Tuesday, July 21, 2015

မြစ်ကြီးနား မန္တလေးရထားလမ်း ပိတ်တာ (၅) ရက်ရှိပြီ

(Kachin Waves)

ရထားလမ်း ရေးမြုပ်သည့် အတွက် မန္တလေး မြစ်ကြီးနား ရထားလမ်း ပိတ်ထားရ သည့်မှာ ယခုဆိုရင် ငါးရက်ရှိပြီဖြစ်ပြီး ရထားဖြင့် သယ်ယူကာ အောက်ပိုင်းမှ မှာယူစား သုံးရသည့် ကုန်ပစ္စည်းများ လည်း ဈေးတက်နေပါသည်။

သို့သော် ကချင်ပြည်နယ်တွင်းခရီးသွားများအတွက် အဆင်ပြေအောင် မြစ်ကြီးနား မှ မိုးညှင်းဘူတာထိတော့ ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ပြေးဆွဲလျှက်ရှိသည်။


မြစ်ကြီးနား မန္တလေး ပြန်လည်ပြေးဆွဲရန်မှာ လောလောဆယ်ဆယ်မသိနိုင်သေးကြောင်း လည်း တာဝန်ရှိသူများမှဆိုသည်။

မြစ်ကြီးနား မန္တလေးရထားလမ်းတွင် နေ့စဉ် ရထား (၅)စင်းပုံမှန်ပြေးဆွဲလျှက်ရှိပြီး ခရီးသည် အယောက် တစ်ထောင်ကျော်နေ့စဉ်သွားလာနေသည့် လမ်းခရီးဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။