Friday, May 22, 2015

ခမရ ၄၃၈မှ တပ်သားဇော်မျိုးအေးအား စစ်ဘက်ဆိုင်ရာခုံရုံးတွင်သာစစ်ဆေးသွားမည်

(Kachin Waves)

လဖြတ်နေသော အသက်၇၃နှစ်အရွယ်ရှိ အဘွားအား အဓမ္မကျင့်ရန်ကြီးစားအားထုတ်သော တပ်သား ဇော်မျိုးအေးသည် အဓမ္မကျင့်ရန်ကြိုးစားအားထုတ်မှုဖြင့် ၄င်းအားစစ်တပ်ခုံရုံးတွင်သာ စစ်ဆေး အရေးယူသွား မည်ဖြစ်ကြောင်းနှင့်အကယ်၍ထောင်ဒဏ်စီရင်ချက်ချမှတ်ပါက ဗန်းမော်ထောင်တွင်သာ ထားရှိမည်ဟု မေ(၁၈)ရက်တွင် ဗန်းမော်ခရိုင်ဗိုလ်မှူးချူပ်မှဗန်းမော်ခရိုင်အမျိုးသမီးအဖွဲ့ထံ ပြောကြားသည်။ 

အကယ်၍စီရင်ချက်ချပြီး အခြားထောင်သို့မပို့ပဲနှင့် ဗန်းမော်ထောင်တွင်သာ အကျဉ်းကျခံရဖွယ်ရှိကြောင်း ဗန်းမော်ခရိုင်အမျိုးသမီးများအဖွဲ့မှ တပ်ရင်း ၄၃၈ သို့သွားရောက်မေးမြန်းစဉ် ဗိုလ်မှူးချူပ်မှပြောကြား ဗန်းမော်ခရိုင်အမျိုးသမီးအဖွဲ့မှ ပြောသည်။
အရပ်ဖက်တရားရုးံသို့မေးမြန်းရာတွင် တပ်သားဇော်မျိုးအေး၏အဓမ္မကြံစည်ကြိုးသားအားထုတ်မှုသည် မုဒိမ်းမှုမမြှောက်ကြောင်း၊ကြိုးစားအားထုတ်မှုသာမြှောက်ကြောင်း ယင်းအမှုဖြင့်ထောင်ဒဏ် ၂နှစ်(သို့)၃နှစ် ကျခံရဖွယ်ရှိကြောင်း သိရသည်။ှ
စစ်တပ်မှလည်း ၄င်းအား အရက်သေစာသောက်သုးံမှုနှင့် စစ်ဝတ်စုံမ၀တ်ဆင်ခြင်းစစ်စည်းကမ်း ဖောက်ဖျက်မှု တို့ဖြင့် စီရင်ချက်ချမှတ်ဖွယ်ရှိကြောင်း သိရသည်။

တပ်သားဇော်မျိုးအေးသည် ဧပြီလ ၁၃ရက်နေ့တွင် လေဖြတ်နေသောအဘွားအို ၇၃နှစ်အားအဓမ္မကျင့်ရန် ကြိုးစားအားထုတ်နေစဉ် အနီးအနားမှအရပ်သားအချို့ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး၊၄င်းအားရဲစခန်းသို့ အပ်နှံခဲ့သည်။ ၄င်းအား စစ်တပ်မှလာရောက်ခေါ်ဆောင်သွားကြောင်းသိရသည်။၎င်းအမှုအား ဖြေရှင်းရန် မြောက်ပိုင်းတိုင်း စစ်ဌါနချူပ်သို့ပို့ထားကြောင်း၊၄င်းအမှုကို ၆လပိုင်း(သို့) ၇လပိုင်းမှသာ အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။