Saturday, January 17, 2015

တိုက်ပွဲကြောင့်ဖားကန့်ဒေသရှိကုမ္ပဏီများရပ်ဆိုင်း

(Kachin Waves)

အခုလက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဖားကန့်တွင် လုပ်ကိုင်နေသည့် ကုမ္ပဏီများ ၂၀၁၅ ဇန်န၀ါရီ ၁၆ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ကြပြီဖြစ်ကြောင်းသတင်းရရှိသည်။

အောင်ဘာလေ ရှိဒေသခံများသည်လည်း အစိုးရတပ်မတော်သားများ သွားခွင့်မပြုသည့်အတွက် ယခုအထိ ပိတ်မိနေဆဲဖြစ်ကြောင်းလည်းဒေသခံတစ်ဦးမှဆိုသည်။

ညှိနှိုင်း အကြောင်းကြားခြင်း

ဖားကန့်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး ဒေသခံ ၁၀၀၀ခန့် ပိတ်မိနေဆဲ

(Mizzima)

ကေအိုင်အေ ပဋိပက္ခညှိနှိုင်းအဖွဲ့က အစိုးရ ပဋိပက္ခညှိနှိုင်းခေါင်းဆောင်ထံ ညှိနှိုင်းစာပို့

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်နှင့် အစိုးရ တပ်မတော်တို့ သုံးရက်မြောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲတွင် ပိတ်မိနေသော ဒေသခံများကို ဇန်နဝါရီလ ၁၇ ရက်ထိ အစိုးရ စစ်တပ်က လွှတ်ပေးခြင်း မရှိသေးကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) နှင့် ဖားကန့်မြို့ခံများက မဇ္ဈိမကို ပြောသည်။
 
 

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

(၁၆-၁-၂၀၁၅) (RFA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု အောင် ဘာလေကျေးရွာ အနီးမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံ တပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ တပ်တွေအကြား ဒီနေ့ ညနေအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေတယ်လို့ ဒေသခံ ရွာသားတွေ က ပြောပါတယ်။

အောင်ဘာလေရွာထိပ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားနေ ပြီး ဒေသခံရွာသားတွေက ရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ အောင်ဘာလေရွာသူတစ်ဦးက အခုလိုပြောပါတယ်။

ဖားကန့်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာဖွယ်ရှိ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲ ၂ နာရီမှစတင်၍ သတင်းရေး သားချိန် (ညနေ ၆ နာရီ) ထိ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေ သည်ဟု ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက် (KDNG ) မှ တာဝန်ခံ ဦး စာဂျီက ပြောသည်။

“ဒီညနေ ၂ နာရီလောက်ကနေ တိုက်ပွဲ ဆက်တိုက် ပြန်ဖြစ်လာ တဲ့သဘောပါဘဲ။ အဲဒီ ဥရုချောင်းဖျားပိုင်း ဂွေခါ၊ နမ်မှော်ဘက်မှာ တိုက်ပွဲ ပြန်ဖြစ်လာတယ်လို့ ကြားတယ်။ ကေအိုင်အေက ပြန်ခုခံတဲ့ သဘောဖြစ်နေပြီ။ အဲဒီလို ဆိုရင်တော့ စစ်သားနှစ်ဖက်စလုံး လွတ်လွတ်လပ်လပ် တိုက်တော့မယ်ထင်တယ်။ ဖားကန့်နယ်ခံတွေ ပြောတလောက်ဆိုရင် တိုက်ပွဲတော့ ပြင်းထန်မဲ့ပုံရှိနေတယ်” ဟု သူက ပြောသည်။

Friday, January 16, 2015

ဖားကန့်တိုက်ပွဲတွင် အစိုးရစစ်တပ်မှ ဒေသခံများအား ရှေ့တန်းသို့ခေါ်ဆောင်ကာ ကျည်ကာတံတိုင်းသဖွယ်ပြုလုပ်လျက်ရှိ

(Kachin Waves)

အစိုးရစစ်တပ်မှ လုံးခင်းကျေးရွာ အုပ်စု အောင်ဘာလေကျေးရွာမှ ဒေသခံများအား တိုက်ပွဲဖြစ်နေ သည့် ရှေ့တန်းသို့ခေါ်ဆောင်ကာ ကျည်ကာ တံတိုင်းသဖွယ်အသုံးပြုလျက်ရှိကြောင်းသတင်းရရှိသည်။

ရှေ့တန်းသို့ခေါ်ဆောင်ခံရသူများအား အစိုးရစစ်တပ်မှ ရိုက်နှက်မှုများပြုလုပ်ခြင်း၊ တိုက်ပွဲအတွင်းကျဆုံးသွား သည့် တပ်သားအလောင်းများအားထမ်းခိုင်းခြင်း မိုင်းများရှင်းခိုင်းခြင်း များပြုလုပ်နေကြောင်း ဒေသခံတစ်ဦးမှဆိုသည်။ 

အစိုးရစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်ခါးဂါးကျေးရွာမှ ဒေသခံများတစ်ဖန်ထွက်ပြေးတိမ်းရှောင်

(Kachin Waves)

ပူတာအိုခရိုင်ရှိ အင်ခါးဂါး ကျေးရွာတွင် ၂၀၁၅ ဇန်နဝါရီ ၁၅ရက် ၌ အစိုးရတပ်မတော် တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ မရောတ်ကျေးရွာသို့ အားလုံးထွက်ပြေးခဲ့ကြောင်းသိရသည်။
ယခုအချိန်ထိ လမ်းမရှောက်နိုင်သည့် အဖိုးအို ၆ ဦး အစိုးရစစ်တပ်နှင့်အတူ အင်ခါးဂါး ကျေးရွာတွင် ကျန်ရှိနေ သေးကြောင်းသတင်းရရှိသည်။

Myen ni Pyi Tuq Tsit ni hpe N sa N mai Gawt Masai

(Lachid Kachin) (Mungmyit Bunghku)

Ya yang Ba 4 de htu taw nga ai Myen Dap ni gaw, Tatma 11 / 55 / 77 / 99 ni rai ma ai, Ya matut nna mung Ba 4 ginra de laja lana htu jahpring bang wa na matu Kutkai mare Hpyen dap arung arai lusha, Tsi mawan ni manu mana hkyen lajang da sai lam shiga na lu ai.


ကေအိုင်အေနှင့် တပ်မတော်တို့ ဇန်နဝါရီ ၁၆ရက်တွင် ပစ်ခတ်မှုမရှိသော်လည်း နှစ်ဖက်အသင့်အနေအထားရှိနေ

(Mizzima)

ဇန်နဝါရီ ၁၆ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နှင့် အစိုးရတပ်မတော်အကြား ကချင်ပြည်နယ် ဖားကန့်ဒေသ၌ တိုက်ပွဲများ မရှိသော်လည်း နှစ်ဖက်တပ်များကမူ နီးနီးကပ်ကပ်ရှိနေသည်ဟု ကေအိုင်အေတပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆိုင်က ပြာသည်။

“မနေ့က ညနေ ၆ နာရီခွဲထိ တိုက်ပွဲဖြစ်တယ်။ တပ်ရင်း ၆ ကို ကျွန်တော်တို့ မဆုတ်သေးပါဘူး။ ကျွန်တော်တို့ နေနေတုန်းပါ။ ဒီနေ့တော့ တိုက်ပွဲငြိမ်နေတယ်။ အခုတော့ နှစ်ဖက် ချိန်နေကြတာ။ ကျွန်တော်တို့ဘက်ကလည်း အဆင်သင့်စောင့်နေတယ်”ဟု ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

တိုက်ပွဲကြောင့် ကချင်ရွာသား ၂၀၀၀ နီးပါး ပိတ်မိနေ

(RFA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု အောင်ဘာလေကျေးရွာ အနီးမှာ တပ်မ ၆၆ လက်အောက်ခံ အစိုးရ တပ်တွေနဲ့ ကေအိုင်အေ တပ်ရင်း ၆ အကြား ဒီနေ့မနက်က စပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေ တဲ့အတွက် ဒေသခံရွာသား ၂၀၀၀ နီးပါး ပိတ်မိနေတယ်လို့ သိရပါတယ်။


ပြည်နယ်ဝန်ကြီး ဦးကမန်းဒူနော်တို့ကို မနေ့က ဖမ်းဆီးစစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရစစ်တပ်က ပစ်ခတ်တာဖြစ်တယ်လို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်က ပြောပါတယ်။

လုံးခင်းရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရပြီး ၄ ဦးဒဏ်ရာရ

(ဧရာဝတီ)

စစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲများပြင်ထန်းနေတဲ့ ဖားကန့်မြို့နယ် လုံးခင်းရဲစခန်ဝန်း အတွင်းမှာ မနေ့ညနေ ၆ နာရီခန့်က ဗုံး တလုံးပေါက်ကွဲခဲ့ပြီး ရဲဝန်ထမ်း မိသားစုဝင် လေးဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ လုံးခင်းရဲစခန်းက ဧရာဝတီကို အတည်ပြုပြောဆိုပါတယ်။

လုံးခင်း စခန်းမှူး တင်ကိုကို က “ကျနော်တို့ စခန်းထဲကို လမ်းမကြီးပေါ်ကနေ ဆိုင်ကယ်နဲ့ ဗုံးတလုံးပစ်သွင်း သွားတာ။ အဲဒီအချိန် စခန်းမှာ ထိုင်နေကြတဲ့ ဝန်ထမ်းမိသားစုတွေရှိနေတယ်။ ဗုံးကပေါက်ကွဲပြီး ဗုံးစတွေက ဝမ်းဗိုက်နဲ့ ခြေထောက်တွေကို မှန်ကုန်တာ” လို့ ဧရာဝတီကို ပြောပါတယ်။

ဖားကန်သို့ အစိုးတပ်နှင့် KIA တိုက်ပွဲများ ပြင်းထန်နေ

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ တပ် မဟာ ၂ လက်အောက် ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ စစ်တပ် တို့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီမှစတင်၍ တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က ပြောသည်။

“တိုက်ပွဲက ဒီမနက် ၆ နာရီခွဲကနေစဖြစ်တာ။ အောင်ဘာလေရွာဘက် ဝင်လာလို့ တိုက်ပွဲ ဖြစ်တာလား၊ အားလုံး ၃၀၀ လောက်ရှိမယ်။ ကျနော်တို့က ဒီမနက်ကနေ ခုထိခုခံတိုက်ခိုက်နေပါတယ်။ လက်နက်ကြီး ၈၁ နဲ့ ၁၀၅ မမလည်း ပစ်တယ်။ ၈၁ က ပစ်တာ ပိုများတယ်။ (ဥရုချောင်း) ဟိုဘက်ကမ်း ဂင်စီကနေ ဒီဘက်ကို ပစ်တာ။ ၁၀၅ မမနဲ့ ဆန်ခါဗျူဟာကုန်းကနေလည်း ပစ်တယ်” ဟု ဗိုလ်မှူးတန်ဆန့်က ပြောသည်။

Thursday, January 15, 2015

ကေအိုင်အေနှင့် တပ်မတော် တိုက်ပွဲပြင်းထန်နေ

(Mizzima)

ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီခွဲမှ ယခု သတင်းမေးမြန်းသည့် ၁၀ နာရီချိန်ထိ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆိုင်းက မဇ္ဈိမကို ပြောသည်။

“တိုက်ပွဲဖြစ်နေပြီး ဒီမနက် ၆ နာရီခွဲကနေစဖြစ်တာ။ အောင်ဘာလီရွာဘက် ဝင်လာလို့ တိုက်ပွဲ ဖြစ်တာလား၊ တပ်ရင်း ၃ ရင်းရှိတယ်။ ကျွန်တော်တို့က ဒီမနက်ကနေ ခုထိခုခံတိုက်ခိုက်နေပါတယ်။ အစိုးရ စစ်တပ်က လက်နက်ကြီး ၅၀၊ ၆၀ ကြိမ်လောက် ပစ်ပြီ၊ ခုထိ တိုက်ပွဲဖြစ်နေတုန်းဘဲ”ဟု သူက ပြောသည်။

ကချင်ပြည်နယ်အစိုးရဝန်ကြီး လုံခြုံရေးတာဝန်ယူသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးကို ကေအိုင်အေ ဖမ်းဆီးထိန်းသိမ်း

(Mizzima)

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်၏ လမ်းကြောင်းတွင် လိုက်ပါသွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့ဝင်များက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းရှိ ဟွေလုံလမ်းပိုင်းတစ်နေရာတွင် ဇန်နဝါရီ ၁၄ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ယင်းနေ့ ည ၇ နာရီကျော်တွင် အတည်ပြုသည်။

ပြည်နယ်ဝန်ကြီး ထိန်းသိမ်းခံခဲ့ရပြီး KIA နဲ့ အစိုးရစစ်တပ် တိုက်ပွဲပြင်းထန်လာ

(ဧရာဝတီ)

ကချင်ပြည်နယ် ဖားကန့်မြို့ နယ်ထဲမှာ ဒီနေ့မနက် ၆ နာရီကစပြီး ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရစစ်တပ် အကြား တိုက်ပွဲ အပြင်းအထန်ဖြစ် ပွားနေတယ်လို့ သတင်းရရှိပါတယ်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ရဲ့နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ ပြောခွင့်ရ ဦးဒေါင်ခါးက“တိုက်ပွဲက မနက်ကတည်းကဖြစ်နေတာ အခုအချိန်အထိပဲ။ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး အစိုးရစစ်တပ် က အခု ကျနော်တို့ နယ်ထဲအထိ ကျွံလာလို့ တိုက်ပွဲက ပိုပြင်းထန်လာတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးတဦး ထိန်းသိမ်းခံရပြီးနောက် တိုက်ပွဲ ပြင်းထန်

(DVB)

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်ကို လမ်းမှာ တားဆီးမေးမြန်းမှုဖြစ်ပွားပြီးနောက် တပ်မတော်နဲ့ ကေအိုင်အေ အကြား တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။ 

မနေ့က ဖားကန့်မြို့နယ် ဟွေလုံကျေးရွာအနီးမှာ ကေအိုင်အေက မိုးကောင်း-ကာမိုင်း -ဖား ကန့် လမ်းကြောင်း စစ်ဆေးကြည့်ရှုနေတဲ့ ပြည်နယ်ဝန်ကြီးအဖွဲ့ကို တားဆီး စစ်ဆေးမေးမြန်ခဲ့ပြီး လုံခြုံရေး ရဲ ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ကေအိုင်အိုဘက်ကတော့ ပြည်နယ်ဝန်ကြီးကို မေးမြန်းတာသာဖြစ်ပြီး ရဲတွေကိုလည်း ပြန်လွှတ်ပေးမှာပါလို့ ဒီဗွီဘီကို ဖြေပါ တယ်။ 

ဖါး ကန့် တိုက်ပွဲ နောက်ဆုံးရ သတင်း (11 am)

(Lachid Kachin)

၁၅.၁.၂၀၁၅ ရက်နေ့ နံနက် (၁၁)နာရီ
KIA, တပ်ရင်း (၆) ဖါးကန့် ဥရုဆိုင်း မော်၊ ဂင်ဆီ ဘက်သို့ မြန်မာ စစ်တပ်မှ စစ်အင်အား အလုံးအရင်း ဖြင့် ထိုးစစ်ဆင် တိုက် ခိုက် လာခြင်း ကြောင့် ယနေ့ (၁၅.၁.၂၀၁၅) ရက်နေ့ နံနက် (၆) နာရီ မှ (၉း၃၀) အထိ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား ခဲ့ေ ကြာင်း သိရှိရပါသည်။


KIA, တပ်ရင်း (၆) ဖါးကန့် ဒေသ ၌ တိုက်ပွဲ ပြန်လည် စတင်

(Lachid Kachin)

KIA, တပ်မဟာ (၂) လက်အောက်ခံ KIA, တပ်ရင်း (၆) ကမ္ဘာ ကျော်
ကျောက်စိမ်း များ ထွက်ရှိရာ ဖါးကန့် ဥရုဆိုင်းမော်ဒေသတွင် တိုက်ပွဲ
များ ပြန်လည် ဖြစ်ပွား နေ ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။


(၁၄.၁.၂၀၁၅) ရက်နေ့ မွန်းလွဲ (၁း၃၀) အချိန် ခန့် တွင် ဖားကန့် ၊ဂွေခါ
ဆပ်ပြာ ဂျောင် အထက်ရှိ KIA, တပ်ရင်း (၆)၏ တပ်ခွဲ (၅)တပ် ဖွဲ့ အား
မြန်မာ အစိုးရ စစ်တပ် တပ်မ (၆၆) လက်အောက်ခံတပ်များ မှ လာရောက်
တိုက်ခိုက်ခြင်း ကြောင့် တိုက်ပွဲ များ စတင် ဖြစ်ပွား ခဲ့ ကြောင်း သိရှိ
ရပါသည်။ ဤတိုက်ပွဲ တွင် မြန်မာ စစ်တပ်၏ လက်နက် အချို့ ကို လည်း
KIA, ကသိမ်းဆီးရရှိ ကြောင်း ကိုလည်း ရှေ့တန်းမှ ကနဦး သတင်းပေးပို့
လာ ပါသည်။

UNFC တင်ပဲ စင်ပြိုင်တပ်လား UWSA “ ၀ “ အဖွဲ့ အပါဝင် ကျန်အဖွဲ့တွေ ကကော စင်ပြိုင်တပ် မဟုတ်ဘူးလား

(Lachid Kachin)
ကိုစိုင်း( ရှမ်းမောမြေ)


စင်ပြိုင် တပ်မတော်ဆိုတဲ့ စကားလုံး ဟာ အခုနောက်ပိုင်း သတင်း မီဒီယာတွေမှာ တခါတရံမြင်တွေ့ လာတဲ့ စကားလုံးဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း မှာတော့ ဆိုရှယ် မီဒီယာပေါ်မှာပါ မကြာမကြာမြင်တွေ့ လာရတဲ့ စကားလုံးဖြစ်ပါတယ်။ ပထမဆုံး ဒီစကားလုံး ကို ထင်ထင်ရှားရှား သတိပြုမိလာတာကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ဗွီအိုအေ အမေရိကန်အသံ တို့ရဲ့ တွေ့ဆုံမေးမြန်းမှုမှာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရာယ်ကောင်စီ UNFC က ဖွဲ့စည်းထား တဲ့ ပြည်ထောင်စု တပ်မတော်ဆိုတာနဲ့ ပတ်သက်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘယ်နိုင်ငံမှာမှ စင်ပြိုင်တပ်မတော်ဆိုတာ မရှိဘူး တပ်မတော်ဆိုတာ တခုတည်းရှိတယ်။ လို့ဆိုခဲ့တာကို တွေ့ရပါတယ်။

ကချင်ဝန်ကြီးတဦး ခေတ္တထိန်းသိမ်းခံရပြီး လုံခြုံရေးရဲ ၃ ဦး ဖမ်းဆီးခေါ်ဆောင်

(DVB)

မိုးကောင်း- ကာမိုင်း- ဖားကန့် လမ်းကြောင်း  စစ်ဆေးကြည့် ရှုနေတဲ့  ကချင်ပြည်နယ်  လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးကို ကေအိုင်အေ အဖွဲ့က ခေတ္တ ထိန်းသိမ်းပြီး အနီးကပ် လုံခြုံရေး လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို  ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

Wednesday, January 14, 2015

အစိုးရနှင့် ကချင်တပ်ဖွဲ့များကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွား

(ကချင်သတင်းဌာန)

ရှမ်းပြည် နယ်မြောက် ပိုင်း ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၂၊ ၃၆၊ ၃၈ ဒေသအတွင်း အစိုးရ တပ် မတော်နှင့် တိုက်ပွဲ ပြန် လည် ဖြစ်ပွားနေ သည်ဟု KIA တပ်မဟာ ၄ မှ ဗိုလ်ကြီးဇော်လ ကပြောသည်။

မူဆယ်မြို့ နယ်နှင့် ကွတ်ခိုင်မြို့ နယ် အကြား အစိုးရ၏ စစ်တပ်များ ၂၀၁၅ နှစ်ဆန်းပိုင်း မှစတင်၍ စစ်အင်အားဖြည့် တင်းမှုများ ရှိနေခဲ့ရာမှ ဇန်နဝါရီလ ၁၂ ရက်က တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။ ၎င်းနေရာတွင် အစိုးရဘက်မှ ဒကစ (၁၀) မှ တပ်ဖွဲ့များလှုပ်ရှားနေခြင်း ဖြစ်သည်ဟု ပြောသည်ဟု သူက ပြောသည်။

ဖားကန့် ကျောင်းသူ သေဆုံးသည့် အမှု တရားလို အစိုးရဗိုလ်မှူး ၅၀ ကြိမ်မြောက်ရုံးချိန်းမှ ရောက်လာ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ သေဆုံးမှုအပေါ် စစ်ဆေးရန် တိုင်းတန်းခဲ့ရာမှ တရားစွဲခံထားရသူ ဦးဘရန်ရှောင်၏ တရားလို အစိုးရ စစ်တပ်၏ ဗိုလ်မှူး ဇာနည်မင်းပိုက်သည် တစ်နှစ်ကျော်ကြာ တရားရုံးသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ရာမှ ဇန်နဝါရီလ ၁၂ ရက်နေ့ ရုံးချိန်းသို့ ပြန်လည် တက်ရောက်ခဲ့သည်ဟု ဦးဘရန်ရှောင်က ပြောသည်။

တရားလို ဗိုလ်မှူး ဇာနည်မင်းပိုက်က ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ရုံးချိန်းသို့ တက်ရောက်ခဲ့ပြီးနောက် ဖားကန့်မြို့နယ် တရားရုံးက အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း တက်ရောက်လာခြင်း မရှိခဲ့ဘဲ တနလာင်္နေ့  ၅၀ ကြိမ်မြောက် ရုံးချိန်းသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဦးဖုန်ကျားရှင် ကိုးကန့်တပ်ဖွဲ့ အင်အားအခြေအနေ

(VOA)

၂၀၀၉ ခုနှစ်တုန်း က မြန်မာ့ တပ်မတော်က တိုက်ထုတ် လိုက်တာကြောင့် ရှမ်းပြည်နယ် သူ့ နယ်မြေထဲ က ထွက်ပြေးသွားရတဲ့ ဦးဖုန်ကျားရှင် ရဲ့ ကိုးကန့်တပ်ဖွဲ့ ဟာ အခုအခါ ရှမ်းပြည်နယ်မြောက် ပိုင်းဒေသမှာ အင်အား ပြန်လည် စုဆောင်းပြီး ခြေကုတ်ယူဖို့ ကြိုးစားလာနေ တဲ့ တချိန်တည်းမှာပဲ ဦးဖုန်ကျားရှင်ရဲ့ သတင်းတွေကို တရုတ် မီဒီယာတွေက အခုရက်ပိုင်း အတွင်း ဖော်ပြလာနေပါတယ်။

ဦးဖုန်ကျားရှင် ကိုးကန့်တပ်ဖွဲ့ရဲ့ အနေအထား အင်အားကြီးထွားလာမှုနဲ့ ငြိမ်းချမ်းရေး အလားအလာတွေကို ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဦးဘရန်ရှောင်၏ (၅၁)ကြိမ်မြောက် ရုံးချိန်းတွင် ဗိုလ်မှူးဇာနည်မင်းပိုက်တက်ရောက်

(Kachin Waves)

အမှုမှန်ဖော်ထုတ်ရန်အတွက် ဖြစ်ရပ်မှန်ဖော်ထုတ်ရေးကော်မတီမှ အဆိုတင်ရာ ဖားကန့်မြို့နယ်တရားရုံးမှ အခင်းဖြစ်ပွားရာနေရာဖြစ်သည့် မော်ဝမ်းရပ်ကွက် ဆွတ်ငိုင်ယန်ကျေးရွာတွင် ကွင်းဆင်းလေ့လာ စစ်ဆေး ခွင့်အား ၂ နှစ်ကြာသွားပြီဖြစ်သွားတဲ့အတွက် ၂၀၁၅ ဇန်နဝါရီ ၁၃ ၌ ပလပ်လိုက်ပြီဖြစ်သည်။

“ ခွင့်ပြုမိန့် မပေးဘူး” ဟု ဦးဘရန်ရှောင်၏ ရှေ့နေတစ်ဦးမှဆိုသည်။

နမ်ဂွတ်ရွာ မှ အမျိုးသမီး (၅)ဦးအား ဗမာစစ်တပ် မှ ဖမ်းဆီးသွား။ KIA,တပ်ရင်း (၃၆) ၏(Ying Lar-Post) စခန်းအား ဆုတ်ခွာပေးရ

(Lachid Kachin)

ရှမ်းပြည် နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ခံ
ကေအိုင်အေ တပ်ရင်း (၃၆) ၏ ရှေ့တန်းလုံခြုံရေးကင်း စခန်းတခု ဖြစ်သော
ရင်းလာ (Ying Lar -Post) အား (၁၃.၁.၂၀၁၅) ရက်နေ့ နံနက် (၇) နာရီ
ခန့် မှ စတင်ကာ မြန်မာ စစ်တပ် မှအပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်
ပြီး (၁၂၀-မမ)လက်နက်ကြီးများဖြင့် အဆက်မပြတ် တိုက်ခိုက် ပစ်ခတ်နေ
ခြင်းကြောင့် မိမိတို့ ကေအိုင်အေ ဘက် မှ ၄င်း ကင်းစခန်းအား ခေတ္တ
ဆုတ်ခွာ ပေးခဲ့ ပြီ ဖြစ်ကြောင်း ကေအိုင်အေ ရှေ့တန်း အရာရှိ များထံ မှ သတင်းရရှိပါသည်။


ဤတိုက်ပွဲ တွင် ကေအိုင်အေ ဘက် မှ ရဲဘော် (၁)ဦး အနည်းငယ်ဒဏ်ရာ
ရရှိကြောင်းသိရှိ၇ပြီး မြန်မာ စစ်တပ်ဘက်မှ ထိခိုက် သေးဆုံးမှုသတင်းများ
ကို မသိရှိသေးပါ။


၂၀၁၅ ခုနှစ်အတွင်း အစိုးရတပ်နှင့် KIA, ပထမအကြိမ် တိုက်ပွဲဖြစ်

(Mizzima)

ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ် ခရိုင်နှင့် ကွတ်ခိုင်မြို့နယ် အကြား ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်မတော် တို့အကြား တိုက်ပွဲပြန် လည် ဖြစ်ပွားနေ သည်ဟု KIA တပ်မဟာ ၄ မှ ဗိုလ်ကြီး ဇော်လ က မဇ္ဈိမကို ပြောသည်။

KIA ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၂ ၊ ၃၆ နှင့် ၃၈ နယ်မြေအတွင်း အစိုးရ၏ စစ်တပ်များ ယခုနှစ်ဆန်းပိုင်းမှ စတင်၍ အင်အား ဖြည့်တင်းမှုများ ရှိနေခဲ့ရာမှ ဇန်နဝါရီလ ၁၂ ရက်မှစတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။


Tuesday, January 13, 2015

ဗမာ စစ်တပ်အရာရှိနှင့် တရုတ် တို့၏ ဘိန်းခင်းအား ဒေသခံ ကိုယ်ထူကိုထဘိန်းတိုက်ဖျက်ရေးအဖွဲ့မှ ဖျက်ဆီး

(Lachid Kachin)


ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း ဒေသတွင် ၄င်းဒေသ သို့ ရောက်ရှိ နေ သော
မြန်မာ အစိုးရ စစ်တပ် မှ အရာရှိ များ နှင့် ဒေသတွင်းမှ တရုတ် လူမျိုးတို့ နားလည်မှု (စစ်တပ်အားငွေပေးပြီး) ဖြင့် စိုက် ပျိုး ထားသော ဘိန်းခင်းများအား ဒေသခံ ကချင် လူထုမှ(ကချင် ကိုယ်ထူ ကိုထဘိန်း တိုက်ဖျက်ရေးအဖွဲ့) ၀င်ရောက်ဖျက်ဆီး ခဲ့ကြောင်းသတင်းရရှိပါသည်။


Monday, January 12, 2015

မနောပွဲသို့ ဒေသခံများ တက်ရောက်ပါဝင်မှု အားနည်း

(ကချင်သတင်းဌာန)

၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲကို ဇန်နဝါရီလ ၈ ရက်က မနောပွဲကသူ များနှင့် ဒေသ ခံ ပြည်သူများ တက်ရောက် လာသူများ ယခင်နှစ်များ ထက် လျော့နည်းနေ သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် အစိုးရက ဦးစီးကျင်းပမှုကို ကချင်လူမှု အဖွဲ့အစည်းများ ကန့်ကွက်နေသည့်ကြားက မနောပွဲကို ဆက်လက် ကျင်းပနေသော်လည်း ပွဲတက်ရောက်လာသူများ နည်းပါးကာ မနောကသူများလည်း လျော့နည်း သွားသည်ဟု ကချင်အတိုင်ပင်ခံကောင်စီ (WMR) အထွေထွေ အတွင်းရေးမှူး ဦးဂမ်အောင်က ပြောသည်။

ကုမ္ပဏီများ စွန့်ပစ်မြေစာပုံ ပြို၍ အများအပြားသေဆုံး

(ကချင်သတင်းဌာန)
 
ကချင်ပြည်နယ် ဖားကန့်မြေပြို မှုကြောင့် သေဆုံး သွားသော ရခိုင် တိုင်းရင်းသား အမျိုး သမီးနှစ်ဦး၊ အမျိုးသားနှစ်ဦး တို့ကို ဇန်နဝါရီလ ၈ ရက်က ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက် ဆုံးနေသော လူ စာရင်းများ ရရှိရန် အနီးအနားရှိ ကျေးရွာများ ကိုလည်း လူပျောက် စာရင်းများ ကောက်ခံခဲ့ သည်ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့ညနေပိုင်းတွင် မြေပြိုခဲ့သော အနီးပတ်ဝန်းကျင်ရှိ ဘလခ၊ တောင်ပြို၊ မော်မောင်းစသည့် ကျေးရွာ သုံးရွာရှိ ရွာသားများကိုလည်း မိမိတို့ ကျေးရွာတွင် မိသားစုအလိုက် လူပျောက်ရှိလျှင် အကြောင်းကြားရန် စာရင်းကောက်ခံခဲ့သော်လည်း ယခုထိ လူပျောက်သည်ဟု သတင်း ပို့လာခြင်း မရှိသေးကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောသည်။

ကချင်ပြည်နယ် မနောပွဲသို့ သမ္မ တက်ရောက် ခရစ်ယာန်ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ

(ကချင်သတင်းဌာန)

ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့များ ဇန်နဝါရီလ ၁၀ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပနေသော ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိန်းအမှတ် မနောပွဲတော်သို့ တက်ရောက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)နှင့် တွေ့ဆုံခဲ့သည်ဟု KBC ၏ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာခလမ်ရှံဆုန် (Rev. Dr. Hkalam Samson)က ပြောသည်။

ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးသိန်းဇော်၊ ဒုဗိုလ်ချုပ် စိုးဝင်းတို့ ပါဝင်သော အစိုးရအဖွဲ့များသည် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်တွင် ကျင်းပနေသော မနောပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရုံးသို့ ၄၅ မိနစ်ခန့်ကြာ တွေ့ဆုံမှုတွင် ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရန် လုပ်ဆောင်နေသည့်အကြောင်း ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

ရာသီဥတု အအေးလွန်သဖြင့် ဒုက္ခသည်များ ကျန်းမာရေး ဆိုးဝါး

(ကချင်သတင်းဌာန)
ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ထိန်းချုပ်နယ်မြေ အတွင်းရှိ တရုတ်နယ်ခြား မှတ်တိုင် ၆ ဖရဲ စစ်ပြေး ဒုက္ခသည် စခန်းတွင် ရာသီဥတုအေး လွန်းသဖြင့် ဒုက္ခသည် ကလေးများ ကျန်းမာရေး ဆိုးဝါးနေ သည်ဟု KIO မှ စစ်ပြေး ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆာက ပြောသည်။

“မနေ့က ရတဲ့သတင်းရတာက တစ်နေ့က ကလေးတယောက်ဆုံးသွားတယ်။ မနေ့ကလည်း ဆေးရုံကို ၃၊ ၄ ယောက် တရုတ်နိုင်ငံ Tengchong ဆေးရုံသို့ ပြန်တင်လိုက်တယ်လို့ ပြောတယ်” ဟု ဦးဒွဲပီဆာက ပြောသည်။

လူဦးရေ ၉၀၀ကျော်နေသည့် ကချင်ဒုက္ခသည်စခန်းတစ်ခုတွင် ကလေးငယ်များ ကျန်းမာရေး ဆိုးရွားနေ

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO ) ထိန်းချုပ်ရာ တရုတ်နယ်ခြား မှတ်တိုင် ၆ စစ်ပြေးဒုက္ခ သည်စခန်းတွင် ခိုလှုံနေသော ဒုက္ခသည် များသည် ရာသီဥတုအေးလွန်းသဖြင့် အဆင်မပြေဖြစ်နေပြီး ကလေးငယ်များကျန်းမာရေး ဆိုးရွားနေသည်ဟုKIO မှ စစ်ပြေး ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော် မတီ တာဝန်ခံ ဦးဒွဲပီဆာ ကပြောသည်။

KIA  ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း  ၃၂ ၊၃၃ နယ်မြေ အတွင်းရှိ ဖရဲဒုက္ခသည်စခန်းမှ ကလေး ငယ်များသည် ရာသီဥတု အလွန်အေး သဖြင့်ချောင်း ဆိုးခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်၍ တရုတ်နိုင်ငံ ထိန်ချုံန်း ဆေးရုံသို့ သွားရောက် ကုသနေရသည်ဟု ၄င်းက မဇ္စျိမ ကိုပြောသည်။