Monday, February 23, 2015

SA-N အဖွဲ့မှ စောင့်ကြိုတိုက်ခိုက်မှုကြောင့် အစိုးရတပ်(၂)ဦးကျ

(Kachin Waves)

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ(စိန်လီ)မြို့ နှင့် ကွမ်လုံမြို့ကြားရှိ ဘန်နားကျေးရွာ
သွားရာလမ်းတွင် ယနေ့ ဖေဖော်ဝါရီ (၂၂) ရက်နေ့ တွင် (၁၅)မိနစ် ခန့်ကြာတိုက်
ပွဲဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်မှ တပ်သား နှစ်ဦးကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အစိုးရတပ်မှ စစ်ကား ၁၀စီးဖြင့် စစ်ကြောင်းသွားရာ လမ်း၌ ရှမ်းတိုင်းရင်းသား
လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ (SSA-N)မှ စောင့်ကြိုတိုက်ခိုက်ခြင်းဖြစ်
ကြောင်းသိရှိရပါသည်။



အစိုးရစစ်တပ်မှပစ်ခတ်မှုကြောင့် ဘန်နားကျေးရွာရှိ အိမ် (၈)လုံး နှင့် ကားတစ်စီး
အားကျည်ဆံထိမှန်ပျက်ဆီးသွားခဲ့သော်လည်းတစ်ဦးတစ်ယောက်မျှထိခိုက်ခြင်း
မရှိခဲ့ကြောင်းသိရှိရပါသည်။


တိုက်ပွဲဖြစ်ပွားပြီးနောက် မုန့်ဆိုင်ရှိ မုန့်များနှင့် ငွေကျပ် (၁)သိန်းခွဲအား အစိုးရစစ်
တပ်မှ သိမ်းယူလိုက်သည်သာမ က ဒေသခံ (၄)ဦးတို့ကိုလည်းဖမ်းဆီးခေါ်ဆောင်
သွားခဲ့ရာ ၄င်းတို့အနက် ယခုအချိန်တွင် (၂)ဦးအားပြန်လွှတ်ပေးခဲ့ပြီး ကျန် (၂)ဦး
အား ပြန်လည်လွှတ်ပေးသေးခြင်းမရှိကြောင်းဆိုပါသည်။


တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများမှာယနေ့မနက် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ညနေတွင် ၄င်းတို့ကျေးရွာသို့ ပြန်လည်ရှောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။


အဆိုပါကျေးရွာတွင် အိမ်ခြေ(၇၀)ခန့်ရှိပြီး ရှမ်း ၊ကချင် ၊ပလောင် စသည့်တိုင်းရင်း
သားများနှင့် တရုတ်လူမျိုးတို့ နေထိုင်လျက်ရှိကြောင်းသိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။