Friday, March 13, 2015

မြန်မာ စစ်တပ်မှ ဆွတ်လန်ယန် ကျေးရွာအား မီးရှုံ့ဖျက်ဆီး။ KIA, တပ်မဟာ(၂) ၏ တပ်ရင်း (၁၁) ဒေသတွင် တိုက်ပွဲ ဖြစ်

(Lachid Kachin)

KIA, တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း (၁၁) ၏ ရှေ့တန်းလုံခြုံ ရေး
စခန်းတခု ဖြစ်သည့် ဘန်ဂေါ့ပါ ပို့ စ် အားမြန်မာ စစ်တပ်မှ လာရောက် ကတိုက် ခိုက်ခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း သတင်း ရရှိပါသည်။

(၁၂.၃.၂၀၁၅) ရက်နေ့ တွင် KIA,တပ်ရင်း (၁၁) ၏ ရှေ့တန်းလုံခြုံ ရေး
စခန်းတခု ဖြစ်သည့် ဘန်ဂေါ့ပါ ပို့စ် အား မြန်မာ စစ်တပ် (ခမရ-၃၈၅)
နှင့် (၃၈၆) ပူးပေါင်းတပ်များ အင်အား (၈၀)ခန့်  လာရောက်တိုက်ခိုက်
ခြင်းကြောင့် ၂၀၁၅၊ မတ်လ (၁၂) ရက် ညနေ (၅း၀၀) နာရီခန့် မှာ စတင်
ပြီး နှစ်ဘက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။
မြန်မာ စစ်တပ်မှ အင်အား အလုံးအရင်း ဖြင့် တိုက်ခိုက်ခြင်း နှင့် လက်
နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ကြောင့် ၄င်း ကင်းစခန်း အား KIA,
မှ ခေတ္တ ဆုတ်ခွာ လိုကကြောင်း သတင်းရရှိပါသည်။
ထို့နောက် မြန်မာ စစ်တပ်သည် မှ အနီးအနားရှိ ဆွတ်လန်ယန် ကျေးရွာ
ထဲသို့ ထပ်မံဝင်ရောက်လာပြီး ရွာအား မွှေနှောက်ရှာဖွေပြီး နေအိမ်များ
အား မီးရှို့ ဖျက်ဆီးခဲ့ ကြကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။