Friday, January 9, 2015

တိုင်းရင်းသားများ တောင်းဆိုချက် လိုက်လျောနိုင်၍ ပြည်ထောင်စုနေ့ လက်မှတ်ထိုးရန် တိုက်တွန်းဟု KIO ဆို

(Mizzima)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ တွင် လက်မှတ်ရေးထိုးရန် သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ခြင်းသည် တိုင်းရင်းသားများ၏ တောင်းဆို ချက်များအပေါ် လိုက်လျောနိုင်သောကြောင့် ဖြစ်နိုင်၍ အလားအလာကောင်း တစ်ခုဖြစ်နိုင်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ဇန်နဝါရီ ၇ ရက်တွင် ပြောလိုက်သည်။

ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့၏ ပြောခွင့်ရသူ ဦးဒေါင်ခါးက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆို ထားတဲ့ နိုင်ငံရေး Proposal (အဆိုပြုချက်)၊ ဒီအပေါ်မှာ သမ္မတ ဦးသိန်းစိန်ရော၊ ကာလုံဘက်ကရော၊ တပ်မတော်ဘက်ကရော အနေအထားတစ်ခုထိ လိုက်လျောဖို့ကို သူတို့ဆုံးဖြတ်ပြီးပြီ။ လိုက်လျောမယ်၊ လက်ခံမယ်၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတဲ့ အနေအထားတစ်ခုကို သူတို့ ဆုံးဖြတ် ပြီးပြီလို့ အဓိပ္ပါယ်ထွက်တာပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။

Thursday, January 8, 2015

အွန်လိုင်းပေါ်က သစ်ဖမ်းသတင်းနဲ့ ပတ်သက်ပြီး

(Duwa Kachin)


အွန်လိုင်းပေါ်က သစ်ဖမ်း သတင်းနဲ့ ပတ် သက်ပြီး.အများပိုင်းက တည်နေရာ ကို မသိကြပါ။ အဲဒါ ကို အခွင့် အကောင်းယူပြီး ကေအိုင်အေ နဲ့ ပေါင်းလုပ် စားတယ် ဆိုတဲ့ သဘောမျိုး တင်ထားတာ တွေ့ ရပါတယ်။

Ye Moe အကောင့်မှ မြေပုံပါ အညွန်းအရ ဆိုရင်၊ ကန်ပိုင်တီ နဲ့ ပန်ဝါကြား နယ်စပ်မျဉ်းတွေဟာ ဇခုန်တိန်ယိန်း ရဲ့ နယ်ခြားစောင့်တပ် နယ်မြေတွေပါ။ ဆဒုံ=ကန်ပိုင်တီ လမ်း ဆိုတာ ဗမာ စစ်တပ် နဲ့ နယ်ခြားစောင့်တပ် နေရာယူထားတဲ့ နယ်မြေ ပါ။ ကေအိုင်အေ တပ်စခန်းမရှိပါ။

ကချင်ပြည်နယ် သစ်ခိုးဂိုဏ်းဖမ်းဆီးမှု ငါးနှစ်အတွင်း အကြီးမားဆုံးဟုဆို

(Mizzima)

ကချင်ပြည်နယ် တွင် တရုတ်နိုင်ငံသား ဦးရေနှင့် သစ်ထုတ် ကားစီးရေ အမြောက်အမြား ပါဝင်သည့် သစ်ခိုးထုတ် ဂိုဏ်းကို ဖမ်းဆီးနိုင်ခြင်း သည် ငါးနှစ်အတွင်း အကြီးမား ဆုံး ဖမ်းဆီးရရှိမှုဖြစ် သည်ဟု သစ်တော ဦးစီဌာန စစ်ဆေးရေး ဌာန
ညွှန်ကြားရေး မှူး ဦးပြည့်စုံမျိုးက ပြော သည်။


“ဂိုဏ်းအဖွဲ့လို့ ပြောရမှာပေါ့။ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ အကြီးမားဆုံး ဖမ်းဆီးမှုပေါ့။ ဒါကလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်ကနေ ဦးစီးပြီးတော့ ဖမ်းဆီးတာ”ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ်တွင် မှော်တွင်းမြေပြို၊ လူသေဆုံးမှုရှိ

(ဧရာဝတီ)


ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြောက် ဘက် မှော်တွင်းတွင် ယမန်နေ့ညနေ ၆ နာရီကျော် တွင် မြေစာပုံ ပြိုကျကာ လူ ၅ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစာပုံ သည့် ကုမ္ပဏီများ မှာ ဝေကုမ္ပဏီ၊ ယူနတီ ကုမ္ပဏီနှင့် ရတနာစိန် သီရိ ကုမ္ပဏီတို့ဖြစ်ပြီး ထိုနေရာသည် ဖားကန့်မြို့ မြောက် ဘက် မှော်မောင်းမွမ်၊ လမောင်ဂါး၊ သူဌေးချောင်းတို့နှင့် တမိုင်အကွာတွင် တည်ရှိကြောင်း၊ မြေစာပုံ ပြိုကျမှုကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦး အလောင်းကို ယနေ့ နံနက်တွင် ပြန်လည် တူးဖော်နိုင်ခဲ့သည်ဟု ဖားကန့်မြို့ လူထုအခြေပြု လုပ်ငန်းများ လုပ်ဆောင်နေသည့် ဦးမရန်ဂျာလက ဧရာဝတီသို့ ပြောသည်။

ဖားကန့်မှာ မြေစာပုံပြိုကျ၊ ၂၀ ဦး ပျောက်ဆုံးနေဆဲ

(RFA)

ကချင်ပြည် နယ် ဖားကန့်မြို့နယ် မှော်မောင်း ကုန်းကျေး ရွာနားမှာ မနေ့ညက ကျောက်စိမ်း ကုမ္ပဏီတွေက စွန့်ပစ်တဲ့ မြေစာပုံပြိုကျခဲ့ တာကြောင့် ရေမဆေးကျောက် ရှာသူတွေ နဲ့ ဈေးရောင်းသူတွေ စုစုပေါင်း အယောက်၂၀ လောက် ပျောက်ဆုံးနေ တယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေ က ပြော ပါတယ်။


အဲ့ဒီပြိုကျမြေစာပုံထဲက အမျိုးသား၂ ဦးရဲ့ အလောင်းတွေ ကို ရှာဖွေတွေ့ရှိထားတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောပါတယ်။

Wednesday, January 7, 2015

ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပသည့် ကချင်မနောပွဲတော် ကန့်ကွက်မှုများ ရှိနေ

(ဧရာဝတီ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို တွင် ပြည်နယ် အစိုးရက ဦးဆောင်ပြု လုပ်သည့် “၆၇”  ကြိမ်မြောက် ကချင် မနောပွဲတော် ကို ကချင်ပြည် သူများက ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။

“အခုလုပ်တဲ့ပွဲ က ကချင်ပြည်နယ် အစိုးရက ဦးဆောင်ပြီး လုပ်တဲ့ပွဲပါ။ ကျနော်တို့ ကချင် လူမျိုးတွေက ကန့်ကွက်ပြီး မသွားကြဘူး။ ဒီပွဲလုပ်မယ့် အစား ဒုက္ခသည် စခန်းတွေကို သွားလှူသင့်တယ်” ဟု ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ဒုဥက္ကဌ ဦးထုရော်က ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သမ္မတနဲ့ကာချုပ် ဘာတွေပြောသလဲ



တူမောင်ညို … မိုးမခ (၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်)

(NLD) ပါတီဥက္ကဋ္ဌ သာ “ဗိုလ်ရှုခံ” တက်ရောက်ခဲ့မည် ဆိုလျှင် (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ မီဒီယာများက ဦးစားပေးဖော်ပြ မည့် သတင်း ဓါတ်ပုံနှင့် သတင်းဖိုးကပ်စ် သည် ဒေါ်အောင် ဆန်းစုကြည် သေချာပေါက်ဖြစ် လိမ့်မည်။ အခုတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ နှင့် အဲဒီ အထဲကမှ (KNU) နှင့် (KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ဖြစ်နေတော့သည်။

“ဗိုလ်ရှုခံ” တက်ရောက်လာ တဲ့ နိုင်ငံရေးပါတီတွေကို အလေး ထားဖော်ပြခြင်းမပြုခဲ့။ ဖော်ပြပြန်လျှင် လည်း (NLD) ပါတီဥက္ကဋ္ဌ “ဗိုလ်ရှုခံ”မတက်သည့် ကိစ္စ မောင်းခတ်ကြော်ငြာ သလိုဖြစ်တော့မည်။ ပြီးတော့ ကြံ့ဖွံ့ပါတီ (USDP)နဲ့ (တစည)ပါတီ “ဗိုလ်ရှုခံ” တက်ရောက် သည် ကို ဖော်ပြနေပြန်လျှင်လည်း ဒါက ထူးခြားသည့် သတင်းမဟုတ်။ ဒီပါတီတွေ က မဖိတ်လည်း အမိန့်အရ/ တာဝန်အရ တက်ကြမည် သာဖြစ်သည်။

ကချင် မနောပွဲကို ကချင်ဒုက္ခသည်များ တက်မည်မဟုတ်

(Mizzima)

ကချင်ပြည်နယ် အစိုးရအဖွဲ့က ဦးစီးကျင်းပသည့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်း၌ ကျင်းပနေသည့် ကချင် မနောပွဲသို့ ကချင် စစ်ပြေးဒုက္ခသည်များ တက်ရောက်ရန် ဖိတ်ခေါ်ထားသော်လည်း တက်ရောက်မည် မဟုတ်ဟု ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုလူငယ် ဗဟိုကော်မတီနှင့် စစ်ပြေးဒုက​ခသည် စခန်းမှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့က လုံးဝ မသွားဘူး။ ကျွန်တော်တို့ စစ်ပြေးဒုက္ခသည်တွေက သနားစရာ ဝမ်းနည်းနေရတဲ့ အချိန်မှာ မနောပွဲ သွားဖို့ မရှိဘူး။ ကျွန်တော်တို့ကို အနိုင်ကျင့်တယ်လို့ပဲ နားလည်တယ်”ဟု ဝိုင်းမော်မြို့ မိုင်းနား စစ်ပြေးဒုက္ခသည် စခန်းမှ ဘာသာရေးဆရာ လရိပ်က မဇ္ဈိမကို ပြောသည်။

မနောပွဲသို့ ဖိတ်ခေါ်ထားသူအချို့ တက်ရောက်မည် မဟုတ်ဟု တုံ့ပြန်

(ကချင်သတင်းဌာန)

ကချင်လူမျိုးစု တိုင်းမှ ယဉ်ကျေး မှုကော်မတီ များသို့ မနောပွဲကရန် အတွက် လူမျိုးစုတစ်စု လျှင် လူအယောက် ၁၀၀ ဝတ်စုံ အပြည့်ဖြင့် ကပြရန် တောင်းဆို ထားသော်လည်း ကချင်ရိုးရာ စာပေနှင့်ယဉ်ကျေးမှု လူငယ် ဗဟိုကော်မတီ ကမူ တက်ရောက်မည် မဟုတ်ကြောင်း ပြန် လည် တုံ့ပြန်လိုက်သည် ဟု ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှု လူငယ်ဗဟိုကော်မတီ ဝင် ကိုယော်ဆမ်က ပြောသည်။

“ကျနော်တို့ ရိုးရာယဉ်ကျေးမှုအဖွဲ့ကို ဖိတ်ပါတယ်။ ကျနော်တို့ကို လူမျိုးစုတစု လူ ၁၀၀ ထုတ်ပေးပါဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ မတက်တော့ဘူး ဆိုပြီး ပြန်ပြောလိုက်ပြီ။ တက်လည်း မတက်ဘူး။ ကျနော်တို့က မနောပွဲကို တရက်တော့ လုပ်ရအောင် ဒါပေမဲ့ ဒီလို ၆ ရက်၊ ၇ ရက် စည်စည်ကားကား မလုပ်ချင်ဘူး။ စစ်ပြေးဒုက္ခသည်တွေ ရှိနေတယ်။ ငြိမ်းချမ်းရေး မရသေးလို့ မနောပွဲ မလုပ်သေးဘူးဆိုပြီး ပြန်ပြောလိုက်တယ်” ဟု သူက ပြောသည်။

ပြည်သူများ ကန့်ကွက်သည့်ကြားက မနောပွဲတော် ကျင်းပ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် တွင်း ငြိမ်းချမ်းမှု မရှိသေးချိန် မနောပွဲ ပြုလုပ်ရန် ကန့်ကွက်ထား သည့်ကြားမှ ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိန်း အမှတ် မနောပွဲ ကို ကျင်းပရန် ဇန်နဝါရီလ  ၅ ရက် တွင် မနော ကွင်း ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း မနောပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ ဦးလခရိ လအောင်က ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းရှေ့တွင် နံနက် ၈ နာရီက ဘာသာရေး ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များက မနောကွင်း ဖွင့်လှစ်ကာ ဖဲကြိုးဖြတ်၍ ဆုတောင်းဝတ်ပြုမှု ကျင်းပခဲ့ခြင်း ဖြစ်သည်။

Tuesday, January 6, 2015

KIA အလံနှင့် ဆင်တူသဖြင့် KNCD ပါတီ အလံ အသုံးပြုခွင့် ပိတ်ပင်

(ဧရာဝတီ)

တရားဝင် နိုင်ငံရေး ပါတီတခုဖြစ်သည့် ကချင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် (Kachin State National Congress for Democracy) ပါတီအလံမှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အလံနှင့် ဆင်တူနေသဖြင့် ခွင့်ပြုပြီးမှ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်က အသုံးပြုခွင့် ပြန်လည် ပိတ်ပင် လိုက်ကြောင်း သတင်းရရှိသည်။

KNCD ပါတီအား တရားဝင် မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး အလံနှင့် ရင်ထိုး အမှတ်တံဆိပ် သုံးစွဲခွင့်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်ကတည်းက ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း KNCD ၏ ပြောရေး ဆိုခွင့်ရှိသူ အထွေထွေ အတွင်းရေးမှူး ဦးစီစီနော်ဂျာက ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စုနေ့တွင် တနိုင်ငံလုံးအပစ်ရပ်ရေး စာချုပ် လက်မှတ်ထိုးရန် သမ္မတဦးသိန်းစိန် ကမ်းလှမ်း

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်က လာမည့် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် ကျရောက် မည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေး ထိုးကြရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ သို့ ကမ်းလှမ်း လိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ နေပြည်တော်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ခေါင်းဆောင်များနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်က ထိုသို့ ကမ်းလှမ်းခြင်းဖြစ်ကြောင်း သမ္မတနှင့်တွေ့ဆုံခွင့်ရရှိခဲ့သော တိုင်းရင်းသား ခေါင်းဆောင် တချို့ က ပြောဆိုသည်။

၂၀၁၅ တွင် ဦးသိန်းစိန်၏ နိုင်ငံရေးဗျူဟာ အလုပ်ဖြစ်ရန် ခက်ခဲမည်

(ဧရာဝတီ)

၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ပြီး နောက်ထပ်သက်တမ်းတွင် လက်ရှိဖော်ဆောင်နေသော “ပြုပြင်ပြောင်းလဲရေး”ကို ပိုမိုပီပြင်လာစေရန် သမ္မတ တာဝန်ကို ဆက်လက်ထမ်းဆောင်သွားလိုကြောင်း ဦးသိန်းစိန်၏ ရည်မှန်းချက်အား ပြီးခဲ့သော ဇန်နဝါရီ ၄ ရက်၌ နေပြည်တော်တွင် တခမ်းတနားကျင်းပခဲ့သော ဗိုလ်ရှုခံသဘင်က ပိုမိုခိုင်မာစေခဲ့သည်။

နှလုံးသား နှင့် အသက်မပါသည့် စက်ရုပ်မနောင်ပွဲတော်

(Kachin Waves) 
မြစ်ကြီးနားဘရန်

(၆၇)ကြိမ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောင်ပွဲတော်ကျင်းပရန် တစ်ရက်သာလိုတော့သည့်အချိန် ယခင်ပွဲများနှင့် ထူးခြားသည်မှာ လူစီးကားလျှက်မရှိ၊ ဈေးတန်းများမရှိ၊ မနောင်ကွင်းတွင်လှုပ်ရှားနေသူများသည် ကချင်လူမျိုးများသိပ်မတွေ့ရ အစိုးရ၀န်ထမ်းများနှင့် အစိုးရနှင့် ပူးပေါင်းသည့် လုပ်ငန်းရှင်အသိုင်းအ၀ိုင်းအချို့ကိုသာတွေ့ရသည်။ 

ယခုတစ်ကြိမ်မနောင်ပွဲသည် နှလုံးသား နှင့် အသက်မပါသည့် စက်ရုပ်ပွဲတော်သာဖြစ်ပြီး ပွဲသာဖြစ်သွားသော်လည်း အသက်ဝိညာည်မပါသည့် ပွဲတော်သာဖြစ်သည်။
မနောင်အကသည် ကချင်လူမျိုးများ စတင်နေထိုင်လာသည့် BC ခေတ်ကတည်းကနေ စတင်ကခဲ့သည့်အကဖြစ်သည်။ 

ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးမည့်ရက် တိကျစွာ မပြောနိုင်သေးဟု ဦးအောင်မင်းပြော

(Mizzima)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်းတွင် သဘောတူညီမှု ရရှိပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးနိုင်မည့်ရက်ကို တိတိပပ မပြောနိုင်သေးဟု ပြည်ထောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါ ရီ ၅ ရက်တွင် ပြောသည်။ ဇန်န၀ါရီ ၅ ရက်က နေပြည်တော် MICC- 2 တွင် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ဆုံပြီးနောက် ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

မြစ်ကြီးနား မနောပွဲကို ကချင်အဖွဲ့အချို့ သပိတ်မှောက်

(Mizzima)

ကချင်လူမှု အဖွဲ့အစည်းများ ကန့်ကွက်နေသည့် ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မနောကွင်း၌ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က စတင်ကျင်းပလိုက်ပြီဟု မနောပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးလခရိလအောင်က မဇ္ဈိမကို ပြောသည်။

ယင်းမနောပွဲကို ကန့်ကွက်ထားသည့် ကချင်လူမှုအဖွဲ့အစည်းများကမူ မတက်ရောက်ဟု ယင်းအဖွဲ့များထံက သိရသည်။

ကချင်ပြည်နယ်နေ့ မနောပွဲ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်

(RFA) (5-1-2015)

၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်က မနောကွင်းမှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက် ပါတယ်။


ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရစေလိုတဲ့ ရည်ရွယ် ချက်နဲ့ ဒီနှစ် မနောပွဲတော်ကို ကျင်းပတာဖြစ်တယ်လို့  မနောပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလခရိလအောင်က RFA ကိုပြောပါတယ်။

KIO နှစ်သစ်ကြိုဆိုဝတ်ပြုခြင်း ပြုလုပ်

(ကချင်သတင်းဌာန)

၂၀၁၅ ခုနှစ် နှစ်သစ်ကို ကြိုဆိုခြင်းနှင့် နှစ်ဟောင်းမှ ရရှိသော ကျေးဇူးချီးမွမ်းခြင်း ဆုတောင်းပွဲကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာရှိ မနောကွင်းတွင် ဇန်န၀ါရီလ ၃ ရက်က ကျင်းပခဲ့သည်ဟုလိုင်ဇာမြို့မှ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး လဝေါနော်ဆန့် က ပြောသည်။

“ဒီမနက် ၈ နာရီ ၁၀ မိနစ်ကနေစတာ ၁၀ နာရီ ၂၀ မိနစ်မှာ ပြီးတယ်။ အဲဒီအခမ်းအနားမှာ လူငယ်တွေ၊ ကချင်ရိုးရာ အကအဖွဲ့တွေ သီချင်းဆိုကြတယ်။ ကျနော်တို့ ဘာသာပေါင်းစုံက စုပေါင်းပြီးတော့ အခမ်းအနားပွဲတွေ မလုပ်နိုင်ခဲ့ပေမဲ့ အခု နှစ်သစ်မှာ အားလုံး စုပေါင်းပြီးတော့ ဆုတောင်းပွဲ ကျင်းပတာ ဖြစ်တယ်” ဟု သူက ပြောသည်။