Friday, October 23, 2015

ကေအိုင်အေတပ်စခန်းရှိရာသို့ အစိုးရတပ်မှ လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်

(Kachin Waves)

ရှမ်းပြည်နယ် မြောက်ပိုင်း ဟူဖျစ်ကျေးရွာအရှေ့ပိုင်း လွယ်ခမ်တောင်တွင် တိုက်ပွဲဖြစ်ပွားရာ ယမန်နေ့ ညနေပိုင်း ၃နာရီအချိန်တွင် အစိုးရတပ် မှ ကေအိုင်အေတပ်မဟာ ၄ တပ် စခန်းရှိရာသို့ လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်းသ တင်းရရှိသည်။

အဆိုပါ နေရာတွင် ယမန့် နံနက် ၉နာရီမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ညနေ တွင် လေယာဉ်ဖြင့် အစိုးရတပ်မှ တိုက်ခိုက်ခဲ့ပြီး ၄နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ပဲ ယနေ့ အောက်တိုဘာ ၂၂ရက်နေ့ နံနက်ပိုင်း ၉နာရီတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ အစိုးရတပ် နှင့် ကေအိုင်အေတပ်ကြားတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ သည်။


အလားတူ ဟူဖျစ်ကျေးရွာ အနောက်ပိုင်း မန်ဘန့်တောင်တွင်လည်း ယမန်နေ့ နေ့လည် ၁၂ နာရီ နှင့် ၁နာရီ ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ၇နာရီတွင် တဖန်ပြန်လည် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒေသခံများပြောကြားချက်အရ ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရစစ်ကြောင်း နေတိုင်းလိုလိုတက်လာခြင်း ယခုတိုက်ပွဲဖြစ်ပွားရသည်မှာလည်း ကေအိုင်အေတပ်မဟာ ၄ တပ်စခန်းရှိရာသို့ စစ်ကြောင်းထိုးသည့်အတွက် တိုက်ပွဲဖြစ်ပွား ခဲ့ရခြင်း သုံးသပ်ပြောဆိုခဲ့ပြီး ယခုဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဦးနှစ်ဖက် ထိခိုက်ဆုံးရှုံးမှု များနိုင်ကြောင်းလည်း ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။