Wednesday, July 22, 2015

မိုးကောင်းမြို့တွင် ရေကြီးရေလျှံ ဆက်လက်ဖြစ်ပွားပြီး စာသင်ကျောင်းများနှင့် မိုးကောင်းစည်ပင်သာယာဈေး ပိတ်ထားရ

(Eleven Media Group)



ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဇူလိုင် ၁၇ ရက်မှစတင် ကာ ရေကြီးရေ လျှံခြင်း စတင်ဖြစ် ပွားခဲ့ပြီး ဇူလိုင် ၂၁ ရက် အထိ ရေလွှမ်း ဆဲဖြစ်ကြောင်း သိရသည်။

မိုးကောင်းမြို့ ပြည်သူ့ဆေးရုံကြီးသည် ရေနစ်မြုပ်ခြင်းကြောင့် မိုးကောင်းသာသနာ့ဗိမာန်နှစ်ထပ်ကျောင်းဆောင်သို့ လူနာများကိုပြောင်းရွှေ့ကာ ကုသမှုများပြုလုပ်နေသည်ဟု သိရသည်။


လက်ရှိအချိန်တွင် မိုးကောင်းမြို့၏ အဓိကသွားလာရေးဖြစ်သော မန္တလေး-မြစ်ကြီးနားရထားလမ်းသည် ရေကြီးရေလျှံမှုနှင့် တံတားကျိုးကျမှုများကြောင့် ယာယီရပ်ဆိုင်းထားပြီး မြစ်ကြီးနားမှ-နဘားမြို့အထိသာ ခေါက်ပြန်ရထားပြေးဆွဲလျက်ရှိသည်။

"
မဲဇာနှင့် ကောလင်းကြားက တံတားတစ်ခုခု ကျိုးသွားတယ်ထင်တယ်" ဟု မိုးကောင်းမှ မန္တလးသို့အသွား ရေကြီးသဖြင့် လမ်းမှလှည့်ပြန်ခဲ့ရသူတစ်ဦးက ပြောကြားသည်။

မန္တလေး-မိုးကောင်း-မြစ်ကြီးနား ကားလမ်းများ ရေလျှံခြင်းနှင့် ပျက်စီးနေခြင်းကြောင့် ကားလမ်းများပိတ်နေခဲ့ပြီး ယနေ့တွင် ကားအနည်းငယ်သာ အ၀င်အထွက်ရှိသည်ဟု သိရသည်။

"
ရေကျသွားပြီးနောက်ပိုင်း ဖြစ်လာနိုင်သော နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ကာကွယ်ရန်အတွက် ပတ်ဝန်းကျင်ပြန်လည်သန့်ရှင်းစေရေးပြုလုပ်ရာတွင် လိုအပ်သော ဆေးဖျန်းမှုများ၊ ဆေးခတ်မှုများကိုပြုလုပ်ရန်အတွက်လည်း တတ်နိုင်သမျှ စုံစမ်းဆက်သွယ်ကာ ပြင်ဆင်ဆောင်ရွက်နေပါတယ်" ဟု ရေဘေးဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မျိုးဝင်းကပြောကြားသည်။   

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။