Wednesday, February 11, 2015

ရှမ်း/မြောက် KIA, တပ်ရင်း (၉) ဒေသတွင် တိုက်ပွဲ ပြင်းထန်

(Lachid Kachin)

ရှမ်း ပြည်နယ်မြောက် ပိုင်း ကေအိုင်အေ တပ် မဟာ (၄) လက်အောက်ခံ ၊
ကေအိုင်အေ တပ်ရင်း (၉) ဒေသ တွင် ယနေ့ နံနက် အစောပိုင်း (၂)နာရီ 
အချိန် တွင် အပြင်း အထန် တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။

ယနေ့ (၁၁.၂.၂၀၁၅) ရက်နေ့ နံနက် (2-am)နာရီ အချိန် ရှမ်းပြည်နယ်
မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၉) ဒေသ ဖြစ်သော ကွတ်ခိုင် နှင့် 
မော်ဟန်ကျေးရွာ အကြားရှိ နောင်ခရူ အနီးရှိ ခိုင်ကျင်းဘွမ် တွင် မြန်မာ
စစ်တပ် နှင့် ကေအိုင်အေ တပ်ရင်း(၉) တို့ တပ်တို့ အပြင်းအထန် တိုက်ပွဲ
ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။ 

တိုက်ပွဲ သည် (၁)နာရီ ခန့် ကြာပြီး (၂) ဘက် စစ်တပ်မှ လက်နက် ကြီး၊ 
လက်နက် ငယ်တို့ ဖြင့် အပြင်း အထန် အပြန်အလှန်တိုက်ခိုက်ခဲ့ကြကြောင်း 
သိရှိ ရ ပါသည်။ တိုက်ပွဲ အတွင်း နှစ် ဘက် စစ်တပ် ၏ ထိ ခိုက် မှု သတင်း
အသေးစိပ် မသိရသေးပါ။ ယခု အချိန် မြန်မာ စစ်တပ် မှ ကွတ်ခိုင် မြို့ တွင်
ညအချိန် စသင်ကျောင်း များ ၊ လမ်းစုံလမ်းခွနေရာတိုင်း စစ်တပ် မှနေရာ
အနှံ့ လုံးခြုံရေးကင်းများ ချထားခြင်း ကြောင့် ကွတ်ခိုင်မြို့ခံ များ မှာ စစ်ဖြစ် 
လာမည် ကို ရင်တမမ နှင့် စိုးရိမ်ထိတ်လန့် စွား ဖြင့် ရင်တမမ နှင့်ကျီးလန့် 
စာစား ကြောက်လန့် နေရ ကြောင်း ကွတ်ခိုင်ဒေသခံများ ထံ မှ သတင်း
ရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။