Friday, March 13, 2015

သေဆုံးသွားသည့် ကျောင်းဆရာမနှစ်ဦးနှင့်ပတ်သက်၍ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် အင်တာဗျူးး

(Kachin Waves)

“ကျွန်တော်တို့က အပြည်ပြည်ဆိုင်ရာနိုင်ငံတကာ အဆင့် ကိုရောက်ဖို့ခြေ လမ်းပြင်ထားတယ်။ လောလောဆယ်ဆယ်တော့ အမေရိကန် နှင့် British ကိုပို့ထားတယ်။”

ကံတရား က ရက်စက်စွာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ စေတနာ့ဝန်ထမ်း နှစ်ဦးဖြစ်ပြီး လူသူ အရောက်အပေါက်နည်းသော ဒေသတွင် ကလေးငယ်များ စာတတ်မြောက်စေရန် လုပ်အားပေးနေသော အသက် (၂၀) ကျော် အရွယ်စီသာရှိသေးသည့် မခေါန်နန်စင်နှင့် မရန်လုရာ တို့ နှစ်ယောက်မှာ ရှမ်းပြည်မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်၊ ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်းအတွင်းရှိ နေအိမ်တွင် ဇန်န၀ါရီ ၁၉ ရက် ညက အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံခဲ့ရပါသည်။

ထိုဆရာမနှစ်ဦး၏ အမှုအား ဖော်ထုတ်ရန် နိုင်ငံတော်သမ္မတမှ ပြည်ထဲရေးကို အမိန့်ပေးထားပြီး ဖော်ထုတ်နေသော်လည်း ယခုအထိ လက်ခံနိုင်လောက်သည့် မည့်သည့် ရလာဒ်မှ မထွက်လာသေးပါ။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှလည်း အမှုမှန်ကိုဖော်ထုတ်နိုင်ဖို့ နိုင်ငံတကာပညာရှင်များနှင့် ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
၎င်း အကြောင်းအရာနှင့်ပတ်သက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာခလမ်ဆွမ်ဆွန်နှင့်တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။
မေး။။ ဒီဆရာမနှစ်ဦးကိစ္စကို နိုင်ငံတကာပညာရှင်တွေခေါ်ပြီး ဆက်လက်စုံစမ်းသွားမယ်လို့သိရတယ်။ ဘယ်လိုလဲပူးပေါင်းလုပ်ဆောင်သွားမလဲ။
ဖြေ။။ ကျွန်တော်တို့ ကချင်နှစ်ခြင်းက အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအဆင့်ကိုရောက်ဖို့ခြေလှမ်း ပြင်ထားတယ်။လောလောဆယ်ဆယ်တော့ အမေရိကန် နှင့် British ကိုပို့ထားတယ်။မနေ့ကလည်း EU အဖွဲ့တွေရောက်လာတယ်။ နိုင်ငံတကာအဆင့်ရောက်လာတဲ့အခါ ကူညီပေးဖို့နဲ့ ဒီအရာကိုသိရှိပေးဖို့ ထုတ်ပြန်ကြေငြာချက်ကိုလည်းပေးလိုက်တယ်။
အခု မတ်လ ၂၀ မှာ ဒီကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်တို့ပြောလို့ရမယ့် ကိုယ်စားလှယ်တစ်ဦးအမေရိက ကနေရောက်လာမယ်လို့ပြောတယ်။ အခုအမေရိကန်သံရုံးကခေါ်ထားတယ်။ကျွန်တော်ကအခုသွားဖြစ်မလား မသွားဖြစ်ဘူးလာတော့မသိသေးဘူး။ အထူးသဖြင့် ဘာသာရေးနှင့် ပတ်သက်တဲ့ ကျမ်းကျင်သူ ပေါ့ ။ ဒီကိစ္စကိုလည်း သူကလမ်းပြကူညီပေးနိုင်မယ်လို့ပြောတယ်။
မေး။။ အခုနောက်ဆုံးအခြေအနေက ဘယ်အဆင့်ထိရောက်နေပြီလဲ။
ဖြေ။အခုလောလောဆယ်ဆယ်က စစ်ဆေးမှုအချိန်က တန့်နေတယ်။အစိုးရဘက်ကလည်း ရွာက ကောင်လေးနှစ်ယောက်ကို သံသယရှိတဲ့အနေအထားမှာတန့်နေတယ်။ကောင်လေးနှစ်ယောက်က လုံးဝမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ကလည်းထုတ်ပြန်ပြီးပြီ။ ဒါဆိုရင် ဒီကောင်လေးနှစ်ယောက် မဖြစ်နိုင်ဘူးဆိုရင် စစ်ဖို့လူမရှိတော့ဘူး။နောက်ဆုံးစစ်ရမှာကတော့ ရဲဘော်တွေပဲကျန်တော့တာပေါ့။ (၁၉) ရက်နေ့ကရောက်လာတဲ့ တာဝန်ရှိသူတွေနဲ့ တပ်သားတွေကို စစ်ဖို့ပဲလိုတော့တယ်။
အခြားစစ်ဖို့ဘာမှမရှိတော့။ အခုကအဲဒီလို အခြေအနေဖြစ်နေတယ်။ဇန်န၀ါရီ (၂၀)မှာရဲ တွေ့တဲ့အချိန်လည်း သူတို့ သက်သေပစ္စည်းတွေက ဘာမှယူလို့မရတော့ဘူး ပျက်စီးကုန်ပြီလို့ပြောတယ်။ DNA ကိစ္စလည်း ကျွမ်းကျင်တဲ့လူဒီမှာမရှိဘူးလို့ပြောတယ်။
ကျွန်တော့်သဘောအရတော့ အဲဒီည တာဝန်ကျတဲ့တပ်ကို အခုလူထုတွေကိုမေးသလို သက်ဆိုင်ရာ ပြည်သူရဲကမေးလိုက်ရင် အဖြေတစ်ခုခုမှထွက်လာမလားပေါ့။ဒါပေမဲ့ စစ်တပ်ကို သူတို့က အဲဒီလောက်ထိ စစ်ဆေးမေးမြန်းချက်မရှိခဲ့ဘူး။
နောက်တစ်ခုက အဲ့ဒီ အခင်းဖြစ်တဲ့အချိန်မှာတာဝန်ယူတဲ့စစ်ကြောင်းမှူးက ဘာမှမပြောဘဲနဲ့ ၂၀ ရက်နေ့မှရောက်လာတဲ့ ဗျူဟာမှူးကပဲ တည်ကန်ပြီး ဒီကိစ္စကိုဖြေရှင်းနေတာကတော့ နည်းနည်းအားမရစရာတော့ဖြစ်တာပေါ့နော်။
ကျွန်တော်တို့ကတော့ဘယ်သူလုပ်တယ် မလုပ်ဘူးဆိုတာကိုတော့ မျှမျှတတကို စစ်ဆေးရင်တော့ အဖြေပေါ်လိမ့်မယ်လို့ထင်တယ်။ အခုရွာကလူတွေကို ကြတော့အကုန်လုံးစစ်ပြီးပြီ။ အဲဒီကောင်လေးနှစ်ယောက်ကိုတော့ သူတို့ သံသယရှိတယ်ဆိုပြီး ထပ်စစ်ချင်တယ်။ဒါပေမဲ့ဒီတစ်ခါထပ်စစ်ရင်တော့ အဲဒီကောင်းလည်းနှစ်ယောက်က ကြောက်လန့်ကုန်တော့မှာ။ ရဲအဖွဲ့တွေကလည်းပြောတယ် မေးမြန်းခြင်းမေးခွန်းနဲ့ စစ်ကျော်ခြင်းမေးခွန်းနဲ့တော့ကွာတယ်လို့တော့ပြောတယ်။စစ်ကြောခြင်းဆိုရင် ရိုက်နှက် ခြိမ်းခြောက်ပြီးမေးမလားမသိဘူးပေါ့။ ကျွန်တော်တို့လည်း ဒါကိုစိုးရိမ်လို့ ဒီကလေးနှစ်ယောက် နဲ့ ရွာကလူတွေကဒီအမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိတာကို ခိုင်ခိုင်မာမာတွေ့ရှိရတယ်ဆိုတော့ သဘောထားထုတ်ပြန်ချက်မှာပါပြီးသားပဲ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။