Thursday, February 12, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်မည်ဟု KIO ထုတ်ပြန်ကြေညာ

(Mizzima)

နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရကြသော နိုင်ငံရေးပဋိပက္ခများ အဆုံးသတ်ကာ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် NCCT က တွေ့ဆုံညှိနှိုင်းလျက်ရှိသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 
ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) တွင် ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လုပ်ဆောင်သွားမည် ဟု ကတိပြုချက်ပါသည့် ကြေညာချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

သို့သော် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် နေပြည်တော်တွင် အစိုးရက ဦးစီးပြုလုပ်မည့် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ခြင်းမရှိခဲ့ပေ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။