Friday, September 18, 2015

KIA, ရင်း (၃၆) ၏ လွယ်ဂျွန်ဘွမ်အား လက်နက်ကြီးဖြင့် စတင်ပစ်ခတ်နေ

(Lachid Kachin)

ရှမ်းမြောက် ကေအိုင်အေ တပ်ရင်း (၃၆)
၏ လုံခြုံရေး ကင်းစခန်း တခု ဖြစ် သော
လွယ်ဂျွန်ဘွမ် အား မြန်မာ စစ်တပ် မှ စစ်
အင်အား အလုံးအရင်း ဖြင့် ထိုးစစ် ဆင် တိုက်ခိုက် နေ သည်မှာ(၅)ရက်ခန့် ရှိလာ
ပြီ ဖြစ် သော်လည်း မြန်မာစစ်တပ် မှ ၎င်း
တောင်ကုန်း စခန်း အနီး သို့ချဉ်းကပ်နိုင်
ခြင်း မရှိသေးကြောင်း သိရှိရ ပါသည်။


သို့ ဖြစ်၍မြန်မာ စစ်တပ် သည် ယနေ့
(17,9,2015)ရက်နေ့ ညနေ( ၄)နာရီ
ခန့် မှ စတင်ကာ ၎င်း တောင်ကုန်းပေါ်
သို့ လက်နက်ကြီး များဖြင့် တရစပ်စတင်
ပစ်ခတ်နေပြီ ဖြစ် ကြောင်း KIA,တပ်ရင်း (၃၆) အရာရှိ များထံမှ သတင်းပေးပို့ လာပါ သည်။
၎င်းတောင်ကုန်း သည်ရှမ်းပြည်နယ်
မြောက်ပိုင်း၊ မုံးကိုး မြို့ ၊မုံးပေါ် ကျေးရွာ
နှင့် ဝိန်းဆိုင် ကျေးရွာတို့ ကြားတွင်တည်ရှိ
သည်ဖြစ်ပြီး၊ ၎င်း လွယ်ဂျွန်ဘွမ်အား မြန်မာ စစ်တပ် မှ တပ်ရင်း (၁၂)ရင်း စစ်
အင်အား (၁၂၀၀)ကျော် ဖြင့် ၊စစ်မျက်နှာ (၃)ခုမှထိုးစစ်ဆင်တိုက်ခိုက်နေသည်ဖြစ်
ကြောင်း သိရှိရပါ သည်။
ယခု သတင်းရေးနေချိန်ထိမြန်မာစစ်တပ်
မှ လက်နက်ကြီး ဖြင့် မနားစတမ်း(ကိုးကန့် တောင်ကုန်းအား ပစ်သကဲ့သို့) ပစ်ခတ်နေ ဆဲဖြစ်သည်။


(ပုံ။ ယနေ့ ညနေပိုင်းတွင်မြင်ရသောလွယ်ဂျွန်ဘွမ်။)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။