Wednesday, July 22, 2015

ဦးအောင်သောင်း ကို ပြန်လည် သယ်ဆောင်မည်

(The Voice Weekly)

ဦးနှောက် သွေးကြောပေါက်မှုကြောင့် စင်ကာပူတွင် ဆေးကုသမှု ခံယူနေရသော စက်မှု ( ၁ ) ၀န်ကြီးဟောင်း ဦးအောင်သောင်း ကို မြန်မာနိုင်ငံသို့ ပြန်သယ်လာမည် ဖြစ်ကြောင်း ဦးအောင်သောင်း၏ မိသားစုဝင်များနင့် နီးစပ်သူများက ယနေ့ည ၈ နာရီတွင် ပြောကြားသည်။

တောင်သာ မြို့နယ် ပြည်သူ လွတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း မှာ ဇူလိုင်လ ၈ ရက်နေ့ ည ၁၁ နာရီ ခန့်က သွေးပေါင်ချိန်ရုတ်တရက် မြင့်တက်ရာမှ သတိလစ်သွားခဲ့ပြီး ဇူလိုင်လ ၉ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံမှ စင်ကာပူသို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ လွှတ် တော် ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုး တက်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူ ထားသူ ဝန်ကြီးဟောင်း ဦးအောင်သောင်းမှာ စင်ကာပူတွင် ခွဲစိတ်ကုသမှု ခံယူခဲ့သော်လည်း ရက်သတ္တ နှစ်ပတ် ကြာမြင့်ချိန်ထိ ဦးနှောက်မှာ ပြန်လည် တုံ့ပြန်ခြင်း မရှိတော့သဖြင့် ဆရာဝန်က အိမ်သို့ ပြန်လည်သယ်ဆောင်ရန် ခွင့်ပြုခဲ့ကြောင်း မိသားစု ဝင်များနင့် နီးစပ်သူများက ပြောကြးသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။