Monday, May 25, 2015

KIA, တပ်မဟာ(၃) ဒေသ တွင် တိုက်ပွဲ ပြင်းထန် နေ

(Lachid Kachin)

(၂၄.၅.၂၀၁၅) ရက်နေ့ KIA, တပ်မဟာ (၃) လက်အောက်ခံ ကေအိုင်အေ
တပ်ရင်း(၁၂) ဒေသတွင် တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား ကြောင်း သတင်း
ရရှိပါသည်။

မြန်မာ စစ်တပ် (စစ်တပ်အမည်စုံစမ်းဆဲ)များသည် စစ်အင်အား (၈၀၀)ရှစ်ရာ
ခန့် ဖြင့် စစ်ကြောင်း (၂) ကြောင်း ခွဲ ကာ ကေအိုင်အေ တပ်မဟာ (၃) လက်
အောက်ခံ ကေအိုင်အေ တပ်ရင်း (၁၂)၏ ရှေ့တန်း လုံခြုံရေး ကင်းစခန်းများ
ရှိရာ စဂါ့ ဘွမ် နှင့် လွယ်လပ့် ဘွမ် တို့ အား အပြင်းအထန် လာရောက် 
ထိုး
စစ်ဆင် တိုက်ခိုက်ခြင်း ကြောင့် ကေအိုင်အေ တပ်ရင်း (၁၂) တပ်ဖွဲ့ ၀င်များ နှင့်
မြန်မာ စစ်တပ် တို့ အကြား ယနေ့ (၂၄.၅.၂၀၁၅) ရက်နေ့ နံနက် (၇)နာရီ
အချိန် ခန့်မှ စတင်ကာ မွန်းတည့် (၁၂း၀၀) နာရီ ကျော် အချိန် အထိ အပြင်း
အထန်ထိပ်တိုက်ရင် ဆိုင်တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ကေအိုင်အေ တပ်မဟာ
(၃) ရှေ့တန်း အရာရှိများထံ မှ သတင်းရရှိပါသည်။


တိုက်ပွဲ အတွင်း နှစ်ဖက်စစ်တပ်များ၏ ထိခိုက်သေဆုံးမှု အသေးစိပ်သတင်း
မသိရှိရသေးပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။