Monday, November 23, 2015

KIA တပ်မဟာ (၄) သို့ မြန်မာစစ်တပ် အင်အား တိုးချဲ့

(Lachid Kachin)

မြန်မာ စစ်တပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကေအိုင်အေ
တပ်မဟာ(၄)ဒေသ နှင့် ကွန်းလုံ (ကိုးကန့် )ဒေသဘက်
သို့ စစ်အင်အား အလုံးအရင်း တိုးချဲ့ကာ ထပ်မံ ပို့ ဆောင်
အင်အား ဖြည့်တင်းနေ ကြောင်း သတင်းရရှိပါသည်။
၂၂.၁၁.၂၀၁၅ ရက်နေ့ ည (၁၀း၃၀)အချိန်တွင် ရှမ်းပြည်နယ်
မြောက်ပိုင်း လားရှိုးမြို့ မှ စစ်သားအပြည့် တင်ဆောင်ထား
စစ်ကားအစီး (၂၀) ပါ စစ်ယာဉ်တန်းသည် ကေအိုင်အေ တပ်
မဟာ(၄)ဒေသဘက်သို့ ဦးတည် ကာ လားရှိုး-သိန္နီ မှတဆင့်
ကွတ်ခိုင် သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းသိရှိရပါသည်။



ထို့အပြင် (၂၂.၁၁.၂၀၁၅) ညသန်းခေါင်အချိန် ည (၁၂း၀၀)
နာရီအချိန်တွင်လည်း နောက်ထပ် စစ်သားအပြည့် တင်ဆောင်
ထားသော မြန်မာ စစ်ကား အစီး(၂၀) ကျော် သည် လားရှိုး -
သိန္နီ လမ်းမှ တဆင့် ကွမ်းလုံ သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း
သိရှိရပါသည်။


မြန်မာ စစ်တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ
တပ်မဟာ (၄)ဒေသ၊ TNLA,နှင့် ကိုးကန့် ဒေသ ဘက်ဤသို့
စစ်အင်အား အလုံးအရင်းထပ်မံ တိုးချဲ့ စစ်အင်အား ဖြည့်တင်း
နေသည်မှာ ရွှေးကောက်ပွဲ မတိုင်ခင် ကတေးကဖြစ်ပြီး၊ ယခု
ရက်ပိုင်း ပိုမိုတိုးချဲ့ ပို့ဆောင်နေ သည် ဖြစ်ကြောင်း ဒေသခံများ
ထံ မှသိရှိရပါသည်။

(၂၂.၁၁.၂၀၁၅) ရက်နေ့ နံနက်ပိုင်းတွင် မုံးကိုး မြို့နယ်အတွင်း၊
ပန်လွန်းဘွမ် (Bang Lum Bum)တောင်ကျော တလျှောက်ရှိ
ကေအိုင်အေ တပ်မဟာ(၄) လက်အောက်ခံ ၊တပ်ရင်း(၃၆)၏
တပ်ဖွဲ့ များအား မြန်မာ စစ်တပ်မှ စစ်အင်အားအလုံးအရင်းဖြင့်
သွားရောက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ကြောင့် တိုက်ပွဲအပြင်း
အထန် ဖြစ်ပွားပြီး ကေအိုင်အေဘက်မှ (၁)ဦးကျဆုံးကာ ကင်း
စခန်း တစ်ခု ဆုတ်ခွာပေးခဲ့ရကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။