Friday, May 29, 2015

မြစ်ဆုံစီမံကိန်းကိစ္စပြန်လည် ပြန်စတင်ရန်ရှိ

(Kachin Waves)


အောင်မြင်သာကျေးရွာသစ်တွင်လုပ်ကိုင်စားသောက်ရန်အခက်အခဲဖြစ်သည့်အတွက် မြစ်ဆုံ တန်ဖရဲသို့ပြန်ပြီး လုပ်ကိုင်စားသောက်နေကြသော တန်ဖရဲဒေသခံများအား အဏာပိုင်များမှ မေလ ၂၄ ရက်နေ့တွင် စီမံကိန်းတစ်ခုခုစတင်လာပါက အဆိုပါဒေသမှ မိမိအသိဖြင့်ပြောင်းရွှေ့ပေးရန် သဘောတူလက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်းသိရသည်။

သို့သော်ဒေသခံများမှလည်းတစ်ယောက်မှလက်မှတ်ရေးထိုးခြင်းမခဲ့ကြောင်းလည်းသိရသည်။



မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှစာဖြင့် တန်ဖရဲဒေသခံများအား လျှော်ကြေးများပေးကာ ပြောင်းရွှေ့ထားပြီဖြစ်သည့်အတွက် ယခုကဲ့သို့ပြန်လည်နေထိုင်ခြင်းသည် ကျူးကျော်မှုဖြစ်ကြောင်းနှင့် စီမံကိန်းတစ်ခုခုဝင်ရောက်လာပါက မိမိသဘောအတိုင်းပြောင်းရွှေ့ပေးရန်သဘောတူကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့ခြင်းဖြစ်သည်။


“ စီမံကိန်းတစ်ခုခုဆိုတာဘာကိုပြောတာလဲ။လုံးဝကိုပွင်းလင်းမှုမရှိဘူး။” ဟုတန်ဖရဲဒေသခံတစ်ဦးမှဆိုသည်။


ယခင်မြစ်ဆုံစီမံကိန်းမစတင်မီ အရမှပြောကြားချက်သည် တန်ဖရဲဒေသခံများသည် ရေမ၀ပ်မခြင်း အဆိုပါဒေသတွင်နေထိုင်ခွင့်ရကြောင်းပြောဆိုခဲ့သည့်အတွက်ဒေသခံများမှလည်း ရေမ၀ပ်မခြင်း နေထိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။


ယခုကဲ့သို့ပြောဆိုမှုများကြောင်းဒေသခံများမှ မြစ်ဆုံစီမံကိန်းအားပြန်လည်စတင်လာမည်ကိုစိုးရိမ်နေကြသည်။


မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲမှအောင်မြင်သာကျေးရွာသို့ပြောင်းရွှေ့ခဲ့ရသည့်ဒေသခံများသည် အောင်မြင်သာတွင် လုပ်ကိုင်စားသောက်ရန်အခက်အခဲဖြစ်သည့်အတွက် မိမိယခင်ဒေသဖြစ်သော တန်ဖရဲဒေသသို့ပြန်လာကာလုပ်ကိုင်စားသောက်လျှက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။