Saturday, January 24, 2015

အစိုးရစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် နှစ်ဦးမှ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးအားပြန်လည် လွှတ်ပေး ခြင်းမရှိသေး

(Kachin Waves)


ဗိုလ်မှူးဝင်းထွန်းအောင် ဦးဆောင်သော ခလရ (၆၈)တပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်သွား သည့် နှစ်ဦးထဲမှတစ်ဦး ဖြစ်သူ လရှန်းတူးနန်မှာ သေဆုံး သွားပြီဖြစ်ကြောင်း နှင့် ရုပ်အလောင်း လာရောက်ကောက်ယူရန်အစိုးရစစ်တပ်မှ ၂၃ ဇန်နဝါရီ တွင် မော်ဟန်အုပ်ချုပ်ရေးမှူးထံ အကြောင်း ကြားလာရာ ယနေ့ ၂၄ ဇန်နဝါရီ ၂၀၁၅တွင် သွားရောက်ကောက်ယူပြီး မနက်ဖန်သဂြိုလ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

၂၂ ဇန်နဝါရီတွင် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာရှိ ရင်ခွဲတောင် သွားရာလမ်းလရှန်းတူးနန် နှင့် ၄င်း၏သူငယ်ချင်းဖြစ်သူမှာ သစ်ခုတ်နေသည့်အချိန်တွင် တိုက်ပွဲဖြစ်လာသောကြောင့် ပုန်းခိုလျက်ရှိရာ အစိုးရစစ်တပ်မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

သမိုင်းဝင်ဓာတ်ပုံထဲက ကချင် တိုင်းရင်းသူ လဖိုင်နဲမ်ရာ

(ဧရာဝတီ)

ထိုင်းနိုင်ငံ မြောက် ပိုင်း ချင်းဒေါင်းနယ်ရှိ ဘန့်မိုင်ဆာမာခီ ဆိုတဲ့ ကျေးရွာရဲ့ ခြံဝန်းကြီး တခုထဲမှာ ထူးထူးခြားခြား အုတ်ဂူတခုကို တွေ့ရ ပါတယ်။ ထိုင်းဘုရင် မင်းမြတ်က မြန်မာနိုင်ငံက ကချင်တိုင်း ရင်းသား စစ်ပြေးဒုက္ခသည် တွေအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က နေထိုင်ခွင့်ပြုပြီး တည်ပေးခဲ့တဲ့ ဘန့်မိုင်ဆာမာခီရွာမှာတွေ့ရတဲ့ အုတ်ဂူမှာ အောက်ပါအတိုင်း ရေးထား ပါတယ်။

“အဘွား အော်ဟစ်ဆူပူတိုင်း ကျနော်/ကျမတို့ ထွက်ပြေးခဲ့ကြတယ်။ ဒါပေမယ့် ညတိုင်း အဘွား နားမှာပဲ အားလုံး နေခဲ့ကြပါတယ်။

ငါ မရန်လုလာ၊ ငါ ခေါန်နန်ဆင်

(ဧရာဝတီ)

ဇန်န၀ါရီ ၁၉ ရက်ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း က ကောင်းခါးကျေး ရွာ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းဝင်း ထဲမှာ စေတနာ့ ဝန်ထမ်း ကျောင်း ဆရာမနှစ်ယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံလိုက်ရ တဲ့ အဖြစ်အပျက်ဟာ “ငါ မရန်လုလာ၊ ငါ ခေါန်နန်ဆင်” လို့ ကြွေးကြော်ရမယ့် ကိစ္စဖြစ်ပါတယ်။

ပါရီမြို့က ချာလီဟဘ်ဒိုမဂ္ဂဇင်း အကြမ်းဖက်ခံရပြီးပြီးချင်း ပါရီမြို့သားတွေ လမ်းပေါ်ထွက်လာပြီး “ငါ ချာလီ”လို့ ဆန္ဒပြခဲ့သလို ကချင်နှစ်ခြင်းအသင်းတော် (KBC) ကိုယ်စားပြုပြီး ကောင်းခါးကျေးရွာက ကလေးသူငယ်တွေကို စေတနာ့ဝန်ထမ်း စာသင်ကြားနေသူ ဆရာမလေးတွေရဲ့ ရုပ်အလောင်း ပြန်သယ်ရာမှာလည်း လမ်းတလျှောက်မြို့တွေမှာ အမှုမှန်ဖော်ထုတ်ပေးဖို့ ဒေသခံ ထောင်ချီထွက်ပြီး ဆန္ဒပြခဲ့ကြတယ်။

လွှတ်တော်ကြီးက မြန်မာ့ငြိမ်းချမ်းရေးအတွက် မကူနိုင်တော့ဘူးလား

(Mizzima)

၂ဝ၁၅ နှစ်စတွင်ပင် စိတ်မချမ်းမြေ့ ဖွယ်သေနတ်သံများမြန်မာပြည်မြောက်ဖျား ကချင်ဒေသ တွင်ပြန်လည်ကြား လာရပြန်သည်။ မငြိမ်း ချမ်းနိုင်သေး သည့်ဒေ သတွင်း ပစ်ခတ်မှု များနှင့် သေကြေကျ ဆုံးမှုများသည် တစ်နှစ်လည်း မဟုတ် နှစ်ပေါင်း ၆ဝ နီးပါး ကြာမြင့်ခဲ့ ပြီဖြစ်သည်။

ကြာမြင့်လှ ပြီဖြစ်သော ပြည်တွင်း စစ် ပဋိပက္ခ များကြောင့်ဖြစ်ပေါ် လာသည့် စစ်ဘေး ဒုက္ခသည်များ အရေး၊ဒေသ တွင်းဖွံ့ဖြိုးမှု အခြေအနေ၊ ထိုဒေသနေပြည် သူ တို့၏ ကျန်းမာရေး၊ ကလေးများ အနာဂတ်  အတွက် ပညာရေး အစရှိသည် အခြေ အနေတို့ လွန်စွာ နိမ့်ပါးနေ သည်ကိုလည်း အားလုံး အသိပင်ဖြစ်သည်။

ဘာဖြစ်ပြန်ပြီလဲ ငြိမ်းချမ်းရေးအတွက် တစ်ထောင့် တစ်နေရာ

(Mizzima)

ကိုမျိုးသန့်ရေ
ကျွန်တော် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် က  ရန်ကုန် ပတ်ခ်ရွိုင်ရယ် ဟိုတယ်မှာ Internews Myanmar အဖွဲ့  ရဲ့ 'မီဒီယာနဲ့  လူထုအဖွဲ့ အစည်း  အကြား အပြန်အ လှန်ဆွေးနွေးပွဲ ကို တက်ခဲ့တယ်။ ဒီဆွေးနွေးပွဲ ကို ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ မီဒီယာ သတင်းဖော်ပြမှုများ စဉ်ဆက်မပြတ် တိုးတက်ကောင်း မွန်ရေးအစီ အစဉ် အရပြု လုပ်တဲ့နောက် ဆုံးဆွေးနွေး ပွဲဖြစ် ပါတယ်။
 
 
အဲဒီဆွေးနွေးပွဲမှာ လက်နက်ကိုင် တိုက်ပွဲ၊လူမျိုးရေး ဆိုင်ရာ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သတင်း မီဒီယာတွေ ဘယ်လိုဖော်ပြနေကြသလဲ၊ ၂ဝ၁၄ ခုနှစ်အတွင်း မှာတိုးတက်မှု ရှိလာသလား၊နောက်ထပ် ဘာလို အပ်ချက်ေ တွ ရှိဦးမလဲ အပြန် အလှန် ပွင့်ပွင့် လင်းလင်းဆွေးနွေး ကြတာပါ။
ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီနေ့ဆွေးနွေး ပွဲထက်Internews အဖွဲ့ရဲ့တစ်နှစ်ကြာ သတင်းမီဒီယာ သင်တန်း အစီအစဉ် အကြောင်းပြောပြ ချင်ပါတယ်။

ဖားကန့်မှာ ဆင်တိုက်ခိုက်မှုကြောင့် လူ ၅ ဦးသေဆုံး

(RFA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောမှော်ကျေး ရွာမှာ သစ်ဆွဲ အိမ်ဆင် တစ်ကောင်ဟာ မုန်ယိုပြီး လိုက် လံသောင်းကျန်းနေရာမှာ လူငါးဦးသေ ဆုံး ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆင်ရဲ့အမြင့်ဟာ ၉ပေနီးပါးရှိပြီး အရွယ်အစား ကြီးမားတဲ့အတွက် ဖမ်းဆီးနှိမ်နှင်းဖို့ ခက်ခဲနေကြောင်း လုံးခင်းကျေးရွာသား ဦးတင့်စိုးက ပြောပြပါတယ်။

စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အသတ်ခံရသည့်ကိစ္စ မလေးရောက် နိုင်ငံရေးအဖွဲ့များ ဆန္ဒဖော်ထုတ်

(Mizzima)

ကချင်ပြည်နယ်အတွင် အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ရန်၊ အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့သော ကချင်ကျောင်း ဆရာမ နှစ်ဦးအတွက် မလေးရှာနိုင်ငံရောက် နိုင်ငံရေး အဖွဲ့အစည်းများ စုပေါင်း၍ ဇန်နဝါရီ ၂၄ရက် နေ့လည်က ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

ကချင်ပြည်နယ်အရေးနှင့် မြန်မာ့နိုင်ငံရေးအတွက် ဖက်ဒရယ် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (AFD) က ဦးစီး၍ မလေးရှားနိုင်ငံ Senthang Christian Fellowship ဘုရားကျောင်းတွင် မလေးရှာနိုင်ငံရောက် ၈၈ ကျောင်းသားများ၊ အမျိုးသားဒီမိုကရေကရေစီ အဖွဲ့ချုပ် (NLD)များ မြန်မာကြိုးပမ်းလူငယ်များအဖွဲ့၊ ကချင်အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်း ၇ဖွဲ့ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကချင်ကျောင်းဆရာမနှစ်ဦး အသတ်ခံရခြင်းကို သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးရန် အမျိုးသမီးအဖွဲ့များ ကတောင်းဆို

(Mizzima)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊နမ့်တောင်ကျေးရွာ အုပ်စုကောင်း ခါးကျေးရွာတွင် အသတ်ခံရ ၍သေဆုံး ခဲ့ရသည့် ကချင်တိုင်းရင်း သူကျောင်းဆရာမနှစ်ဦးနှင့် ပတ်သက် ၍ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံဝင်းထဲ ရှိကျောက်တိုင်ရှေ့တွင် အမျိုးသမီး အဖွဲ့များက အမှုမှန်ပေါ်ပေါက်ရေး သီး ခြား စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပေးရန် ဇန်နဝါရီ ၂၃ရက်တွင် ဆုတောင်းပွဲ ပြုလုပ်တောင်း ဆိုလိုက်သည်။

အဆိုပါဆုတောင်းပွဲသို့ အမျိုးသမီး အဖွဲ့များ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများမှ လူအင်အား ၃ဝကျော် ဖြင့် ပန်းခွေချခြင်း၊ တစ်မိနစ်ငြိမ် သက်ခြင်း တို့ပြု လုပ်ခဲ့ကြသည်။

ငြိမ်းချမ်းရေး အတွက် ဘာလိုနေသလဲ

(VOA)

ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ က ဗိုလ်ရှုခံသဘင် ပွဲတော်ကိုလာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က လာမယ့် ဖေဖေါ်ဝါရီ ၁၂ ရက်၊ ပြည်ထောင်စုနေ့မှာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကို လက်မှတ်ရေးထိုးချင်တဲ့ အကြောင်း သူ့ရဲ့ ဆန္ဒကို ပြောဆိုခဲ့ပါတယ်။ အခု အဲဒီ မျှော်လင့်ချက် မဖြစ်နိုင်တော့ပါဘူး။ အကြောင်းကတော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတဲ့အပြင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်တွေ စုပေါင်းထားတဲ့ NCCT အဖွဲ့ ဆွေးနွေးမယ့် ရက်တောင် မသတ်မှတ်နိုင်သေးလို့ပါပဲ။ ဒီထက် ပိုဆိုးတာက ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကရော၊ သမ္မတ ပြောခွင့်ရ ၀န်ကြီးဦးရဲထွဋ်ကပါ ကေအိုင်အိုဟာ ငြိမ်းချမ်းရေး မလိုချင်ဘူးလို့ စွတ်စွဲ ပြောဆိုတာတွေ ရှိခဲ့သလို၊ ကေအိုင်အို ဘက်ကလည်း တုန့်ပြန် ပြောဆိုမှုတွေ ရှိလာတာပါ။ တပ်ချုပ်နဲ့ ၀န်ကြီးဦးရဲထွဋ် ဘာတွေ ပြောခဲ့သလဲ၊ သူတို့ ပြောတာတွေ အမှန်ပဲလား၊ တစ်တိုင်းပြည်လုံး အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ ဘာတွေ လိုမလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အစိုးရစစ်တပ်များ ခေတ္တ ထိုးစစ်ရပ်ထားပြီး အင်အားဖြည့်နေ

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် ဖားကန့်မြို့ နယ် ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ တပ်မ ဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေအတွင်း အစိုးရ စစ်တပ် သို့ ထိုးစစ်ဆင်ခြင်း မရှိသဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေ သည် ဟု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က ပြောသည်။

ဇန်နဝါရီလ ၂၂ ရက် ဖားကန့်မြို့နယ် KIA တပ်ရင်း ၆ နယ်မြေအတွင်း တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၂၃ ရက်တွင်မူ အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်မှု မရှိသေးပဲ အင်အားဖြည့်တင်းမှုများသာရှိနေသည်ဟု သူက ပြောသည်။

ကေအိုင်အေတပ်ရင်း (၉) ဒေသတွင်တိုက်ပွဲများပြင်းထန်နေ

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အို အစိုးရ တောင်ပိုင်း တိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောင် ကေအိုင်အေ တပ်ရင်း (၉) ဒေသဖြစ်သော နမ့်အုမ်နှင့် နမ့်ခမ်းကြား Mum Pri Bum တွင် တိုက်ပွဲဖြစ် ပွားနေကြာင်း သတင်း ရရှိပါသည်။ ဗမာအစိုးရ စစ်တပ် တပ်မ (၈၈) မှ ကေအိုင်အေ တပ်ရင်း (၉) လက်အောက်၊ တပ်ခွဲ (၂) တို့၏ Mun Pri Bum စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင်း ယခုသတင်းရေးသားချိန်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနျင့် ဗမာစစ်တပ်တို့ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေကြာင်း သတင်းရရှိပါသည်။

ထို့အတူ မူဆယ်နှင့် ကွတ်ခိုင်ကြား Nam Hpulun Bum တွင်လည်း သတင်းရေးသားချိန်အထိ တိုက်ပွဲများဖြစ်ပွားနေကြာင်း သတင်းရရှိပါသည်။

ကေအိုင်အေတပ်ရင်း (၃၆) နယ်မြေတွင် တိုက်ပွဲပြင်းထန်လျက်ရှိ

(Jinghpawkasa)
ကချင်ပြည်နယ် ကေအိုင်အို အစိုးရ တောင်ပိုင်း တိုင်း ကေအိုင်အေ တပ်မဟာ (၄) အုပ်ချုပ်ဒေ သဖြစ်သော မုံဘောနယ် ဘန်ကန်း Chyahka Kawng တွင် ယခုအချိန်တိုက်ပွဲ များ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါ သည်။ ကေအိုအေ တပ်ရင်း (၃၆) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ် ခလရ (၁၀၃) တို့နှင့် တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ် ပွားနေကြောင်း ရှေ့တန်း သတင်းအရသိရှိရပါသည်။

Friday, January 23, 2015

Dap Dung (36) ginra hta gasat gala bai byin

(eedy)

Lahta Sam Mung, KIA Dap Ba (4) npu Dap Dung (36) ginra Mung Baw Mai Hpang makau kaw myen asuya hpyen dap Dap Nu (88) npu na Hk.L.Y (103) dap na Bo Moe Thet Nain Oo woi awn ai hpyen hpung ni hte KIA Dap Dung (36) na hpyen hpung ni gasat gala majan byin ai lam chye lu ai.

အသတ်ခံရသည့် စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး ဈာပန လူသောင်းချီလိုက်ပို့

(Mizzima)

အဓမ္မပြုကျင့်ခံရ ၍ သေဆုံး ခဲ့သော ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ၏ ကချင်ကျောင်း ဆရာမ နှစ်ဦး၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၃ ရက်တွင် ကချင်လူထု သောင်းနှင့်ချီ ကချင်ပြည် နယ် မြစ်ကြီး နားမြို့ ဂျော်ဘွမ်သုဿန်သို့ လိုက်ပို့ခဲ့ သည်ဟု ဈာပန အခမ်းအနား တက်ရောက်ခဲ့သော ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။

ကချင်ပြည်သူလူလူထုများသည် ဇန်နဝါရီလ ၂၃ ရက် နံနက် ၉ နာရီချိန်တွင် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ KBC ကျောင်းဝင်းမှ တပ်ကုန်းရပ်ကွက်ထိ ဆရာမနှစ်ဦး၏ အခေါင်းကို လူနှင့်ထမ်း၍ သယ်ဆောင်ခဲ့ပြီး ထိုမှ နောင်နန်းကျေးရွာရှိ AD 2000 ခန်းမထိ ကားဖြင့် ဆက်လက် သယ်ဆောင်သွားခဲ့ကြသည်ဟု သိရသည်။

ကချင်ဆရာမ ၂ ဦး ဈာပန စည်ကား

(VOA)



ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်ခရိုင် အတွင်းမှာ သတ်ဖြတ်ခံရတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် KBC က စေတနာဝန်ထမ်းဆရာမ ၂ယောက်ရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကျင်းပရာမှာ လူထု ပရိသတ် သောင်းချီ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်သူတွေကအမျိုးသမီးတွေရဲ့ဘ၀လုံခြုံရေးနဲ့ အမှုမှန်ပေါ် ပေါက်ရေး အတွက် တောင်းဆိုတဲ့ စာတမ်းတွေကိုင်ဆောင်လာခဲ့သလို KBC က တာဝန်ရှိသူကတော့ အမှုမှန် ပေါ်ပေါက်ရေးအတွက် နိုင်ငံတကာရဲ့ အကူအညီကို ရယူသွားမယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ဆရာမ ၂ ဦး ဈာပနအခမ်းအနား လူထုသောင်းချီ တက်

(DVB)



ရှမ်းပြည်မြောက် ပိုင်း မူဆယ် ခရိုင်မှာ စေတနာ့ဝန်ထမ်း ဆရာမလုပ်ရင်း အသတ်ခံ ခဲ့ရတဲ့ ကချင်အမျိုးသမီးငယ်  ၂ ဦးရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနား မှာ ကျင်းပရာမှာ ဒေသ ခံပြည်သူ ထောင်ပေါင်း များစွာ တက်ရောက်ပါတယ်။

ဇန်န၀ါရီ ၂၁ ရက်နေ့ညနေက မူဆယ်ဆေးရုံကနေ အလောင်းသယ်လာတဲ့ယာဉ်တန်းဟာ  မြစ်ကြီးနားမြို့ကို မနက်ဆယ်နာရီထိုးမှာ ရောက်ရှိခဲ့ပါတယ်။

သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်

(DVB)

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) နဲ့ အမှုဖွင့်ထားတယ်လို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဦးပြည့်စုံမျိုးက ပြောပါတယ်။

သစ်တောဥပဒေနဲ့အမှုဖွင့်ရင် ပြစ်ဒဏ်လျော့မှာစိုးလို့ ၆(၁) နဲ့ အမှုဖွင့်ထားတာလို့လည်း သူက ပြောပါတယ်။
“အားလုံးကို ၆(၁)နဲ့ အရေးယူပါတယ်။ ကျနော်တို့ သစ်တောဥပဒေနဲ့ဆိုရင် နဲနဲ အရေးယူတာပျော့မှာစိုးလို့ ၆ (၁)နဲ့ အရေးယူခြင်း ဖြစ်ပါတယ်။ အကုန်လုံးကို အမှုဖွင့်ထားပြီးပါပြီ။ အားလုံးလည်း ရဲအချုပ်ထဲမှာရှိပါတယ်။ အုပ်စုလိုက်၊ အုပ်စုလိုက် အမှုဖွင့်ထားတာဆိုတော့ အမှုဖွင့်တဲ့ရက်တွေတော့ ကွာပါမယ်။”

စိုးရိမ်ကြောင့်ကြမှုကင်းတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်စေချင်တယ်

(ဧရာဝတီ)

ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UPWC) နဲ့ တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ အကြား “၇” ကြိမ်မြောက် ဆွေးနွေးပွဲ စနိုင်ဖို့ အကြိုညှိနှိုင်းမှု ကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟို ဌာန (MPC) နဲ့ NCCT တို့ အခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ညှိနှိုင်းမှုတွေ အပြီးမှာတော့ UPWC နဲ့ NCCT တို့အကြား “၇” ကြိမ်မြောက် ဆွေးနွေးပွဲ စနိုင်ဖို့နေ့ရက်ကို မထုတ်ပြန်နိုင်တဲ့ အပြင် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက် မဖြစ်နိုင်သေးကြောင်း သိရပါတယ်။

ပြည်ထောင်စုနေ့မှာ လက်မှတ်မထိုးဖြစ်နိုင်သေးတဲ့ အခက်အခဲတွေ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်တို့အကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး NCCT ရဲ့ သဘောထားတွေကို NCCT ရဲ့ ဒုဥက္ကဌ လည်းဖြစ် KIA ရဲ့ ဒုတိယ စစ်ဦးစီးချုပ်လည်း ဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော် ကို ဧရာဝတီ သတင်းထောက်တွေ ဖြစ်တဲ့ ကျော်ခနဲ့ ငြိမ်းငြိမ်းတို့က မေး မြန်း ထားပါတယ်။

ဖားကန့်နှင့် ကာမိုင်းတွင် ကေအိုင်အေနှင် တပ်မတော် တိုက်ပွဲ ပြန်ဖြစ်

(Mizzima)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ကားမိုင်းမြို့နယ်အတွင်း အစိုးရ တပ်မတော်ျွှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား ဇန်နဝါရီလ ၂၂ ရက်က တိုက်ပွဲ နှစ်နေရာ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု ကေအိုင်အေ တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆိုင်းက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၀ နာရီခွဲမှ ၂ နာရီထိ ဖားကန့် ဂွေခါကားလမ်းအနီးတွင် တိုက်ပွဲ တစ်နေရာ ဖြစ်ပွားခဲ့သလို၊ ကားမိုင်းနှင့် မိုးကောင်း ကားလမ်းကြားရှိ နမ်ဆန်ချောင်းအနီးတွင်လည်း တစ်နေရာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ပွဲတွင် အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့များ မဟုတ်ဘဲ မြန်မာပြည်အောက်ပိုင်းမှ တက်လာသော အစိုးရ စစ်တပ်များနှင့် ဖြစ်ပွားခဲ့သည်ဟု သူက ပြောသည်။

အစိုးရနှင့် KIA ကြား ကားမိုင်းဘက်သို့ တိုက်ပွဲများ ပြင်းထန်လာ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့ နယ်နှင့် ကားမိုင်းမြို့ နယ်အတွင်း ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA နှင့် အစိုးရ စစ်တပ်တို့အကြား ဇန်နဝါရီလ ၂၂ ရက်တွင် တိုက်ပွဲ ပြန်လည် ပြင်းထန်လာသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက် ဂွေခါကားလမ်းအနီးနှင့် ကားမိုင်းနှင့် မိုးကောင်းကားလမ်း နမ်ဆန်ချောင်းအနီးတွင် KIA တပ်ရင်း ၆ တပ်ဖွဲ့များနှင့် အစိုးရ စစ်တပ် မြန်မာပြည်အောက်ပိုင်းမှ တက်လာသော အစိုးရ စစ်တပ်များနှင့် ဖြစ်ပွားခဲ့သည်ဟု သူက ပြောသည်။

အပစ်ရပ်ရေးဆွေးနွေးမှု မပြီးသေးသဖြင့် လက်မှတ်ထိုးရန် မဖြစ်နိုင်သေး

(ကချင်သတင်းဌာန)

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆွေးနွေး ညှိနှိုင်းမှု မပြီးသေး သဖြင့် လာ မည့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် လက်မှတ် ထိုးရန် မဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန် လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) နှင့် တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ကိုယ်စား လှယ်များက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် NCCT တို့ (၇) ကြိမ်မြောက် ထပ်မံ တွေ့ဆုံရန် အကြို တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီလ ၂၁ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ကချင်အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရမှု ကုလသမဂ္ဂထံ တင်ပြမည်

(RFA)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကောင်းခါးကျေး ရွာမှာ ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုကို ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ တင်ပြသွားမယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူက ပြော ပါတယ်။ 


မှုခင်းစစ်ဆရာဝန်ရဲ့ စစ်ဆေးတွေ့ရှိချက်နဲ့ ကောင်းခါး ရွာသားတွေရဲ့ ပြောဆိုချက်တွေကို စုစည်းပြီး တင်ပြ သွားမှာဖြစ်တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် က ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။

ကချင်အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရမှု ဖော်ထုတ် အရေးယူဖို့ အမေရိကန်တောင်းဆို

(RFA)

ကချင်နှစ်ချင်းအသင်းတော်က သာသနာပြုဆရာမနှစ်ဦး အသတ်ခံမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ အမှုကျူးလွန်သူတွေကို စုံစမ်းအရေးယူပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။ 


အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Jen Psaki က မနေ့ညနေကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ အခုလိုပြောကြားလိုက်တာဖြစ်ပြီး အမေရိကန်အစိုးရ အနေနဲ့ ဒီအမှုနဲ့ပတ်သက်လို့ စောင့်ကြည့်နေသလို အကြောင်းရင်းကို စုံစမ်းလေ့လာနေပါတယ်လို့ ပြော ကြားပါတယ်။ 

အဓမ္မကျင့် အသတ်ခံရသည့် ကျောင်းဆရာမ နှစ်ဦးအမှု အဖြစ်မှန် ပေါ်ရေး တောင်းဆို

(ဧရာဝတီ)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း မကြာသေးခင် ရက်ပိုင်းက အဓမ္မပြုကျင့် အသတ်ခံရ သည့် စေတနာ့ ဝန်ထမ်း ကျောင်း ဆရာမနှစ်ဦး၏ အမှုကို အဖြစ်မှန် ပေါ်ပေါက်ရန်အတွက် လူမှုကွန်ရက် အဖွဲ့အစည်း ၂၆ ဖွဲ့က သက်ဆိုင်ရာသို့ တောင်းဆို လိုက် သည်။

အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင် နှင့် လုရာ အမည်ရှိ ကျောင်းဆရာမ နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ၏ ခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်း ကြူကုတ်မြို့ ကောင်းခါကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ လာရောက် ပညာ သင်ကြားပေးနေသူများ ဖြစ်ပြီး ဘုရားကျောင်းဝင်းအတွင်းရှိ တည်းခိုရာ အိမ်ခန်း၌ ဇန်န၀ါရီ ၁၉ ရက်က သေဆုံးနေကြခြင်းဖြစ်ပြီး ၂၀ ရက်တွင် ဒေသခံများက တွေ့ရှိခြင်း ဖြစ်သည်။

Thursday, January 22, 2015

ပြည်ထောင်စုနေ့ အပစ်ရပ် လက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးလို့ ကေ အိုင်အေ ခေါင်းဆောင် ပြော

(RFA)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ်ကို လာမယ့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး သဘောတူလက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးဘူးလို့ ဒီကနေ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ NCCT ခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာ NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် ဂွမ်မော် က ပြောဆို လိုက်ပါတယ်။

ဒီကနေ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က ဦးလှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCT က တိုင်းရင်းသား ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အချက်တချို့ဟာ ညှိနှိုင်းလို့ မရသေးတာကြောင့်ဖြစ် တယ်လို့ ဗိုလ်ချူပ် ဂွမ်မော် က ပြောဆိုပါတယ်။

ဒုက္ခသည် ၂၀၀၀ ကျော်အရေး ကချင်ပြည်နယ်အစိုးရ ကူညီမည်

(RFA)

ကေအိုင်အေနဲ့ အစိုးရစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဖားကန်မြို့နယ်က ဒေသခံ နှစ်ထောင်၂၀၀၀ ကျော်လောက်ရဲ့ စားဝတ်နေရေးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူပေးမှာဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။


ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ကို သွားရောက်တွေ့ဆုံစဉ်မှာ ပြောလိုက်တာဖြစ် တယ်လို့ PCG အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ဆရာမ ၂ ဦး အဓ္ဓမပြုကျင့်သေဆုံးမှု ရဲတပ်ဖွဲ့မှ အစိုးရတပ်နှင့် ဒေသခံများကို စတင်စစ်ဆေးနေ

(ကချင်သတင်းဌာန)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာ အုပ်စု ကောင်းခါးကျေးရွာတွင် ကချင်ကျောင်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆေးစစ် ချက်များထုတ်ပြန်ခြင်းမရှိသေး ဘဲ အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဆရာမနှစ်ဦး၏ အလောင်းကို မူဆယ်ဆေးရုံတွင် ဇန်နဝါရီလ ၂၀ ရက်က ဆေးစစ်ခဲ့ပြီးသော်လည်း အစိုးရ ရဲတပ်ဖွဲ့က ဆေးစစ်တမ်းများကို ထုတ်ပြန်ခြင်း မရှိသေးဘဲ မူဆယ်ခရိုင် ရဲတပ်ဖွဲ့က ကောင်းခါးကျေးရွာရှိ ဒေသခံများနှင့် အစိုးရ စစ်သားများကို ပထမဆုံးအကြိမ် စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

လုပ်အားပေးဆရာမ ၂ ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရကို အမေရိကန်တောင်းဆို

(VOA)

ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးရွာ မှာ စေတနာ့ ၀န်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေ တဲ့ ကျောင်း ဆရာမနှစ်ဦးကို ဒီလ ၁၉ ရက်ညနဲ့ ၂၀ ရက်နေ့မနက် အစော ပိုင်းလောက်မှာ အမည်မသိသူတွေက အဓမ္မပြုကျင့် နှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ်ခဲ့ကြတယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Wednesday, January 21, 2015

မြန်မာ့တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကချင်အမျိုး သားများအတိုင်ပင်ခံအဖွဲ့ သဘောထားထုတ်ပြန်

(Kachin Waves)

မြန်မာ့တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကချင်အမျိုး သားများအတိုင်ပင်ခံအဖွဲ့၏ သဘောထားထုတ်ပြန်လိုက်ကြောင်းသိရသည်။

သဘောထားထုန်ပြန်ကြေညာချက်စာတွင် ပြည်သူများကို တံတိုင်းအဖြစ် အသုံးချခြင်း၊ ဖိနှိပ်ချုပ်ချယ် ခြင်း၊ ခြိမ်းခြောက်မှုပြုလုပ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများမပြုလုပ်ရန် နှစ်ဖက်တပ်များအား အလေး အနက်တောင်းဆိုကြောင်းပါရှိသည်။

စစ်ရှောင်ဒုက္ခသည်များ သွားလာခွင့် ပိတ်ပင်ခံရ

(DVB)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)တို့အကြား တိုက်ပွဲတွေကြောင့်  တိမ်းရှောင်နေတဲ့ စစ်ပြေးဒုက္ခသည် တွေကို အစိုးရတပ်က သွားလာ ခွင့်ပိတ်သလို ဒုက္ခသည်တွေထံ သွားရောက်ကူညီမယ့် အဖွဲ့တွေကိုလည်း ၀င်ခွင့်မပြုဘဲ တားမြစ်ထားပါတယ်။

ဇန်န၀ါရီလ ၁၅-၁၆  ရက်နေ့တွေက ကေအိုင်အေတပ်မဟာ ၂ တပ်ရင်း ၆ နယ်မြေအတွင်း အစိုးရတပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲကြောင့် အောင်ဘာလေ၊ ကံဆီး၊  ငှက်ပျောတော အစရှိတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

၇ ကြိမ်မြောက် တပြည်လုံးအပစ်ရပ်ဆွေးနွေးပွဲ ရက်မသတ်မှတ်နိုင်

(DVB)

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အာစုတွေအကြား တပြည်လုံးအပစ်အခတ်ရပ်စဲရေး  ဆွေးနွေးမယ့်ရက်သတ်မှတ်နိုင်ငံရေး နှစ်ဘက် ကိုယ်စားလှယ်တွေရဲ့ ညှိနှိုင်းမှု မအောင်မြင်ဘဲ လာမယ့်သတင်းပတ်မှာ ထပ်မံ ညှိနှိုင်းကြမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာငြိမ်းချမ်းရေးစင်တာ အမ်ပီစီနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့က ကိုယ်စားလှယ်တွေဟာ စက်တင်ဘာ ကတည်းက ရပ်နားထားရတဲ့ အပစ်ရပ်ဆွေးနွေးပွဲကို ပြန်စနိုင်ဖို့ ရက်ညှိနှိုင်းရာမှာ မသတ်မှတ်နိုင်ဖြစ်ခဲ့တာပါ။

တပ်မတော်သားတစ်ဦးမှ အမျိုးသမီးတစ်ဦးအား သားမယားပြုကျင့်ရန်ကြံစည်

(Kachin Waves)

နမ့်မတူမြို့နယ် ၊ ခူဖိတ်ကျေးရွာအုပ်စု၊ ခူမောကျေးရွာတွင် မြန်မာ့တပ်မတော် တပ်မ ၇၇ မှ တပ်သားတဦးမှ အသက် ၃၀ အရွယ် အမျိုးသမီးတဦးအား ၂၀၁၅ခုနှစ် ဇန်န၀ါရီ ၂၀ ရက်နေ့နေ့လည်ပိုင်းတွင် မုဒိန်းကျင့်ရန် အတင်းအဓမ္မကြံစည်ခဲ့ကြောင်းသတင်းရရှိသည်။

သို့သော် အမျိုးသမီးမှ အော်ဟစ်သဖြင့် ထိုအမျိုး သမီးအား ထိုးကြိတ် ရိုက်နှက်ခဲ့သဖြင့် အသက်သေ ဆုံးလုနီးပါး ဖြစ်နေချိန်တွင် အိမ်နီးနားချင်းများမှ ပြန်လည်ကူညီပေးခဲ့သည့်အတွက် ပြန်လည်လွတ်မြောက်ခဲ့ကြောင်းလည်းသိရသည်။

တရုတ်ကွန်မြူနစ် ပါတီ သတင်း စာ ဖေါ်ပြချက် တရုတ်အစိုး ရ ငြင်းဆို

(RFA)


မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA ကြား ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ပိတ်မိနေကြတဲ့ အရပ် သားတွေထဲမှာ တရုတ်နိုင်ငံသားတွေ ပါဝင်တယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရသူက အင်္ဂါနေ့က ပြောပါတယ်။

မြစ်ကြီးနားမြို့ကို သွားရောက်ခဲ့ကြတဲ့ တရုတ်ကောင်စစ်ဝန်အဖွဲ့ရဲ့ ကနဦး စုံစမ်း မေးမြန်းချက်တွေအရ ဒီသတင်း မဟုတ်မှန်ကြောင်း၊ ကချင်ပြည်နယ်က အခြေအနေ တွေကို ဆက်လက်စောင့်ကြည့်ပြီး၊ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ အခွင့်အရေး တွေစိတ်ချရအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောခွင့်ရ အမျိုးသမီး ဟွာချောင်ရင် က ပြောပါတယ်။

ဆရာမ ၂ ဦးအလောင်းကို မြစ်ကြီးနားတွင် သင်္ဂြိုဟ်ရန် ပြင်ဆင်

(DVB)

ကချင်ပြည်နယ် မူဆယ်ခရိုင် ကြူကုတ်ပန်ဆိုင်းမြို့နယ် ကောင်းခါးကျေးရွာမှာ သတ်ဖြတ်ခံရတဲ့  ကချင်နှစ်ခြင်းအသင်းတော် (ကေဘီစီ)က သာသနာပြု ဆရာမ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို မြစ်ကြီးနားမြို့ကို သယ်ဆောင်ပြီး သင်္ဂြိုဟ်ဖို့ အသင်းတော်က စီစဉ်ဆောင်ရွက်နေပါတယ်။

ဇန်န၀ါရီ ၁၉ ရက်နေ့ ညက ကျေးရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်း ဆရာမတွေ နေထိုင်ရာ အခန်းတွင်းမှာ အမည်မသိလူသတ်သမားတွေက ၂ ယောက်စလုံးကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အလောင်းတွေကို  မနေ့က မူဆယ်ဆေးရုံကို သယ်ဆောင် ဆေးစစ်ချက်ရယူခဲ့ပြီး ဖြစ်ပါတယ်။ ဆေးစစ်ချက်ကို သိရအောင် ဆေးရုံမှာ စောင့်ဆိုင်းနေတယ်လို့ ကေဘီစီက မနက် ၁၀ နာရီမှာ ပြောပါတယ်။

ဖားကန့်စစ်ပွဲ ပိတ်မိသူတွေထဲ တရုတ်တွေမပါဝင်

(VOA)

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာစစ်တပ်ကြား တိုက်ခိုက်မှုတွေကြောင့် ပိတ်မိနေသူတွေအနက် ဒေသခံတွေနဲ့အတူ တရုတ်နိုင်ငံသားတွေလည်း ပါဝင်တယ်ဆိုတဲ့သတင်းဟာ မဟုတ်မှန်ဘူးလို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ပဋိပက္ခ အဖြေရှာရေးမှာ ကြားဝင်ဆောင်ရွက်ပေးမယ်လို့လည်း တရုတ်အစိုးရက ကမ်းလှမ်းခဲ့ပါတယ်။ အပြည့်အစုံကို အေပီသတင်းတွေကို အခြေခံပြီး ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

တိုက်ပွဲကြောင့် ပိတ်မိနေသူများ ကယ်ဆယ်ရန် ခွင့်ပြုချက်မပေး

(RFA)

အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ တို့အကြား တိုက်ပွဲတွေကြောင့် ပိတ်မိနေ တဲ့ ဖားကန့်မြို့နယ် ကံဆီးကျေးရွာကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ PCG က သွားရောက်ဖို့ ပြင်ဆင်ထားပေမဲ့ အစိုးရ စစ်တပ် တပ်မ ၆၆ က ခွင့်မပြုဘူးလို့ သိရပါတယ်။


ဖားကန့်မြို့ပေါ်ကနေ ကံဆီးကျေးရွာကို သွားမယ့်လမ်း တစ်လျှောက် လုံခြုံရေးကို တာဝန်မယူနိုင်ဘူးလို့ တပ်မမှူးက ပြောတာကြောင့် မသွားတော့တာဖြစ်တယ် လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာ က ပြောပါတယ်။

တရုတ်ကောင်စစ်ဝန်ရုံးအရာရှိ သစ်ခိုးထုတ်သူများနဲ့ တွေ့ဆုံ

(RFA)

ကချင်ပြည်နယ် ဝိုင်းမော်မြို့ နယ်မှာ တရားမဝင် သစ်ခိုး ထုတ်မှုနဲ့ မြစ်ကြီးနား အကျဉ်းထောင် မှာ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံ သား ၁၂၅ ယောက် ကို တရုတ်ကောင်စစ်ဝန်ရုံးရဲ့ ဒုတိယအတွင်းဝန် Mr. Bian Zhouzhou ဦးဆောင်တဲ့ ကိုယ်စားလှယ် သုံးယောက် က မြစ်ကြီးနားအကျဉ်းထောင်မှာ ဒီနေ့ လာရောက်တွေ့ ဆုံခဲ့ပါတယ်။


တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းခံထားရတဲ့ တရုတ်နိုင်ငံ သားတွေကို အချုပ်သားအခွင့်အရေးနဲ့အညီ တန်းတူပေး ထားတယ်လို့ မြစ်ကြီးနားအကျဉ်းထောင်ရဲ့ ထောင်ပိုင် ကြီး ဦးတင်မောင်ချိုက RFA ကို ပြောပါတယ်။

စစ်ပွဲအတွင်း ပိတ်မိနေသော ရွာသားများကို တွေ့ဆုံကူညီရန် PCG အား အစိုးရတပ် ခွင့်မပေး

(ကချင်သတင်းဌာန)

ဖားကန့်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသော သန်းဂေါင် (အောင်ဘာလေ) ကျေးရွာသား များအား အစိုးရစစ်တပ်က အကူညီပေးမည့် အဖွဲ့အများ အပါအ၀င် ကချင်ငြိမ်း ချမ်းရေး အကျိုးဆောင် (PCG) ကိုယ်စား လှယ်များကိုလည်း သွားရောက်တွေ့ ဆုံခွင့် မပေးသောကြောင့် ၄င်းတို့ အတွက် ရိက္ခာပြတ်လပ်မှုအခက်ခဲ စိုးရိမ်စရာရှိသည်ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်မှ ၂၀ ရက်ထိ ခြောက်ရက်ကြာ အစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)စစ်တပ်တို့အကြား တိုက်ပွဲအတွင်း ပိတ်မိနေသော ရွာသား ၁၀၀၀ ကျော်ကို သွားရောက် တွေ့ဆုံရန် အစိုးရ စစ်တပ် တပ်မ ၆၆ တပ်မမှူးက ခွင့် မပြုခြင်း ဖြစ်သည်။

Tuesday, January 20, 2015

သမ္မတရဲ့ ပြည်ထောင်စုနေ့ အပစ်ရပ်ရေးမှာ KIA ပါဝင်နိုင်ပါ့မလား

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ မှာ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆို ဖို့ ကမ်းလှမ်း ထားပေမယ့် လတ်တလော ကချင်ပြည်နယ် မှာ တိုက်ပွဲတွေ အပြင်း အထန် ပြန်လည် ဖြစ်ပွား လာတာမို့ သမ္မတရဲ့ ပြည်ထောင်စုနေ့ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက် မှာ KIA ပါဝင်နိုင်ဖို့ အလား အလာ အတော်ကို နည်းပါးနေပါပြီ။

မြန်မာ့ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့တွေ လက်ထဲမှာရှိကြောင်း ဗိုလ်ချုပ်မှူးကြီး ပြော

(RFA) 

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိဖို့ဆိုတာ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေရဲ့လက်ထဲမှာ သာ ရှိကြောင်း မြန်မာ့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောလိုက်ပါတယ်။

စင်္ကာပူ အခြေစိုက် Channel News Asia သတင်းဌာန က တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

ပြည်သူများ ဆုတောင်းရုံမှတစ်ပါး အခြားမရှိတော့ပြီလော

(Mizzima)

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများ စုပေါင်းဖွဲ့တည်သည့် ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယခင်စစ်အစိုးရ တက်လာကာ စတုန်းက ဆိုလျှင် မိမိတို့တိုင်း ပြည်၌ လူမျိုးစု စုစုပေါင်း ၁၃၃ မျိုးအထိ ရှိသည် ဟူ၍ပင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ဆိုလိုသည်မှာ လူမျိုးစုများ အခုလိုကွဲပြားမြားမြောင်နေသည့်အတွက် လူမျိုးစုပြဿနာကို ရုတ်တရက်ဖြေရှင်းလို့ မလွယ်ကူဘူးဟူသည့်သဘော ပြောချင်ဟန် တူခဲ့ပါသည်။ ဝမ်းနည်း ဖို့ကောင်းသည်မှာ မိမိတို့တိုင်းပြည်လူမျိုးစုများအရေးမှာ သာမန်ဖြေရှင်းရခက်သော ပြဿနာမဟုတ်သည့် အပြင် သွေးစွန်းသောပြဿနာအဖြစ် နှစ်ပေါင်း ၆ဝ ကျော် ဖြစ်တည်လာခဲ့ရသည့်အဖြစ်မှာ အမှန်တကယ်ပင် ကြေကွဲတုန်လှုပ်ဖို့ကောင်း သည့် ပြဿနာ ဖြစ်ပါသည်။

နိုင်ငံသားများကို ကာကွယ်ရန် တရုတ်သံတမန်များ ကချင်ပြည်နယ်သွား

(DVB)

မြန်မာနိုင်ငံထဲမှာ တရားမ သစ်ခုတ် ထုတ်ယူမှုနဲ့ ဖမ်းဆီး ခံထားရတဲ့ တရုတ်နိုင်ငံသားတွေ ကို ကူညီကာကွယ်ပေးဖို့ တရုတ်ကောင်စစ်ရုံး အဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမှာ တနင်္လာနေ့ က ရောက် ရှိနေတယ် လို့ တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ထုတ်ပြန်ပါ တယ်။

ဒီအဖွဲ့ဟာ ကချင်ပြည်နယ်အတွင်း အစိုးရနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တိုက်ပွဲတွေကြားမှာ တရုတ်နိုင်ငံသားတွေပိတ်မိနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။

ထိန်းသိမ်းခံ ရဲတပ်ဖွဲ့ဝင် ၃ ဦး လက်နက်မဲ့ဖြင့် ကေအိုင်အေ ပြန်လွတ်

(DVB)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တပ်မဟာ ၂ တပ်ရင်း ၆ မှာ ၅ ရက်တာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစိုးရရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇန်န၀ါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီမှာ ပြန်လွတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အခုလို ပြန်လွတ်လိုက်တဲ့အပေါ်မှာ ဘယ်လိုကတိက၀တ်တွေမှ မရှိပေမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေတော့ ကေအိုင်အေက ထိန်းသိမ်းထားဆဲဘဲလို့ သူတို့ကို သွားကြိုခဲ့တဲ့ ကချင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ဒီဗွီဘီကို ပြောပါတယ်။

ကချင် ကျောင်းဆရာမ ၂ ဦး အသတ်ခံရ

(DVB)

ရှမ်းပြည်နယ် မြောက် ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ရှဘုတ် ကောင်းခါးကျေး ရွာမှာ မနေ့ညက အသက် ၂၀ အရွယ် ကချင် ကျောင်း ဆရာမ နှစ်ဦး အခန်းတခု အတွင်း ဒဏ်ရာ ဗလပွနဲ့ သေဆုံး ခဲ့ပါတယ်။

ကချင်နှစ်ခြင်းအသင်းချုပ်က အခမဲ့ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာမ ဆရာမ မရန်လုလာနဲ့ တန်ဘောင် ခေါန်နန်ဆင်တို့ဖြစ်ကြပါတယ်။

အလောင်းတွေကို မူဆယ်ဆေးရုံကို သယ်ယူလာပြီး စစ်ဆေးနေတယ်လို့ ဆေးရုံမှာ လိုက်ပါလာတဲ့ မူဆယ်ခရိုင် ခရစ်ယာန်နှစ်ခြင်းအသင်းတော်က လူငယ်တာဝန်ခံ ကိုဇွာရာ (Mr. Zau Ra) က ပြောပါတယ်။

ဖားကန့်စစ်ကြောင့် ဒေသခံတွေ ပိတ်မိနေဆဲ

(VOA)

ကချင်ပြည်နယ် ဖားကန့်ဒေသ က တိုက်ပွဲကြားမှာ ပိတ်မိနေ တဲ့ အောင် ဘာလေရွာက ရွာသားတွေဟာ အခုအခါ ကံဆီးရွာ ကို ပြောင်းရွှေ့နေ ထိုင်နေကြပြီး သူတို့တွေဟာ ပိုမိုလုံခြုံတဲ့ ဖားကန့် ဘက်ကို ပြောင်းရွှေ့ချင်ပေမဲ့ ရွှေ့ပြောင်းခွင့် မရသေးပါဘူး။

လောလောဆယ်မှာ လမ်းပန်းဆက် သွယ်ရေးတွေ ပြတ်တောက်နေ တာကြောင့် ရက်ရှည်ကြာ လာမယ်ဆိုရင် စစ်ရှောင်ဒုက္ခသည်တွေဟာ ရိက္ခာ အခက်အခဲ ကြုံတွေ့လာရဖွယ် ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရ

(ဧရာဝတီ)

ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းကြူ ကုတ်မြို့၊ ကောင်းခါးကျေး ရွာ ခရစ်ယာန် ဘာသာရေးကျောင်း ဝန်း အတွင်း မှာ စေတနာ့ ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံခဲ့ရပါ တယ်။ မြင်တွေ့ရ သူတွေက သူတို့အလောင်းတွေ ကို အောက်ပိုင်း အဝတ် ဗလာနဲ တွေ့ရ တာကြောင့် မုဒိန်းကျင့် လူသတ်မှုလို့ ယူဆနေကြပါ တယ်။ ဒီလို သေဆုံးသူတွေရဲ့ ဓာတ်ပုံကို ဖေ့ဘွတ် လူမှုကွန်ရက်မှာ လည်း ဖြန့်ဝေနေကြပါတယ်။

ဖားကန့် တိုက်ပွဲများ အတွင်း ဒေသခံ တထောင် ကျော် ပိတ်မိနေ

(ဧရာဝတီ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်း အစိုးရ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသဖြင့် ဒေသခံ တထောင်ကျော် ဖားကန့်မြို့ အနီး ကံဆီး ဆိုင်းရာ ကျေးရွာတွင် ပိတ်မိနေကြောင်း သတင်းရ သည်။

“ပိတ်မိနေတဲ့ ဒုက္ခ္ခ္ခသည်တွေက ကျနော်တို့ဆီ ဖုန်းဆက်လာလို့ ကျနော်တို့ အဖွဲ့ ၁၈ ရက်က သွားကယ်ဖို့ လုပ်တယ်။ ဒါပေမယ့် ဆန်ခါ ကနေ ပြန်လှည့်လာရတယ်။ အခုထိ သွားကယ်ဖို့ လမ်းမဖွင့်သေးဘူး။ ဒုက္ခသည်တွေကိုလည်း ထွက်ခွင့် မပြုဘူး။ ပိတ်မိတဲ့ ဒုက္ခသည်တွေက တထောင်ကျော်တယ်”ဟု ဖားကန့်မြို့၌ လူထု အခြေပြု လုပ်ငန်းများ လုပ်ဆောင်နေသည့် ဦးမရန်ဂျာလက ဆို သည်။

ကချင်ပြည်နယ်အစပ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးရွာတွင် အသက် ၂၀ အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း သတင်းရရှိ

(Eleven Media Group)

ကချင်ပြည်နယ်အစပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးရွာတွင် အသက် ၂ဝ နှင့် ၂၁ နှစ်အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 

အဆိုပါ သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦးသည် ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော် (KBC) မှ စေလွှတ်ထားသူနှစ်ဦးဖြစ်ပြီး ယင်းသို့ သတ်ဖြတ်ခံခဲ့ရခြင်းကို KBC က အတည်ပြု ပြောကြားသည်။ 

အောင်ဘာလေဒေသခံများသွားကယ်ရန် တပ်မ(၆၆)ခွင့်မပြုသည့်အတွက် PCG အဖွဲ့မြစ်ကြီးနားသို့ပြန်လှည့်

(Kachin Waves)


ပိတ်မိနေသည့် အောင် ဘာလေကျေးရွာ ရှိ ဒေသခံများအား သွားရောက်တွေ့ ဆုံခေါ်ဆောင် ရန် ငြိမ်း ချမ်းရေး အကျိုးဆောင် PCG အဖွဲ့မှကြိုး ပမ်းသော်လည်း အစိုးရ တပ်မတော် တပ်မ(၆၆) တပ်မမှူးမှ ခွင့်မပြုသည့်အတွက် ယခုအချိန် တွင် မြစ်ကြီးနားမြို့ သို့ပြန်လှည့် လာပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဖားကန့် ကံဆီးဒေသသို့ ၀ါဒဖြန့်ရန် မြ၀တီ သတင်းထောက်များရောက်ရှိနေ

(Kachin Waves)


ယခု အချိန်ဖားကန့် ကံဆီးကျေးရွာ တွင် အစိုးရပိုင် မီဒီယာဖြစ်သည့် မြဝတီ သတင်းထောက် နှင့် မြန်မာ့ အသံသတင်းထောက် များရောက် ရှိနေပြီး မမှန်မကန် ဝါဒဖြန့်ရန် အတွက် အောင်ဘာလေကျေးရွာ သို့ရောက်ရှိကာ ဒေသခံမဟုတ်သည့် အခြားသူ များ အစိုးရ၀န်ထမ်း များအား အင်တာ ဗျူးများမေးမြန်ခြင်း များ ပြုလုပ်လျက် ရှိကြောင်း ဖားကန့်ဒေသခံများမှ ဆိုသည်။

ပြည်ထောင်စုဖြစ်ပေါ်လာပုံ

(Kachin Waves)

ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်ပြည်ထောင်စုမြန်မာ နိုင်ငံသားများ သည်ရှေးပဝေသဏီက အတူတကွနေ ထိုင်ကြသည်ဟူ ၍ဖော်ပြထားသည်။ အမှန်တော့ ဥပဒေသည် တိကျသေချာ စွာရေးသားရ မည်ဖြစ်ပြီးအခုဖြစ်နေပုံ သည်ရှေးပဝေသဏီဆိုတာ မည်သည့်အချိန်မည်သည့် လက်ထက်ကို ဆိုလိုသနည်း မရေမရာမသေမချာရေး သားထားသည်မှာ တိုင်းရင်းသားတို့၏ သမိုင်းဖျောက်လို၍ပင်ဖြစ်သည်။

၎င်းတို့ စခန်းတိုက်ခံရ ပါက ကချင်ရပ်ကွက်အား လက်နက်ကြီးဖြင့် ထုမည်ဟု ဗမာ ဗျူဟာမှုးပြော

(Lachid Kachin)

ဖားကန့် ကားမိုင်း မြန်မာ စစ်တပ်မှ ဗျူဟာမှုးက မိမိတို့စခန်း အား ကေအိုင်အေ မှ လာရောက် တိုက်ခိုက် ခဲ့ပါသ၊ အတိုက်ခံရပါက ကချင်ရပ်ကွပ်များကို လက်နက်ကြီးနှင့် ထုမည်ဟု ချိန်းခြောက်နေ ကြောင်း ဒေသခံများ ထံ မှ သတင်းပေးပို့ လာပါ သည်။ မြန်မာ စစ်တပ်မှ ထို သို့ ပြည်သူများအား ခြိမ်းခြောက် နေခြင်း ကြောင့် ကားမိုင်းပြည်သူတွေက စိုးရိမ်စိတ် နဲ့ ရင်တမမ နှင့် နေနေရ ကြောင်း ကို လည်း ဒေသခံများထံမှ ထပ်မံ သိရှိရပါသည်။

ပြည်သူ ကို ကာကွယ်သည့် မြန်မာ့ တပ်မတော် ဆို ပါလား။

ဖါးကန့် ရှေ့တန်း သို့ လက်နက်သယ်လာသော မြန်မာ စစ်ယာဉ်တန်း ဖောက်ခွဲခံရ

(Lachid Kachin)

၁၉.၁.၂၀၁၅ ရက်နေ့ ကချင် ပြည်နယ် ဖါးကန့် ၊ ဥရုဆိုင်းမော် ကေအိုင်တပ်ရင်း (၆) ဒေသရှိ လက်ရှိ တိုက်ပွဲ များ အပြင်း အထန် ဖြစ် ပွားနေ သော ရှေ့တန်း စစ်မြေပြင်
သို့ မြန်မာ စစ်တပ်မှ လက်နက် များ ဖြည့်တင်းရန်အတွက် စစ်လက်နက် များ အပြည့် တင်ဆောင် လာသော မြန်မာ စစ်တပ်၏ယဉ်တန်း လမ်း၌ ဖေါက်ခွဲ ဖျက်ဆီး တိုက်ခိုက်ခံ ရကြောင်း သတင်းရရှိပါသည်။


၎င်း စစ်ယာဉ်တန်း သည်ဖါးကန့် -လောင်ခမ်-ဆိုင်းခ လမ်းအတိုင်း ဖါးကန့် ဂင်ဆီဆိုင်းရာ သို့ လက်နက် များ လာ ရောက် ပို့ဆောင်ခြင်း ဖြစ်ရာ ဂင်ဆီသို့
မရောက်ခင် ဆိုင်းခါ အထက် နားအရောက်တွင် မိုင်းခွဲ တိုက် ခိုက်ခံ ရခြင်း ကြောင့်
၎င်း စစ်လက်နက်အပြည့် တင်ဆောင်လာသော မြန်မာ စစ်တပ် ၏ စစ်ယာဉ်တန်း
မှ စစ်ကား (၅) စီး မှာ လုံးဝ ပျက်စီး သွားကြောင်း ရှေ့တန်း စစ်မြေ ပြင်မှ သတင်းရရှိပါသည်။


Monday, January 19, 2015

ဖားကန့်တိုက်ပွဲနောက်ဆုံးအခြေအနေ (19-1-2015)

(Kachin Waves)

ဖားကန့်ဒေသတွင် ယနေ့ (၅) ရက်မြောက်နေ့အထိ တိုက်ပွဲအနည်းငယ်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။ 

တိုက်ပွဲများဖြစ်နေသည့်ဒေသတွင် ငြိမ်းချမ်းရေးအကျိုးဆောင် PCG အဖွဲ့မှ ရောက်ရှိနေပြီဖြစ်ပြီး ရဲသုံးယောက်အား မကြာခင် PCG မှတဆင့်လွဲပေးတော့မည်ဖြစ်ကြောင်းလည်းသိရသည်။

PCG အဖွဲ့ရောက်နေသည့်အတွက် တိုက်ပွဲသည် လွန်ခဲ့သည့် ရက်တွေလို မပြင်းထန်ပဲ ငြိမ်းသက်နေကြောင်း နေကြောင်းသိရသည်။

ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ်ထိုးရန် ဆုံးဖြတ်ချက်ချမည့် NCCT အစည်းအဝေးစပြီ

(Mizzima)

တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ကို ပြည်ထောင်စုနေ့တွင် ရေးထိုး၊ မထိုးကို ဆုံးဖြတ်မည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စတင် ကျင်းပနေပြီဖြစ်သည်။

ယင်းအစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်တွင်မူ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ တာဝန်ရှိသူများနှင့် ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ကေအိုင်အေက ဖမ်းဆီးထားသည့် ရဲသုံးဦးကို အစိုးရထံ လွှဲပြောင်းပေးပြီ

(Mizzima)

ကချင် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ငါးရက်ကြာ ဖမ်းဆီးခဲ့သည့် ကချင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ကမန်းဒူနော်၏ လမ်းကြောင်းတွင် လုံခြုံရေးလိုက်ပါသည့် ရဲသုံးဦးကို ကေအိုင်အေက ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) က တစ်ဆင့် ဖားကန့်မြို့ အစိုးရ တာဝန်ရှိသူများထံ ဇန်နဝါရီ ၁၉ရက် ညနေတွင် လွှဲပြောင်းပေးလိုက်ပြီဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။

KIA ဖမ်းထားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပြန်လွှတ်

(ဧရာဝတီ)

ဇန်န၀ါရီ ၁၄ ရက်နေ့က ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးနှင့် လိုက်ပါခဲ့ပြီး ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ ဖမ်းဆီးခြင်း ခံထားရသည့် ရဲတပ်ဖွဲ့ ၀င် ၃ ဦးကို ယနေ့ညနေပိုင်းတွင် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ (PCG) ထံသို့ အပြီး လွှဲပြောင်းပေး လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အခုပဲ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ တပ်စွဲထား ရာ တောတွင်း တနေရာမှာပဲ အဖမ်းခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပြန်ခေါ်ပြီး ပြန်လာပါပြီ။ ဖားကန့်က မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ကို ပြန်အပ်မှာပါ။ အခုညနေ ၄ နာရီမှာပဲ သူတို့ဘက်က ကျနော်တို့ကို လွှဲပြောင်းပေးတာ” ဟု ကချင်ပြည်နယ် ငြိမ်ချမ်းရေးအကျိုး ဆောင်အဖွဲ့ဝင် ဦးလမိုင်းဂွန်ဂျာက ပြောသည်။

Myen asuya hpyen ni Gung n-sa lawm ai laknak kaba hte gap

(eedynews)

January, 17 ya jahpawt hkying 9:00am aten KIA Dap Ba (2) npu Dap Dung (6) ginra Tang Gau Bum kaw du nga ai myen asuya hpyen dap Hk.L.Y (1), Hk.M.Y (5, 10, 11, 35) pawng hpawm hpung ni hte KIA pawng hpawm hpung ni gasat gala majan byin ai hta KIA pawng hpawm hpung ni padang dip la lu ai lam chye lu ai.

ရေမဆေး la ni ကြိုင် Company na sau Pepa pung ni nat kau ya

(eedynews)

January, 18 ya shani hkying 10:30am kawn 1:30pm ten laman KIA Dap Ba (2) npu Dap Dung (6) ginra Ginsi Hkaw sa lam maga du nga ai Hk.M.Y (10) dap ni hte KIA pawng hpawm hpyen hpung ni gasat gala majan byin ai lam chye lu ai.

မြန်မာစစ်တပ်မှ ကေအိုင်အေနှင့် တိုက်ပွဲတွင် ဓာတု လက်နက် အသုံးပြုမှုအပေါ် ကေအိုင်အေ ဗိုလ်မှူးကြီး တစ်ဦးနှင့် မေးမြန်းချက်

(Kachin Waves)

“ဒီ ရဲ (၃) ယောက်ဖမ်းခံရတဲ့ကိစ္စနဲ့ပဲတော့ ဒီလောက်တော့ မဖြစ်သင့်ဘူး။ တကယ်ပဲအစိုးရတပ်မတော်ဘက်မှ စစ်ပွဲမဖြစ်ချင်ဘူးဆိုရင် အချင်းချင်းအကြာင်းကြားပြီး ညှိနှိုင်းဆွေးနွေးလို့ရတယ်။ ဒီရဲသုံးယောက်ကိစ္စက သူတို့ခေါင်းစဉ်တပ်တာပဲ။”

ဖားကန့်ဒေသတွင်၂၀၁၅ ဇန်ဇ၀ါ ၁၅ ရက်နေ့မှစပြီးယနေ့အထိ အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ကြားတိုက်ပွဲတင်းမာလျှက်ရှိသည်။ 

ထိုတိုက်ပွဲကြားတွင် ဒေသခံများ ထောင်ချီကလည်း ပိတ်ဆို့နေရတယ်ကြားရပါတယ်။ ပြီးတော့ ထိုဒေသခံများကို ကယ်ဆယ်ဖို့သွားသည့် ကူညီသည့်အဖွဲ့ကိုလည်း တပ်မတော်က မသွားခိုင်းဘူးလို့ကြားရပါတယ်။ ယခုအချိန်ထိ တိုက်ပွဲပြင်းထန်ဆဲဖြစ်ပြီး အစိုးရတပ်မတော်မှ ဓာတုလက်နက်များပါ သုံးနေတယ်ကြားသိရပါတယ်။ 

ပိတ်မိနေသော ရွာသားများ ရိက္ခာပြတ်လပ်တော့မည်

(ကချင်သတင်းဌာန) (၁၈-၁-၂၀၁၅)

ဖားကန့်မြို့နယ် သန်းဂေါင် (အောင်ဘာလေ) ကျေးရွာအနီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် အစိုးရ စစ်တပ်တို့အကြား ဇန်နဝါရီလ ၁၈ ရက် လေးရက်မြောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ပိတ်မိနေသော ဒေသခံ ရွာသားများ စားနပ်ရိက္ခာ ပြတ်လပ်တော့မည် ဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) မှ တာဝန်ခံ ကိုစာဂျီက ပြောသည်။

လေးရက်မြောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး သန်းဂေါင် (အောင်ဘာလေ) ကျေးရွာသား ၁၀၀၀ ခန့်သည် ပိတ်မိနေဆဲဖြစ်၍ မကြာမီ စားနပ်ရိက္ခာ အခက်အခဲ ရှိလာတော့မည် ဖြစ်ကြောင်း သူက ကချင်သတင်းဌာန ကို ပြောသည်။

တိုက်ပွဲဆက်ဖြစ်နေချိန် ဖားကန့်ဒေသခံများ အစိုးရနယ်အတွင်းပိတ်မိနေဆဲ

(ကချင်သတင်းဌာန) (၁၇-၁-၂၀၁၅)

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်နှင့် အစိုးရ၏တပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၁၇ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီခန့်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားကာ ပိတ်မိနေသော ဘောင်ဘာလေ ဒေသခံများလည်း ပိတ်မိနေဆဲ ဖြစ်သည်ဟု KIA နှင့် ဖားကန့်ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်မှစတင်၍ KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့နှင့် အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်တို့အကြား သုံးရက်မြောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

KIA ထိန်းသိမ်းထားသော အစိုးရအဖွဲ့ဝင် ၃ဦးကို လွှဲပြောင်းပေးမည်

(ကချင်သတင်းဌာန) (၁၇-၁-၂၀၁၅)

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဖမ်းဆီးထားသော အစိုးရ ရဲတပ်ဖွဲ့ ၃ ဦးကို မနက်ဖြန် ဇန်နဝါရီလန ၁၈ ရက်တွင် ဖားကန့်မြို့နယ် အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PGC) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ KIA မှ ဖားကန့်မြို့နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးရန် PCG မှ ဦးလမိုင်ဂွမ်ဂျာ ဦးဆောင်သော ကိုယ်စားလှယ်များ မနက်ဖြန် ၈ နာရီတွင် ဖားကန့်မြို့သို့ သွားရောက်၍ လွှဲပြောင်းပေးမည် ဖြစ်သည်။

"အထူးဒေါ်ကြိုင်ကြိုင် ကုမ္ပဏီ"အား မီးရှို့

(Lachid Kachin) (Hka Kamai)


ဖါးကန့် ဥရု ကျောက်စိမ်းမော်အတွင်းရှိ "အထူးဒေါ်ကြိုင်ကြိုင် ကုမ္ပဏီ" ကျောက်စိမ်းတူးဖေါ်ရေး ကုမ္ပဏီ အား ယနေ့ (၁၈.၁.၂၀၁၅) ရက်နေ့ ညနေ
ပိုင်း၌ ဖါးကန့် ဆိုင်း မော် အတွင်းမှ ရခိုင်ကျပန်း လုပ်သားများ မှ
မီးရှို့ လိုက်ပြီ ဖြစ်ကြောင်း ဖါးကန့် ဒေသခံများ ထံမှ သိရှိရပါသည်။



ဖားကန့် တိုက်ပွဲအတွင်း မြန်မာအစိုးရတပ်မှ ဓါတုအဆိပ်ငွေ့ ပါသော လက်နက်ကြီးများအသုံးပြု

(Jadeland Kachin)
 
ဖားကန့် မြို့ နယ် ဂင်ဆီ (ကံဆီး ) - ဆိုင်းရာ - အောင်ဘာလေ ပါတ်ဝန်းကျင် ၌
ယနေ့နံနက် (၁၈.၁.၂၀၁၅) ရက်နေ့ အစောပိုင်း (၁၀း၀၀)နာရီ ပါတ်ဝန်းကျင်
တွင် မိမိ ကေအိုင်အေ တပ်ရင်း(၆)တပ်ဖွဲ့ ဝင်များ နှင့် မြန်မာအစိုးရတပ် တပ်မ
(၆၆) လက်အောက်ခံတပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ မှာ မြန်မာအစိုးရ
တပ် တပ်မ(၆၆) မှ ဓါတု အငွေ့ပါဝင် သည့် လက်နက် အသုံးပြု တိုက်ခိုက်ခဲ့
ကြောင်း ကေအိုင်အေ ရှေ့ တန်းမှ သတင်းရရှိပါသည်။


ငြိမ်းချမ်းရေး ဝေးနေဦးမလား

(Mizzima)

အခုရက်ပိုင်း ကချင်ပြည်နယ်၊ ဖားကန့်ဘက်မှာ ကေအိုင်အေ တပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့ တိုက်ပွဲတွေ မပြီး ဆုံးသေးခင် ဧရာဝတီရဲ့ ပင်မ မြစ်တစ်ခုဖြစ်တဲ့ မေခမြစ်တစ်ကြောမှာလည်း သေနတ်သံတွေ ကြားလာ ရပြန်ပါပြီ။ ဒီတစ်ခါ ပစ်ခတ်မှုတွေ ဖြစ်ပွားတာကတော့ တရုတ်နိုင်ငံသားတွေနဲ့ ကေအိုင်အေ ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ ပူးပေါင်း ပြီး တရားမဝင်ရွှေထုတ်လုပ်နေတဲ့ လုပ်ကွက်တွေကို အစိုးရတပ်ဘက်က ရှင်းလင်းရင်း ဖြစ်ပွားရတာလို့ တပ်မတော်ပိုင် မြဝတီသတင်းစာက သတင်းထုတ်ပြန်ပါတယ်။ သိပ်မကြာ ခင် ရန်ကုန်မှာ လက်နက်ကိုင် တိုင်းရင်းသားတွေ စုပေါင်းထားတဲ့ NCCT အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ် တွေ တွေ့ဆုံဆွေးနွေးကြပါဦးမယ်။ အဲဒီ ဆွေးနွေးပွဲရလဒ်ကနေ တစ်ဆင့် လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်မလားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ကချင်ပြည်နယ် တိုက်ပွဲတွေကြား ပိတ်မိနေသူတွေထဲ တရုတ်နိုင်ငံသား ရာဂဏန်းပါဝင်

(RFA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု အောင်ဘာလေ ကျေးရွာအနီး တိုက်ပွဲကြားမှာ ပိတ်မိနေ တဲ့ လူနှစ်ထောင်ဝန်းကျင်မှာ တရုတ်နိုင်ငံ သားတွေ ရာဂဏန်း ပါဝင်နေတယ်လို့ တရုတ်ပြည်မှာ အင်္ဂလိပ် ဘာသာနဲ့ထုတ်ဝေတဲ့ Global Times သတင်း စာက ဖော်ပြပါတယ်။ အရေအတွက် အတိအကျ ကိုတော့ ဖော်ပြမထားပါဘူး။

တိုင်းရင်းသားများကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရမည်ဟု အာဏာရပါတီ ဆို

(Mizzima)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုရှိစေရန် တန်းတူရည်တူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရမည်ဟု အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒတွင် ထည့်သွင်းထားသည်။

''တိုင်းရင်းသားအချင်းချင်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုအတွက် တန်းတူရည်တူခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ဒို့တာဝန်အရေး သုံးပါးကို မထိခိုက်စေဘဲ ဆောင်ရွက်စေရမည်'' ဟု ပါတီ၏ မူဝါဒအတွင်း ထည့်သွင်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရမှ နိုင်ငံရေးတာဝန်ကို စစ်တပ်လျှော့ယူမည်ဟု သမ္မတ ပြော

(Mizzima)

မြန်မာနိုင်ငံတွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိချိန်တွင် စစ်တပ်သည် လက်ရှိ နိုင်ငံရေးတာဝန် အခန်းကဏ္ဍမှ နောက်ဆုတ်သွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က စင်ကာပူအခြေစိုက် စထရိတ်တိုင်းမ်သတင်းဌာနနှင့် တစ်နာရီကြာ အင်တာဗျူးတွင် ဖြေသွားသည်။

တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုပိုင်းတွင် ခက်ခဲရှုပ်ထွေးနေခြင်းကြောင့် တိုးတက်မှုနှုန်း နှေးကွေးနေသော်လည်း လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု မျှော်လင့်နေ ဆဲ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။

Sunday, January 18, 2015

ဖြစ်ပွားနေဆဲ ကချင်စစ်ပွဲများရပ်ဆိုင်းရန် UNFC တောင်းဆို

(Mizzima)

ဖားကန့်မြို့နယ် သန်းဂေါင် အောင်ဘာလေ ကျေးရွာအနီး အခြေစိုက်ထားသော  KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ဖွဲ့နှင့် မြန်မာအစိုးရ စစ်တပ်၏ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့တို့အကြား လေးရက်မြောက်ထိ (ဇန်နဝါရီလ ၁၅ ရက်မှ ၁၈ ရက်) တိုက်ပွဲဖြစ်ပွားနေမှုများ ရပ်ဆိုင်းရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က သဘောထား ထုတ်ပြန် တောင်းဆိုသွားမည် ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ငြိမ်းချမ်းရေးေ၏ ဆွေးနွေးနေချိန်၊ ယုံကြည်မှု တည်ဆောက်နေချိန်အတွင်း KIA နှင့် အစိုးရစစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ် သဘောထား ကြေငြာချက်ထုတ်ပြန်ရန် UNFC က မူအားဖြင့် သဘောတူ ထားပြီးဖြစ်ကြောင်း UNFC ၏ တွဲဘက် အတွင်းအရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။

KIA ဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်များ PCG အဖွဲ့က သွားရောက်ခေါ်ယူ

(RFA)

ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံတပ်တွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ ဦး ကို မြစ်ကြီးနားမြို့အခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုး ဆောင်အဖွဲ့ဝင်တွေက ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နဲ့ ဆက်သွယ်ပြီး ဒီနေ့ သွားရောက်ခေါ်ဆောင်နေပါတယ်။

ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ဦးကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က တာဝန်ယူပြီး အစိုးရထံ ပြန်လည် အပ်နှံပေးဖို့ ကေအိုင်အိုက အကြောင်းကြားလာတဲ့အ တွက် သွားရောက်ခေါ်ဆောင်တာဖြစ်တယ်လို့ PCG အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာ က ပြောပါတယ်။

ဆုတ်ခွာပေးခဲ့သော KIA,စခန်းအားလုံး KIA မှ ပြန်လည် သိမ်းပိုက်နိုင်

(Lachid Kachin)

ဖားကန့် ဒေသ ကေအိုင်အေ တပ်ရင်း (၆) ၏ ရှေ့တန်း စခန်း များ ဖြစ်သော
အောင်ဘာလေ အနီးရှိ မိုင်ဆပ်ကောင် စခန်း ၊ Wa Je Post၊ RCM ဆုတောင်း
တောင်ကုန်းအနီး မှ စခန်း နှင့် တန်ဂေါင် စခန်း များအား မြန်မာ စစ်တပ် တပ်မ (၆၆) လက်အောက်ခံ တပ်များမှ (15-16,Jan,2015) ရက်နေ့ တို့ တွင် စစ်အင်အား အလုံးအရင်း ဖြင့် ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ ခြင်း ဖြစ်သည်။


ဖားကန့်ဒေသ တိုက်ပွဲ ဆက်လက်ပြင်းထန်ဆဲ

(Kachin Waves)

ဖားကန့်အောင်ဘာလေတွင် ယနေ့တွင်လည်း တိုက်ပွဲပြင်း ထန်ဆဲဖြစ်ပြီး ယခုအထိ အစိုးရတပ်မတော်မှလည်းလက်နက်ကြီး အလုံး ၁၈၀ ကြိမ် ပစ်ခတ် ခဲ့ကြောင်းသတင်းရရှိသည်။

ထိုဒေသတွင် ယခုအချိန်တွင် အစိုးရတပ်မတော် တပ်သားများ အယောက် ၁၂၀၀ ခန့်ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ကေအိုင်အေ တပ်ရင်း (၆)မှ အရာရှိများမှဆိုသည်။

နံနက်မှစတင်ပြီးဆက်တိုက်ဖြစ်ပွားနေပြီး နေ့လည်ပိုင်းတွင် ခနတာ နားပြီး ပြန်လည်ပြင်းထန်းလျှက်ရှိကြောင်းလည်းဆိုသည်။

ဖါးကန့် တိုက်ပွဲ အခြေအနေ ၊အစိုးရတပ်ထံမှ လက်နက်ကြီးများ သိမ်းဆည်းရရှိ

(Lachid Kachin)

ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ ကေအိုင်အေ တပ်ရင်း (၆) ဥရုဆိုင်း
မော် ဖားကန့် ဒေသတွင် မြန်မာ စစ်တပ် တပ်မ (၆၆) လက်အောက်ခံ တပ်များ
နှင့် ကေအိုင်အေ တပ်ရင်း (၆) တို့ အကြာား တိုက်ပွဲ အပြင်း အထန် ပြန်လည်
ဖြစ်ပွား သည် မှာ ယနေ့ နဲ့ဆို (၄) ရက်ထဲရောက်ရှိ လာ ပြီ ဖြစ် ကြောင်း
သိရှိရပါသည်။


ထိုသို့ တိုက်ပွဲ ဖြစ်ပွား သည့် (၄) ရက် အတွင်း တိုက်ပွဲ ပထမနေ့ (၁၅. နှင့် ၁၆၊
၁၊၂၀၁၅) ရက်များတွင် ကေအိုင်အေ ဘက် မှ ပြည် သူလူထု ကျေးရွာ သားများ
ကို ထိ ခိုက်မည်ကို ထောက်ထား ပြီး ခံ စစ်သဘော အနေ အထား ဖြင့် သာ နေ
ခဲ့ ပြီး ၄င်းတို့ ၏စခန်း (၄) ခု အထိ ဆုတ်ခွာ ပေးခဲ့ ကြောင်းသိရှိရပါသည်။


ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်း အားနေပြည်တော် မှထိမ်းသိမ်းလိုက်ပြီ လော့.... ??

(Lachid Kachin)

Manau poi Ngut ai hte Lajawn Ngan Seng hpe Naypyidaw de shaga la nna dap 6 hpe gasat nga. နယ်စပ်ရေးရာ ဝန်ကြီး ဦးသန်းအောင် gaw ဝန်ကြီးချုပ် zawn shara la taw nga ai re lam na chye lu ai.

ကချင် ပြည်သူ အများမှ ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်မှု မရှိသေး သော ကြောင့်
ယခု နှစ် တွင် ကျရောက်သော (၆၇) ကြိမ်မြောက် ကချင် ပြည်နယ်နေ့ တွင် ကချင် မနော် ပွဲတော်အား မထည့်သွင်းစေလို၊ မနော် ပွဲ ကျင်းပရန် မသင့် တော် သေး ကြောင်း ကန့် ကွက်နေ သည့် ကြားမှ ကချင်ပြည်နယ် အစိုးရ အဖွဲ့ ၊၀န်ကြီးချုပ်လဂျွန်ငန်ဆိုင်း တို့ ဦးဆောင်ပြီး မှ အတင်း အဓမ္မ မနော်ပွဲ ကျင်းပ ခဲ့ ခြင်း ဖြစ် သည်။

Hpakant,Dung (6)ni Myen laknak N kau Lu Zing

(Lachid Kachin)

Wunpawng Mung Dan Shang lawt Hpyen Dap KIA, Dap Ba (2) n pu
KIA, Dap dung (6) Hpakant ginra de myen tai hpyen ni (15.1.2015)
ya sha ni kawn hpyen ngun ka ba , Lak nak ka ba ni hte maja laja
la na htu ga sat wa ai majaw tinang KIA, maga kawn Mung mara
masha hpe hkra ma chyi na tsang ai majaw Tinang hpyen dap Post
n kau hpe (15-16,Jan ,2015) ya sha ni hkan e gan yen kau sai
re lam chye lu ai.


ပိတ်မိ ကချင်အရပ်သား ကယ်ထုတ်ရေး စစ်တပ်ဟန့်တား

(VOA)

ကချင်ဝန်ကြီးနဲ့ ရဲတပ်ဖွဲ့ဝင် အချို့ကို ကချင်တပ်ဘက် က ခေတ္တထိန်း သိမ်းလိုက်ပြီးတဲ့နောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ကချင် လွတ်မြောက်ရေး တပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဆက်ဖြစ်နေပါတယ်။ တိုက်ပွဲကြား ပိတ်မိနေတဲ့ရွာသားတွေ ကို သွား ကယ်ထုတ်ဖို့ ကြိုးစားတဲ့ ကယ်ဆယ်ရေး ယာဉ်တန်းတွေကို မြန်မာ စစ်တပ်ဘက်က သွားခွင့်မပေးဘဲ ပိတ်ထားတဲ့ အတွက် စစ်ဘေးဒဏ်သင့် ဒေသခံ ပြည်သူတွေကို ကယ်ဆယ်ရေး အခက်တွေ့နေပါတယ်။ မငြိမ်းချမ်းနိုင်သေးတဲ့ ကချင်ပြည်နယ် ထဲက တကျော့ပြန် စစ်ရေးတင်းမာမှုတွေရဲ့ နောက်ဆုံး အခြေအနေမဆုမွန်က စုံစမ်းတင်ပြထားပါတယ်။

ကချင်ဒေသမှာ တိုက်ပွဲတွေ ၃ ရက်မြောက် ဆက်လက်ဖြစ်ပွားနေဆဲ

(17-1-2015) (RFA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ် စု အောင် ဘာလေကျေး ရွာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြားမှာ ပိတ်မိနေဆဲ ဒေသခံရွာသား နှစ်ထောင်လောက် ကို ဖားကန့်မြို့နယ် အခြေ စိုက် နိုင်ငံရေးပါတီတွေ၊ ဘာသာရေးနဲ့ လူမှုအဖွဲ့ အစည်း တာဝန်ရှိသူတွေက ကားအစီး ၁၅၀ ကျော်နဲ့ သွားရောက်ခေါ်ဆောင်ပေမဲ့ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်တွေက သွားခွင့်မပြုဘူးလို့ သတင်းရရှိပါတယ်။

လုံးခင်းကျေးရွာနဲ့ ၃ မိုင်အကွာမှာရှိတဲ့ ဆန်ခါကျေးရွာမှာ တားမြစ်ခံရတာဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့မှာပါတဲ့ ဖားကန့်မြို့နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင့်စိုးက RFA ကိုပြောပါတယ်။