Friday, October 2, 2015

တိုက်ပွဲဖြစ်နေသည့် မံစီဒေသအတွင်း ကျေးရွာအုပ်စု ၂၄ အုပ်စုတွင်သာ ရွေးကောက်ပွဲ ကျင်းပမည်

(သျှမ်းသံတော်ဆင့်)

အစိုးရ တပ်မတော်နှင့် ကေအိုင်အေက ချင်လွတ်မြောက်ရေး အဖွဲ့ တို့အကြား တိုက်ပွဲ များ ဖြစ်ပွားနေ သည့် မံစီမြို့နယ် အတွင်း ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စုတွင် သာ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ် ကြောင်း မံစီမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမြင့်မောင်က ပြောသည် ။

“ ကျနော်တို့က တချို့ ကျေးရွာအုပ်စုတွေကို နဂိုကတည်းက ကေအိုင်အေတို့ဘာတို့ ရှိနေတဲ့ အတွက် မဲစာရင်းသွားမကောက်ထားဘူး အဲဒီတော့ မဲစာရင်းကောက်ထားတဲ့ ၂၄ အုပ်စုမှာ ကိုပဲ ရွေးကောက်ပွဲ ကျင်းပမယ် ။ မြို့ပေါ်ကတော့ ရပ်ကွက်အားလုံး ကျင်းပဖြစ်မှာပါ ။” ဟု ဦးမြင့်မောင်က ပြောသည် ။


လတ်တလော တိုက်ပွဲများ ဖြစ်ပွားနေသည့် ဂျေဆန်း ၊ ခါနမ်ကျေးရွာအုပ်စုကဲ့သို့သော ကျေးရွာအုပ်စု များတွင်မူ ရွေးကောက်ပွဲပြုလုပ်ရန် ယခင်ကတည်းက လျာထားခြင်း မရှိပဲ လတ်တလော တိုက်ပွဲများ အတွက် စစ်ဘေးရှောင်များ ယာယီခိုလှုံနေသည့် မိုင်းခေါင် ကျေးရွာအုပ်စုတွင်မူ ရွေးကောက်ပွဲ ကျင်းပရန် ရှိနေကြောင်း သိရသည် ။


မံစီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများနှင့် ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်း မရှိသည့် ဒေသအများစုတွင် နေထိုင်သူများမှာ ကချင်နှင့် သျှမ်းတိုင်းရင်း သားများ နေထိုင် ရာ ဒေသများဖြစ်ပြီး အဆိုပါ ဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် အ တွက် တိုင်းရင်းသားပါတီများအတွက် နစ်နာမှုများ ရှိနိုင်ကြောင်း မံစီမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည့် သျှမ်းတိုင်းရင်း သား များ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းဇင်မင်းအေး က မှတ်ချက်ပြု ပြောဆိုသည် ။


လတ်တလောအတွင်းမှာပင် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၀၀ ကျော် တွင် လုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိကြောင်း ကရင်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်က ကြေငြာထားသည် ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။