုရာ) နှင့် Tangbau Hkawn Nan Tsin (တန်ဘောင် ခေါန်နန်စင်) တို့ မတရား အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့ မှုအပေါ် စုံစမ်းဖော်ထုတ်နေသူများကို ခြိမ်းခြောက် နှောက်ယှက်ခံနေရသည်ဟု ဆိုသည်။

Thursday, February 5, 2015

ဒီမိုကရေစီ ငရဲစခန်းသို့ ဖြတ်သန်းခဲ့သူ

(Kachin Waves)
မေရီ။

ဒေါသထွက်နေသည့် စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိများက လူတစ်ယောက်ကို လက်ဝှေ့ လေ့ကျင့်ရေးရုံထဲမှ သဲအတ် တစ်အိတ်လိုသဘော ထားပြီးသူတို့ စိတ်ကြိုက်ထိုး လိုက်ကန်လိုက်လုပ်ကြသည်။

အနီးနား မှာတော့ နံပါတ်တုတ် ကိုယ်စီကိုင်ထားသည့် အာဏာပါးကွက်သားများ လည်းရပ်ကြည့်နေသည်။

နံရံထက်မှာတော့ တစ် ချက်ထိလိုက်တိုင်း ငရဲရောက်သလိုခံစား သွားရမည့်လျှပ်စစ်ကျင်စက်များ။

ဒါဟာ နာဇီတွေရဲ့ အကျဥ်းစခန်းလဲမဟုတ်ပါဘူး။

ဖားကန့်တပ်မမှ ဖမ်းထားသည့် အလောင်းစောင့် (၄)ဦးယခုထိ မလွတ်လာသေး

(Kachin Waves)

ဖားကန့်တပ်မမှ ထိန်းသိမ်းခံထားရသည့် ကိုလဆမ် (ကချင်)၊ ဦးထွန်းသိမ်း(ရခိုင်)၊ ကိုစံလင်းအောင်(ရခိုင်)၊ ကိုအိုက်လင်း(ရှမ်း) တို့သည် ယခုအထိပြန်မလွတ်လာသေးကြောင်းသတင်းရရှိသည်။
ဖားကန့် ဒေသ ဂျပ်ဂတ်မော်တွင် ဖေဖော်ဝါရီ (၃) ရက်နေ့က ကျောက်တူးနေစဉ်လက်နက်ကြီးကျပြီး သေဆုံးခဲ့ရသည့် မောင်ကွမ်ဒင့်နော်အောန်၏ အလောင်အားစောင့်နေသည့် ကျင်းတူး သူငယ်ချင်း (၄)ဦးအား ဖားကန့်တပ်မတွင် ဖမ်းဆီးထားခေါ်ဆောင်သွားခြင်းဖြစ်သည်။

KIA, တပ်ရင်း (၆, ၉, ၂၆)ဒေသတို့ တွင် တိုက်ပွဲ ဖြစ်၊ မြန်မာတပ် မှ အရပ်သားများ အားအကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်နေ

(Lachid Kachin)

(3.2.2015) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ဖါးကန့် ကေအိုင်အေ တပ်ရင်း (၆) ဒေသ တွင် ကေအိုင်အေ တပ်ရင်း (၆) နှင့် မြန်မာ စစ်တပ် တပ်မ(၆၆) သို့ ဖိုးဝီး ကား (၃)စီး ဖြင့် စစ်ကူ လာ သော မြန်မာ စစ်တပ် တို့ တိုက်ပွဲ ဖြစ် ပွားကြောင်း ကေ အိုင်အေ ရှေ့တန်းအရာရှိများထံ မှ သတင်းရရှိပါသည် ။

၃.၂.၂၀၁၅ ရက်နေ့ ညနေ (၅)နာရီ အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၉) ဒေသ ထိုးစစ်ဆင်ရန် စစ်ကူ အဖြစ် လားရှိုး ဘက် မှ စစ်ကား ကြီး (၅)စီး ဖြင့် တက် လာစဉ် ကွတ်ခိုင်တောင်သုံးဆယ် (လွယ်ဆမ်ဆစ်) နှင့် မာန်ပိန်း အကြားတွင် တိုက် ခိုက်ခံရ ကြောင်း သတင်းရရှိပါသည်။

TNLA ကို အစိုးရတပ်က လေယာဉ်များအသုံးပြု တိုက်ခိုက်နေဟု ဆို

(ဧရာဝတီ)

ရှမ်းပြည်နယ် မြောက်ပိုင်း မှာ အစိုးရ တပ်မတော်နဲ့ ပလောင် (တအာင်း) အမျိုး သား လွတ်မြောက်ရေး တပ် မတော်(TNLA) တို့အကြား အခုလ ၂ ရက်နေ့ ကစပြီး ဒီနေ့ မနက်ပိုင်း အထိ တိုက် ပွဲတွေ ဖြစ် ပွားနေကြောင်း သတင်း ရရှိပါတယ်။

မိုးမိတ်၊ မိုးကုတ်မြို့နယ်တို့မှာ အခြေစိုက်တဲ့ TNLA တပ်တွေကို အစိုးရတပ်မ (၈၈) နဲ့ (၇၇) တို့က မြေပြင် စစ်ကြောင်းတွေနဲ့ ထိုး စစ်ဆင် တိုက်ခိုက်နေသလို ဝေဟင်ကလည်း လေယာဉ်တွေအသုံးပြုပြီး တိုက်ခိုက်နေတာ တွေ့နေရတယ်လို့လည်း ကွင်းဆင်းမှတ် တမ်း တင်နေတဲ့ ပလောင်(တအာင်း) ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး(TSYO) က ပြောပါတယ်။

မြစ်ကြီးနားမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေး ဆိုင်းငံ့ထား ဖို့ တောင်းဆို

(RFA)

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် မြစ်ကြီး နားမြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့စီစဉ် တာကို ဆိုင်းငံ့ထားပေး ဖို့ ကချင် အမျိုးသားများ အတိုင် ပင်ခံအဖွဲ့က ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေး သားတောင်းဆိုထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ချမှတ်ခဲ့တဲ့ ဖက်ဒ ရယ်ပြည်ထောင်စုလိုမျိုး ဖြစ်ပေါ်လာတဲ့ အချိန်မှသာ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူခွင့်ပေးဖို့ တင်ပြထားတာဖြစ် တယ်လို့ ကချင် အမျိုးသားများအတိုင်ပင်ခံအဖွဲ့ အတွင်းရေးမှူး ဦးလဘန်ဂမ်အောင်က ပြောပါတယ်။

ဇန်န၀ါရီ (၂၅) တွင်ဗမာစစ်တပ် ခမရ (၅၀၂) မီးရှို့သတ်ဖြတ်လိုက်သော အပြစ်မဲ့ပြည်သူများ

(Jinghpawkasa)


၁. မောင်မဟော်လဂျာ (အသက် ၂၀)

၂. မောင်လထော်ခွန်ဖုန်း (အသက် ၁၈)

၃. ဦးမရန်ဒွဲရိန်း (အသက် ၂၄)

၎. ဦးမရန်ယော် (အသက် ၄၅)

ကချင်ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ် အချိန်မတန်သေးဟု WMR အဖွဲ့သတိပေး

(ကချင်သတင်းဌာန)

ဗိုလ်ချုပ်အောင် ဆန်း နှစ် ၁၀၀ ပြည့် အထိန်းအမှတ် အဖြစ် ကချင်ပြည် နယ် မြစ်ကြီးနားမြို့ တွင် ဗိုလ်ချုပ်ပုံတူ ကြေးရုပ်တု ထားရှိမည့်ကိစ္စကို အချိန် မတန်သေးကြောင်း ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ (WMR) က ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ သတိပေး စာပေးပို့ထားသည်ဟု WMR ဥက္ကဌ ဒူဝါလထော်ခွန်ဆိုင်းက ပြောသည်။

“ဗိုလ်ချုပ်ကြေးရုပ် ဒီမှာထားဖို့က အခုမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးနေတယ်။ ပင်လုံ ကတိကဝတ် ရဖို့ ကြိုးပမ်းနေတာ ဘာကတိကဝတ်တောင် မရသေးဘဲနဲ့ ဗိုလ်ချုပ်ကြေးရုပ်က ကချင်ပြည်နယ်မှာ ထားမယ်ဆိုတာက စဉ်းစားစရာပါ” ဟု သူကပြောသည်။

ပိတ်မိနေသော ကချင်ဒုက္ခသည်များထံ ၈၈ ကျောင်းများ စားနပ်ရိက္ခာသွားရောက် ကူညီမည်

(ကချင်သတင်းဌာန)

ရှစ်လေးလုံး ငြိမ်း ချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ကချင်ပြည် နယ် ဖားကန့်မြို့နယ် Ginsi ကျေးရွာအတွင်းရှိ ကချင်စစ်ပြေး ဒုက္ခသည်များ အတွက် ဆန်အိတ် ၁၀၀၀ နှင့် အခြားစားနပ်ရိက္ခာများ သွားရောက်လှူဒါန်းမည် ဖြစ်ကြောင်း ရှစ်လေးလုံးကျောင်း သားခေါင်းဆောင် ကိုမြအေးက ပြောသည်။

ဆရာတော် ရဝေနွယ်(အင်းမ)နှင့် မြစ်ကြီးနားမြို့ခံများ၏ လှူဒါန်းမှုများကို ရှစ်လေးလုံး ခေါင်းဆောင်များက ဖားကန့်မြို့နယ် Ginsi ကျေးရွာရှိ ခိုလှုံနေသော ကချင်စစ်ပြေးဒုက္ခသည် ၂၀၀၀ ခန့်ကို မနက်ဖြန် ဖေဖော်ဝါရီလ ၅ ရက်တွင် မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

Wednesday, February 4, 2015

၈၈ မျိုးဆက် ကချင်ပြည်နယ် ကယ်ဆယ်ရေးခရီးထွက်

(RFA)

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးရွာတဝိုက်က စစ်ပြေးဒုက္ခသည်တွေအတွက် ဆန်အိပ် ၁ ထောင်နဲ့ အခြားစားနပ်ရိက္ခာတွေကို လှူဒါန်းဖို့ ဒီနေ့ မြစ်ကြီးနားကို သွားမှာဖြစ်ပါတယ်။

ဆရာတော် ရဝေနွယ် (အင်းမ)နဲ့ မြစ်ကြီးနားဒေသခံတွေ ရဲ့ အကူအညီကို သူတို့အဖွဲ့က သွားရောက်ပေးအပ် မှာဖြစ်တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ကိုမြအေးက RFA ကို ပြောပါတယ်။

"ဖားကန့်က ကံဆီးကျေးရွာကို သွားပြီးတော့မှ စစ်ဘေးဒုက္ခသည်တွေကို ဆန်အိတ်တစ်ထောင်နဲ့ တခြားစားစရာသောက်စရာတွေပါမယ်ပေါ့၊ အဲ့ဒါကို ကျနော်တို့ ဒီနေ့သွားလှူဖို့ရှိပါတယ်"

မော်ဟန်ကျေးရွာ ဒေသခံများအား အစိုးရတပ်မှ ဖမ်းဆီးခေါ်ဆောင်

(Kachin Waves)

-ရှမ်းပြည်မြှောက်ပိုင်း မော်ဟန်ကျေးရွာဒေသခံ(၁၀)ဦးခန့်အား အစိုးရတပ် ခလရ(၂၄၁)မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။

-၂၀၁၅ဇန်န၀ါရီလ (၃)ရက်နေ့ နေ့လည်ပိုင်းတွင် မော်ဟန်ကျေးရွာအနီးတွင် အစိုးရတပ်နှင့်ကေအိုင်အေ တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှထိုဒေသခံများအား တစ်နေရာတွင်စုစည်းကာ မေးမြန်းတွေ့ရှိခဲ့ကြောင်းသိရသည်။

-ထိုသို့စစ်ဆေးမေးမြန်းပြီးနောက် ဒေသခံ(၁၀)ယောက်ခန့်အား ကွတ်ခိုင်ဗျူဟာသို့ အစိုးရတပ်မှ ဖမ်းဆီးခေါ် ဆောင်သွားကြောင်းသိရသည်။

စစ်တပ် မှ မော်ဟန်ရွာ သား (၁၀)ဦးအား ဖမ်းဆီးနှိပ်စက်။ ရွာသားများ၏ ပစ္စည်းများ အား လုယူ။

(Lachid Kachin)

(၃.၂.၂၀၁၅) ရက်ေန့ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင် မြို့ နယ် ၊ ကွတ်ခိုင် နှင့် တာမုံန်းညှဲ အကြား ရှိ မောဟန်ကျေးရွာ သို့ မြန်မာ စစ်တပ် များရောက်ရှိ လာပြီး 
မော်ဟန်ကျေးရွာ ၊ရပ်ကွက် (၄) အတွင်း ရှိ ရွာသားများ ၏ အိမ်များမှ ပစ္စည်း များ အား ၄င်း စစ်သားများ (ဗမာစစ်သား) များ မှ ၄င်း တို့ ကြိုက်သော ရွာသားများ ၏အိမ်ထဲရှိ အဖိုးတန်ပစ္စည်း များ အား အကုန် ယူဆောင်သွားကြောင်း ဒေသခံများထျံမှ သိရှိရပါသည်။


ပျောက်ဆုံးနေသူ (၄)အားဖားကန့်တပ်မမှ ဖမ်းဆီး စစ်ဆေးနေ

(Kachin Waves)

ဖားကန့် ဒေသ ဂျပ်ဂတ်မော်တွင် ဖေဖော်ဝါရီ (၃) ရက်နေ့က ကျောက်တူးနေစဉ်လက်နက်ကြီးကျပြီး သေဆုံးခဲ့ရသည့် မောင်ကွမ်ဒင့်နော်အောန်၏ အလောင်အားစောင့်နေသည့် ကျင်းတူး သူငယ်ချင်း (၄)ဦးအား ဖားကန့်တပ်မတွင် ဖမ်းဆီးထားပြီး 
စစ်ဆေးနေကြောင်းသတင်းရရှိသည်။

၁၅ ရက်အတွင်းသတ်ဖြတ်ခံရသူ ၈ဦးရှိ

(Kachin Waves)

ဇန်နဝါရီ ၁၉ရက်မှ ဖေဖော်ဝါရီ ၂ရက်နေ့ အထိ အရပ်သား ပြည်သူ သတ်ဖြတ်ခံရသူဦးရေ ၈ဦးရှိခဲ့ပြီး ကချင်ပြည်နယ် ဖားကန့် မြို့ မှတစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ် မှ ၇ဦးတို့  ဖြစ်သည်။

ထို့ အတူ ပျောက်ဆုံးနေသူများလည်းရှိသည်။ ဖားကန့် မြို့ မှ ၄ ဦးပျောက်ဆုံးနေပြီး ရှမ်းပြည်နယ်မှ ၁ဦးပျောက်ဆုံးနေသည်။

Tuesday, February 3, 2015

အလောင်းစောင့်နေသည့် ကျောက်တူးသမားလေးဦး အား အစိုးရတပ်မှဖမ်းဆီးခေါ်ဆောင်

(Kachin Waves)

၂၀၁၅ ဖေဖော်ဝါရီ ၂ရက်နေ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွား သည့် ကျောက်တူး သမား ဒေးဗစ် နော်အောန်၏ အလောင်းအား ၄င်း၏သူငယ်ချင်းလေး ဦးမှ စောင့်နေစဉ် အင်အားတိုးချဲ့လာသည့် အစိုးရတပ်မှ ဖမ်းဆီးခေါ်ဆောင် သွား ကြောင်းသတင်းရရှိသည်။

အစိုးစစ်တပ်မှ ကချင်လူငယ် ၃ ဦးအား မီးရှို့သတ်ထား

(ကချင်သတင်းဌာန)

ရှမ်းပြည်နယ် မူဆယ်မြို့နယ် မလွန်ဘန်းခါးကျေးရွာသား သုံးဦး အပါအဝင် ရွာသားလေးဦးကို အစိုးရ စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် ခုနှစ်ရက်ကြာ ပျောက်ဆုံးခဲ့ရာမှ မီးရှို့သေဆုံးနေသည့် အလောင်းကို ဇန်နဝါရီလ ၃၁ ရက်က တွေ့ရှိခဲ့သည်ဟု မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာရှိ ဆရာဂျာခွန်းအောင်က ပြောသည်။

မူဆယ်-နမ်ဖတ်ခါကားလမ်းပေါ်ရှိ မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာမှ မောင် မဟောလဂျာ (၂၁ နှစ်)၊ မောင် လထော်ခွန်ဖုန်း (၁၈ နှစ်)၊ ဟူဖြတ်ကျေးရွာမှ မောင် မရန်ယောဟန် (၂၀နှစ်)၊ ဦးဒွဲရိန် (Slg. Doi Ring) တို့ လေးဦး၏ အလောင်းအား မီးရှုံ့သေဆုံးနေမှုကို ဖေဖော်ဝါရီလ ၁ ရက်က သင်္ဂြိုဟ်လိုက်ခြင်း ဖြစ်သည်။

အစိုးရတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံတစ်ဦးသေဆုံး

(Kachin Waves)


ဖားကန့်မြို့တွင် ၂၀၁၅ ဇန်နဝါရီ ၂ ရက်နေ့၌ အစိုးရတပ်နှင့် ကေအိုင်အေ တပ်ကြား တိုက်ပွဲများပြန်လည်ဖြစ်ပွား ခဲ့ပြီး ဖားကန့် ဗျူဟာ ကုန်းပေါ်မှ ဂျန်ဂတ်တာင် သို့ လက်နက်ကြီးပစ် ခတ်မှုကြောင့် ကျောက် တူးနေ သည့် ဒေး ဗစ် နော်အောန် အသက် ၂၀နှစ်အားထိမှန် ကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

အစိုးရတပ်မှ ဖားကန့်ဂါးရာယန် တွင်နေရာယူတပ်စွဲထားပြီး ဂါးရာယန်လမ်း နှင့် ဂျန်လွမ်းလမ်းတွင် ယမန်နေ့ တစ်နေ့လုံးတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ညနေမိုးချုပ်သည့်အချိန်မှ တိုက်ပွဲငြိမ်သွားခဲ့ကြောင်းဒေသခံတစ်ဦးမှဆို သည်။

ပျောက်ဆုံးနေသည့် မလွန်ဘန်ခါးရွာသား လေးဦး၏ ရုပ်အလောင်းများ တွေ့ရှိ

(ဧရာဝတီ)
ရှမ်းပြည်မြောက် ပိုင်း နမ့်ဖတ်ကာ – မူဆယ် လမ်းမဘေးရှိ မလွန်ဘန်ခါး ကျေး ရွာမှ ပျောက်ဆုံးနေသော ကချင်အမျိုးသား ၄ ဦး၏ မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းများကို ဒေသခံများ ယမန်နေ့က တွေ့ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား ၄ ဦးသည်  မလွန်ဘန်ခါးကျေးရွာနှင့် ၇ မိုင်ခန့်ဝေးသည့် မီးသွေးဖိုသို့ အလုပ်သွားလုပ် ရာမှ ပျောက်ဆုံး နေခဲ့သူများ ဖြစ်ပြီး မီးရှို့အသတ်ခံရသည်ဟု ယူဆကြောင်း၊ ၎င်းတို့ မီးရှို့ ခံရသည့် နေရာသည် ယခင်တပတ် အတွင်း အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ ဖြစ်ခဲ့သည့်နေရာ ဖြစ်ကြောင်း မလွန်ဘန်ခါးကျေးရွာ ကချင်နှစ်ခြင်း အသင်းတော် (KBC) မှ ဦးမုန်အောင်က ဧရာဝတီသို့ ပြောသည်။

Monday, February 2, 2015

(ခမရ-၅၀၂) မှ ကချင် အရပ်သား (4) ဦးကို ရက်စက်စွာ နှိပ်စက်၊ မီးရှို့ သတ်ဖြတ်

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း တွင် မြန်မာ စစ်တပ် (ခမရ-၅၀၂) မှ အပြစ်မဲ့ ကချင် ရွာ သား (4)ဦး အား ယခု ရက်ပိုင်း အတွင်း ထပ်မံ ရက်စက် စွာ နှိပ်စက် သတ်ဖြတ် ပြီး မီးရှို့ သတ် ဖြတ် ခဲ့ ကြောင်း သတင်းရရှိပါသည်။

ရှမ်း ပြည် နယ်မြောက်ပိုင်း "မလွန်ဘွမ်ခါး ကျေးရွာ" မှ ရွာ သားများ သည် ၄င်းတို့ 
၏မီးသွေးတွင်း သို့ မီးသွေး သွား ဖုတ် နေကြစဉ် (၂၅.၁.၂၀၁၅) ရက်နေ့ ၌ မြန်မာ
စစ်တပ် (ခ.မ.ရ-၅၀၂) စစ်ကြောင်း မှ ၄င်းတို့ အား ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ ခြင်း ဖြစ်ပြီး ၄င်း တို့ အား ထမင်းသွားပို့ သော ရွာသား (၁) ဦးမှာ ကံကောင်းထောက်မစွာ ထွက်ပြေး လွတ်မြောက် လာခဲ့ ကြောင်း သိရှိရပါသည်။


ယခင် အပစ်ရပ် စာချုပ်များအား လွှတ်တော် တင်ရေးကို အစိုးရ၊ လွှတ်တော်နှင့် တိုင်းရင်းသားတို့ ကွဲလွဲစွာ အဓိပ္ပါယ် ဖွင့်ဆိုနေ

(ရွှေဟင်္သာသတင်းဌာန)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖော်ဆောင် နိုင်ရေး အတွက် NCA စာချုပ်၌ ပါရှိသည့် အချက် တစ်ချက် ဖြစ်သည့် ယခင် ချုပ်ဆို ထားသည့် တိုင်း/ ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များအား လွှတ်တော် တင်သွင်း အတည်ပြု ရေးနှင့် ပတ်သက်၍ လွှတ်တော်၊ အစိုးရနှင့် တိုင်းရင်းသား များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ အကြား ကွဲလွဲသည့် အဓိပ္ပါယ် ဖွင့်ဆိုချက် များကြောင့် တစ်ဆို့နေသည့် အခြေအနေ ရှိနေကြောင်း NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

“ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းကာ အတည် ပြုချက် ရယူရန် သဘော တူသည် ဆိုပြီးတော့ အဲဒီလို ရေးထားတယ်။ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းကာ အတည် ပြုချက် ရယူရန် သဘောတူသည် ဆိုတဲ့ ဟာကတော့ အတည်ပြု ရမယ်လို့ ထည့်လိုက်တော့ လွှတ်တော် ဘက်က ခံစားချက် မကောင်းဘူး။ ဒီဘက်က အမိန့်ပေး သလို ညွှန်ကြား သလို ဖြစ်နေတယ်။  ဒါက တော်တော်လေး တစ်ဆို့ တယ်နော်” ဟု နိုင်ဟံသာက ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

လက်နက်ကိုင် အဖွဲ့ကြီးလေးဖွဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

(RFA) (1-2-2015)

ငြိမ်းချမ်းရေးဖော်ဆောင်ရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဇန်နဝါရီလ ၃ဝ ရက်နေ့က အထူးဒေသ (၄) မိုင်းလားဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးလေးဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို KNU ကရင်အမျိုးသားအစည်းအရုံး၊ UWSA ဝပြည်သွေးစည်းညီညွတ်ရေး၊ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေး၊ ရှမ်းပြည်တပ်မတော်နဲ့ မိုင်းလား အထူးဒေသ (၄) MDAA အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြပါတယ်။

လက်ရှိအခြေအနေအရ လာမဲ့ဖေဖဝါရီလ ၁၂ ရက်နေ့မှာ တစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုရေးမှာ အခက်အခဲတွေ ရှိနေနိုင်တဲ့အတွက် တစ်ပြည်လုံး စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အခုလို ငြိမ်းချမ်းရေး ဖော်ဆောင်ရေးစာချုပ်ကို ချုပ်ဆိုဖို့လိုအပ်နေတယ်လို့  ဆွေးနွေးပွဲတက်ရောက်သူ RCSS/SSA က ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက ပြောပါတယ်။